ပိဋကတ် သုံးပုံ: တည်းဖြတ်မှု မူကွဲများ

Diffusing category; sub-category already included
စာတွဲ: လက်ဖြင့် နောက်ပြန်ပြင်ခြင်း
No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
{{ပိဋကတ်သုံးပုံ}}
'''ပိဋကတ် သုံးပုံ''' ဆိုသည်မှာ [[ဂေါတမဘုရား|ဗုဒ္ဓမြတ်စွာဘုရား]] သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓဝစန) များကို ဗုဒ္ဓ [[ပရိနိဗ္ဗာန်]] စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။ ပိဋကတ်ဟူသည် ခြင်းတောင်းဟု အနက်အဓိပ္ပါယ်ထွက်သည်။ အနောက်တိုင်း ပညာရှင်တို့က ပိဋကတ်ဟူသော ပုဒ်ကို ဗုဒ္ဓ၏ တရားတော်များ သိုလောင်ရာ ရတနာသိုက်ဟု အဓိပ္ပါယ်ကောက်ယူဖွင့်ဆိုကြသည်။<ref name="ဒေါက်တာတင်ဆွေ">Dr. Tin Swe,MBBS,Ph.D - Illustrated History of Buddha's Sasana (Vol.2. 1990)</ref> ဂေါတမမြတ်စွာဘုရား၏ "အနေကဇာတိသံသာယံ" အစချီကာ "ဝယဓမ္မာ သင်္ခါရာ အပ္ပာဒေန သမ္ပာဒေထ" အဆုံး လေးဆယ့်ငါးဝါ ကာလပါတ်လုံး လှည့်လည်ဟောကြားထားသော အဆုံးအမ တရားတော်များကို မြတ်စွာဘုရား [[ခန္ဓပရိနိဗ္ဗာန်စံ|ခန္ဓပရိနိဗ္ဗာန်]] စံအပြီး သုံးလအကျော် (ခရစ်တော်မပေါ်မီ -ဘီစီ ၄၈၃) တွင် တတိယသာဝက ရှင်[[မဟာကဿပ]]၊ ဝိနည်း ဧတဒ်ရ အရှင်ဥပါလိနှင့် သတိမမေ့မလျော့သည့်အရာ၊ ပညာလျင်သည့်အရာစသည့် ဧတဒ်ငါးဘွဲ့ရ [[အရှင်အာနန္ဒာ|ညီတော်အာနန္ဒာ]] အမှူးပြုသော ပဋိသမ္ပိဒဆဠာဘိဉာရဟန္တာအရှင်မြတ် အပါး ၅၀၀က ခုနှစ်လတိုင်တိုင် အမျိုးအစားအလိုက်၊ အရွယ်အစားအလိုက် စနစ်တကျ စုစည်းပြီး စုပေါင်းရွတ်ဆိုပြီး မှတ်တမ်းခဲ့ပြီးနောက် ပိဋကတ်သုံးပုံ စတင်ပေါ်ပေါက်ခဲ့ပါတယ်။
 
== ဓမ္မနှင့် ဝိနယ ==
ထို(ဗုဒ္ဓဝစန) တရားတော်များတွင် ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့ လိုက်နာရန် ဝိနည်းသိက္ခာပုဒ်များ ပါဝင်သည့် ဟောကြား ဆုံးမချက်များကို `ဝိနယ´ဟု ခေါ်၍ ကျန်ရှိသော ဗုဒ္ဓဝစနများကို `ဓမ္မ´ဟု ခေါ်ဆိုသည်။ ဝိနယမှ ကြွင်းသော ဗုဒ္ဓဝစနအားလုံးကို ဓမ္မ ဟု ခေါ်ဆိုရသဖြင့် ယင်း ဓမ္မတွင် `အဘိဓမ္မာ´ တရားတော်များလည်း အကြုံးဝင်သည်။