ဂိုအင်ကာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သည် ။ +သည်။)
{{in use}}, (first arranging texts in order; more tiring, if not harder.)
စာကြောင်း ၁ -
{{in use}}
{{Infobox person
| name=S. N. Goenka
| birth_name=Satya Narayan Goenka
| image=Gji-sittingBW.jpg
| caption = ဦးဂိုအင်ကာ
| imagesize=
|awards=[[ဝဏ္ဏကျော်ထင်ဘွဲ့]]<br/>Padma Bhushan Award| birth_date=၃၀ ဇန်နဝါရီ ၁၉၂၄
Line ၁၆ ⟶ ၁၈:
| website={{URL|http://www.dhamma.org/en/}}
|}}
 
[[File:Gji-sittingBW.jpg|thumb|ဦးဂိုအင်ကာ]]
ဝိပဿနာတရားပြဆရာတစ်ဦးဖြစ်သော ဂိုအင်ကာမှာ မွန်ဘိုင်းမြို့ ရှိ ၎င်း၏ သားဖြစ်သူ၏ နေအိမ်တွင် တနင်္ဂနွေနေ့က ငြိမ်းချမ်းစွာဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ ၎င်း၏ ဈာပနအခမ်းအနားအား မွန်ဘိုင်းမြို့ တွင် ကြာသာပတေးနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။
 
ဆရာဂိုအင်ကာမှာ ဆရာကြီး[[ဘခင်၊ ဦး၊ စည်သူ| ဦးဘခင်]]၏ ဝိပဿနာတရားထိုင်နည်းများအား လေ့ကျင့်သင်ကြားပေးသူ ဖြစ်ပြီး၊ ၎င်း၏သင်ကြားမှုမှတစ်ဆင့် လက်ထောက်တရားပြဆရာပေါင်း ၈၀၀ အား မွေးထုတ်ပေးနိုင်ခဲ့ပြီး ဂိုအင်ကာနည်းလမ်းဖြင့် ဝိပဿနာတရားအားထုတ်သည့် သင်တန်းများသို့ နှစ်စဉ် လူတစ်သိန်းကျော် တက်ရောက်လေ့ရှိသည်။ ဆယ်ရက်ကြာ ဝိပဿနာတရားထိုင်နည်းသင်တန်းများကို ကမ္ဘာ့အနှံ့ဖွင့်လှစ်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
Line ၂၈ ⟶ ၂၇:
၁၄ နှစ်ကြာ လေ့လာဆည်းပူးပြီးနောက် အိန္ဒိယနိုင်ငံသို့ ပြန်သွားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ဝိပဿနာတရားများ အား သင်ကြားပြသပေးခဲ့သည်။ လူတန်းစားခွဲခြားသော စနစ်များနှင့် ယုံကြည်ကိုးကွယ်မှု မျိုးစုံဖြင့် အုပ်စုခွဲနေသည့် အိန္ဒိယနိုင်ငံတစ်ဝန်းလုံးမှ ထောင်နှင့်ချီသော လူသားများအား ဆွဲဆောင်နိုင်ခဲ့သည်။ ထို့အပြင် ကမ္ဘာ့အနှံ့အပြားမှ လူပုဂ္ဂိုလ်များမှာလည်း ဆရာကြီးဂိုအင်ကာ၏ ဝိပဿနာတရားသင်တန်းများတွင် လာရောက်လေ့ကျင့်ခဲ့ကြသည်။
 
==============================================================================================================================================================================================================
 
==ကိုယ်ရေးအကျဉ်း==
ကမ္ဘာကိုသတိကပ်စေခဲ့သော "ဦးဂိုအင်ကာ"
===ငယ်စဉ်ဘဝ===
- - - - - - - - - - - - - - - - - - - - - - - - -
ကျူရုမျိုးဆက်၊ ရှရီဆတ္တရနာရယန်ဂိုအင်ကာကို မြန်မာနိုင်ငံမြို့တော်ဟောင်း၊ မန္တလေးမြို့၊ ၂၇ လမ်း ဘာဘူတန်းတွင် ခရစ်နှစ် ၁၉၂၄ ခု၊ ဖေဖော်ဝါရီလ ၁၆ ရက် စနေနေ့(ကောဇာသက္ကရာဇ် ၁၂၈၅ ခု၊ တပို့တွဲ လဆန်း ၁၂ ရက်နေ့တွင် ဖခင်ဂိုပီရပ်ဂိုအင်ကာ၊ မိခင်ကမာလာဒေဝီတို့မှ ဖွားမြင်ခဲ့သော သားရတနာဖြစ်သည်။ မွေးစားမိဘများမှာ ဒွါရကဒါးစ် ဂိုအင်ကာနှင့် ရာမိဒေဝီတို့ဖြစ်ပါသည်။ မွေးချင်း ၁၄ ဦးရှိသည်။
ဂိုအင်ကာဂျီသည် ပင်ကို ဥာဏ်ထက်မြက်သူဖြစ်သည်။ ၁၉၃၇ တွင် မန္တလေးမြို့၌ ပညာသင်ကြားခဲ့ပြီး ၁ဝ တန်းစာမေးပွဲကို အောင်မြင်ခဲ့သည်။ စာမေးပွဲတွင်အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့၍အစိုးရပညာတော်သင် ထောက်ပံ့ကြေးဆုကို ရရှိခဲ့သည်။ ဂိုအင်ကာဂျီသည် တက္ကသိုလ်ပညာကို ဆက်လက်မဆည်းပူးနိုင်ခဲ့သော်လည်း ထိုမတိုင်မီကပင် ဗြိတိသျှဘုရင်ခံက ချီးမြှင့်သော ရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။<ref name="sngo">{{cite web |last=ဖြိုးထိန် |title=ဆရာကြီးဂိုအင်ကာနှင့် သူ့ဘဝ၊ သူ့ဓမ္မခရီး |url=https://www.echoingvoicenews.com/?p=3456 |publisher=ပဲ့တင်သံဂျာနယ် |access-date=27 November 2020 |date=9 October 2013}}</ref>
 
၁၉၄၂ ခု၊ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်တွင် မာတာကြီး(အီလာချီဒေဝီ) နှင့်အိမ်ထောင်ကျသည်။ သား ၆ ယောက်ထွန်းကားသည်။ ၁၉၄၆ ခုနှစ်တွင် ဂုရုဂိုအင်ကာသည် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ်-၂၃၊ ၂၉ လမ်းတွင် စတင်အခြေချနေထိုင်ခဲ့သည်။
သူလိုလူမျိုး မည်သည့်အချိန်တွင် ကွယ်လွန်ကွယ်လွန်
လူသားတို့အတွက် ဆုံးရှုံးမှုကြီး ဖြစ်သော်လည်း
အိန္ဒိယနိုင်ငံ၏ ပျမ်းမျှသက်တမ်း ၆၅ ဒသမ ၅ နှစ်၊
မြန်မာနိုင်ငံ၏ ပျမ်းမျှသက်တမ်း ၆၅ ဒသမ ၇ နှင့် စာလျှင်
ဦးဂိုအင်ကာသည် အသက်ရှည်ရှည် နေရသည်။
အသက် ၉၀-နှစ်မှာ ဘဝနတ်ထံ ကွယ်လွန်သည်။
လူ့ဘဝတွင် ကြာကြာနေ လိုက်ရရုံသာမကဘဲ
ရာစုနှစ်တစ်ဝက်လောက် သူသည်
တရားကျင့်ရင်း၊ တရားကို ဖြန့်ဖြူးရင်း
လူသန်းပေါင်းများစွာ အေးချမ်းအောင်
စွမ်းဆောင် လိုက်နိုင်သဖြင့် လူ့ဘဝတွင်
တန်အောင်လည်း နေလိုက်ရသည်။
 
အသက် ၃၀ အရွယ်တွင် ရန်ကုန် ကုန်သည်နှင့် စက်မှု လုပ်ငန်းရှင်ကြီးများအသင်းချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာသူ၊ လူမှုရေး၊ ယဉ်ကျေးမှု အသင်းအဖွဲ့ပေါင်း များစွာတွင် ပါဝင်ပတ်သက်ပြီး အောင်မြင်မှုများစွာ ရရှိသူ
ဘာသာမရွေး လူမျိုးမရွေး လာရောက် ကျင့်သုံးနိုင်သည့်
ဝိပဿနာ ဆယ်ရက်စခန်းများကို
ကမ္ဘာတွင် ကျယ်ပြန့်အောင် ဖြန့်ဖြူးခဲ့ခြင်းဖြင့်
ကမ္ဘာကြီးကို တရားထိုင်တတ်အောင် သင်ကြားပေးခဲ့သူ
မန္တလေး သား ဦးဂိုအင်ကာသည်
အိန္ဒိယနွယ်ဖွား ဖြစ်သည်။
 
အသက် ၃၀ အရွယ်တွင်
ရန်ကုန် ကုန်သည်နှင့် စက်မှု လုပ်ငန်းရှင်ကြီးများ
အသင်းချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာသူ၊
လူမှုရေး၊ ယဉ်ကျေးမှု အသင်းအဖွဲ့ပေါင်း များစွာတွင်
ပါဝင်ပတ်သက်ပြီး အောင်မြင်မှုများစွာ ရရှိသူ
ဦးဂိုအင်ကာသည် ကိုယ်တွင်း ငြိမ်းချမ်းရေးမူ မရသေးပေ။
 
===ဗုဒ္ဓဘာသာနှင့်ထိတွေ့ခြင်း===
စွဲကပ်နေသော ခေါင်းကိုက်ဝေဒနာကြောင့်
{{quote box|width=20em|align=right|quote=''"အိန္ဒိယနိုင်ငံကလာတဲ့ အမြင့်မြတ်ဆုံးအကျင့်ကို ကျွန်တော် သင်ပေးနေတာ။ ဒါကို တန်ဖိုးမချပါနဲ့။ ရောဂါတစ်ခု ပျောက်ဖို့တင်ပဲ မသုံးပါနဲ့။ ဒီအကျင့်က ဒုက္ခကနေ ခင်ဗျားကို လွတ်မြောက်စေမှာပါ၊ ခေါင်းကိုက်တဲ့ ဒုက္ခလေးကတင်တော့ မဟုတ်ဘူး"''— '''ဦးဘခင်'''}}
ဆွစ်ဇာလန်၊ အင်္ဂလန်၊ အမေရိကန်စသည့် နိုင်ငံများသို့
သွားရောက်ပြီး သမားတော်များနှင့် ကြပ်ကြပ်မတ်မတ်
ကုသသော်လည်း သဲထဲရေသွန်သာ။
 
ဝိပဿနာကို ကျင့်ကြံနေသလို
သင်ကြား ပို့ချပေးနေသည့်
လွတ်လပ်သော မြန်မာ နိုင်ငံ၏
ပထမဦးဆုံး ငွေစာရင်းမင်းကြီး ဦးဘခင်ထံတွင်
သွားရောက် တရားထိုင်ရန်
မိတ်ဆွေတစ်ဦးက အကြံပေးသည်။
 
ဇင်ဘာသာ ဘုန်းတော်ကြီး Norman Fische က
ဦးဂိုအင်ကာကို တွေ့ဆုံ မေးမြန်းချက်တွင်
ဦးဘခင်ထံ ရောက်ရှိခဲ့ပုံကို
ဦးဂိုအင်ကာက အောက်ပါအတိုင်း ဖြေကြားထားသည်။
 
ဦးဘခင်က လာရသည့် အကြောင်းရင်းကို မေးသည့်အခါ
ဦးဂိုအင်ကာက
‘ခေါင်းကိုက် ပျောက်ချင်လို့ပါ’ ဟု ဖြေသည်။
ဦးဘခင်က ‘ဆရာဝန်ထံသို့သာ သွားပါ’
‘No. Goenka. I can’t help you. Go to a doctor’
ဟု ယတိပြတ်ဆိုသည်။
 
ဆရာကြီးဦးဘခင်ထံ
ဦးဂိုအင်ကာ ရောက်လာသည့် အချိန်တွင်
မြန်မာနိုင်ငံတွင်းရှိ အိန္ဒိယနွယ်ဖွားတို့ အသိုင်းအဝိုင်းတွင်
သူသည် လျှမ်းလျှမ်းတောက် ဖြစ်နေချိန်။
မည်သည့် ဂုရုမဆို သူကဲ့သို့သော သူမျိုးကို
လွယ်လွယ်ကူကူ တပည့်တော်ချင်မည် ဖြစ်သော်လည်း
ဆရာကြီး ဦးဘခင်ကမူ ထိုသို့မဟုတ်၊
ဦးဂိုအင်ကာကို အလွယ်တကူ လက်မခံ။
 
“အိန္ဒိယနိုင်ငံကလာတဲ့ အမြင့်မြတ်ဆုံး အကျင့်ကို
ကျွန်တော် သင်ပေးနေတာ။ ဒါကို တန်ဖိုးမချပါနဲ့။
ရောဂါတစ်ခု ပျောက်ဖို့တင်ပဲ မသုံးပါနဲ့။
ဒီအကျင့်က ဒုက္ခကနေ
ခင်ဗျားကို လွတ်မြောက်စေမှာပါ၊
ခေါင်းကိုက်တဲ့ ဒုက္ခလေးကတင်တော့ မဟုတ်ဘူး”
 
ဦးဂိုအင်ကာ ကြည်ညိုသွားပြီ ဖြစ်သော်လည်း
"ဗုဒ္ဓဘာသာ ဝင်ရမည်လား"ဟု
ဦးဂိုအင်ကာက စိုးရိမ်နေ သည်။
 
ဦးဘခင်က မေးသည်၊
‘ခင်ဗျားက ရန်ကုန်က
ဟိန္ဒူဘာသာဝင်တွေရဲ့ ခေါင်းဆောင် တစ်ယောက်ပဲ။
'သီလ'စောင့်တာကို
ခင်ဗျားရဲ့ဘာသာက တားမြစ်ပါသလား’။
 
'သီလ'စောင့်ရန်ကို
မည်သည့် ဘာသာကမျှ တားမြစ်မည် မဟုတ်သဖြင့်
ဦးဂိုအင်ကာက
"‘သီလ'ကို ကန့်ကွက်ရန် မရှိပါ" ဟု ဖြေသည်။
 
‘စိတ်ကို မထိန်းနိုင်လျှင် "သီလ"ဘယ်လို စောင့်မလဲ၊
စိတ်ကို ထိန်းနိုင်ရန် "သမာဓိ"ကို သင်ပေးမယ်’ ဟု
ဦးဘခင်က ပြောသည်။
 
“ဟိန္ဒူဘာသာမှာ 'သမာဓိ'က
လွန်စွာမြင့်မား တန်ဖိုးထား ခံရသောအရာပဲ။
ဒါ့ကြောင့် 'သမာဓိ'ကို ကန့်ကွက်ရန် မရှိပါ” ဟု
ဦးဂိုအင်ကာက ဖြေသည်။
 
" ‘သမာဓိ’ သည် စိတ်မချရသေး၊
လူ၏ အတွင်းစိတ်သည်
အိပ်နေသော မီးတောင်နှင့် တူသည့်အတွက်
အချိန်မရွေးထကြွ သောင်းကျန်းပြီး
သီလ ကျိုးပေါက်နိုင်သည့်အတွက်
စိတ်အမြင့်ဆုံးအဆင့် သန့်ရှင်းစင်ကြယ်ခြင်း (ဝါ)
ပညာကို သင်ပေးမည်"ဟု ဦးဘခင်က ပြောသည်။
 
‘ပညာကို ကန့်ကွက်ရန် မရှိပါ’ ဦးဂိုအင်ကာ ပြန်ဖြေသည်။
 
‘သီလ၊ သမာဓိ၊ ပညာကိုသာ လက်ခံပါ’ ဟု
ဦးဘခင်က ပြောသောကြောင့်
ဦးဂိုအင်ကာ စိတ်ချပြီး တရားထိုင်လိုက်သောအခါ
ဖြစ်နေကျ ခေါင်းကိုက် ဝေဒနာဆိုးသည်
ပျောက်ကင်းသွားသည်။
 
ဘုံဘေ (ယခုမွန်ဘိုင်း) တွင်
တရားလာပြရန် ဖိတ်ခေါ်ခံရသည်မှ အစပြုကာ
စီးပွားရေးကို မိသားစုနှင့် လွှဲလိုက်ပြီး
တရားပြလိုက်သည်မှာ နောင်နှစ်ပေါင်း ၅၀ လုံးလုံး
သူ့ဘဝကို တရားထိုင်ခြင်း၊ သင်ကြားခြင်းထဲတွင်
နစ်မြုပ်ထားလိုက်ရာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။
 
၁၉၆၂ ဆိုရှယ်လစ်စနစ်သို့ အကူးအပြောင်းတွင်
ဦးဂိုအင်ကာ ပိုင်ဆိုင်သော လုပ်ငန်းများသည်
ပြည်သူ ပိုင်သိမ်းသည့် အထဲတွင် ပါသွားသည်။
 
သို့သော် ဦးဂိုအင်ကာတွင်
ဝိပဿနာ အခံ ရှိနှင့် နေပြီးသည့်အတွက်
သူ့လောက် ဆုံးရှုံးမှုမများသော
စီးပွားရေး လုပ်ငန်းရှင်ကြီးတို့ကဲ့သို့
ပူဆွေးသောက မဖြစ်ပေါ်ခဲ့။
 
၁၉၆၉တွင် ဦးဂိုအင်ကာသည် အိန္ဒိယနိုင်ငံသို့ ပြန်သွားကာ
ဝိပဿနာ စတင်ရာ ဗုဒ္ဓ၏ မွေးရပ်မြေ အိန္ဒိယတွင်
ပျောက်ကွယ်နေပြီ ဖြစ်သော ဝိပဿနာကို
ပြန်လည် မိတ်ဆက်ပေးခဲ့သည်။
 
အိန္ဒိယသို့ ပြန်ရောက်ကတည်းက
စီးပွားရေးကို မိသားစုဝင်များသို့ လွှဲအပ်လိုက်ကာ
တရားထဲသို့ ခြေစုံပစ်ဝင်လိုက်သည်။
အိန္ဒိယနိုင်ငံတွင် တရားစခန်းပေါင်း ၆၀ နှင့်
တစ်ကမ္ဘာလုံးတွင် တရားစခန်းပေါင်း ၁၇၃ ခုတို့ကို
ဖွင့်လှစ် ပို့ချပေးခဲ့သည်။
 
ဦးဂိုအင်ကာနှင့်တကွ ဝိပဿနာ တရားစခန်းတို့၏သတင်း
ကမ္ဘာအနှံ့ မွှေးပျံ့သောကြောင့်
ကမ္ဘာပေါ်ရှိ အဖွဲ့အစည်း ကြီးငယ်များက
ဟောပြော ပို့ချရန် ဖိတ်ကြားခဲ့ရာ
ကုလသမဂ္ဂ အထွေထွေညီလာခံ
(United Nations General Assembly)၊
အိန္ဒိယ ပါလီမန်၊ ကမ္ဘာ့စီးပွားရေးဖိုရမ်
World Economic Forum Davos၊
မက်ဆာချူးဆက် စက်မှုတက္ကသိုလ်
Massachusetts Institute of Technology (MIT) နှင့်
ဆီလီကွန်တောင်ကြား
အိန္ဒိယ ပညာသည်များ အစည်းအရုံးတို့တွင်
ဝိပဿနာကို ပို့ချခဲ့သည်။
 
တိဗက်သာသနာ၏ အထွတ်အထိပ်ဖြစ်သည့်
ဒလိုင်းလားမားက အကူအညီ တောင်းသောကြောင့်
တိဗက်ဘုန်းတော်ကြီး များကိုလည်း
ဦးဂိုအင်ကာ သွားရောက် ဝိပဿနာ ပို့ချသည်။
 
တရားမထိုင်မီ အချိန်က ဦးဂိုအင်ကာသည်
မြန်မာနိုင်ငံတွင်း စီးပွားရေးတွင် အောင်မြင်မှု ကြီးခဲ့သည်။
ကိုယ်တိုင် တရားထိုင်အပြီးတွင် စီးပွားကိုစွန့်ကာ
တရားထိုင်ခြင်း၏ မိခင်နိုင်ငံ အိန္ဒိယသို့ တရားအကျင့်ကို
ပြန်လည် သယ်ဆောင်သွားနိုင်ခဲ့သည်။
 
ထိုမှတစ်ဆင့်
ကမ္ဘာကြီးကို တရားထိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
ယနေ့ကမ္ဘာတွင် တရားထိုင်သူတို့သည်
ဘာသာလူမျိုး မရွေး တစ်နှစ်ထက် တစ်နှစ်
တိုးသည်ထက် တိုးလာကြပြီ။
အမေရိကန် တရားထိုင်သူတို့သည်
တစ်နှစ်လျှင် တစ်သန်းခန့် တိုးလာကြသည်။
 
ဝိပဿနာကို
မြန်မာ့မြေမှ ပြန်လည် စတင်သည်ဟု ဂုဏ်ယူရုံမျှက
ကိုယ်တွေ့ကျင့်ကြံနိုင်ခြင်းဖြင့် အနည်းဆုံးအားဖြင့်
ကျန်းမာရေးကောင်း၊
အာရုံစူးစိုက်နိုင်စွမ်းအားကောင်းသဖြင့်
အလုပ်တွင်ကျယ် အောင်မြင်ပြီး
အမြင့်ဆုံးအားဖြင့် ဉာဏ်အလင်း ရနိုင်ပါသည်။
 
ဦးဂိုအင်ကာ မြန်မာနိုင်ငံမှ မျိုးစေ့ယူသွားပြီး
အိန္ဒိယတွင် စိုက်ပျိုး၊ ထိုမှတစ်ဆင့်
ကမ္ဘာသို့ ပျံ့နှံ့သွားသည့် ဝိပဿနာသည်
မိခင်မြန်မာနိုင်ငံတွင်ရော
မည်သို့သော အခြေဆိုက်နေသနည်း။
 
***အနောက်တိုင်းသားတို့ပင်
ဝိပဿနာကို တန်ဖိုးထား ကျင့်ကြံနေကြချိန်တွင်
မြန်မာတို့ နေ့စဉ်ဘဝတွင်
မည်မျှ သတိ ကပ်နိုင်သနည်း။ ***
 
(ထိုမေးခွန်းတို့သည်
ထေရဝါဒ ဗုဒ္ဓဘာသာဟု
မိမိတို့ကိုယ်ကို ဂုဏ်ယူနေကြသော မြန်မာတို့အတွက်
မြန်မာ့မြေဖွား ဝိပဿနာ ဆရာကြီး ကွယ်လွန်ချိန်တွင်
မေးသင့်မေးထိုက်သော မေးခွန်းများ ဖြစ်ပေသည်။)
 
The Voice Weekly မှ ဆောင်းပါးကို
ကောက်နုတ်ဖော်ပြချက်ဖြစ်ပါသည်။
 
‘လက်ရှိ ပစ္စုပ္ပန်ကာလတွင်သာ စိတ်ကို ထားရှိခြင်း’
‘သတိကပ်ခြင်း’ (mindfulness) ကို
ခေတ်ပေါ် အကျင့်တစ်ရပ်အဖြစ်
ကမ္ဘာတွင် ခေတ်စားအောင် စွမ်းဆောင်နိုင်ခဲ့သည့်
ဦးဂိုအင်ကာသည် အိန္ဒိယနိုင်ငံ၏
သတင်းအချက်အလက်နှင့် နည်းပညာ ဗဟိုဖြစ်သော
မွန်ဘိုင်း (ယခင်ဘုံဘေမြို့) တွင်
ဗုဒ္ဓ၏ ဝိပဿနာ အကျင့်ကို ဖြန့်ဖြူးရင်း
အသက် ၉၀ တွင် ဆုံးပါးခဲ့သည်။
Credit to Dhamma ဓမ္
Credit to Bhikkhu Tejaniya
https://www.facebook.com/photo?fbid=872965096804480&set=a.107059520061712
 
===========================================================================================================================================
 
ဆရာကြီးဂိုအင်ကာနှင့် သူ့ဘဝ၊ သူ့ဓမ္မခရီး
ပဲ့တင်သံဂျာနယ် ဆောင်းပါး • သတင်းဆောင်းပါး • အဖွင့်
ဆရာကြီးဂိုအင်ကာ။ ၂ဝ၁၃၊ စက်တင်ဘာလ ၂၉ ရက်၊ စနေနေ့ ၁၁ နာရီခန့်ကသူ၏နေအိမ်တွင် ကွယ်လွန်သွားကြောင်း၊ အောက်တိုဘာ လ ၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ဘုံဘေမြို့တွင် သူ၏ဈာပနာကိုသင်္ဂြိုဟ်မည် ဟု သိရှိရပါသည်။
ဆရာကြီးဂိုအင်ကာသည် ခေတ်သစ်သာသနာပြုပါရမီရှင်သူရဲကောင်းတစ်ဦးဖြစ်သည်။ ဆရာကြီးကွယ်လွန်သွားသည့်အတွက် နှမြောတသမိပါ သည်။ ဆရာကြီးဘဝနှင့်သူ၏ဓမ္မခရီးအကြောင်းကို ပြန်ပြောင်းသတိရမိပါသည်။
ကျူရုမျိုးဆက်၊ ရှရီဆတ္တရနာရယန်ဂိုအင်ကာကို မြန်မာနိုင်ငံမြို့တော်ဟောင်း၊ မန္တလေးမြို့၊ ၂၇ လမ်း ဘာဘူတန်းတွင် ခရစ်နှစ် ၁၉၂၄ ခု၊ ဖေဖော်ဝါရီလ ၁၆ ရက် စနေနေ့(ကောဇာသက္ကရာဇ် ၁၂၈၅ ခု၊ တပို့တွဲ လဆန်း ၁၂ ရက်နေ့တွင် ဖခင်ဂိုပီရပ်ဂိုအင်ကာ၊ မိခင်ကမာလာဒေဝီတို့မှ ဖွားမြင်ခဲ့သော သားရတနာဖြစ်သည်။ မွေးစားမိဘများမှာ ဒွါရကဒါးစ် ဂိုအင်ကာနှင့် ရာမိဒေဝီတို့ဖြစ်ပါသည်။ မွေးချင်း ၁၄ ဦးရှိသည်။
ဂိုအင်ကာဂျီသည် ပင်ကို ဥာဏ်ထက်မြက်သူဖြစ်သည်။ ၁၉၃၇ တွင် မန္တလေးမြို့၌ ပညာသင်ကြားခဲ့ပြီး ၁ဝ တန်းစာမေးပွဲကို အောင်မြင်ခဲ့သည်။ စာမေးပွဲတွင်အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့၍အစိုးရပညာတော်သင် ထောက်ပံ့ကြေးဆုကို ရရှိခဲ့သည်။ ဂိုအင်ကာဂျီသည် တက္ကသိုလ်ပညာကို ဆက်လက်မဆည်းပူးနိုင်ခဲ့သော်လည်း ထိုမတိုင်မီကပင် ဗြိတိသျှဘုရင်ခံက ချီးမြှင့်သော ရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။
၁၉၄၂ ခု၊ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်တွင် မာတာကြီး(အီလာချီဒေဝီ) နှင့်အိမ်ထောင်ကျသည်။ သား ၆ ယောက်ထွန်းကားသည်။
၁၉၄၆ ခုနှစ်တွင် ဂုရုဂိုအင်ကာသည် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ်-၂၃၊ ၂၉ လမ်းတွင် စတင်အခြေချနေထိုင်ခဲ့သည်။
ဂိုအင်ကာသည် အသက် ၃၁ နှစ်အရွယ် ၁၉၅၅ ခုနှစ်တွင် (Migraine Headache)ခေါ် ဦးခေါင်းခဲနာကြီး စွဲခဲ့ပါသည်။ နှစ်ပေါင်းများစွာ နေ့အိပ်မရ၊ ညအိပ်မရဒုက္ခလွန်စွာဖြစ်ခဲ့သည်။ ဤရောဂါကို ဆွစ်ဇာလန်၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ ဂျာမန်စသော နိုင်ငံတို့မှပါရဂူကြီးများနှင့်ကုသခဲ့ပါသော်လည်း မပျောက်ကင်းခဲ့ပါ။
သို့ဖြင့် ဂိုအင်ကာသည် ၁၉၅၅ ခု၊ ဇူလိုင်လကုန်လောက်တွင် မိတ်ဆွေဖြစ်သူတရားရုံးချုပ် တရားသူ ကြီးဦးချန်ထွန်း၏ အကူအညီဖြင့် တရား ပြဆရာကြီးဦးဘခင်ထံသို့ ရောက်ရှိခဲ့သည်။ အစက ဗုဒ္ခဘာသာတရား၏အဆီအနှစ်များကို သိရှိလိုသူတစ်ဦးအဖြစ်ရောက်လာခဲ့ခြင်းမဟုတ်။ ငယ်စဉ်ကပင် စွဲကပ်ခဲ့သော ၁၂ ရက်တစ်ကြိမ် ရောဂါခံစားနေရသော ခေါင်းခဲနာ ကို ပျောက်ချင်သောကြောင့်ဖြစ်သည်။
Line ၂၆၀ ⟶ ၄၇:
မစ္စတာဂိုအင်ကာသည် ၄င်းနှင့်အတူ မိသားစုအားလုံးအား ဆရာကြီးထံမှောက်သို့ ခေါ်လာပြီးလျှင် ဗုဒ္ဓဘာသာကမ္မဋ္ဌာန်းတရားများအား ထုတ်စေသည်။ ၄င်းတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သွားကြပြန်သည်။ ဂိုအင် ကာ၏ထူးခြားသော ပြောင်းလဲချက်ကို ကြားနာရပြီးနောက် ဓမ္မစေတီရိပ်သာသို့ အိန္ဒိယနွယ်ဖွားများစွာ ရောက်ရှိလာခဲ့ကြသည်။
အိန္ဒိယနွယ်ဖွားများတရားအားထုတ်စဉ် ဂိုအင်ကာသည် ဆရာကြီးနှင့်ဆရာမအနီးတွင် အမြဲရှိနေသည်။ တရားဟောရာတွင် စကားပြန်အဖြစ် ဆောင်ရွက်ရုံသာ မဟုတ်တော့ဘဲ၊ ၄င်းကိုယ်တိုင် တရားအရည်အသွေး အတော်အတန်ပြည့်စုံနေပြီဖြစ်ရကာ အသိ ဥာဏ်ထက်မြက်လှသော ဂိုအင်ကာအား ၄င်း၏သာသနာပြုလုပ်ငန်းအစီအစဉ်တို့တွင် ထည့်သွင်းစဉ်းစားလာသည်။ နေ့ရောညပါ ၄င်းအားသွန်သင်ပြသပေး၍ များမကြာမီ ဆရာကြီး ယုံကြည်စိတ်ချရသော တပည့်ကောင်း တစ်ယောက်ဖြစ်လာတော့သည်။
===တရားပြခြင်း===
ထို့နောက် ၁၉၆၇ ခုနှစ် ဇန်နဝါရီလရောက်လျှင် မန္တလေးပရိသတ်အား တရားပြပေးရာ၌ ဂိုအင်ကာအား စကားပြန် အဖြစ်သာမက ဆရာကြီးတရားပေးပြီးနောက်ပိုင်း၌ တရားစစ်ဆေးခြင်းလုပ်ငန်းများ၊ အခက်အခဲမျာ အား ကူညီဖြေရှင်းပေးသည့်လုပ်ငန်းများကို ဂိုအင်ကာအားယုံကြည်စွာလွှဲအပ်ခဲ့သည်။ ဤသို့ဖြင့် ဆရာကြီး၏နယ်လှည့်တရားပြပေးသော လုပ်ငန်းကြီး ချောမောအောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
ဆရာကြီးဦးဘခင်သည် လွတ်လပ်ရေးမရမီကနေလွတ်လပ်ရေးရပြီး ၁၉၆၅ အထိ နိုင်ငံခြားသားယောဂီများစွာကို ဗုဒ္ဓ၏ဝိပဿနာတရားတော်ကို ပြသပေးခဲ့သည်။ ထိုယောဂီများကိုအခြေခံ၍ ဆရာကြီးဦးဘခင်သည် နိုင်ငံခြား၌ သာသနာပြုရန် အားထုတ်ခဲ့သည်။ သို့သော် ဆရာကြီး၏ နိုင်ငံခြားသာသနာပြုလုပ်ငန်းမှာ အကြောင်းကြောင်းကြောင့် ဆက်လက် ဆောင်ရွက်ခြင်း မပြုနိုင်ခဲ့ပေ။ ထိုစဉ်ဆရာကြီး၏လက်ထောက်ဂိုအင်ကာသည် အိန္ဒိယသို့ စတင်သွားရောက်၍ တရားပြရန်အခွင့်ပေါ်ခဲ့သည်။
 
၁၉၆၉ ခုနှစ်တွင် ၄င်း၏ဖခင်ကြီးနှင့်မိခင်ကြီးတို့မှာ မြန်မာပြည်မှ ထွက်ခွာပြီးနောက် အိန္ဒိယပြည် ဘုံဘေမြို့တွင် နေထိုင်လျက်ရှိကြသည်။ ၁၉၆၉ ခု ဇွန်လတွင် ၄င်း၏မိခင်ကြီး ပြင်းထန်စွာနာမကျန်းဖြစ်နေကြောင်း ကြေးနန်းရရှိသဖြင့် ဘုံဘေမြို့သို့ ကတိုက်ကရိုက်သွားရသည်။
၁၉၆၂ ဆိုရှယ်လစ်စနစ်သို့ အကူးအပြောင်းတွင် ဦးဂိုအင်ကာ ပိုင်ဆိုင်သော လုပ်ငန်းများသည် ပြည်သူပိုင်သိမ်းသည့်အထဲတွင် ပါသွားသည်။
အိန္ဒိယသို့ရောက်သောအခါ မိခင်ကြီး၏ရောဂါအခြေအနေမှာ မသက်သာလှပေ။ မိခင်ဖခင်တို့မှာ မြန်မာပြည်တွင်ရှိစဉ်က ဆရာကြီးထံတွင် တရားဆည်းပူးခဲ့ကြဖူးသော်လည်း အိန္ဒိယရောက်ပြီးနောက် တရားနှင့် အဆက်ပြတ်သွားကြသည်။ ပြန်လည်ဦးတည်ရန် အကြောက်အကန်ပြောဆို ရန်လည်း မဖြစ်နိုင်။ မိမိတစ်ဦးတည်းနေအိမ်တွင်ပင် ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းသည်။ ထို့နောက် ၄င်း၏မိခင်သည် ဆရာကြီးထံမှရရှိသော အနိစ္စသဘောတရားကို ရက်အနည်းငယ်အတွင်း ပြန်လည်သိရှိလာသည်ဟုဆိုသည်။ ဖခင်မှာမူ အခက်အခဲကြုံနေရသည်။
 
ဂိုအင်ကာသည် မိမိတို့အိမ်တွင်း မိသားစုများနှင့်တရားထိုင်နေရာမှ မမျှော်လင့်သောအခြေအနေများ ပေါ်ပေါက်လာခဲ့သည်။ ရန်ကုန်တွင် ဆရာ ကြီးထံမှ ဆည်းပူးခဲ့သော မစ္စတာဘာခ်ချန်ဆိုသူက ဦးဂိုအင်ကာ ဦးစီး၍ ဘုံဘေမြို့တွင် ဝိပဿနာတရားတစ်ပတ်ပြပေးပါရန် အဆိုပြုလာသည်။ ထို့ကြောင့် တရားနေရာများ စီစဉ်ပြီး တရားသမား ၁၅ ဦးနှင့် စတင်သည်။ ထိုအကြောင်းကို ဆရာကြီးထံ သတင်းပေးပို့ပြီးလျှင် ဆရာကြီးထံမှဖုန်း ဖြင့်လမ်းညွှန်မှုကို ခံယူသည်။ တရားသမား ၁၅ ယောက်တွင် ပြဿနာ ၁၅ မျိုး၊ အခက်အခဲ ၁၅ မျိုး တွေ့ကြုံရင်ဆိုင်ခဲ့ရသည်။ အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့သည်။ ဤဗုဒ္ဓမြတ်စွာဘုရားပွင့်ရာ မဇ္ဈိမ ဒေသတွင် လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ မှစ၍ ဓမ္မရတနာ ပျောက်ဆုံး ခဲ့ရသည်။ ယခု ဓမ္မရတနာကို ပြန်လည်တွေ့ရှိထိတွေ့နိုင်ကြသဖြင့် ဘုံဘေ မြို့တော်ကြီးသည် ကံထူးပေစွ။
 
===အိန္ဒိယသို့ ထွက်ခွာခြင်း===
၁၉၆၉ ခုနှစ်တွင် ၄င်း၏ဖခင်ကြီးနှင့်မိခင်ကြီးတို့မှာ မြန်မာပြည်မှ ထွက်ခွာပြီးနောက် အိန္ဒိယပြည် ဘုံဘေမြို့တွင် နေထိုင်လျက်ရှိကြသည်။ ၁၉၆၉ ခု ဇွန်လတွင် ၄င်း၏မိခင်ကြီး ပြင်းထန်စွာနာမကျန်းဖြစ်နေကြောင်း ကြေးနန်းရရှိသဖြင့် ဘုံဘေမြို့သို့ ကတိုက်ကရိုက်သွားရသည်။ အိန္ဒိယသို့ရောက်သောအခါ မိခင်ကြီး၏ရောဂါအခြေအနေမှာ မသက်သာလှပေ။ မိခင်ဖခင်တို့မှာ မြန်မာပြည်တွင်ရှိစဉ်က ဆရာကြီးထံတွင် တရားဆည်းပူးခဲ့ကြဖူးသော်လည်း အိန္ဒိယရောက်ပြီးနောက် တရားနှင့် အဆက်ပြတ်သွားကြသည်။ ပြန်လည်ဦးတည်ရန် အကြောက်အကန်ပြောဆို ရန်လည်း မဖြစ်နိုင်။ မိမိတစ်ဦးတည်းနေအိမ်တွင်ပင် ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းသည်။ ထို့နောက် ၄င်း၏မိခင်သည် ဆရာကြီးထံမှရရှိသော အနိစ္စသဘောတရားကို ရက်အနည်းငယ်အတွင်း ပြန်လည်သိရှိလာသည်ဟုဆိုသည်။ ဖခင်မှာမူ အခက်အခဲကြုံနေရသည်။
ဂိုအင်ကာသည် မိမိတို့အိမ်တွင်း မိသားစုများနှင့်တရားထိုင်နေရာမှ မမျှော်လင့်သောအခြေအနေများ ပေါ်ပေါက်လာခဲ့သည်။
 
===အိန္ဒိယတွင် သာသနာပြုခြင်း===
ရန်ကုန်တွင် ဆရာ ကြီးထံမှ ဆည်းပူးခဲ့သော မစ္စတာဘာခ်ချန်ဆိုသူက ဦးဂိုအင်ကာ ဦးစီး၍ ဘုံဘေမြို့တွင် ဝိပဿနာတရားတစ်ပတ်ပြပေးပါရန် အဆိုပြုလာသည်။ ထို့ကြောင့် တရားနေရာများ စီစဉ်ပြီး တရားသမား ၁၅ ဦးနှင့် စတင်သည်။ ထိုအကြောင်းကို ဆရာကြီးထံ သတင်းပေးပို့ပြီးလျှင် ဆရာကြီးထံမှဖုန်း ဖြင့်လမ်းညွှန်မှုကို ခံယူသည်။ တရားသမား ၁၅ ယောက်တွင် ပြဿနာ ၁၅ မျိုး၊ အခက်အခဲ ၁၅ မျိုး တွေ့ကြုံရင်ဆိုင်ခဲ့ရသည်။ အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့သည်။ ဤဗုဒ္ဓမြတ်စွာဘုရားပွင့်ရာ မဇ္ဈိမ ဒေသတွင် လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ မှစ၍ ဓမ္မရတနာ ပျောက်ဆုံး ခဲ့ရသည်။ ယခု ဓမ္မရတနာကို ပြန်လည်တွေ့ရှိထိတွေ့နိုင်ကြသဖြင့် ဘုံဘေ မြို့တော်ကြီးသည် ကံထူးပေစွ။
ထို့နောက် မဒရပ်မြို့၌လည်း တရားချီးမြှင့်ခဲ့ရပြန်သည်။ ဘုံဘေနှင့် မဒရပ်တွင် တရားပြသပြီးနောက် ဗုဒ္ဓဘာသာတရားတော်၏ အမြိုက်အရ သာကို ကိုယ်တိုင်ခံစားသွားကြသော ပုဂ္ဂိုလ်တို့မှတစ်ဆင့် ဦးဂိုအင်ကာ တရားပြပုံသတင်းပျံ့နှံ့သွားတော့၏။ အိန္ဒိယပြည်ရှိအခြားမြို့များ၊ ဒေသ များမှလည်း မိမိတို့မြို့ရွာအသီးသီးသို့ လာရောက်တရားပြသပေးပါရန် ဖိမန္တကပြုလာကြသည်။
၁၉၇၁ ခု ဇန်နဝါရီလအထိ ဘုံဘေမြို့တွင် တရားပတ်လေးကြိမ်၊ မဒရပ်တွင် တရားပတ် ၃ ကြိမ်၊ နယူးဒေလီမြို့တွင် တရားပတ် ၂ ကြိမ် နှင့်စုစုပေါင်း တရားပတ် ၂၇ ကြိမ်၊ ဦးရေ ၈၇၉ ဦး တရားထိုင်ခဲ့ကြ ပါသည်။ ၂၇ ကြိမ်မြောက် တရားပတ်ကို ဗုဒ္ဓဂယာ၌ ကျင်းပနိုင်ခဲ့ပါ သည်။
ဗုဒ္ဓဂယာ၌ သာသနာ့အလံကို စိုက်ထူခဲ့ပြီးနောက် ဂိုအင်ကာ၏ဓမ္မခရီး မှာ အတန်ရောက်ရှိခဲ့ပေပြီ။ အိန္ဒိယပြည်တစ်နံတစ်လျား အရှေ့အနောက် တောင်မြောက် အိန္ဒိယပြည်မြို့ကြီးပေါင်းများစွာ၌ ဗုဒ္ဓ၏ဝိပဿနာတရားစခန်းများကို တစ်စခန်းပြီးတစ်စခန်း ဖွင့်လှစ်ပြသပေးနိုင်ခဲ့ပါသည်။
 
===နိုင်ငံတကာတွင် သာသနာပြုခြင်း===
ထို့နောက် တစ်ဆင့်တက်၍ သာသနာပြုရန်စီစဉ်သည်။ သို့သော် မြန်မာနိုင်ငံသားဖြစ်နေ၍ ကမ္ဘာသို့ သွားခွင့်မရဘဲဖြစ်နေသည်။ သို့နှင့် ထိုအခက်အခဲကို အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီမူရာဂျီဒေဆိုင်းက ဖြေရှင်း ပေးလိုက်သည်။ ၂ ရက်အတွင်း အိန္ဒိယနိုင်ငံသားအဖြစ် ရရှိခဲ့သည်။ နိုင်ငံကူးလက်မှတ်ကိုလည်း ရရှိခဲ့ သည်။ ပြင်သစ်နိုင်ငံသို့ သွားရန် ဗီဇာလည်း ချက်ချင်းရရှိခဲ့သည်။
သို့ဖြင့် ဂိုအင်ကာ၏ကမ္ဘာ့သာ သနာပြုအစီအစဉ်ကြီး စတင်နိုင်ပါ တော့သည်။ ဓမ္မတမန်တော်သည် ဥရောပ၊ အမေရိကနှင့်အခြားနိုင်ငံ များစွာကို လှည့်လည်ကာ ဝိပဿ နာတရားစခန်းများစွာ ဖွင့်လှစ်နိုင်ခဲ့ ပါတော့သည်။ နိုင်ငံပေါင်း ၈ဝ ကျော်မှလူများသည်ဝိပဿနာတရား ပွားများအားထုတ်ရသည့်အတွက် အကျိုးဖြစ်ထွန်းမှုရရှိကြသည်။ တစ်ကမ္ဘာလုံး၌ ဝိပဿနာရိပ်သာ ၁၃၅ ရိပ်သာနှင့် ယာယီရိပ်သာ ၂ဝဝ လောက်တွင် ရှင်တော်မြတ် ဘုရား၏ဝိပဿနာပွားများအား ထုတ်နည်းကို သင်ကြားပြသပေးခဲ့ သည်။ ဂိုအင်ကာဂျီသည် ဝိပဿနာ တရားပြဆရာ ၉ဝဝ ကျော်ကိုလည်း သင်ကြားပေးပြီး တရားပြဆရာများ အဖြစ် ခန့်အပ်ထားသည်။
ထို့ပြင် သုတေသနအလုပ်လုပ် ရန်အတွက် အီဂယ်ပူရီအနီးတွင် ဝိပဿနာသုတေသန အကယ်ဒမီ ဌာနဖွင့်လှစ်တည်ထောင်ထားသည်။ ထို့နောက် မိုဘိုင်း၌ငွေကုဋေ ၁ဝဝဝ ကျော်အကုန်ကျခံပြီး ဥာဏ်တော် အမြင့် ၃၂၅ ပေရှိသော စေတီတစ် ဆူတည်သည်။ ယင်းစေတီအတွင်းရှိ အခန်းကြီးထဲတွင် ယောဂီပေါင်း ၈ဝဝဝ နှင့် ရင်ပြင်တော်တွင် ယော ဂီပေါင်း ၂ဝဝဝဝ တစ်ပြိုင်တည်း တရားထိုင်နိုင်သည်။ ယင်းစေတီတော်ကို အကြောင်းပြုလျက် ပြည် သူတို့၏နှလုံးစိတ်ဝမ်းချမ်းမြေ့ခြင်း၊ ညီအစ်ကိုသားချင်းစိတ် မွေးမြူခြင်း များ ဖြစ်ပေါ်လာလိမ့်မည်။ ယင်း သို့လူသားအားလုံးအတွက် အကျိုးရှိမည့်ဝိပဿနာ သာသနာပြုလုပ်ငန်းကို ရှရီဂိုအင်ကာဂျီသည် ပါရမီ မြောက် ဆောင်ရွက်ခဲ့ပေသည်။
 
ဤသည်မှာ ဗုဒ္ဓတမန်တော် သူရဲကောင်းကြီးဂိုအင်ကာ၏ သူ့ဘဝနှင့် သူ့ဓမ္မခရီးအကြောင်း တစေ့တစောင်းမျှသာဖြစ်ပါသည်။ ဆရာကြီး ဂိုအင်ကာကို အတုယူပြီး သာသနာပြုကြပါစို့။
==နောက်ဆုံးနေ့ရက်များ==
credit : ဖြိုးထိန်
၂ဝ၁၃၊ စက်တင်ဘာလ ၂၉ ရက်၊ စနေနေ့ ၁၁ နာရီခန့်ကသူ၏နေအိမ်တွင် ကွယ်လွန်သွားကြောင်း၊ အောက်တိုဘာ လ ၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ဘုံဘေမြို့တွင် သူ၏ဈာပနာကိုသင်္ဂြိုဟ်မည်
https://www.echoingvoicenews.com/?p=3456
 
==လုပ်ဆောင်မှုများ==
ဦးဂိုအင်ကာနှင့်တကွ ဝိပဿနာ တရားစခန်းတို့၏သတင်း ကမ္ဘာအနှံ့ မွှေးပျံ့သောကြောင့် ကမ္ဘာပေါ်ရှိအဖွဲ့အစည်းကြီးငယ်များက ဟောပြောပို့ချရန် ဖိတ်ကြားခဲ့ရာ ကုလသမဂ္ဂအထွေထွေညီလာခံ
(United Nations General Assembly)၊ အိန္ဒိယ ပါလီမန်၊ ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum Davos၊ မက်ဆာချူးဆက် စက်မှုတက္ကသိုလ် Massachusetts Institute of Technology (MIT) နှင့် ဆီလီကွန်တောင်ကြား အိန္ဒိယပညာသည်များ အစည်းအရုံးတို့တွင် ဝိပဿနာကို ပို့ချခဲ့သည်။
 
တိဗက်သာသနာ၏ အထွတ်အထိပ်ဖြစ်သည့် ဒလိုင်းလားမားက အကူအညီ တောင်းသောကြောင့် တိဗက်ဘုန်းတော်ကြီး များကိုလည်း ဦးဂိုအင်ကာ သွားရောက် ဝိပဿနာ ပို့ချသည်။
 
 
==ကိုးကား==