ဗညားဒလ (ဝန်ကြီး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့ - မြန်မာ့ သမိုင်း ကို မြန်မာနိုင်ငံ၏ သမိုင်း ဖြင့် အစားထိုးနေသည်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သည် ။ +သည်။)
စာကြောင်း ၇၃ -
ဗညားဒလကိုနေရာတော်လက်ဝဲတော်ဦးဗောင်းကတ္တီပါမွမ်း၊ အမဗောင်းကတ္တီပါရွှေပြောင်းမွမ်း၊ အဖျားကတောင်ရွှေသားလေးမတ်၊ သင်ကျစ်လေးမျက်နှာစိန်တောရံ၊ စလွယ်၉သွယ်၊ သက္ကလပ်အဖုံးနှင့်တကွ၊ ရွှေကရား၊ ရွှေမြူးတေး၊ ရွှေလင်ပန်းပတ်တမြားတောင်ဝှေး၊ ပတ်တမြားပန်းချင်း၊ ခြေမစွပ်၊ လက်မစွပ်မှီအုံးလက်ဆေးအင်၊ ထီးနီညောင်ရွက်သုံးဆင့်၊ ထီးရိုးထီးလက်၊ရွှေသံလျှင်တနဲခုနှစ်ဝန်း၊ စည်ခုနှစ်လုံးနှဲသုံး၊ ခရားသုံး၊ အိမ် ငါးဆက်၊ ကြက်နင်း ငါးတန်၊ လေသာတဲ့လား၊ ကငေါက်နှင့်လှေစခင် အယင်းချင်ပိတ်နီ၊ ဖဲပေါင်းအစိမ်းမိုးပေးတော်မူးသည်။ ရုံးလည်းရသည်။
ဤအဆောင်နေရာ၊ ဤ အဆောင်အယောင်များကိုကြည့်ခြင်းအားဖြင့် ဘဝ ရှင်မင်းတရားကြီးသည် ဗညားဒလအား မည်မျှအရေးပေး လေးစာတော်မူကြောင်းကိုသိနိုင်သည်။
၉၃၄ ခုနှစ်တွင် လင်းဇင်းဗညားသေရ်အရေး ပေါ်ပေါက်လာသည်။ ဤအရေးတွင်ကား အမတ်ကြီးဗညားဒလက ဇင်းကျေးသောင်းရက်သို့ကျွန်တော်သွား၍ ဗညားသေရ်ကို အရေးဆိုမည်။ ယင်းသို့ ဆို၍ အရေးတော်မပြီးမှ ညီတော် သားတော်တို့ကိုအလုံးအရင်များနှင့် ချီစေ၍ လုပ်ကြံတော်မူစေသင့်သည်ဟု လျှောက်ထားသည်။ မင်းတရားကြီးလည်း ဤအရေးသင့်လှသည်ဟု မိန်ကြားပြီး ဗညားဒလသွား၍ အရေးတော်ဆိုချေဟု အမိန့်တော်ရှိ၏။ အမတ်ကြီးဗညားဒလလည်းစစ်သည်ဗိုလ်ပါ ဆင်လုံးမြင်းလုံးများနှင့် ချီရာ လင်းဇင်းအနီး သောင်ရက်ရောက်လျှင် သံနှစ်ယောက်ကို ရာဇသံစေလိုက်သည်။လင်းဇင်းဗညားသေရ်သည် မချေမငံသော စကားကိုဆိုသည်။ ယခုပင် ငါချီ၍ လင်းဇင်းသားတိုကို တိုက်ခိုက်တော်မူမည်ဟုဆိုသည် ။တိုက်ခိုက်တော်မူမည်ဟုဆိုသည်။ သိုရာတွင် စစ်မူးစစ်ကဲတို့က အလုံးအရင်းလည်းနည်းသည်။ သောင်ရက်တွင် နှစ်လခန့်နေပြီး၍ မျိုးရိက္ခာလည်းကုန်ရာ ကြံ၍လည်းမရသောကြောင့် ရဲမတ်အပေါင်းတို့လည်းငတ်မွတ်ညှိုးငယ်ကြကုန်၏။ ဇင်းမယ်စစ်ကူ ယိုးဒယားစစ်ကူတို့လည်း မရောက်သေး။ ထိုကြောင့် ငံ့ဦးမှ သင့်မည်ဆိုလေလျှင် မျိုးရိက္ခာလည်းရှာကြံရင်း စစ်ကူများကိုလည်းစောင့်ဆိုင်ရင်း သောင်ရက်မှဆွတ်ခွာပြန်လာသည်။ ဗညားဒလတို့သောင်ရက်မှ ပြန်လာပြီ ဟူ၍ကြားလျှင် အရေးပြီး၍လာပြီထင်သောကြောင့် ယိုးဒယားစစ်ကူများလည်း မိမိတို့သောင်းရက်မြို့သို့ ပြန်ကြလေသည်။ ဇင်းမယ်စစ်ကူများလည်း ခရီးလတ်က ပြန်ကြ၍ ဗညားဒလ ပြန်လာကြောင်း မင်းတရားကြီးအား လျှောက်ထားကြသည်။
 
ဆင်ဖြူရှင်ဘဝရှင်မင်းတရားကြီးလည်း ဗညားဒလကိုမျက်တော်ရှိ၍ အလုပ်အကျွေး ကျွန်ငါးယောက်နှင့်ဇနက် ဟူသော ယိုဒယားကျေးရွာတွင် ထားလေသည်။ ဗညားဒလနှင့် လင်းဇင်းသို့လိုက်ပါသွားကြသော ပိုက်ညံအစရှိသည့် တပ်မှူးစစ်ကဲအပေါင်းတို့အား ဟံသာဝတီသို့ ခေါ်ယူပြီး ကျေးကျွန်သင်းပင်တို့ကို ရုပ်သိမ်းတော်မူသည်။