ဒီးဒုတ်ဦးဘချို: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သည် ။ +သည်။)
စာကြောင်း ၄၆ -
ပြောင်းလဲလာသော ကမ္ဘာ့အခြေအနေအရ ကမ္ဘာစစ်ကြီးတစ်ခုဖြစ်ပွားတော့မည်ကို သိသဖြင့် ဗြိတိသျှတို့အား ထိရောက်စွာဆန့်ကျင်နိုင်စေရေးအတွက် ၁၉၃၈ခု အောက်တိုဘာ(၂၃)ရက်နေ့တွင် ဒီးဒုတ်ဂျာနယ်ကိုလည်း နေ့စဉ်ထုတ်သတင်းစာအဖြစ်ပြောင်းလဲထုတ်ဝေခဲ့သည်။ ဒီးဒုတ်သတင်းစာသည် အမျိုးသားရေးရှုဒေါင့်မှနေ၍ ရေးသားခဲ့သဖြင့် ဘုရင်ခံလုံခြုံရေး တစ်ချက်လွှတ် ဥပဒေအရ ဦးဘချို ထိန်းသိမ်းခံခဲ့သည်။ ထောင်ကျစဉ်ကာလအတွင်း အစာငတ်ခံဆန္ဒပြခဲ့သည်။ ၁၉၃၉ ခုနှစ် ဒီဇင်ဘာလတွင် မြို့မဆရာကြီး ဦးဘလွင်၊ သခင်နု၊ ဒေါ်မြစိန် (အမ်အေ၊ ဘီလစ်) တို့နှင့်အတူ တရုတ်နိုင်ငံသို့ မိတ်ဆက်အဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့သည်။
 
ဒီးဒုတ်ဦးဘချိုသည် ဆေးကျမ်း၊ ဗေဒင်၊ လောကဓာတ်ပညာများကိုလည်း လိုက်စားခဲ့သည် ။မြန်မာ့သီချင်းကြီး၊လိုက်စားခဲ့သည်။မြန်မာ့သီချင်းကြီး၊ သီချင်းခံ၊ အဲ၊ အန်၊ အိုင်ချင်း၊ ဧချင်းတို့ကိုလည်း ပိုင်နိုင်စွာသီဆိုနိုင်ရုံသာမက သီချင်းကြီး၊ သီချင်းခံများကို မူမှန်အတိုင်းဖြစ်စေရန် '''[[ဂီတဝိသောဒနီကျမ်း]]'''ကိုလည်း တည်းဖြတ်ခဲ့သည်။ဂီတအရာတွင် နှံ့စပ်ကျွမ်းကျင်သဖြင့် ဂီတဖခင်ကြီး ဟုခေါ်ကြသည်။
 
၁၉၃၆ခုနှစ် ဖေဖော်ဝါရီ(၂၅)ရက်တွင် တကသ ဥက္ကဋ္ဌ ကိုနု နှင့် ကျောင်းသားသမဂ္ဂ၊အိုးဝေမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်း တို့အား ကျောင်းထုတ်ခံရခြင်းကို အကြောင်းပြု၍ ဒုတိယအကြိမ် တက္ကသိုလ်ကျောင်းသားသပိတ်ကြီးပေါ်ပေါက်လာရာ တက္ကသိုလ်သပိတ်စောင့်ရှောက်ရေးအဖွဲ့တွင် ဒီးဒုတ်ဦးဘချို ပါဝင်ခဲ့ရသည်။ထိုနှစ် မေလ(၂၈)ရက်နေ့တွင် ဖွဲ့စည်းခဲ့သော အမျိုးသားတက္ကသိုလ်တည်ထောင်ရေးကော်မတီတွင်လည်းပါဝင်ခဲ့သည်။