လယ်ရီ ပေ့ချ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တယ် ။ +တယ်။)
စာကြောင်း ၃၀ -
ပေ့ချ် ကို [[မီချီဂန်ပြည်နယ်]] (Michigan) အီးစ်ထ်လမ်းစင်း တွင်မွေးဖွားခဲ့သည်။ ဂျူး မိသားစုဝင်တစ်ဦးဖြစ်ပြီး သူ၏ မိဘများမှာ မီချီကန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံမှ ပါမောက္ခများဖြစ်ကြသည်။ ပေ့ချ်က အင်တာဗျူးတစ်ခုတွင် ပြောကြားရာ၌ “ကျွန်တော်တို့ အိမ်က ကွန်ပျူတာပစ္စည်းတွေနဲ့ နောက်ဆုံးပေါ်သိပ္ပံမဂ္ဂဇင်းတွေနဲ့ အမြဲရှုပ်ပွနေတယ်” လို့ပြောကြားခဲ့သည်။ သူငယ်စဉ် ၆ နှစ်သား အရွယ်ကတည်းက ကွန်ပျူတာကို စိတ်ဝင်စားခဲ့၍ ကွန်ပျူတာပစ္စည်းများနှင့်သာ ဆော့ကစားနေတတ်သည်။ ထို့ကြောင့် မူလတန်းတွင် အိမ်စာများကို word processor ကိုအသုံးပြု၍ အိမ်စာလုပ်သော ကျောင်းသားဖြစ်လာခဲ့သည်။
 
ပစ္စည်းများ ဖြုတ်ထုတ်တပ်ခြင်းကို သူ၏အစ်ကိုဖြစ်သူမှ သင်ပေးခဲ့သည်။ ထိုသို့သင်ပေးပြီး သိပ်မကြာခင်မှာပင် အိမ်ရှိပစ္စည်းများကို ဖြုတ်ခြင်း တတ်ခြင်း များကို ပြုလုပ်ခဲ့သည်။ သူကပင် “ကျွန်တော် ငယ်ငယ်ကတည်းက ပစ္စည်းတွေကို တီထွင်ချင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ နည်းပညာအသစ်အဆန်းတွေနဲ့ စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားခဲ့ပါတယ် ။စိတ်ဝင်စားခဲ့ပါတယ်။ အသက် ၁၂ နှစ်လောက်ကတည်းက ကျွန်တော် ကုမ္ပဏီတစ်ခု တည်ထောင်ဖြစ်လိမ့်မယ်လို့ထင်ခဲ့တယ်”
 
ပေ့ချ်သည် မီချီကန်ပြည်နယ် အိုခခီမို့စ် ရှိ အိုခခီမို့စ် မွန်တီဆော်ရီ (Okemos Montessori )ကျောင်းတွင် ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ထိ ကျောင်းတက်ခဲ့ပြီး အိစ်လန်းဆင်း(East Lansing)အထက်တန်းကျောင်းမှ ကျောင်းပြီးခဲ့သည်။ ကွန်ပျူတာသိပ္ပံဘာသာရပ်ဖြင့် မီချီကန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဘွဲ့လွန်ဒီဂရီကို စတန်းဖို့တက္ကသိုလ်မှရရှိခဲ့သည်။ မစ်ချီကန် တက္ကသိုလ်တွင် ပညာသင်စဉ် လီဂို (lego) ပုံဆောင်ခဲများဖြင့် inkjet ပရင်တာ တစ်လုံးကိုဖန်တီးခဲ့သည်။၎င်းပရင်တာမှာ မျဉ်းကြောင်းများသာ ဆွဲပေးနိုင်သည်။ ၁၉၉၄ ခုနှစ်တွင် HKN ၌ကျောင်းသားခေါင်းဆောင်လုပ်ခဲ့သည်။ ဆိုလာ ကား အဖွဲ့တွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။