သုခ (ဒါရိုက်တာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၏ ။ +၏။)
စာကြောင်း ၄၁ -
 
===စာပေနယ်ပယ်===
ဦးသုခသည် ရုပ်ရှင်နယ်ပယ်သာမက စာပေနယ်တွင်လည်း အထင်ကရစာရေးဆရာကြီးတစ်ဦးဖြစ်၍ စာအုပ်များစွာ ရေးသားထုတ်ဝေခဲ့သည်။ ၁၉၂၉တွင် ''စိန်သိန်းတန်''အမည်ဖြင့် ''စံပယ်ပွင့်'' ဝတ္ထုရေး၍ ကဝိမျက်မှန်မဂ္ဂဇင်းတွင် ဖေါ်ပြခံခဲ့ရသည်။ စာမူခငွေ တစ်ဆယ်ကျပ်နှင့် မဂ္ဂဇင်း(၆)လဆု တို့ကိုရရှိခဲ့၏ ။တို့ကိုရရှိခဲ့၏။ ၁၉၃၀ ပြည့်နှစ်၌ ရွှင်ပျော်ပျော်တိုက်ဝတ္ထုပြိုင်ပွဲတွင် ''မောင်သိန်းမောင်''အမည်ဖြင့် ''မိန်းမသား'' ဝတ္ထုရွေးချယ် ခံရသည်။
 
၁၉၃၂ အသက်(၂၃)နှစ်အရွယ်တွင် ဖတ်ခဲ့မှတ်ခဲ့သော လောကီလောကုတ္တရာဆိုင်ရာ မှတ်စုများကို စတင်စုဆောင်းရေးသားခဲ့ရာ နောင်တွင် ''သုခမှတ်စု'' စာအုပ်အဖြစ် ထွက်ရှိခဲ့သည်။ ၁၉၃၄ တွင် ရွှင်ပျော်ပျော်တိုက်နှင့် လိုက်ဖက်စေရန် ''သုခ'' အမည်ခံယူသည်။ ''သုခ''အမည်ခံယူပြီးနောက်တွင် ဝတ္ထုအဆုံး၌ ''သုခိအတ္တာနံပရိဟရန္တု'' ဆုတောင်းကိုထည့်လေ့ရှိပြီး ရွှင်ပျော်ပျော်တိုက်အတွက် လုံးချင်းဝတ္ထုငယ်များ ရေးသားခဲ့သည်။ ထို့နောက် ''မိုက်မိတယ်'' လုံးချင်းဝတ္ထုထွက်ရှိခဲ့သည်။
 
၁၉၅၁၌ ''သုခဝတ္ထုတိုပေါင်းချုပ်'' စာအုပ်ထွက်ရှိကာ ထိုစာအုပ်ကို ၁၉၅၅၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၈၈ ခုနှစ်များတွင် ပြန်လည်ရိုက်နှိပ်ခဲ့သည်အထိ အောင်မြင်ခဲ့သည်။ ၁၉၅၇ မှ ၆၇ အထိ ရုပ်ရှင်နယ်၊ စာပေနယ်တွင် ကျင်လည်ခဲ့၍ စာအုပ်များစွာ ရေးသားခဲ့သည်။ ၁၉၉၄တွင် ရာမာခရစ္စနာ၏ သုတ္တပုံပြင်များစာအုပ်ထွက်၍ တစ်နှစ်အကြာတွင် ''ရတနာသုတ်''စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၉၇တွင် ''ချယ်လီအလှစာအလှ''၊ ''စိတ်ဆိုသောစိတ်''၊ ''သုခမှတ်စု''၊ ''သုတရသဓမ္မစာစုံ''၊ ''အမေ'' စသောစာအုပ်များ ရေးသားခဲ့၏ ။ရေးသားခဲ့၏။
 
===ဘဝနိဂုံး===