မြသလွန်ဘုရား: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: မြသလွန်ဘုရားသည် မကွေးမြို့၏ အနောက်မြောက်ဘက် ဧရာဝတီမြစ်...
(ကွဲပြားမှု မရှိ)

၀၅:၅၅၊ ၉ ဇန်နဝါရီ ၂၀၁၁ ရက်နေ့က မူ

မြသလွန်ဘုရားသည် မကွေးမြို့၏ အနောက်မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး မြန်မာပြည်ရှိ အထင်ကရ ဘုရားများထဲတွင် တဆူအပါအဝင်ဖြစ်သည်။ လုံးတော်ပြည့် ရွှေချထားသည့် ဘုရားတစ်ဆူဖြစ်ပြီး စုစုပေါင်း အချပ်ရေမှာ "ဒွေးအစ်အဌဇေယျသတိ ချပ်ရေရှိ လုံးပြည့်ရွှေရောင်ဖြိုး" ဟု ဆိုစကားရှိသည်။


သမိုင်းကြောင်း

သမိုင်းအဆိုအရ မြသလွန်ဘုရားသည် ကဿပဘုရား၏ ရွှေသလွန်တော်နှင့် ဂေါတမမြတ်စွာဘုရား၏ မြသလွန်တော်တို့ကို ဌာပနာ၍တည်ထားသည်ဟု ဆိုသည်။ မကွေးမြို့ကို ဘီလူးကျွန်းဟု ယခင်က ခေါ်တွင် သကဲ့သို့ မကွေးမြို့ နေရာတွင် ယခင် ရှေးအခါက ဘီလူးများနေထိုင်ရာ နေရာဟုဆိုသည်။ ထိုအထဲတွင် ဘောသော၊ ဘောကျော်၊ ဘောသူရ၊ ဘောရဿ ညီနောင်တို့သည် ဂေါတမ မြတ်စွာဘုရား ဧရာဝတီမြစ် အနောက်ဘက်ကမ်းသို့ ကြွတော်မူခိုက် ဖန်ခါးသီးများသွားရောက်ဆက်ကပ်ကြပြီး ဂေါတမ မြတ်စွာဘုရားမှ ပူဇော်ရန်အဖြစ် မြသလွန်တော်ကို စွန့်ကြဲခဲ့သည်။ ညီနောင်လေးပါးတို့သည် ထို မြသလွန်တော်ကို ယူဆောင်၍ ပြန်လာကြပြီး မကွေးဘက်ကမ်းသို့ရောက်သောအခါ ဌာပနာ၍ ဘုရားတည်ထားကိုးကွယ်ရန်ကြိုးစားခဲ့ကြသည်။ သို့သော် နေရာမှန် မဟုတ်သည့်အတွက် သိကြားမင်းသည် သူ၏တန်ခိုးဖြင့် ထိုဘုရားကိုဖြိုကာ မြသလွန်တော်ကို ပင့်ဆောင်သွားခဲ့ရာ ယခုထက်တိုင်အောင် ထိုဘုရားပြိုရှိသောနေရာကို အမှီပြု၍ ဘုရားပြိုရွာဟု တည်ရှိနေပေသေးသည်။


ထို့နောက် သိကြားမင်းသည် တရားကျင့်ကြံလျက်ရှိသော ရသေ့သုံးပါးထံ ထို မြသလွန်နှင့်တကွ ကဿပ ဘုရား၏ ရွှေသလွန်တော်တို့ကိုပါ ပေးအပ်ခဲ့ပြီး ထိန်းသိမ်းထားရန်နှင့် နေရာမှန်တွေ့ပါက ဘုရားတည်ထားကိုးကွယ်ပေးပါရန် လျောက်ထားခဲ့သည်။ ထိုရသေ့သုံးပါး သီတင်းသုံးခဲ့သော ကျောင်းနေရာ သုံးခုကို ယခုအခါ ဘုရားတည်ထားပြီး ထိုနေရာကို ဘုရားသုံးဆူဟုခေါ်သည်။


ရသေ့သုံးပါးလည်း ယခုလက်ရှိ မြသလွန်ဘုရားတည်ရှိရာ ကုန်းတော်ပေါ်တွင် မြသလွန်ဘုရားကို တည်ထားကိုးကွယ်ခဲ့ကြသည်။ (မပြည့်စုံသေးပါ)