ပိဋကတ် သုံးပုံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 69.160.30.158 (ဆွေးနွေး) ၏ တည်းဖြတ်မူ 622954 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီး 69.160.30.158 (ဆွေးနွေး) ၏ တည်းဖြတ်မူ 622953 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၁ -
== နိကာယ် ငါးရပ် ==
{{main|နိကာယ် ငါးရပ်}}
'''နိကာယ်'''ဟူသော စကားမှာ '''နိကာယ'''ဟူသော ပါဠိစကားပင် ဖြစ်သည်။ အဓိပ္ပါယ်မှာ ''အပေါင်းအစု''ဟု ဆိုလိုသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များကို အမျိုးအစားပိုင်းခြား၍ အစုငါးစုပြု၍ ထားခဲ့သည်ကို [[နိကာယ် ငါးရပ်]] ဟုခေါ်သည်။
 
ထိုနိကာယ်ငါးရပ်တို့မှာ အောက်ပါအတိုင်းဖြစ်သည်-
* [[ဒီဃနိကာယ်|ဒီဃနိကာယ]] = ရှည်လျားသော ဒေသနာတော်များ အစု။
* [[မဇ္ဈိမနိကာယ်|မဇ္ဈိမနိကာယ]] = မရှည်မတို အလယ်အလတ် ဒေသနာများ အစု။
* [[သံယုတ္တနိကာယ်|သံယုတ္တနိကာယ]] = တရားသဘောအဖြင့်လည်းကောင်း၊ ဟောကြားချက်အားဖြင့်လည်းကောင်း တူသည်ဖြစ်၍ ယှဉ်တွဲသင့်သည့် ဒေသနာတို့ကို ယှဉ်တွဲ၍ စုပေါင်းထားခြင်း။
* [[အင်္ဂုတ္တနိကာယ်|အင်္ဂုတ္တရနိကာယ]] = အင်္ဂါတစ်ခုစီ ကျော်လွန်သည့် ဒေသနာများကို စုပေါင်းထားခြင်း။ တနည်းဆိုသော် တစ်ပါး၊ နှစ်ပါး၊ သုံးပါးစသည့် ၁၁-မျိုးအထိ တရားသဘော အင်္ဂါရပ်များကို တိုး၍ တိုး၍ ကျော်လွန် ပိုမိုပြဆိုအပ်သော သုတ်အသီးသီးတို့ကို စုပေါင်းထားခြင်း။
* [[ခုဒ္ဒကနိကာယ်|ခုဒ္ဒကနိကာယ]] = အတိုင်းအရှည်ပမာဏအားဖြင့် တိုသောဒေသနာများ အစု။<ref name="ကျမ်းဦးမှတ်ဖွယ်များ"/>
 
== ကထာဝတ္ထုနှင့် မိလိန္ဒပဉှာကျမ်း ==
လက်ရှိ ပါဠိပိဋကတ်တော်၌ တွေ့ရသည့် ကထာဝတ္ထုကျမ်းနှင့် မိလိန္ဒပဉှာကျမ်းတို့မှာ ပထမသင်္ဂါယနာနှင့် ဒုတိယသင်္ဂါယနာတို့ထက် နောက်ကျသောကာလမှ ပေါ်ထွက်လာခဲ့သော ကျမ်းများ ဖြစ်ကြသည်။ သို့ပင်ဖြစ်သော်လည်း ထေရဝါဒ ဆက်လက်တည်တံကာ ရေရှည်ပြန့်ပွားထွန်းကားနိုင်ရေးကို ရှေးရှုထားသည့် ကျမ်းများဖြစ်၍ ယင်းကျမ်းစာနှစ်ဆူကို ပါဠိပိဋကတ်တော်စာရင်းတွင် ထည့်သွင်းပူဇော်ခဲ့ကြခြင်းဖြစ်သည်။ <ref name="နန္ဒာသိန်းဇံ">နန္ဒာသိန်းဇံ - ထေရဝါဒနှင့် ပတ်သက်သောမှတ်ချက်များ</ref>