တရုတ်စာသား: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သည် ။ +သည်။)
စာကြောင်း ၁ -
{{merge|တရုတ်စာလုံး}}
 
တရုတ်စာသည် အရုပ်စာရေးသားနည်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့်အသံတစ်သံလျှင် အက္ခရာတစ်လုံးစီဖြင့် အက္ခရာအလွန်များပြားသည်။ တရုတ်အက္ခရာပေါင်း ၆၀၀၀၀၀ခန့် ရှိမည်ဟုခန့်မှန်းကြသည်။ နေစဉ်သုံးအက္ခရာများမှာ အလုံးရေ ၆၀၀၀ ခန့်ရှိသည် ။ခန့်ရှိသည်။ [[အက္ခရာ]]များပြားလှသည့်အတွက် အသံထွက်မသိက အဘိဓာန်တွင် ရှာဖွေနိုင်ရန် စာလုံးဆွဲငင်ပုံနှင့် ဆွဲငင်သည့် အဆင့်အရေအတွက်အလိုက် ရှာဖွေသည့်စနစ်ကို တီထွင်ထားရသည်။
 
တရုတ်အက္ခရာပေါ်ထွန်းလာသည်မှာ အလွန်ရှေးကျသည်။ တရုတ်ကြေးခေတ် [[ဘီစီ]] ၁၄ မှ ၁၁ ရာစုနှစ်ကြား ရေးထွင်းခဲ့သည့် လိပ်ခွံနှင့် တိရစ္ဆာန်အရိုးပေါ်မှ အရုပ်ပုံသင်္ကေတများမှာ ရှေးအကျဆုံး တရုတ်စာများဟု ယူဆကြသည်။ မူလစာလုံးများသည် ရေးနည်းအဆင့် များပြားခြင်းကြောင့် မှတ်သားရခက်ခဲခြင်း၊ ရေးသားရန် အချိန်ကြာခြင်းတို့ကြောင့် ခေတ်အဆက်ဆက် ပြင်ဆင်ဆန်းသစ်ခဲ့ကြသည်။ [[ရှီဟွမ်တီ]]ဘုရင်လက်ထက်တွင် တစ်ကြိမ်ပြင်ဆင်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာပြီးနောက်တွင်လည်း ပြင်ဆင်ခဲ့သည်။ ရေးနည်းအဆင့်များလျှော့ချခဲ့သည်။ သို့ရာတွင်[[တရုတ်သမ္မတနိုင်ငံ|ထိုင်ဝမ်]]နိုင်ငံတွင် လက်ရေးရှည်ဟုခေါ်သော ရှေးဟောင်းရေးသည်နည်းစနစ်ကိုအသုံးပြုပြီး တရုတ်ပြည်မကြီးတွင် လက်ရေးတိုဟုခေါ်သော ဆန်းသစ်ထားသည့်စာရေးနည်းစနစ်ကိုအသုံးပြုသည်။