ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၏ ။ +၏။, -သည် ။ +သည်။)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပါ ။ +ပါ။)
စာကြောင်း ၈၆ -
 
== တောင်ယာစိုက်ပျိုးရေးလုပ်ငန်း ==
မြိုတိုင်းရင်းသားများသည် အဓိက စီးပွား ရေးလုပ်ငန်းသည် [[တောင်ယာစိုက်ပျိုးရေး]] ဖြစ်သည်။ တောင်ယာလုပ်ငန်းသည် တောင်ပေါ်နေတိုင်းရင်းသားများ၏ အဓိက အသက်မွေးဝမ်းကြောင်းဖြစ်ပါသည်။ တောင်ယာလုပ်တော့မည် ဆိုလျှင် ဦးစွာ မိသားစု လူဦးရေကိုကြည့်ရသည် မိသားစုများ နေလျှင် များသလို အကျယ် ချဲ့ခုတ်ထွင်းရသည်။ မိသားစုနည်းလျှင်နည်းသလို ခုတ်လေ့ရှိသည်။ ထိုကြောင့် မိသားစုများလျှင် မိသားစုနဲ့လုံလောက်သည့် ယာခင်း ကို စုံစမ်းလေ့လာရသည်။ သို့သော် အခေါင်း သုံး လုံးရှိသည့် ယာခင်းသည် နတ်ဆိုးအိမ်၊ တောင်ယာလုပ်လျှင်သေမည်ဆိုကာ ရှောင်လေ့ရှိသည်။ မိမိလုပ်ကိုင်မည့် ယာခင်းကို စုံစမ်းပြီးလျှင် ထိုတောင်ယာကို လုပ်ကိုင်ရန်အတွက် ဝါးပင် ငါး ပင်မှ ဆယ်ပင် လောက်မျှခုတ်ထားကာ အိပ်မက်ယူရသည်။ အိပ်မက်တွင် ရေပြင်၊ ငါး ၊ မြင်မက်က ကောင်း၏၊ မီး၊မိုး၊ သွေးမြင်မက်က မကောင်း ဟုအနက်ကောက်ကာ အိပ်မက်ရယူရသည်။ အိပ်မက်ကောင်း၍ စခုတ်တော့မည်ဆိုလျှင် ဦးစွာ ဓားသွေးကျောက်ပြားကိုယာခင်းတွင် သွားထားရသည် ထိုနေ့တွင် ဝါးဆစ်တစ်ပိုင်းကို ပိုင်းဖြတ်ကာ ရေပြည့်ရသည်။ရေပြည့်သည့် အခါ၌ ရေမြှုပ်ကို ကြည့်ပြီး ပေါက်ပင်များမည် မများမည်ကို ခန့်မှန်းရသည်။ ထိုဝါးဆစ်ပြည့်သည့်ရေပုလင်းကို ဓားသွေးကျောက်ပြားပေါ်ထားပြီး အလယ်တည့်တည့်ခွဲဖြတ်ကာ မျောက်ပိုင်းလှန်နေပါက နမိတ်ကောင်း သီးနှံထွက်တိုးကောင်းမည်ဟု နောက်ဆုံးယာခင်းခုတ်ပြီးသည့်နေ့ တွင် ပြုလုပ်ရသည်။ထို့အပြင် တောင်စောင့်နတ်၊ ချောင်းစောင့်နတ် အရပ်လေးမျက်နှာ ရှိနတ်များအတွက် ယာခင်းကိုမီးရှိုးသည်အချိန်တွင် ထွက်ပြေးလွတ်နိုင်ရန် တုတ်ချောင်းလေးချောင်းကို ပစ်ပေးထားရသည်။ တစ်နှစ် တစ်နှစ် တောင်ယာကို ဇန်နာဝါရီလ နှင့် ဖေဖော်ဝါရီလ လောက်မှ စတင်ခုတ်လဲပြီး တောင်ယာ တစ်ခင်းကို နှစ်လကြာခန့် ခုတ်ထွင်းပြီး မတ်လ တွင်မီးရှိုးရသည်။ ဧပြီ လတွင်ကောက်ပဲသီးနှံများကို စတင်စိုက်ပျိုးရသည်။ ယာခင်း တွင်မည်သည့် ပျိုးပင် ၊မျိုးစေ့ မချခင် ကြက်၊ ခွေး၊ ဆိတ် တို့ဖြင့် ယာခင်းကို သွေးပူဇော်ရသည်။ တောင်ယာလုပ်ငန်းမစတင်ခင် တစ်ရွာလုံး ပေါင်း ကြက်၊ ဝက်၊ ဆိတ် တို့ ဖြင့် ကပ်ဘေးဆိုးကျိုး ရွာသူ၊ ရွာသားများအပေါ် မဆိုက်ရောက်စေရန် နှင့် သီးနှံထွက် တိုးစေရန် ရွာခင်းပွဲကို ကျင်းပလ့းရှိသည်။ ထိုအချိန်အတွင်း ရွာထဲတွင် ရွာသူ ရွာသားများသည် အလုပ်လည်းမလုပ်ရ အပြင်လည်း မထွက်ရ သလို မည်သည့် ဧည့်သည်ကိုမှ အဝင်မခံပါ ။အဝင်မခံပါ။ ဝင်မိပါက ထိုအခင်းပွဲတွင် ကုန်ကျစရိတ်ကိုပေးလျော်သည့်အပြင် အခင်းချိုးဖောက်မှု ဒဏ်ကျေးလည်း အကန့်သတ်မရှိ ပေးလျော်ရသည်။
 
== ရွာခင်းဓလေ့ ==
မြိုလူမျိုးဓလေ့ထုံးတမ်းအရ တစ်နှစ်တွင် ရွာခင်းပွဲ နှစ်ကြိမ်ကျင်းပ လေ့ရှိသည် တောင်ယာမီးရှုးပြီးသည့် အချိန်၌ မည်သည့် မျိုးစေး ယာခင်းတွင်မဝင်ခင် တစ်ခါ ၊ မျိုးပင်များ ဖူးပွင့်ခါစ တစ်ခါ နှစ်ကြိမ်ကျင်းပလေ့ရှိသည်။ သို့သော် ကျေးရွာ အဖျားနှာများ၍ သော်လည်းကောင်း ၊ လူနှစ်ဦးအထက် ဆက်သက်၍ သေဆုံးသော်လည်းကောင်း ရွာခင်းပွဲ လုပ်ရသည်။ ထိုအခင်း ပွဲသည် ပုံမှန် ခင်းရိုးမဟုတ်ဘဲ ကုလားမမျောက် သို့မဟုတ် ကဒိုးကဒါ နှစ်ကောင်ကို တောထဲမှာ မရရအောင်ဖမ်းရသည်။ ရပြီဆိုပါက ထိုအကောင်ကို အရည်ခွံခွာ၍၎င်းအရီခွံအား ဖြင့်လေးလက်နက်ကိုင်သည့် လူပုံကိုဆင်၍ ရွာ၏ အဝင်ဝ တွင်တစ်ခု ထွက်ပေါက်တွင် တစ်ခု အဝတ်ဆိုးဖြင့် လေးလက်နက်ကိုင်သည့် အရုပ်ပုံကို ချိတ်ဆွဲ ကာထားရသည်။ထို့အပြင် အဝင်ဝ နှင့် ထွက်ပေါက်တွင် ဝါးခြမ်းစိတ်ချွန် နှင့် ကြိမ်ဆူး ဖြင့် စည်းရိုးကိုထိုးပြီး ကာရသည်။ ညနေ မှောင်စတွင် ကျောက်စ ရိုက်များ နှင့် ဆန်ကို ရောပြီးနတ်ဆိုးမောင်းထုတ်သည့် ကာထာ ခုနှစ်ခါ ရွက်ဆိုကာ ဆုံခေါက်ပြီး ၎င်း ကာထာဖြင့်ရွက်ဆိုထားးသည့်ကျောက်စရိုက် နှင့်ဆန်ကို အိမ်အောက် ရွာပြင်နေရာအနှံ့ကျဲ့မောင်းရသည် နတ်ဆိုးရှိ မရှိ ကို ထွက်ပေါက်တိုင်း ချည်မျှင်ပင်၇ ပင်ပတ်ထိုးထားသည်ကိုကြည့်ရသည်။အကယ်၍ နတ်ဆိုးထွက်ပါက ထိုချည်မျှင်ကြိုးဖြတ်ကိုကြည့်ခြင်းအားဖြင့် ဒီကထွက်သည်ဟု မှတ်ယူပါသည်။ ထိုအတွင်း အပြင်ဧည့်သည် ကိုလုံးဝ ဝင်ခွင့်မပြု သလိုရွာသားများလည်းရွာအပြင်ထွက်ခွင့်မပြု ။ (၇) ရက် တစ်ပတ်ပြုလုပ်ရသည် သို့သော် ရွားများကမူ တစ်ရက်မှ နှစ်ရက်ထိသာ တိတ်တိတ်ဆိတ်ပြုလုပ်ပြီး သုံးရက်မြောက်တွင် အပြင်ထွက်နိုင်သည် အပြင်ဧည့်သည် ကိုမှု (၇) ရက် အဝင်မပြုပါ ။ထိုအခင်းအဝင်မပြုပါ။ထိုအခင်း ကို( ခင်မ်ဆုံ ) နတ်ဆိုးမောင်းထုတ်သည်ဟုခေါ်ပါသည်။<ref>THE,HILL TRACTS OF CHLTTAGONGAND THE
 
DWELLERS THEREIN;BY GAPT, T. H , LEWIN, 1869. P-94</ref>