စန္ဒာဒေဝီ မိဖုရားခေါင်ကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သည် ။ +သည်။)
စာကြောင်း ၆၇ -
# သားတော် သတိုးမင်းလှရွှေဘော်မှာ ခမည်းတော်နှင့် နောင်တော်နှစ်ပါးလက်ထက် ဗဒုံ၊ မြဝတီမြို့များကို ကံကျွေးခံရ၍ နောက် မင်းဖြစ်တော်မူသည်။ ငယ်မည်တော် မောင်ရွှေဝိုင်း တွင်သည်။ ဘိုးတော်ဦးဝိုင်းဟု လူသိများ၍ ဘိုးတော်ဘုရားဟု ရာဇဝင်၌ တွင်သည်။
# သမီးတော် သီရီရတနာမင်္ဂလာဒေဝီမှာ ခမည်းတော်နှင့် မောင်တော်နှစ်ပါးလက်ထက် အုန်းတော၊ အောင်သာရွာနှင့် စကုမြို့ကို ကံကျွေးခံရသည်။ ကုန်းဘောင်ခေတ်ရာဇဝင်တွင် သီရိမင်္လာရတနာဒေဝီ ဟု ပြသည်။ သက္ကရာဇ် ၁၁၂၉ ခုနှစ်တွင် လွန်သည်။ ငယ်မည်တော် မယ်အိပ်။
# သားတော် သတိုးမင်းလှ မင်းရဲကျော်စွာသည် သက္ကရာဇ် ၁၁၁၁ ခုနှစ်တွင် ဖွားသည် ။ဖွားသည်။ ခမည်းတော် နှင့် နောင်တော်များလက်ထက် ပခန်းကြီးမြို့၊ တလုပ်မြို့များကို ကံကျွေးခံရသည်။ သက္ကရာဇ် ၁၁၆၄ ခုနှစ်တွင် မင်းကွန်းရှားရောင်းတွင် လွန်သည်။ ငယ်မည်တော် မောင်စိုး ဖြစ်သည်။
# သားတော် သတိုးမင်းလှ မင်းရဲကျော် ဖြစ်သည်။ ၁၁၁၆ ခု နန်းထက်၌ ဖွားသည်။ ခမည်းတော်နှင့် နောင်တော်နှစ်ပါးလက်ထက် ပင်းတလဲ၊ မြင်စိုင်းမြို့များကို ကံကျွေးခံရသည်။ နောင်တော် ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် ၁၁၄၇ ခုနှစ်၊ ဝါဆိုလတွင် ရေဖျောက်ခံရသည်။ ငယ်မည်တော် မောင်ဘိုးရှင်။