ဆိုက်ကား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၏ ။ +၏။)
စာကြောင်း ၂၁ -
 
===ခရီးသည်တင်သည့်ပုံစံ===
မောင်းသူ၊ ခရီးသည်တင်သည့် အနေအထားမှာ အမျိုးမျိုးရှိ၏ ။အမျိုးမျိုးရှိ၏။ ယေဘူယျအားဖြင့် အချို့နိုင်ငံများတွင် မောင်သူသည် ခရီးသည်များ၏ အရှေ့တွင်ထိုင်၍ မောင်းနှင်သည်။ အချို့သောပုံစံများ၌ မောင်းသူက အနောက်ပိုင်းမှ မောင်းနှင်သည်လည်းရှိသည်။ <ref name="Edgerton p. 46" /><ref name=Sobey />မြန်မာနိုင်ငံတွင် အသုံးပြုသော ပုံစံမီာ ဘေးတွဲဖြစ်သောကြောင့် မောင်းသူသည် ခရီးတင်ခုံ၏ ဘေးတွင်ထိုင်၍ မောင်းနှင်သည်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်စသော အာရှတိုင်းပြည်များတွင် ခရီးသည်တင်ခုံသည် မောင်းသူ၏ နောက်တွင်တည်ရှိသည်။ ဖိလစ်ပိုင်၌ မြန်မာနိုင်ငံကဲ့သို့ ဘေးတွဲ (side car)ပုံစံဖြစ်သည်။ ထိုနည်းတူစွာ စင်္ကာပူရှိ ဆိုက်ကားသည်လည်း မြန်မာတို့ကဲ့သို့ပင်ဖြစ်သည်။<ref name="Edgerton p. 46" />
 
==မြန်မာနိုင်ငံနှင့် ဆိုက်ကား==
===ခေတ်အခြေအနေ===
[[၁၃၀၀ ပြည့် အရေးတော်ပုံ]] အမျိုးသားလွတ်လပ်ရေး အုံကြွလှုပ်ရှားမှုကြီး မန္တလေးမြို့၌ ဖြစ်ပွားသောအခါ မြို့တွင်း၌သွားလာရန် မြင်းတပ်ရထားလုံးနှင့် ဓာတ်ရထားနှစ်မျိုးသာရှိခဲ့သည်။ ရန်ကုန်မြို့တွင် လန်ခြားအသုံးပြု၍ သွားလာကြသည်။ ထိုအရေးတော်ပုံ၌ အမျိုးသားစီးပွားရေးသည် မြန်မာအမျိုးသားများ၏ လက်ထဲ၌သာ ရှိရမည် ဆိုသော မူတစ်ခု ပေါ်လာပြီး သွေးစုပ်ချယ်လှယ်နေသည့် နိုင်ငံခြားသားပိုင် လုပ်ငန်းတွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခုကို မြန်မာအမျိုးသားများက ဖွင့်ခဲ့ကြသည်။ ယင်းကာလတွင် စက်အားမပါ ၊ လောင်စာဆီမလို ၊ လူအားဖြင့်လှုပ်ရှားမောင်းနှင်သော ဆိုက်ကားယာဉ်ငယ်တစ်မျိုး ပေါ်လာခဲ့သည်။ ဆိုက်ကားသည် စက်ဘီးကိုအခြေခံထား၍ ပေါ်ပေါက်လာခဲ့သည်။ ထိုခေတ်ကာလများ၌ အကောင်းဆုံးစက်ဘီး ရလေး (Releigh bicycle) စပါယ်ရှယ်သည် တစ်စီး (၁၂၅) ကျပ်သာ တန်ဖိုးရှိ၏ ။တန်ဖိုးရှိ၏။ ဟာကြူလီတံဆိပ် စက်ဘီး၏တန်ဖိုးမှာ ၅၀ကျပ် မှ ၇၀ကျပ်အထိဖြစ်သည်။
 
စာကြောင်း ၃၅ -
===မန္တလေးမြို့နှင့် ဆိုက်ကား===
 
မန္တလေးတွင် လမ်းများသည် အတက်အဆင်း ၊ အနိမ့်အမြင့် အလွန်နည်းသည်။ မြို့ကို အကွက်ချထားပြီး လမ်းများဖောက်ခြင်း ၊ အကွက်များ၏ အလယ်တွင် ဝင်းများဖြင့် ဖွဲ့စည်းထားသည်။ ဝင်းထဲတွင် အရာရှိကြီးများ နေထိုင်ကြ၏ ။နေထိုင်ကြ၏။ မန္တလေးမြို့၏လမ်းများကို အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် တည့်တည့်တန်းတန်းရှိစေရန် တမင်ဖော်၍တည်ဆောက်ထားခြင်း၊ တစ်ပြ နှင့် တစ်ပြ အကွာအဝေးညီများတူညီကြ၍ ဝင်းကြို ဝင်းကြားများလည်း ပေါများသည်။
 
မန္တလေးမြို့၌ ထိုခေတ်က ဗြိတိသျှအစိုးရက ကျောက်လမ်းမိုင် ၆၀ ခင်းပေးထားသောကြောင့် ဓာတ်ရထားသွားနိုင်သောခရီးမှာ ၆ မိုင်သာလျှင် ရှိသည်။ ဆိုက်ကားသည်ကား မိုင် (၆၀) လုံးကို သွားနိုင်သည့်အပြင် လမ်းမရှိသော ဝင်းကြိုဝင်းကြားထဲ၌လည်း ဝင်ပြီး ပို့ဆောင်ပေးနိုင်သည်။ ဤသို့ဖြင့် မြို့သူမြို့သားများသည် ဆိုက်ကားသာလျှင် စီးခဲ့ကြ၏ ။စီးခဲ့ကြ၏။
 
ထိုအချိန်ကာလများ၌ မန္တလေးမြို့သူ မြို့သားများမှာ အမျိုးသားလုပ်ငန်းတစ်ခုဖြစ်သော ဆိုက်ကားယာဉ်ငယ်ကို ဝိုင်း၍ အားပေးသောအခါ ဓာတ်ရထားလုပ်ငန်းကြီးသည် ခွက်ခွက်လန်အောင်ရှုံးသဖြင့် အလုပ်ရပ်နားသွားခဲ့ရလေသည်။ ၁၅၀ကျပ်တန် ၊ ၂၀၀ကျပ်တန် ဆိုက်ကားများဖြင့် မယှဉ်နိုင် ၊ မယှဉ်ဝံ့သောကြောင့် ဓာတ်ရထားကြီး ပိတ်သိမ်းခြင်းအား ကြားမိသောသူများသည် မယုံနိုင်စရာ အနေအထားဖြစ်ခဲ့သည်။<ref>{{cite book |last= [[လူထု ဒေါ်အမာ]]|first= |date= Nov 1993|title=ရတနာပုံ မန္တလေး၊ မန္တလေး၊ကျွန်မတို့ မန္တလေး |location= Mandalay|publisher= Ludu press & bookshop}}</ref>