စုဖုရားကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၏ ။ +၏။)
စာကြောင်း ၄၈ -
သီပေါမင်းနှင့် စုဖုရားကြီး၊ စုဘုရားလတ် တို့ ကို မင်းမိဖုရားများအဖြစ် တင်မြှောက်ခဲ့ခြင်းမှာ ဆင်ဖြူမရှင် မိဖုရားကြီးနှင့် ကင်းဝန်မင်းကြီးတို့၏ အစီအမံ ဖြစ်သည်။ ယင်းအစီအမံမှာ အောင်မြင်လည်း အောင်မြင်သည်။ သို့သော် ရာဇဘိသေက သဘင်၊ မဟေသီ ဘိသေက သဘင်များ ကျင်းပြပီးသည့်နောက်တွင် သမီးတော်နှစ်ပါးလုံး နန်းမတော် မိဖုရားများ မဖြစ်တော့ဘဲ စုဖုရားလတ် တစ်ဦးတည်းသာ နန်းမတော် မိဖုရားခေါင်ကြီး ဖြစ်နေသဖြင့် မယ်တော် ဆင်ဖြူမရှင်မိဖုရားကြီးမှာ ပထမဆုံး အကြိမ် စိတ်ပျက်ခဲ့ရသည်။
ထို့နောက် ဆင်ဖြူမရှင် မိဖုရားကြီးနှင့် ကင်းဝန်မင်းကြီး တို့ အဖို့ မင်းမိဖုရား နှစ်ပါးအပေါ် စိတ်ပျက်စရာများနှင့် ဆက်ကာ ဆက်ကာ တွေ့ခဲ့ကြရသည်။ ယင်းအကြောင်းကို ဂန္ဓာလစက္ကဇာတိဋ္ဌဒီပနီကျမ်းတွင် -
မယ်တော် ဖြစ်သော မင်းတုန်းမင်းတရားကြီး၏ အလယ်နန်းမတော် ဆင်ဖြူမရှင် မိဖုရားကြီးသည် ဤသို့ အကြံဖြစ်လေသည်။ ငါသည် သီပေါဘုရင် နှင့် သမီးဖြစ်သော တောင်ညာစံ မိဖုရားကြီး ကို ကြီးကျယ်မြင့်မြတ်သော မင်း၏ အဖြစ်သို့ ရောက်စေခြင်းငှာ မင်းကြီးများနှင့် တိုင်ပင်ညှိနိုင်း၍ ကြံဖန် အားထုတ်သောကြောင့် မင်းမိဖုရား အဖြစ်သို့ ရောက်ကြသည်။ ယခု မင်းမိဖုရား အဖြစ်သို့ ရောက်ကြလျှင် ငါ၏ စကားလည်း နားမထောင်၊ ဆယ်ပေါ် ငါးကျော်ဆိုသကဲ့သို့ သဘောရှိတိုင်းကိုသာ ပြောဆို နေထိုင် လုပ်ကိုင်ကြသည်။ ဤကဲ့သို့ လုပ်ကိုင် နေထိုင် ခံစားကြလျှင် ငါ အားထုတ်ရသော အကျိုး မရှိချေ။ ငါ၏ စကားကိုနာယူ၍ ငါ၏ ဩဇာရှိမှသာလျှင် ငါကြံစည်အားထုတ်သော အကျိုးရှိချေမည်ဟု သဘောထားပြီးလျှင် အင်္ဂလိပ်မင်းတို့၏ တိုင်းနိုင်ငံတွင်း၌ ရှိနေသော ညောင်ရမ်းမင်းသားကို ဆောင်ယူ၍ သမီး အကြီး ဖြစ်သော စုကြီးနှင့် လက်ထပ်ပြီးလျှင် ထီးနန်းတင်ရသော် ငါ၏ ဩဇာကို နာခံယူဖွယ်ရာ အကြောင်းရှိ၏ ဟု မင်းကြီးများနှင့် တိုင်ပင်ညှိနှိုင်းသည့် အတိုင်း ညောင်ရမ်းမင်းသား ကြီးသည် မကျန်းမမာ ရောဂါ ဝေဒနာ ကပ်ရောက်ပြီးလျှင် စုတိကျ၍ ဘဝပြောင်းသွားလေ၏ ။ဘဝပြောင်းသွားလေ၏။ ညောင်ရမ်းမင်းသားကြီး မရှိလျှင် ညီတော် ဖြစ်သော ညောင်အုပ်မင်းသားကို ဆောင်ယူပြီးလျှင် သမီးအ​ကြီး ဖြစ်သော စုကြီး ကို တောင်ညာတင်၍ ညောင်အုပ်မင်းသားကို နန်းတင်ရလျှင် ကောင်း၏ ဟု အကြံဖြစ်၍ မင်းကြီးများနှင့် တိုင်ပင်ပြန်လေသည်။ မင်းကြီးများကလည်း အရှင်သဘောတော်ကျလျှင် ကောင်းပါ၏ ဟု တင်လျောက်ကြသောအခါ ဆင်ဖြူရှင်မိဖုရားကြီးက ညောင်အုပ်မင်းသား ထံ တင်လျောက်ရန် စာနှင့်တကွ တမန်စေလွှတ်လိုက်၏။
စသည်ဖြင့် အကျယ်တဝင့် ဖော်ပြထားသည်။
ဂန္ဓာလစက္ကဇာတိဋ္ဌဒီပနီကျမ်း မှာ အာစရာဘိဓဇသီရိပဝရ ရာဇဂုရု တံဆိပ်တော်ရ ဗန်းမော်မြို့ သိမ်တော်ဆရာတော် အရှင်အာဓရ ပြုစုသော ကျမ်း ဖြစ်သည်။ ယင်းဆရာတော် အရှင်အာစာရမှာ သစ်ဆိမ့်ဆရာတော်၏ တူဖြစ်၍ မင်းတုန်းမင်းတရားကြီး ပဉ္စမ သင်္ဂါယနာကျောက်ထက် အက္ခရာတင်စဉ်က ကျောက်စာကြပ် အဖြစ် တာဝန်ယူခဲ့ရသော ဆရာတော် ဖြစ်သည်။