အေမာမ်ဟိုစိုင်း(န)(အ.စ): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သည် ။ +သည်။)
စာကြောင်း ၁ -
{{merge|ဟူစိန်အိဘ်အလီ}}
ဟိုစိုင်းန်အိဘ်နေအလီ အိဘ်နေအဘီသွာလိဘ် သည်  ရှီအာတို့၏ တတိယမြောက်အေမာမ် ဖြစ်ပြီး ရှာဘာန် ၁၅ရက်ဟီဂျရီခုနှစ် ၄ တွင် မဒီနာမြို့တော်တွင် ဖွားမြင်တော်မူခဲ့သည် ။ဖွားမြင်တော်မူခဲ့သည်။ ဟီဂျရီ ၆၁မိုဟရမ်လ(၁၀)ရက်နေ့တွင် ကရ်ဘလာစစ်ပွဲ၌(မတရားလုပ်ကြံခြင်းခံရပြီး) ရှဟီးဒ် ဖြစ်တော်မူခဲ့သည် ။ဖြစ်တော်မူခဲ့သည်။.ထို့အတွက်ကြောင့်လည်း ရှီအာတို့သည် သူ့အား ရှဟီးဒ်ခေါင်းဆောင်(အစ္စလာမ့်အာဇာနည်ခေါင်းဆောင်)ဟု ခေါ်ခဲ့ကြသည်။ သူ၏ ကွန်နီယသ်(သားသမီးကို အစွဲပြု၍ ခေါ်သောအမည်)မှာ အဘာအဘ်ဒုလ္လာဟ် ဖြစ်ပြီး သူ၏ဖခမည်းတော်သည် အလီ(အ.စ)နှင့် မယ်တော်မှာ ဖှါတေမာ(စ.အ)ဖြစ်လေသည်။ ထို့အပြင် သူသည် တမန်တော်မြတ်ကြီးမိုဟမ္မဒ်အိဘ်နေအဘ်ဒုလ္လာဟ်(ဆွ)၏ မြေးတော်လည်းဖြစ်ပေသည်။သူ၏သားတော် စဂျ်ဂျားဒ် သည် ရှီအာတို့၏ စတုထ္ထမြောက် အေမာမ်(ခေါင်းဆောင်)ဖြစ်ပေသည်။မြောက်များစွာသော မွစ်လင်(မ)တို့သည် သူ့အား တမန်တော်မြတ်ကြီး(ဆွ)၏မြေးတော်ဖြစ်သည့်အတွက်နှင့် သူသည် အစ္စလာမ့်လမ်းစဉ်တွင် ကိုယ်ကျိုးစွန့် မိမိ၏အသက်ကို စတေးခဲ့သည့်အတွက် အရိုအသေပြုအလေးထားကြလေသည်။
 
ဟိုစိုင်း(န)(အ.စ)သည် မိမိသက်တော်(၇)နှစ်အရွယ်အထိ ဘိုးတော်မိုဟမ္မဒ်(ဆွ)နှင့်အတူဖြတ်သန်းခဲ့လေသည်။ ဘိုးတော်မိုဟမ္မဒ်(ဆွ) သူနှင့် သူ၏အစ်ကိုဖြစ်သူ ဟစန်-နေ-မွဂျ်သဘာ(အ.စ)အားအလွန်ပင် ချစ်ခင်နှစ်သက်တော်မူသည်နှင့် ပတ်သက်ပြီး ရေဝါယသ်တော်များ(အဆိုအမိန့်များ)ရှိထားပြီး ယင်းအဆိုအမိန့်များအတွင်းမှ တစ်ခုသည် ဟစန်နှင့်ဟိုစိုင်း(န)သည် ဂျန္နသ်(သုခဘုံ)လူရွယ်များ၏ခေါင်းဆောင်ဖြစ်ပေသည် ဟု ဖြစ်သည်။ ထို့အပြင် အခြားထူးခြားသော အဖြစ်အပျက်များအတွင်းမှ တစ်ခုသည် မိုဘာဟေလာ(ခရစ်ယာန်ဘုန်းတော်ကြီးများနှင့်ထိပ်တိုက်တွေ့ယှဉ်ပြိုင်ခြင်း)၌  ထိုမြေးတော်နှစ်ပါးကို ကျမ်းတော်မြတ်ကုရ်အာန် မုက္ခပတ်တော်တွင်ပါရှိသည့် (ابناءنا) ဟူသောနေရာတွင် ခေါ်ဆောင်သွားခဲ့သည်။ ဟိုစိုင်းန်(အ.စ)သည် လူရွယ်ဘဝတွင်သွဘ်ရစ်တာန်ဒေသကို အောင်နိုင်ရာတွင်လည်းကောင်း အွစ်မားန်းအိမ်ကို ခုခံကာကွယ်ပေးခဲ့ရာတွင်လည်းကောင်း ပါဝင်ကူညီခဲ့သည်ဟု များစွာသော သူတို့က ယုံကြည်လက်ခံထားကြသည်။ ဖခမည်းတော် တိုင်းပြည်အုပ်ချုပ်စဉ်ကာလများတွင် သူသည် ဖခမည်းတော်ဘက်နေ၍ မှ စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့လေသည်။  မိုအာဝေယာသည် အလီ(အ.စ)နှင့်အပေါင်းအပါများအား လူအများရှေ့မှောက်တွင် ထင်ထင်ပေါ်ပေါ် လာအ်နသ် လုပ်ခဲ့လေသည်။ ထိုသို့လာအ်နသ်လုပ်ခြင်းခံရသူတို့အတွင်း ဟိုစိုင်း(န)(အ.စ)သည် တစ်ပါးအပါအဝင်ဖြစ်ပေသည်။ဟိုစိုင်း(န)(အ.စ)သည်မိမိ၏ နောင်တော် ဟစန်အိဘ်နေအလီ(အ.စ)အုပ်ချုပ်နေစဉ်ကာလာများအတွင်း၌ နောင်တော်သည် မိုအာဝေယာနှင့် ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုထားသဖြင့် ထိုစာချုပ်အပေါ် သစ္စာရှိစွာ နေခဲ့သည်။ မိုအာဝေယာနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်းမရှိခဲ့ချေ။ မိုအာဝေယာအုပ်ချုပ်နေစဉ်ကာလအတွင်းဟိုစိုင်း(န)(အ.စ)သည် အဓိကလုပ်ဆောင်ချက်နှစ်ခုကိုလုပ်ဆောင်ခဲ့ပြီး ထိုအရာနှစ်ခုသည် သမိုင်းတွင်စေခဲ့သည်။ ပထမတစ်ခုမှာ ဘနီအိုမိုင်ယာ မျိုးနွယ်စုအတွင်းမှ အချို့သူတို့သည် မြေအချို့ကို မိမိတို့ပိုင်ဆိုင်ကြောင်း ပြောဆိုလာချိန်တွင် ၎င်းတို့ဆန့်ကျင်ဘက်၌ မားမားမတ်မတ်ရပ်တည်ခဲ့သည်။ ဒုတိယတစ်ခုမှာ မိုအာဝေယာသည် မိမိ၏သားယဇီးဒ်ကို အိမ်ရှေ့မင်းသားရာထူးခန့်အပ်လိုက်ချိန်တွင်လည်း အစ္စလာမ်တွင် အိမ်ရှေ့မင်းသားခန့်အပ်ခြင်းသည် သာသနာ၌မရှိ အသစ်တီထွင်ခြင်း(ဘိဒ်အသ်)ဖြစ်သည့်အတွက် ထိုသို့ ခန့်အပ်မှုကို ဆန့်ကျင်ခဲ့လေသည်။
စာကြောင်း ၉၁ -
 
=== ကူဖါမြို့သားများမောမ် ဟိုစိုင်းန်(အ.စ) အား ဖိတ်ခေါ်ခြင်းနှင့် အေမာမ်(အ.စ)သည် မွစ်လင်(မ) အိဘ်နေ အကီးလ် အား စေလွှတ်ခြင်း ===
မိုအာဝေယာသေဆုံးသည့် သတင်းကို ကြားသိလိုက်ရသောအခါ ကူဖါသားတို့ သည် လွန်စွာမှ ပင် ဝမ်းသာခဲ့ကြသည်။ ကူဖါမြို့နေ ရှီအာ ခေါင်းဆောင်တို့သည် စိုလိုင်မန်အိဘ်နေစိုရဒ်၏ နေအိမ် တွင် စုရုံးခဲ့ကြပြီး မာအ်ဝေယာ၏ အုပ်ချုပ်ရေး ချုပ်ငြိမ်းသွားမှု အပေါ် အလ္လာဟိုအရှင်မြတ်အား ကျေးဇူးထောမနာပြုခဲ့ကြသည်။ ၎င်းသူတို့သည် မာအ်ဝေယာအား ခလီဖါ အရိုက်အရာ နှင့် မထိုက် တန်သူနှင့် ခေလာဖသ်ကို မတရားသိမ်းပိုက်သူဟူ၍ သတ်မှတ်ထားခဲ့ကြသည်။ ထို့အတွက်ကြောင့် မိုအာဝေယာ သေဆုံးသွားပြီးသည်နှင့် တစ်ပြိုင်နက် အေမာမ် ဟိုစိုင်န် (အ.စ) ထံ စာများရေးသား ပေးပို့ခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့အချင်းချင်း ဘနီအိုမိုင်ယာတို့၏ အုပ်ချုပ်ရေးကို တော်လှန်ရန်နှင့် ဘနီအိုမိုင်ယာ အုပ်ချုပ်ရေးသည် လူသတ်သည့် အုပ်ချုပ်ရေး (ဟွဂျ်ရ်အိတ်နေအိုဒိုင်းယ် အား သတ်ခဲ့သည့်အတွက်) နိုင်ငံ ပိုင် ပစ္စည်းဥစ္စာ များကို ချမ်းသာသူတို့ အကြား အချင်းချင်း ခွဲဝေယူသည့် အုပ်ချုပ်ရေးနှင့် ဆိုးသွမ်းသူများကို မွေးထုတ်ပေးသည့် အုပ်ချုပ်ရေးဟု သတ်မှတ်ရန်  သစ္စာဆိုကြသည် ။သစ္စာဆိုကြသည်။
ထို့အပြင် ၎င်းတို့ဘက်မှ ယခု လာမည့် သောကြာနေ့ စုပေါင်းဝတ်ပြုမှုတွင် မာအ်ဝေယာမှ ခန့်အပ်ခဲ့သော ကူဖါမြို့စား နို့အ်မာန်အိဘ်နေဘရှီးရ်ကို ဦးဆောင်ဝတ်ပြုခွင့် မပြုဖို့ရန်လည်း ကြေငြာခဲ့ကြသည်။ အကယ်၍ အေမာမ်ဟိုစိုင်း(၃) (အ.စ) သည် ကူဖါမြို့သို့ ရောက်ရှိလာခဲ့ပါက ထိုမြို့စားမင်းကို ကူဖှါမြို့မှ နှင်ထုတ်ရန်လည်း ဆုံးဖြတ်ထားခဲ့ကြသည်။ ကူဖှါမြို့သားတို့၏ အကြီးအကဲများသည် အေမာမ်ဟိုစိုင်း(န်) (အ.စ) ထံသို့ စာများဖြင့် ပြည့်နက်နေသော အိတ်ကြီးများ နှင့်အတူ စာပို့သမား (၇)ယောက်ကို ပို့သခဲ့လေသည်။ ၎င်းတို့အတွင်းမှ ပထမ (၂)ဦးသည် ဟီဂျရီ သက္ကရာဇ် (၆၀)၊ ရမ္မဒွါန်လ (၁၀)ရက် ၊ အေဒီသက္ကရာဇ်(၆၈၀) ဇွန်လ (၁၃) ရက်နေ့တွင် မက္ကာသို့ ရောက်ရှိလာခဲ့လေသည်။ ထပ်မံ၍ အေမာမ် (အ.စ) ထံသို့ အခြားသော ပို့စာများလည်း ရောက်ရှိခဲ့ သည်။ ထိုအတွင်းမှ ရှဘီစ်ဘင်ရိုဘ်အီ နှင့် အမ်ရ်အိဘ်နေ ဟဂျ်ဂျားဂျ် တို့ ရေးသားသကဲ့သို့ စာများ သည် ကူဖှါမြို့သားတို့ တစ်သွေးတစ်စည်းထဲ ဖြစ်နေကြောင်းကို ဖော်ပြပေးနေလေသည်။ ထိုအခါ အေမာမ်(အ.စ)သည် ယခုလို စုစည်းမှုကို အသိအမှတ်ပြု၍ ၎င်းတို့ထံ စာပြန်ခဲ့သည်မှာ "အွမ္မသ် သားတို့၏ ရှေ့ဆောင် (အေမာမ်) သည် အလ္လာဟိုအရှင်မြတ်မှ ချမှတ်ပေးထားသော ကျမ်းအရ ဆုံးဖြတ်ပြီး ပစ္စည်းဥစ္စာများကိုလည်း မှန်မှန်ကန်ကန် ခွဲဝေပေးသူဖြစ်သည်။ ထို့အပြင် မိမိ ကိုယ် မိမိ အရှင်မြတ်၏ လမ်းစဉ်၌ ပေးဆပ်သူ ဖြစ်ရပေမည်။ထို့နောက် အေမာမ် (အ.စ) သည် မိမိ ဦးရီးတော် အကီးလ်၏ သားဖြစ်သူ မွစ်လင်(မ) အိဘ်နေအကီးလ် အား အခြေအနေကို သုံးသပ်နိုင်ရန်အတွက် ဦးစွာ စေလွှတ်ခဲ့လေသည်။ ရစူလ်-လေ-ဂျာအ်ဖရီယားန် ဆိုသော သမိုင်း သုတေသီ ပညာရှင်ကြီးတစ်ဦးသည် အလီ(အ.စ) နှင့် အခန်း (အ.စ) တို့၏ ခေတ်ကာလ၌ ကူဖါမြို့သားတို့၏ မကောင်းခဲ့သော လုပ်ရပ်များကိုထည့်တွက်၍ ဤသို့ သုံးသပ်တင်ပြ ထားသည်မှာ – အေမာမ်ဟိုစိုင်းန်(အ.စ) သည် မိမိ အား ယဇီးဒ်မှ လုပ်ကြံသတ်ဖြတ်မည်ကို ကြိုတင်သိထားကြောင့် အေမာမ်ဟိုစိုင်းန်(အ.စ) အဖို့ အကျပ်အတည်းနှင့်ရင်ဆိုင်ခဲ့ရသည်။ ဥပမာအနေဖြင့် တင်ပြရလျှင် အေမာမ်(အ.စ) သည် ယီမန်သို့လည်းသွားရန် အဆင်မပြေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုဒေသ၌လည်း ယဇီးဒ်၏ အုပ်ချုပ်ရေးပျံ့နှံ့သွားခဲ့ပြီးဖြစ်သည်။ အားလုံးသောသူများကလည်း အေမာမ်ဟိုစိုင်န်(အ.စ)အား ပုန်ကန်သူဟု သတ်မှတ်ထားခဲ့ပြီ ဖြစ်လေသည်။ ၎င်းအပြင် များစွာသော လူတို့သည် အေမာမ်ဟိုစိုင်းန် (အ.စ)အား ယဇီးဒ်နှင့် သစ္စာခံရန် တိုက်တွန်းပြောဆိုသူများလည်း ရှိခဲ့ကြသည်။ အချို့ကပင် အေမာမ်(အ.စ) အား ယဇီးဒ်နှင့် ဆွေးနွေးလိုက်ရန်လာရောက်အကြံပြုခဲ့သည်။ အေမာမ်ဟိုစိုင်မှ (အ.စ)မှ လည်း မည်သည့် အခါမျှ  ယဇီးဒ် နှင့် သစ္စာခံရန် မရည်ရွယ်ခဲ့ပါ။ သစ္စာမခံသည့်အတွက် မည်မျှပင် လုပ်ကြံ ခြင်းခံရပါစေ။ <ref>{{پک|جعفریان|۱۳۷۸|ک=تاریخ سیاسی اسلام|ص=۴۷۲–۴۷۵}}</ref>
 
စာကြောင်း ၁၄၉ -
 
 
ရှင်မ်ရ်သည် အေမာမ်ဟိုစိုင်းန်(အ.စ)အနားသို့သာ ကပ်လာခဲ့သည် ။သို့သော်ကပ်လာခဲ့သည်။သို့သော် မတိုက်ခိုက်ရဲခဲ့ပေ။နှစ်ဦးအကြားစကားများအပြန်အလှန်သာပြောခဲ့ကြသည်။သို့သော် အေမာမ်ဟိုစိုင်းန်(အ.စ)၏သက်တော်သည် (၅၅)နှစ်ရှိပြီဖြစ်သော်လည်း ရှင်မ်ရ်နှင့်ရင်ဆိုင်ရန်အသင့်ရှိနေခဲ့၏။ထိုအခါ အေမာမ်ဟစန်၏ကလေးအရွယ်သားတော်တစ်ပါးဖြစ်သည့် အဘ်ဒုလ္လာဟ်အိဘ်နေဟစန်(အ.စ)သည် အေမာမ်ဟိုစိုင်းန်(အ.စ)နှင့် ဇိုင်နဘ်သခင်မကြီး(စ.အ)တို့တားနေသည့်အကြားမှ ဦးရီးတော်အား ကာကွယ်ရန်အတွက်ရောက်ရှိလာခဲ့သည်။ နောက်ဆုံးတွင် သူ၏လက်တော်နှစ်ဖက်လည်း ပြတ်သွားခဲ့သည်။ထိုအခါ အေမာမ်ဟိုစိုင်းန်(အ.စ)သည် ၎င်းကလေးငယ်အား ပြုစုရင်း အသင်သည် ဂျန္နသ်သုခဘုံ၌ အသင့်၏ဖခမည်းတော်နှင့် စုံစည်းရပါစေဟု ဆုမွန်ကောင်းတောင်းပေးခဲ့လေသည်။ထိုအချိန်သည် အေမာမ်ဟိုစိုင်းန်(အ.စ)ဘက်၌ (၃)ဦးသို့မဟုတ်(၄)ဦးသာကျန်တော့သည့်အချိန်ဖြစ်လေသည်။ထို့နောက်အေမာမ်ဟိုစိုင်းန်(အ.စ)သည် မိမိကျဆုံးသွားပြီးနောက် မိမိခန္ဓာကိုယ်၌ အဝတ်အစားကျန်နေစေရန်ရည်ရွယ်၍ အင်္ကျီအထပ်ထပ်ဝတ်ခဲသည်။သို့သော် အေမာမ်ဟိုစိုင်းန်(အ.စ)ကျဆုံး(ရှဟီးဒ်)ဖြစ်ပြီးနောက်ပိုင်းတွင် ထိုအင်္ကျီများကို ချွတ်ယူသွားခဲ့ကြသည်။ထိုနောက်အိုမရ်အိဘ်နေစအ်ဒ် ဇိုင်နဘ်သခင်မကြီး(စ.အ)ရှေ့သို့ရောက်ရှိလာသည့်အခါ သခင်မကြီး(စ.အ)မှ အိုအိဘ်နေစအ်ဒ် ကျွန်မ၏အစ်ကိုအား ဝိုင်းတိုက်နေသည်ကို အသင်ဤအတိုင်းလွှတ်ထားတော့မှာလား ဟု ပြောသည့်အခါ ၎င်းမှ မျက်ရည်များစီးကျခဲ့လေသည်။ထိုအချိန်သည် အေမာမ်ဟိုစိုင်းန်(အ.စ)ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နေသည့်အချိန်ဖြစ်လေသည်။ယာကူဘီကျမ်းနှင့် အချို့သော ရှီအာတို့၏ကျမ်းများတွင်ရေးသားထားသည်မှာ အေမာမ်ဟိုစိုင်းန်(အ.စ)သည် မြောက်များစွာသော ရန်သူတို့ကို ချေမှုန်းခဲ့သည် ဟုဖြစ်သည်။သို့သော် အချို့သောကျမ်းများတွင် ဖေါ်ပြထားသည်မှာ အိဘ်နေဇေယားဒ်၏တပ်သားများသည် အေမာမ်ဟိုစိုင်းန်(အ.စ)အား သတ်ရန်(ရှဟီးဒ်လုပ်ရန်)အခွင်းအရေးများရရှိခဲ့သော်လည်း ထိုသို့မလုပ်ဆောင်နိုင်ခဲ့ပေ။ ဟုဖြစ်သည်။ နောက်ဆုံး၌ အေမာမ်ဟိုစိုင်းန်(အ.စ)၏ ဦးခေါင်းနှင့် လက်မောင်းတို့တွင်ဒဏ်ရာအပြင်းအထန်ရကာ မြေပြင်ပေါ်သို့ မျက်နှာနှင့် ကျခဲ့သည်။ထိုအခါ ခူလီဘင်န် ယဇီးဒ် အဆ်ဘဟီးထံသို့ အေမာမ်ဟိုစိုင်းန်(အ.စ)၏ဦးခေါင်းကို ဖြတ်ရန် အမိန့်ရောက်လာခဲ့လေသည်။သို့သော် ၎င်းသည် တုန်လှုပ်ခြောက်ခြားခဲ့ပြီး ထိုသို့မပြုလုပ်နိုင်ခဲ့ပါ။ထို့နောက် ဆနားန်ဘင်န်အနစ် အမ်ရ် နခ်အီ ဆိုသူသည် အေမာမ်ဟိုစိုင်းန်(အ.စ)အား ထပ်မံဓားဖြင့်ခုတ်ပြီးနောက် ဦးခေါင်းနှင့် ခန္ဓာအားတစ်ခြားစီပြုလုပ်ခဲ့လေသည်။ထို့နောက် ၎င်းသည် အေမာမ်ဟိုစိုင်းန်(အ.စ)၏ဦးခေါင်းတော်အား ခူလီသို့ပေး၍ ခူလီသည် ထိုဦးခေါင်းတော်ကို အိဘ်နေဇေယားဒ်ထံသို့ ယူဆောင်သွားခဲ့လေသည်။