ရွှေစာရံ စေတီတော် (မန္တလေး): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၅ -
|
|}
=တည်နေရာ=
မန္တလေးမြို့၏ အရှေ့တောင်ဘက် ၁၄-မိုင်ကျော်ကွာဝေးသော မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး ရွှေစာရံရွာတွင် ကိန်းဝပ်တော်မူသည်။
“'''အရှေ့ ရွှေစာရံ၊ ပုဂံအနောက်၊ တောင်မြောက်ယင်မြော၊ သီဟထာ'''” ဟု မော်ကွန်းတင်ထားသည့် ကျော်လေးဆူစာရင်းဝင် ဖြစ်ခြင်း၊ မြွေကိုက်ခံရသူတို့ ဘုရားရောက်လျှင် မြွေဆိပ်ပြယ်ခြင်း၊ ဆွမ်းဦးတင်မည့်သူအမြဲရှိခြင်း၊ ဆုတောင်းပြည့်ခြင်း စသော အံ့ဖွယ်တို့ ပြည့်စုံခြင်းကြောင့် ထင်ရှားကျော်ကြားလျက်ရှိသည်။<ref>မြတ်မင်းလှိုင်။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ</ref>
 
== နတ်မဟုတ်၊ သိုက်နန်းရှင်မဟုတ်တဲ့ စောမွန်လှ ==
[[ရှမ်းပြည်နယ်]]မြောက်ပိုင်း [[နမ္မတူ]]-[[သီပေါ]] ဒေသမှ မြစ်ဖျားခံလာသော ဒုတ္ထဝတီမြစ်ရေ သည် အရှိန်ပြင်းစွာ စီးဆင်းနေသည်။ တောတောင်စိမ့်စမ်း တို့ကိုဖြတ်၍ စီးဆင်း လာသဖြင့် မြစ်ရေသည် အေးမြစိမ်းလဲ့နေသည်။
Line ၄၃ ⟶ ၄၇:
ရွှေစာရံစေတီဝင်းအတွင်း၌ အဆိပ်ပြင်းသော မြွေပွေး၊ မြွေဟောက်တို့သည် အာစေးထည့်ထားသကဲ့သို့ မကိုက်နိုင် သလို မြွေကိုက်ခံရသူကို ဘုရားဝင်းအတွင်း သို့သွင်းလျှင် အဆိပ်ပြေ၍ ချမ်းသာရာရသည်ဟု ပြောကြသည်။
 
 
==ရာဇဝင်ထဲက ရွှေစာရံ==
အေဒီ ၁၀၅၈ မှာ ပုဂံပြည့်ရှင် အနော် ရထာမင်းစောဟာ နန်ချောင်မြို့တော် တာလီမှာ စွယ်တော်သွားပင့်ရာ စွယ်တော်မရရှိခဲ့ဘဲ သိကြားမင်းပေးအပ်တဲ့ မြဆင်းတုတော်ကို ပင့်ပြီးအပြန် ရှမ်းပြည်အရောက်မှာ ကမော္ဘဇ ပြည့်ရှင် မောဝ်ကိုးပြည်ထောင်ကို အစိုးရတဲ့ စော်ဘွားစောလုံ ဟုမ်မိန်းက ရှမ်းမြန်မာ နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် အချော အလှသမီးတော်စောမွန်လှကို ပုဂံဘုရင်ထံ ဆက်သခဲ့ပါတယ်။ အနော်ရထာမင်းစောဟာ ရှမ်းမင်းသမီးကို မြတ်နိုးတော် မူလှတဲ့အတွက် မိဖုရားအချင်းချင်း မနာလိုမုန်းတီး မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။မိဖုရားစောမွန်လှရဲ့ နားတောင်းတော်မှာ မွေတော် ကိန်းဝပ်တော်မူပြီး ရောင်ခြည်တော် ကွန့်မြူးတာကို စုန်းကဝေလို့ စွပ်စွဲပြီး မင်းကြီးထံ မဟုတ်မမှန် လှျောက်တင် ကြတဲ့အတွက် နဖူးစာရေစက် ဒီတင်ပြတ်တာမို့ အနော်ရထာမင်းမြတ် ယုံစား သက်ဝင်တော်မူပြီး မိဖုရားစောမွန်လှကို ဇာတိမြေ ရှမ်းပြည်သို့ ပြန်စေခဲ့ပါတယ်။
 
ပုဂံနေပြည်တော်မှ မိုင်းမောဝ်အပြန်လမ်း ခရီးမှာ မြတ်စွာဘုရားရှင်ရဲ့ မွေတော်ဓာတ်တော် ကိန်းတဲ့ စောမွန်လှရဲ့ နားတောင်းတော်ဟာ မြတ်စွာဘုရား အလောင်းတော် မြွေငန်းခုနစ်ကြိမ် ဖြစ်ခဲ့ဖူးတယ်လို့အဆိုရှိတဲ့ လက်ရှိစေတီ တည်ရာနေရာနဲ့ တစ်မိုင်အကွာ ပန်းချောင်းအတွင်း ဖြတ်ကူးစဥ်မှာ နားမှ ကွျတ်ပြီး ကောင်းကင်မှာ စာဝတီးငှက်များ ရံလျက်တည် ရှိတာကို အကြောင်းပြုလို့ ထိုအရပ်ကို ရွှေစာရံ လို့ ခေါ်တွင်ခဲ့ပြီး ပန်းချောင်းကိုလည်း နားတောင်းကျချောင်းရယ်လို့ ယနေ့ထက်တိုင် ခေါ်တွင်ခဲ့ကြပါတယ်။ခရစ်နှစ် ၄၁၆ ခုနှစ်မှာ ရွှေစာရံအမည် သမုတ်တဲ့ ဆယ့်တစ်မီးငြိမ်း စေတီကို ဘုရားဒါယိကာမစောမွန်လှဟာ နားတောင်းတော်ကို ဌာပနာလို့ ကမာ္ဘတည် သရွေ့ ထေရဝါဒဗုဒ္ဓဘာသာ အရှည်တည်တံ့ စေရန်အလို့ငှာ ငါးတောင်ပြည့် တည်ထားခဲ့ ပါတယ်။ မိဖုရား ဘုရားတည်တယ်လို့ ကြား သိတော်မူတဲ့ အနော်ရထာမင်းမြတ်ဟာ မင်းချင်းတွေကို စေလွှတ်လို့ ထောက်လှမ်းစေပါတယ်။
 
ဘုရားအမဟာ ငါးတောင်ပြည့်ရွှေစာရံ စေတီငယ်ကို မြတဘက်နဲ့ ပတ်ပြီး သစ္စာပြု ဆုတောင်းကာ မုခ်ဝကို ရှမ်းပြည်မှ ပုဂံပြည်ရှိရာဘက်သို့ ဆွဲလှည့်ခဲ့တယ်လို့ အဆိုရှိပါတယ်။ မင်းကြီး အမျက်ပြေတော်မူပြီး အသက်ချမ်းသာရာရခဲ့ပေမဲ့ သီပေါမြို့၊ ဘော်ကြို ဘုရားအရောက်မှာ အကြိုထောက်တဲ့ ပေါ့ (ဖခင်)စော်ဘွားကြီး စောလုံဟုမ်မိန်းနဲ့ မောင်တော် ခွန်ကော်လန်းတို့နဲ့ တွေ့ဆုံပြီးတဲ့ နောက် စိတ်ရောလူပါပင်ပန်းဆင်းရဲပြီး မမာ မကျန်းတဲ့ဒဏ်ကြောင့် နတ်ရွာလားခဲ့ရပါတယ်။ ပေါ့(အဖေကြိုတဲ့ဘုရား) ပေါ့ကြို ကနေ ဘော်ကြိုဘုရားအမည်တွင်ခဲ့တယ်လို့ ဆိုပါတယ်။ စော်ဘွားကြီးနဲ့ သားတော်တို့ဟာ စောမွန်လှရဲ့ စိတ်နဲ့နှလုံးကြေကွဲလို့ သေပွဲဝင်ခဲ့ကြတဲ့အတွက် စော်ဘွားမျိုးဆက် ခေတ္တပြတ်ခဲ့ရတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
 
==ရွှေစာရံစေတီထူး ဖူးခွင့်ရယ်ကြုံ==
ငါးတောင်ပြည့် ရွှေစာရံစေတီတည်ထားတဲ့ အုတ်ချပ်ရေ ၁၅၄ ချပ်ကို `အုတ်ချပ်ရေက ဝမ်းဘဲဥ ပြောင်းပြန်လှန်၊ ဘုရားမူရင်း အုတ်ချပ်သွင်းခဲ့တယ်’လို့ မှတ်သားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးရာကျော်ကတည်ထားခဲ့တဲ့ စေတီ ဖြစ်တဲ့အတွက် တဖြည်းဖြည်း မေ့ပျောက် တိမ်ကောခဲ့ရာမှ ၁၉၈၉ ခုနှစ်မှာ ရွှေစာရံဘုရားကို ပြန်လည်ဖော်ထုတ်ခဲ့ပြီး လူသိများထင်ရှား လာတာ အနှစ် နှစ်ဆယ်နီးပါးမှျသာ ရှိပါသေးတယ်။ ရွှေစာရံစေတီဟာ မန္တလေးမြို့မှ ပြင်ဦးလွင် ကားလမ်းအတိုင်း ၁၃ မိုင်အကွာမှာရှိတဲ့ အုန်းချောကျေးရွာလမ်းခွဲက တောင်ဘက် သုံးမိုင်နှစ်ဖာလုံအကွာ မန္တလေးယဥ်ကျေးမှုတက္ကသိုလ်၊ ရွှေစာရံ ဂေါက်သီး အားကစားကွင်းနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၄)ရဲတပ်ရင်းတို့ကိုဖြတ်ပြီး အဘယခေမာကုန်းသာယာ (ဘေးကင်း၍ အေးချမ်းသာယာသော ကုန်းမြေ)မှာတည်ရှိပါတယ်။ ပုဂံပြည့်ရှင်အနော်ရထာမင်းရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ ရှမ်းမင်းသမီး တည်ထားခဲ့တဲ့ ဘုရားဖြစ်တဲ့အတွက် `မိဖုရားစောမွန်လှ တည်ထားကိုးကွယ် တော်မူခဲ့သော ရွှေစာရံမြတ်စွာဘုရား’ရယ်လို့ ရှေးလူတို့ပေးခဲ့တဲ့အမည်ကို ပထမဦးဆုံး ဂေါပကဖွဲ့စဥ်က ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ အမှတ်(၄) ရဲတပ်ရင်း မှူး၊ ချင်းအမျိုးသား ဒုတိယရဲမှူးကြီး နိပ်စောနန်းက `နလံမထူ ကံတလူ သွား’စတဲ့ နာမည်မျိုး ပြောင်းချင်ကြောင်း နာမည်ရွေးရာမှ ‘သစ္စာဓိဋ္ဌာန် ရွှေစာရံ၊ ဆုတောင်းပြည့်သည့် မြတ်စေတီ’ဆိုတဲ့ လက်ရှိနာမည်ကို ပြောင်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အစဥ်အလာအတိုင်း မဟုတ်ဘဲ ပုဂံနေပြည်တော်ရှိရာ အနောက်အရပ်ကို မျက်နှာလှည့်ထားတဲ့ အတွက် `မုခ်ဝပြောင်းပြန် ရွှေစာရံ’ စေတီရယ် လို့လည်း ခေါ်ဆိုကြ ပါသေးတယ်။ အဲဒီနောက်မှာ အမှတ်(၄)ရဲတပ်ရင်းမှူး ဒုတိယ ရဲမှူးကြီးခင်ကျော်က ရွှေစာရံဂေါပကဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိယာယီ ဂေါပက ဥက္ကဌကတော့ ဦးဌေးကျော် ဖြစ်ပါ တယ်။
 
နှစ်ပေါင်း တစ်ထောင်နီး ပါးရှိပြီဖြစ်တဲ့ ရွှေစာရံ စေတီတော်မြတ်ကြီးမှာ ရှေးသမိုင်းရာဇဝင်များအရ မှတ်သားလက်ဆင့် ကမ်းခဲ့ကြတာကလွဲလို့ ဘုရား သမိုင်းစာအုပ် ရယ်လို့ သီးခြားမရှိခဲ့ တဲ့အတွက် ၂၀ဝ၇ ခုနှစ်မှာ နှစ်ပေါင်း ခြောက်ဆယ် ကျော်အတွင်း ပထမ ဆုံးအကြိမ်ဖြစ်တဲ့ ရွှေစာရံဘုရား သမိုင်းစာအုပ်ကို စာရေးဆရာ သီပေါကိုလတ်က ရေးသား ပူဇော်ပြီး ရွှေစာရံဂေါပကအဖွဲ့က နှစ်ကြိမ်တိုင် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ရွှေစာရံစေတီ တော်မြတ်ကြီးဟာ ကင်းဝန်မင်းကြီးရဲ့ စခန်းစဥ်လင်္ကာအရ `အရှေ့ ရွှေစာရံ၊ ပုဂံအနောက်၊ တောင်မြောက်ရင် မျှော်၊ သီဟတောဟု၊ လောကဓာတ်တွင်း၊ ခြောက်ရောင် လင်းသား၊ သနင်းမှန်ကူ၊ ကျော်လင်းဆူ’စာရင်းဝင် လည်း ဖြစ်ပါတယ်။ ကျော်လေးဆူဆိုတာကတော့ အရှေ့ရွှေစာရံ (ရွှေစာရံဘုရား)၊ ပုဂံအနောက် (ရွှေစည်းခုံဘုရား)၊ တောင်(မိတ္ထီလာ ရွှေရင် မျှော်ဘုရား)၊ မြောက်(အညာသီဟတော ဘုရား)တို့ ဖြစ်ကြပါတယ်။
 
ရွှေစာရံစေတီရဲ့အနောက်ဘက်မှာ ၁၇ ရာစုလက်ရာများ ဖြစ်ဖွယ်ရှိတဲ့ ဖိုးပွား၊ ဖိုးကုလား၊ ဖိုးပေါ်ဘုရားများ တည်ရှိပြီး ရှေးဟောင်းသမိုင်းဦးစီး ဌာနရဲ့ ယဥ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေးဇုံလည်း ဖြစ်ပါတယ်။ ရွှေလီ-မန်ဆမ်ဓာတ်အားသိုလှောင်ရေး ဓာတ်အားခွဲရုံကို ရွှေစာရံအနီးမှာ ဆောက်လုပ်ထားပြီး `ရွှေလီ-မန်ဆမ်-ရွှေစာရံ’လို့ ကမာ္ဘက သိသွားပြီးဖြစ်တဲ့အပြင် ဘုရားတန်ခိုးတော်ကြောင့် ၂၄ နာရီလုံးလုံး ရွှေစာရံစေတီတော်ကြီးကို မီးပူဇော်ထား ရှိနိုင်ခဲ့ပါတယ်။ မိတ္ထီလာ၊ ဘယ်လင်း၊ ကျောက်ဆည်နယ်တို့ကိုလည်း ၄င်းဓာတ်အား ခွဲရုံမှ လှျပ်စစ်မီးဖြန့်ဝေပေးလျက် ရှိပါတယ်။ အခုဆိုရင် ရွှေစာရံစေတီတော်မြတ်ကြီးဟာ တောထဲတောင်ထဲမှာ မြေပြင်ကရွှေတောင်ကြီး ပေါက်သကဲ့သို့ မြို့ပြဘုရားစေတီများနဲ့ မခြား ကြည်ညိုသဒ္ဓါပွားနိုင်ဖို့အတွက် ဂေါပကအဖွဲ့နဲ့ ရွာသူရွာသားများ အားထုတ်ခဲ့ရပုံကို ဘဏ္ဍာ ရေးမှူး ဦးပြေငြိမ်းက အခုလို ပြောကြားခဲ့ ပါတယ်။
 
`ကျန်စစ်သားမင်းရဲ့မြေးတော် အလောင်း စည်သူမင်းလက်ထက်မှာ ရွှေစာရံစေတီတော် မြတ်ကြီးအတွက် ဝတ်ကြီးဝတ်ငယ်ပြုစုဖို့ အိမ်ခြေငါးဆယ်နဲ့ ရွှေစာရံရွာလေးကို သင်ပုတ် စားပေးခဲ့ပါတယ်။ ၁၉၈၉ မှာ ပြန်လည် ဖော်ထုတ်ပြီး ၁၉၉၃ ခုနှစ်မှာ (၁)ရွှေစာရံ ကျေးရွာအုပ်စု၊ ကျောက်ချော၊ ကျွဲနဖား၊ (၂)အုန်းချောကျေးရွာအုပ်စု၊ ထုံးဘို၊ နွားဂဲ၊ နားတောင်းကျ၊ (၃)ကြူဝန်းကျေးရွာအုပ်စု (၄)ဆည်တော်ကျေးရွာအုပ်စု၊ ကိုက်တန်းမှ လေးအုပ်စုကျေးရွာများနဲ့ ရွာကိုးရွာဂေါပကများ ဖွဲ့စည်းပြီး ဘုရားကုန်း မြေနီတွေက ကြွေပလ္လင် တွေဖြစ်အောင်၊ မှန်ပလ္လင်တွေ ဖြစ်အောင်၊ မှန်ပလ္လင်တွေက ရွှေပလ္လင်တွေဖြစ်အောင်၊ သံ လှေကားတွေက စတီးလှေကားတွေ ဖြစ် အောင်၊ ရိုးရိုးလှျပ်စစ်မီးချောင်းတွေက အဆင့်မီ ရောင်စုံမီးတွေ ဖြစ်အောင်၊ ထုံးဖွေးဖွေးစေတီ က ရွှေတုံးရွှေခဲကြီးဖြစ်အောင် ကြိုးကုပ်အား ထုတ်ခဲ့ကြပါတယ်။ အခုဆို စေတီတော် ရင်ပြင်မှာ စင်္ကြ ံသုံးထပ်နဲ့ ကားပတ်လမ်းနဲ့ စနစ်တကျရှိပါတယ်။ စင်္ကြ ံနဲ့ စေတီတော်ကိုလည်း မြောင်းလေးတစ်ခု ခြားထားတယ်။ ရသေ့ကြီး ဦးခန္တီတည်ဆောက်ခဲ့တဲ့ ကောင်းမှု တွေလည်း ပါတာပေါ့ဗျာ။ ဒါတွေကို ကွျန်တော်တို့က တိုးတက်အောင် ဆက်လက် ထိန်းသိမ်းကြရတာပါပဲ’
 
==နွှဲစို့တူပျော် ရွှေစာရံတပေါင်းပွဲတော်==
`အသက်မကြီးသေးပါမောင်ရယ်... ထန်းရွက်ပုတီးလေးနဲ့ ရွှေစာရံကို အရောက် သွားလို့ လည်...လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်ကျော် လေးဆယ်ခန့်က အလွန် နာမည်ကြီးခဲ့တဲ့ မြို့တော်မောင်ယဥ်အောင် ရဲ့`ကိုးဆယ်ဆ သာလိမ့်မယ်’ ပြဇာတ်မှာ ဇာတ်ဝင်သီချင်း။ ဒီနေ့ခေတ်အထိ ရိုးမသွားဘဲ ရွှေစာရံသူ မဂျင်းစိမ်းကို အသက်သွင်းလို့ ရုပ်ရှင်ကားကြီး အဖြစ် တင်ဆက်ပြန်တော့ ရွှေစာရံ ပွဲတော်ကာလ မြိုင်မြိုင်ဆိုင်ဆိုင်၊ ရိုက်ကွင်း ရိုက်ကွက် တွေက ပိုင်ပိုင်နိုင်နိုင်မို့ အကယ်ဒမီဆု ဆွတ်ခူး ရရှိခဲ့တဲ့အထိ အောင်မြင်မှု သရဖူဆောင်းခဲ့ပါ တယ်။ ရွှေစာရံပွဲတော်ဟာ အနယ်နယ်အရပ်ရပ်ကို သွားရောက် တင်ဆက် ကပြခဲ့တဲ့ မြို့တော်သိန်းအောင် ဇာတ်ကြောင့် လူသိများ စိတ်ဝင်စားခဲ့ပြီးဖြစ်တဲ့ အပြင် ဆရာမောင် ယဥ်အောင်ရဲ့ရွှေစာရံသူ မဂျင်းစိမ်းလို ပြောပြ၍ မရတဲ့ အချောအလှလေးများ တွေ့ရလေမလား ရယ်လို့ လာမယ့် ရွှေစာရံ ပွဲတော်ကို မဖြစ်မနေ သွားဖို့ အားခဲထားတဲ့ အနယ်နယ် အရပ်ရပ်က ကာလသားတွေလည်း ဒုနဲ့ဒေးပါပဲ။ ထန်းရွက် ပုတီးလေးတွေ၊ ငါးရုပ်လေးတွေ၊ ထန်းဖူးလေးတွေရဲ့နောက်မှာ သူတို့ မြင်ချင်တဲ့ ရွှေစာရံသူ အလှပဂေးလေးတွေကို တွေ့လိုက်စမ်းချင်ရဲ့လို့ ရွှေစာရံပွဲတော်ကို နွှဲပျော်ဖို့ လာကြမှာ အမှန်ပါ’`ရွှေစာရံဘုရားပွဲတော်ကို နှစ်စဥ် တပေါင်းလပြည့်နေ့မှ လပြည့် ကျော် ၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။ ဗုဒ္ဓပူဇနိယဘုရားပွဲတော် အကြိုဖွင့်ပွဲအတိတ်နိမိတ်ကိုဆောင်ပြီး တပို့တွဲ လပြည့်ကျော် ၁ဝ ရက်မှ လပြည့်ကျော် ၁၄ ရက်နေ့အထိ ပဋ္ဌာန်းပွဲနဲ့ ဖွင့်လှစ်ပြီး သံဃာတော်အပါး ၁၇ဝ ဝန်းကျင်တို့ကို သံဃာဒါန ဆွမ်းဆန် စိမ်းလောင်းလှူပြီး ပွဲတော်ကို ပိတ်ပါတယ်။ တပေါင်းလဆန်းတာနဲ့ တစ်ပြိုင်နက် ပြင်ဦးလွင်ခရိုင်၊ ပြင်စာနယ်တစ်ဝိုက်မှာရှိတဲ့ ခွန်လိမ်၊ သပြေကျင်း၊ မြေပုံ၊ သံတောင်၊ လိပ်ကျစတဲ့ ရွာလေးတွေက ရှမ်း ဈေးသည်တွေ၊ သီပေါမြို့က ဘုရားဒါယိကာမ စောမွန်လှအဝတ်အစား၊ အဆောင်အယောင်ရောင်းချတဲ့ စျေးသည်တွေနဲ့ ဆယ့်နှစ်ပွဲ စျေးသည်တွေဟာ ရွှေစာရံကို တဖွဲဖွဲရောက်လာကြပါပြီ။ သီပေါမြို့ ဘော်ကြိုဘုရား ပွဲအပြီးနဲ့ ရွှေစာရံဘုရားပွဲအဖွင့်ကလည်း တိုက်ဆိုင်နေပြန်တော့ တပေါင်း လဆန်း ၈ ရက်၊ ၉ ရက်ဆိုရင် ရှမ်း-ဗမာ စုံညီနီးပါး ဆိုင်အားလုံး ရောက်ရှိကြပြီး ဖြစ်နေပါပြီ’`ကွျန်တော်တို့ ရွှေစာရံဘုရားပွဲတော်မှာ ဇာတ်၊ အငြိမ့်၊ ရုပ်ရှင် ထည့်ထားပါတယ်။ ရုပ်ရှင်နဲ့ဇာတ်ကိုတော့ ရုံသွင်းမယ်။ အငြိမ့်ကတော့ လပြည့်ကျော် ၉ ရက်နေ့ညမှာ အောင်ပွဲကပြမှာ ဖြစ်ပါတယ်။ ဇာတ်ကတော့ စွမ်းရည်ပြည့်ဇာတ်ပါ။ စွမ်းဇာနည်က ကူညီမယ်။ အငြိမ့် ကတော့ ရွှေရတနာအငြိမ့်ပေါ့။ ဘုရားဖူးလာ အများပြည်သူတွေ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီး စရိတ်စားခ သက်သောင့် သက်သာဖြစ်စေဖို့ ဘုရားပွဲလာကာလအတွင်းမှာ ဘယ်အရာကိုမှ လေလံ စနစ် မကျင့်သုံးပါဘူး။ ဘုရားပွဲမှာ အရက်ဘီယာရောင်းချခွင့်၊ ကစားဝိုင်း ဖွင့်ခွင့် မပေးထားပါဘူး။ လုံခြုံရေးကိုလည်း သံဃာတော်များနဲ့ အမှတ် (၄)ရဲတပ်ရင်းက စနစ်တကျ တာဝန်ယူထိန်းသိမ်း စောင့်ရှောက်မှာပါ’လို့ ဂေါပကဥက္ကဌ ဦးဌေးကျော်က ပြောပါတယ်။
= ရွှေစာရံဘုရားပွဲ =
 
Line ၅၀ ⟶ ၇၃:
နတ်ကတော် အချို့နှင့် [[စီးပွားရေး]]အကွက်ထွင်သူများက အယုံလွယ်သူများကို လိမ်လည်လှည့်စားရန် စောမွန်လှအား သိုက်နန်းရှင်၊ ဂူနန်းရှင် စသောအနိမ့်စား ပရလောကသားအဖြစ် လုပ်ကြံဖန်တီးနေခြင်းသာ ဖြစ်တော့သည်။ <ref>သန်းနိုင်စိုး။ သီပေါကိုလတ်၏ သမိုင်းဝင် သစ္စာ အဓိဋ္ဌာန် ရွှေစာရံစေတီတော်မြတ်ကြီး၏ ဘုရားသမိုင်း</ref>
 
 
=တည်နေရာ=
မန္တလေးမြို့၏ အရှေ့တောင်ဘက် ၁၄-မိုင်ကျော်ကွာဝေးသော မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး ရွှေစာရံရွာတွင် ကိန်းဝပ်တော်မူသည်။
“'''အရှေ့ ရွှေစာရံ၊ ပုဂံအနောက်၊ တောင်မြောက်ယင်မြော၊ သီဟထာ'''” ဟု မော်ကွန်းတင်ထားသည့် ကျော်လေးဆူစာရင်းဝင် ဖြစ်ခြင်း၊ မြွေကိုက်ခံရသူတို့ ဘုရားရောက်လျှင် မြွေဆိပ်ပြယ်ခြင်း၊ ဆွမ်းဦးတင်မည့်သူအမြဲရှိခြင်း၊ ဆုတောင်းပြည့်ခြင်း စသော အံ့ဖွယ်တို့ ပြည့်စုံခြင်းကြောင့် ထင်ရှားကျော်ကြားလျက်ရှိသည်။<ref>မြတ်မင်းလှိုင်။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ</ref>
 
=ဖြည့်စွက်ချက်=
Line ၅၉ ⟶ ၈၀:
ရေချိုးရန်လုံချည်ကိုခေါင်းထက်တင်စဉ် မြင့်မြတ်သောနားဋောင်းဖြစ်၍ နားမှကျွတ်ကာ
ကောင်းကင်တွင်တည်နေပြီး စာသူငယ် အပေါင်းဝန်းရံနေသည်ကို တွေ့လိုက်ရ သည်ဆိုပါသည်။ ဤအခြင်းအရာကို မြင်ရသောအခါ စောမွန်လှသည် ရှိခိုးပူဇော်ပြီး အဓိဋ္ဌာန်ပြုလိုက်ရာ နားဋောင်းသည် ခြုံထည်သဘက်ထည်ပေါ်သို့ သက်ဆင်းလာပါသည်။ ဤတွင်မွေတော်ကိုဌာပနာ၍ စေတီတည် လိုစိတ်ဖြစ်ပေါ်ခဲ့ပြီး ဒုတ္ထဝတီမြစ်ဘေး အဘယခေမာ ကုန်းတော်ပေါ်တွင် စေတီ တည်ထားကိုးကွယ်ခဲ့သည်။ စေတီတည်ကြောင်းသတင်းကို အမြင်သွေလွဲမှုရှိခဲ့သော ဘုရင်ကြားသိရာ ဘုရား၏အဝင်မုဒ်ဦး မည်သည့်အရပ်သို့လှည့်ကြောင်းလိုက်လံစစ်ဆေးစေသည်ဟုဆိုပါသည်။ လှည့်တည်ထားရာအရပ်ကို မနှစ်သက်ပါက သတ်ရန်အမိန့်ပူးတွဲပါရှိနေကြောင်း ကြိုတင်ကြားသိရသောစောမွန်လှသည် စေတီကို သဘက်ဖြင့်ရစ်ပတ်၍ အဓိဋ္ဌာန်ပြုကာ အချိန်မီ ပြုပြင်လှည့်ပေးနိုင်ခဲ့ကြောင်းဆိုကြပါသည်။
ကောင်းကင်တွင် မွေတော်ကို စာကလေးငှက်များဝန်းရံ တည်နေသည်ကို အစွဲပြု၍ 'ရွှေစာရံစေတီတော်' ဟု အမည်တွင်လာပြီး အရေးအကြောင်းပေါ်ပေါက်စဉ်တွင် အဓိဋ္ဌာန်ဖြင့်ထူးခြားစွမ်းဆောင်ရည်များ လုပ်နိုင်စွမ်းရှိခဲ့သည်ဟူသော သမိုင်းကြောင်းတို့ဖြင့်ထင်ရှားပါသည်။--[[User:အေရာ|အေရာ]] 05:59, 19 အောက်​တို​ဘာ​ 2008 (UTC)
 
= ကိုးကား =