ပိဋကတ် သုံးပုံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 69.160.30.158 (ဆွေးနွေး) ၏ တည်းဖြတ်မူ 622955 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီး 69.160.30.158 (ဆွေးနွေး) ၏ တည်းဖြတ်မူ 622954 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၁ -
== ကထာဝတ္ထုနှင့် မိလိန္ဒပဉှာကျမ်း ==
လက်ရှိ ပါဠိပိဋကတ်တော်၌ တွေ့ရသည့် ကထာဝတ္ထုကျမ်းနှင့် မိလိန္ဒပဉှာကျမ်းတို့မှာ ပထမသင်္ဂါယနာနှင့် ဒုတိယသင်္ဂါယနာတို့ထက် နောက်ကျသောကာလမှ ပေါ်ထွက်လာခဲ့သော ကျမ်းများ ဖြစ်ကြသည်။ သို့ပင်ဖြစ်သော်လည်း ထေရဝါဒ ဆက်လက်တည်တံကာ ရေရှည်ပြန့်ပွားထွန်းကားနိုင်ရေးကို ရှေးရှုထားသည့် ကျမ်းများဖြစ်၍ ယင်းကျမ်းစာနှစ်ဆူကို ပါဠိပိဋကတ်တော်စာရင်းတွင် ထည့်သွင်းပူဇော်ခဲ့ကြခြင်းဖြစ်သည်။ <ref name="နန္ဒာသိန်းဇံ">နန္ဒာသိန်းဇံ - ထေရဝါဒနှင့် ပတ်သက်သောမှတ်ချက်များ</ref>
 
=== ကထာဝတ္ထု ===
{{main|ကထာဝတ္ထု}}
ကထာဝတ္ထုကျမ်းသည် မူရင်းပိဋကတ်တွင် မပါဝင်ပဲ [[တတိယသင်္ဂါယနာ]]တင်ပြီးချိန်တွင် [[အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်]] ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အယူဝါဒမှားယွင်းပုံကို ထောက်ပြဝေဖန်ခဲ့သည့် ကျမ်းဖြစ်သည်။ [[အသောကမင်း|အသောကမင်းကြီး]]လက်ထက်တွင် မင်းကြီးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာသောအခါ ယခင်လှူဒါန်းခဲ့ဖူးသော တက္ကတွန်း ခြောက်သောင်းတို့အား ရှေးကကဲ့သို့ နန်းတော်သို့ အဝင်မခံပဲ နှင်ထုတ်ခဲ့သည်။ ထိုအခါ ဗြဟ္မဏရဟန်း၊ [[ဂျိန်းဘာသာ|ဂျိန်းရဟန်း]]၊ အာဇီဝက တက္ကတွန်းစသော အခြားဘာသာရေးဂိုဏ်းသားများသည် အနေအစားချောင်စေရန် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ရဟန်းပြုခဲ့ကြသည်။ ရဟန်းပြုခွင့်မရသူများကလည်း မိမိတို့ဘာသာ သင်္ကန်းကို ဝတ်ရုံကာ ရဟန်းအသွင်ဆောင်ခဲ့ကြလေသည်။
 
ထိုသူများသည် ဗုဒ္ဓသာသနာတော်အတွင်းဝင်လျက် မိမိတို့၏ မူလအယူဝါဒများကို ဗုဒ္ဓဘာသာအယူဝါဒများ ဖြစ်လေဟန် ဟောပြောခဲ့သည်။ မူလကျင့်စဉ်များကိုလည်း သင်္ကန်းဝတ်ဖြင့် ဆက်လက်ကျင့်သုံးကာ စိတ်ထင်တိုင်းပြုခဲ့ကြသည်။ ရဟန်းတု၊ ရဟန်းယောင်များသည် နေရာတိုင်းလိုလို ရဟန်းကောင်းများနှင့် ရောနှောပါဝင်နေသောကြောင့် ရဟန်းကောင်းများအဖို့ သံဃကံကိုဆောင်ရန် အခတ်အခဲရှိလာကာ ဥပုပ်ပဝါရဏာ မပြုနိုင်ဖြစ်လာသည်။ ထိုအခါ အသောကမင်းကြီး၏ ကောင်းမှု အသောကာရုံကျောင်းကြီးတွင် သံဃာတော်များ ဥပုပ်ပဝါရဏာ မပြုနိုင်ပဲ ခုနှစ် နှစ် ရပ်ဆိုင်းသွားခဲ့သည်။ အသောကမင်းကြီးက ကျောင်းတိုက်အတွင်း ဖြစ်ပေါ်စေသော ပြဿနာများ ဖြေရှင်းစေရန် အမတ်တစ်ယောက်ကို စေလွှတ်ခဲ့ရာ ထိုအမတ်သည် ရဟန်းကောင်းများကို ဥပုပ်ပဝါရဏာ မပြုသောကြောင့် အမိန့်မနာခံဟု ဆိုကာ သတ်ဖြတ်ပစ်လေသည်။ ထိုအခါ အသောကမင်းကြီးမှာ လွန်စွာစိတ်ဆင်းရဲရ၍ ထိုပြဿနာကို ဖြေရှင်းနိုင်မည့် ပုဂ္ဂိုလ်ကို ရှာဖွေစုံစမ်းရာ သံဃာတော်တို့၏ ညွှန်ကြားချက်အရ အဟောဂင်္ဂါတောင်၌ သီတင်းသုံးနေသာ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကို နေပြည်တော်သို့ ပင့်ဖိတ်၍ ဩဝါဒခံယူခဲ့သည်။ ထို့နောက် ရဟန်းတော်အားလုံးကို အသောကရုံကျောင်းတိုက်သို့ ပင့်ဖိတ်ကာ ရဟန်းတော်တို့အား အယူဝါဒတူရာ အုပ်စုအလိုက် မင်းကြီးကိုယ်တိုင် မေးမြန်းစိစစ်သည်။ "မြတ်စွာဘုရားသည် မည်သည့်အယူရှိသနည်း" ဟု မေးမြန်းသော် ဗုဒ္ဓဝစနတို့ကို မသင်ယူဖူးသူတို့က မိမိတို့ထင်ရာ၊ မြင်ရာ ပြောကြသည်။ ထိုသူများကို အဝတ်ဖြူလဲစေကာ သာသနာတော်မှ နှင်ထုတ်သည်။ "''ဘုရားရှင်သည် ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူ၏''ဟု ဖြေကြားသော ရဟန်းတော်များကို သာသနာတော်၌ ဆက်လက်နေခွင့်ပြုသည်။
 
ထိုသို့အသောကမင်းကြီး စိစစ်ပြီးနောက်၊ ဒုတိယအဆင့်အဖြစ် အရှင်မောဂ္ဂလိပုတ္တတိဿကိုယ်တိုင် ရဟန်းတော်များကို မေးမြန်း စိစစ်ကာ ထေရဝါဒီစစ်စစ်များကိုသာ ရွေးချယ် လက်ခံခဲ့သည်။ ထိုသို့ အရှင်မြတ် အသေးစိတ်မေးမြန်းစိစစ်ရာ၌ ဝါဒတစ်ခုချင်းကို အပြန်အလှန်အမေးအဖြေပြုကာ စိစစ်ဖယ်ထုတ်တော်မူခဲ့သည်။ ဤသို့ ''အခြားဂိုဏ်းသားများ၏ အယူဝါဒများမှားယွင်းပုံကို အရှင်မြတ် ထောက်ပြဝေဖန်သည့်ကျမ်း''ကို ''ကထာဝတ္ထုပါဠိတော်''ဟု ခေါ်သည်။ <ref name="နန္ဒာသိန်းဇံ"/>
 
=== မိလိန္ဒပဉှာကျမ်း ===
{{main|မိလိန္ဒအမေးအဖြေ}}
အသောကမင်းကြီးနောက်မင်း (၆) ဆက်မြောက်၌ သုင်္ဂပုရှာမိတြအမည်ရှိ ဗြဟ္မဏစစ်သူကြီးသည် ဘုရင်ကို လုပ်ကြံကာ ထီးနန်းရယူပြီး သုင်္ဂမင်းဆက်ကို တည်ထောင်ခဲ့သည်။ မောရိယမင်းဆက်ပျက်သုဉ်းပြီးနောက်၊ သုင်္ဂမင်းဆက် ပေါ်ထွက်လာသောအခါတွင်၌မူ ဂရိအနွယ်ဝင်တို့ ပြန်လည်ခေါင်းထောင်လာကာ သီးခြားလွတ်လပ်သော နိုင်ငံငယ်များ ထူထောင်လာကြသည်။ ထိုဂရိအနွယ်ဝင်မင်းများအနက် သာသနာသက္ကရာဇ် (၅၀၀) ခန့်၌ ပေါ်ပေါက်ခဲ့သော [[မိလိန္ဒမင်း]]သည် ထင်ရှားခဲ့သည်။<ref name="နန္ဒာသိန်းဇံ"/> မိလိန္ဒမင်းသည် ဗုဒ္ဓဘာသာကို စူးစမ်းသည်။ စိတ်ဝင်စားသည်။ မိမိမရှင်းသော အချက်များ၊ ရှေ့နောက်မညီဟု ယူဆသော အကြောင်းအရာများကို ရဟန္တာအရှင်မြတ် [[အရှင်နာဂသေန]]အား မေးမြန်းလျှောက်ထားသည်။ မထေရ်မြတ်သည် မင်းကြီး၏အမေးတို့ကို '''ထေရဝါဒအမြင်'''ဖြင့် ရှင်းလင်းဖြေကြားခဲ့သည်။ ထို''မိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေတို့ကို မှတ်တမ်းတင်ထားသည့် ကျမ်းကို မိလိန္ဒပဉှာပါဠိတော်''ဟု နောင်တွင်ခေါ်ခဲ့ကြသည်။
 
မိလိန္ဒပဉှာကျမ်းမှာ ထေရဝါဒနှင့်မတူသော အယူအဆများ၊ ထေရဝါဒအပေါ် သံသယဝင်သောအချက်များကို အရှင်နာဂသေနက ဖြေရှင်းပြထားသော ကျမ်းဖြစ်သည်။ တနည်းဆိုရသော် ထေရဝါဒ ဆက်လက်တည်တံ့နိုင်အောင် အားထုတ်ထားသော ကျမ်းပင် ဖြစ်သည်။ ဤကျမ်းကို အဋ္ဌကထာဆရာကြီးများက ပိဋကတ်တော်ကျမ်းများကဲ့သို့ပင် အလေးထား တန်ဖိုးထားခဲ့ကြသည်။ မျက်မှောက်ကာလတွင် ထေရဝါဒနိုင်ငံများ၌ ဤကျမ်းကို [[ခုဒ္ဒကနိကာယ်|ခုဒ္ဒကနိကာယ်ပါဠိတော်ကျမ်း]]တစ်ဆူအဖြစ် အသိအမှတ်ပြုထားကြသည်။ <ref name="နန္ဒာသိန်းဇံ"/><ref name="ကျမ်းဦးမှတ်ဖွယ်များ"/>
 
== ပိဋကတ် သုံးပုံ မြန်မာပြန် စာရင်း ==