ဂျိန်းဘာသာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Statement with no citation 136.228.175.229 (ဆွေးနွေး) ၏ တည်းဖြတ်မူ 563747 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၏ ။ +၏။)
စာကြောင်း ၈ -
အဓိကဘာသာရေး ယုံကြည်ချက်များမှာ အဟိံသဝါဒ (ahiṃsā, မညှင်းဆဲခြင်း) ၊ အနေကန္တဝါဒ (anekāntavāda, ဘက်ပေါင်းစုံမှ ရှုမြင်ခြင်း) ၊ အပါရိဂရာဟ (aparigraha, သံယောဇဉ်၊ တွယ်တာမှု မရှိခြင်း) ၊ ခြိုးခြံစွာကျင့်ခြင်း (asceticism, ကာမဂုဏ်မမှီဝဲခြင်း) စသည်တို့ဖြစ်ကြသည်။
 
ဘာသာရေးကိုင်းရှိုင်းသော ဂျိန်းဘာသာဝင်များသည် အောက်ပါ အချက်ငါးခုကို လိုက်နာကြသည်။ အဟိံသ၊ အမှန်တရား (satya, သစ္စာ) ၊ အစေယ (asteya, မခိုးယူခြင်း)၊ ဗြဟ္မစာရီအကျင့် (brahmacharya)၊ အပါရိဂရာဟ (ပိုင်ဆိုင်မှုမရှိခြင်း) တို့ဖြစ်ကြသည်။ ဤမူများသည် ဂျိန်းဘာသာဝင်တို့၏ လူမှုယဉ်ကျေးမှုကို များစွာသောနည်းလမ်းများဖြင့် အကျိုးသက်ရောက်ရာ နေမှုထိုင်ရာ၌ သက်သက်လွတ်စားသောက်ခြင်းများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ Parasparopagraho Jīvānām (ပါရာစပရောပါဂရာဟို ဂျိဝါနမ်) သည် ဂျိန်းဘာသာ၏ ဆောင်ပုဒ်ဖြစ်၍ အနက်မှာ နာမ်(ဝိဉာဉ်)တစ်ခုသည် အခြားနာမ်(ဝိဉာဉ်)ကို ကူညီဆောင်မရန် (သို့) အချင်းချင်း အထောက်အပံ့ အမှီသဟဲပြုရန် ဖြစ်သည်။ နမောကာရ မန္တန်သည် အခြေခံအကျဆုံး ဘုရားစာဖြစ်၏ ။ဘုရားစာဖြစ်၏။
 
ဂျိန်းဓမ္မသည် ကမ္ဘာ့အစောဆုံးသော ဘာသာတရားများထဲက တစ်ခုဖြစ်၍ ဂိုဏ်းခွဲနှစ်ခုရှိသည်။ ဒိဂမ်ဘာရ နှင့် စဗိတမ်ဘာရ တို့ဖြစ်ကြသည်။ ခြိုးခြံမှုအကျင့်၊ လိင်၊ လက်ခံသည်ကျမ်းစာ အပေါ်တွင် မူတည်၍ ကွဲပြားသွားသည်။ နှစ်ဂိုဏ်စလုံး၌ ဒါယကာ/မ များက လှူဒါန်းထောက်ပံ့သော အလှူခံပုဂ္ဂိုလ်များ ရှိကြသည်။အိန္ဒိယနိုင်ငံတွင် ဂျိမ်းဘာသာဝင် ၄-၅ သန့်းကြားရှိ၍ အိန္ဒိယပြင်ပတွင် လည်းရှိကြ၍ အနေများသောနိုင်ငံများမှာ ကနေဒါ၊ အမေရိကန်၊ ဥရောပနိုင်ငံများဖြစ်ကြသည်။ ဂျပန်တွင်လည်း ဂျိန်းဘာသာ ထွန်းကာလာနေ၍ ဂျပန်တိုင်းရင်းသားမိသားစု ငါးထောင်ခန့် ဂျိန်းဘာသာဝင်များဖြစ်လာသည်ဟု မှန်းဆရသည်။ ဂျိန်းဘာသာနှသ့်ပတ်သက်သော အဓိကပွဲတော်များလည်းရှိကြသည်။