ဖိုးချစ် (ဇာတ်မင်းသား): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဖိုးချစ် စာမျက်နှာကို ဖိုးချစ် (ဇာတ်မင်းသား) သို့ မျိုးကြည်သာက ရွှေ့ခဲ့သည်: ပိုမိုတိကျစေရန် ဝိသေသဖြည့်စွက်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၏ ။ +၏။)
 
စာကြောင်း ၂ -
 
==ဘဝ==
မိဘများမှာ ဦးတင်ဝင်းသောင်းနှင့် ဒေါ်သိန်းသိန်းမြတို့ ဖြစ်၍ အမည်ရင်းမှာ ချစ်မျိုးထိုက်ဖြစ်၏ ။ချစ်မျိုးထိုက်ဖြစ်၏။ မွေးချင်း ခြောက်ယောက်အနက် အငယ်ဆုံးဖြစ်ကာ ၂၀၀၄−ခုနှစ်တွင် သင်္ချာဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။ ရွှေမန်းသူ အငြိမ့်တွင် ယိမ်းအက ဝင်ရောက် ကပေးရာမှ ဇာတ်သဘင်လောကထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ဆိုကရေးတီးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ၌ အဋ္ဌမအကြိမ်ထိ ရွှေတံဆိပ်များ ရရှိခဲ့သည်။ ၎င်း၏ဆရာများမှာ မုံရွာမှ ဆရာအောင်မြင့်သန်းနှင့် ဦးမြင့်သိန်း၊ ရွှေဘိုမှ ဂျော်လီသန်း၊ ရွှေဘိုကိုကြည်တို့ ဖြစ်သည်။ ဘွဲ့ယူပြီး ပြဇာတ်များကရာတွင် ပြဇာတ်ထဲမှ ဇာတ်ကောင်အမည်ကို နှစ်သက်၍ ဖိုးချစ်ဟု အမည်တွင်ခဲ့သည်။
 
ဇာတ်သဘင်လောကအပြင် ဗီဒီယိုလည်း သရုပ်ဆောင်ရာ ပထမဆုံး ဗီဒီယိုကားမှာ [[ခိုင်သင်းကြည်]]နှင့် တွဲဖက်၍ ဗေဒါလမ်း ဖြစ်သည်။ မွေးစားမိဘများဖြစ်ကြသော ဦးတင်လှနှင့် ဒေါ်ခင်မေကြည်တို့နှင့် မန္တလေးမြို့၊ ချမ်းမြသာစည်၊ [[ကျွဲဆည်ကန်]]ရပ်တွင် နေထိုင်သည်။ <ref>မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ</ref>