"သာရိပုတ္တရာထေရ်" ၏ တည်းဖြတ်မှု မူကွဲများ

→‎ဘုရားရှင်၏ ဗျာဒိတ်: စာလုံးပေါင်း ပြင်ခဲ့သည်
(→‎သာရိပုတ္တရာထေရ်: စာလုံးပေါင်း ပြင်ခဲ့သည်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
(→‎ဘုရားရှင်၏ ဗျာဒိတ်: စာလုံးပေါင်း ပြင်ခဲ့သည်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
 
လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်ကာလ မနောမဒဿီဘုရား ပွင့်တော်မူသည့် အချိန် တွင် ဖြစ်၏။ သရဒနှင့် သီရိဝဍ္ဎန နှစ်ယောက်တို့သည် သူငယ်ချင်း ဖြစ်သည်။ သရဒသည် ရှင်သာရိပုတ္တရာ ဖြစ်မည့်သူဖြစ်သည်။ သီရိဝဍ္ဎနသည် ရှင်မောဂ္ဂလန် ဖြစ်မည့်သူ ဖြစ်သည်။
 
သရဒသည် ဗြာဟ္မဏ မဟာသာလ အမျိုးဖြစ်သည်။ တစ်ခုသော အချိန်တွင်သည် သရဒသည် သံဝေဂရကာ တောထွက်ရသေ့ပြုလေသည်။ သီရိဝဍ္ဎနသည် လူ့ဘောင်တွင် ကျန်ရစ်ခဲ့သည်။ ထိုအချိန် မနောမဒဿီဘုရား ပွင့်တော်မူသည့် ကာလဖြစ်သည်။ သရဒရသေ့သည် မနောမဒဿီဘုရားရှင်၏ လက်ယာရံ အရှင်နိဘသကို အားကျကာ ဘုရားရှင်အား ပန်းထီးဖြင့် ပူဇော်ပြီး ဆုတောင်းခဲ့သည်။ သူ၏ဆုတောင်းမှာ ပန်းထီးကို လှူဒါန်းရသော ကောင်းမှု၊ သဗ္ဗညုတဂုဏ်ကျေးဇူးကို ချီးကျူးရသော ကောင်းမှု၊ ဘုရားအမှူးရှိသော ရဟန်းသံဃာတို့ကို လုပ်ကျွေးပြုစုရေသာ ကောင်းမှုတို့ကြောင့် နောင်ပွင့်တော်မူ၏ ဘုရားရှင်၏ သာသနာတော်တွင် အရှင်ဘုရား၏ လက်ယာရံဖြစ်သော အရှင် နိဘယကဲ့သို့ လက်ယာရံ အဂ္ဂသာဝက ဖြစ်ပါရစ​ေဟုဖြစ်ပါရစေဟု ဆုတောင်းခဲ့သည်။
 
ထိုအခါ မနောမဒဿီဘုရားရှင်က ဗျာဒိတ်စကား မြွက်ကြားတော်မူ၏။ မြွက်ကြားတော်မူသည်မှာ "ဤကမ္ဘာမှ စ၍ ရေတွက်သော် တစ်သင်္ချေနှင့်ကမ္ဘာတစ်သိန်း လွန်မြောက်သောအခါ ဘဒ္ဒကမ္ဘာတွင် ဘုရားသုံးဆူနောက်မှ '''ဂေါတမ''' အမည်ရှိသော ဘုရားပွင့်လတ္တံ့။ ထိုအခါ သင်သည် သာဝကပါရမီတို့ အထွတ်အထိပ်သို့ ရောက်ကာ '''ဓမ္မသေနာပတိ သာရိပုတ္တရာ''' အမည်ဖြင့် လက်ယာရံအဂ္ဂသာဝက ဖြစ်လတ္တံ့" ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်။ <ref name=" ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ">{{cite book|title= ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့ရသော မေးခွန်းနှင့် ပြဿနာများ |author=ဒဂုန်ဦးစန်းငွေ}}</ref>
၆၃၅

တည်းဖြတ်မှုများ