မော်စီတုန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
စာကြောင်း ၁ -
[[ဖိုင်:Mao Zedong 1959 (cropped).jpg|thumb|မော်စီတုန်း]]
'''မော်စီတုန်း''' (毛澤東 - တရုတ်အသံထွက် - မောင်ကျယ်တုန်း) ကို ၁၈၉၃-ခုနှစ်၊ ဒီဇင်ဘာလ၂၆ ရက်နေ့တွင် တရုတ်ပြည်၌ မွေးဖွားခဲ့သူဖြစ်သည်။ မိဘများမှာ လယ်သမားများဖြစ်သည်။ '''မော်စီတုန်း''' (၁၈၉၃ ဒီဇင်ဘာ ၂၆ - ၁၉၇၆ စက်တင်ဘာ ၉) သည် တရုတ် တော်လှန်ရေး၊ နိုင်ငံရေးနှင့် ကွန်မြူနစ် ခေါင်းဆောင်ဖြစ်သည်။ သူသည် [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]]အား ၁၉၄၉ ခုနှစ် စတင်တည်ထောင်ခဲ့ချိန်မှ ၁၉၇၆ ခုနှစ် ကွယ်လွန်သည်အထိ အုပ်စိုးခဲ့သည်။ [[မာခ်ဝါဒ]]-[[လီနင်ဝါဒ]]နှင့် စပ်လျဉ်း၍ သူရေးသားခဲ့သော သီအိုရီများ၊ စစ်ရေးဗျူဟာများနှင့် မူဝါဒများကို ယနေ့တွင် [[မော်ဝါဒ]]ဟု လူသိများသည်။
 
(၁၈၉၃ ဒီဇင်ဘာ ၂၆ - ၁၉၇၆ စက်တင်ဘာ ၉) သည် တရုတ် တော်လှန်ရေး၊ နိုင်ငံရေးနှင့် ကွန်မြူနစ် ခေါင်းဆောင်ဖြစ်သည်။ သူသည် [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]]အား ၁၉၄၉ ခုနှစ် စတင်တည်ထောင်ခဲ့ချိန်မှ ၁၉၇၆ ခုနှစ် ကွယ်လွန်သည်အထိ အုပ်စိုးခဲ့သည်။ [[မာခ်ဝါဒ]]-[[လီနင်ဝါဒ]]နှင့် စပ်လျဉ်း၍ သူရေးသားခဲ့သော သီအိုရီများ၊ စစ်ရေးဗျူဟာများနှင့် မူဝါဒများကို ယနေ့တွင် [[မော်ဝါဒ]]ဟု လူသိများသည်။
 
မော်စီတုန်းသည် ခေတ်သစ် ကမ္ဘာ့သမိုင်းတွင် ဩဇာကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် အများက အသိအမှတ်ပြုထားကြသည်။<ref>{{cite web|work=The Oxford Companion to Politics of the World|url=http://www.oxfordreference.com/pages/samplep02|title=Mao Zedong|accessdate=2008-08-23}}</ref> တိုင်းမ်မဂ္ဂဇင်းမှ မော်စီတုန်းအား ၂၀ ရာစုနှစ်အတွင်း ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ် ၁၀၀ အနက် တစ်ဦးအပါအဝင်အဖြစ် ရွေးချယ်ခဲ့သည်။<ref>[http://www.time.com/time/time100/leaders/profile/mao.html Time 100: Mao Zedong] By Jonathan D. Spence, 13 April 1998.</ref>
Line ၁၁ ⟶ ၉:
သို့သော် ၁၉၂၇ ခုနှစ်တွင် နေရှင်နယ်လစ်တို့က ကူအိုမင်တန်ပါတီမှ ကွန်မြူနစ်တို့ကို ပယ်ထုတ်လိုက်သောကြောင့် မော်စီတုန်းသည် အသတ်ခံရမည့်ဘေးမှ တရုတ်နိုင်ငံတောင်ပိုင်းသို့ ရှောင်တိမ်းနေခဲ့ရ၏။ ထိုသို့ တိမ်းရှောင်နေရခိုက်တွင် နောင်အခါ တရုတ်ကွန်မြူနစ်တပ်များ၏ သေနာပတိဖြစ်လာမည့် ချူတေးနှင့်အတူ ၁၉၂၈ ခုနှစ်တွင် တရုတ်တပ်နီတော် အမှတ် ၄ ကိုတည်ထောင်ခဲ့၍ မော်စီတုန်းသည် ထိုတပ်နီတော်၏ နိုင်ငံရေး အကြံပေးအရာရှိ ဖြစ်လာခဲ့လေသည်။ ၁၉၃၁ ခုနှစ် ဒီဇင်ဘာလတွင် ကျန်ဆီနယ် တရုတ် ဗဟိုဆိုဗီယက် အစိုးရအဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခြင်းခံရလေသည်။
 
၁၉၃၄ ခုနှစ်တွင် တရုတ်ပြည် တောင်ပိုင်းမှသည် နေရှင်နယ်လစ်တပ်များကို ထိုးဖောက်လျက် မြောက်ပိုင်းသို့ ခရီးရှည်ချီတက်ရာ၌ ဦးစီးခေါင်းဆောင်ခဲ့လေသည်။ ထိုနောက် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရှန်စီနယ် ယီနန်မြို့တွင် ကွန်မြူနစ်ဌာနချုပ်ကို ဖွင့်လှစ်ကာ တရုတ်ကွန်မြူနစ် နိုင်ငံ၏အခြေခံ အုတ်မြစ်များအတွက် ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။ တရုတ်ကွန်မြူနစ်တို့သည် ထိုနေရာကို ခြေကုတ် စခန်းပြုကာခြေကုပ်စခန်းပြုကာ ချန်ကေရှိတ်၏ တပ်များကို တိုက်ခိုက်ခဲ့ကြရာ တရုတ်နိုင်ငံ မြောက်ပိုင်းရှိနယ်အချို့ကို သိမ်းပိုက်မိခဲ့ကြလေသည်။
 
၁၉၃၆ ခုနှစ်တွင် မော်စီတုန်းသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရလေသည်။ ၁၉၃၇ ခုနှစ်တွင် ဂျပန်က တရုတ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်သောအခါ မော်စီတုန်းသည် ချန်ကေရှိတ်၏ အမျိုးသား အစိုးရနှင့်ပူးပေါင်းကာ ဂျပန်ရန်ကို တွန်းလှန်တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် ယင်းပူးပေါင်းမှုမှာ ကြာရှည်မခံဘဲ ကွဲသွားရာ ၁၉၃၈ ခုနှစ်မှစ၍ မိမိတို့ဖာသာအလျောက်သာလျှင် ဂျပန်တို့ကို ခုခံ တိုက်ခိုက်ကြလေတော့သည်။ ဂျပန်တို့ လက်နက်ချပြီးနောက်တွင် အခြေအနေမှာ တင်းမာနေပြန်သဖြင့် ချန်ကေရှိတ်သည် ညီညွတ်ရေး ရရှိရန်အတွက် မော်စီတုန်းကို ချုန်ကင်းမြို့သို့ ဖိတ်ခေါ်ခဲ့သော်လည်း အကြောင်းမထူးခဲ့ချေ။