ကရ်ဘလာ တိုက်ပွဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Links, nominative case သည် > objective case ကို
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7
စာကြောင်း ၄ -
ဟိုစိုင်န်အိဗ်နေအလီ(အ.စ)သည် မိုဟရမ် (၂)ရက်နေ့တွင် ကရ်ဘလာသဲကန္တရသို့ ရောက်ရှိသည်။ ‎မိုဟရမ်(၃)ရက်နေ့တွင် အိုမရ်အိဗ်နေစာအ်ဒ်သည် စစ်သည်(၄၀၀၀)နှင့် ကရ်ဘလာသို့ လာရောက် ‎စစ်စခန်းချလေသည်။ မိုဟရမ်(၇)ရက်နေ့တွင် ဟိုစိုင်န်(အ.စ)နှင့် အိမ်တော်သူအိမ်တော်သားများ နှင့် ‎အပေါင်းအပါများအပေါ် ရေပိတ်ပင်ခဲ့သည်။ မိုဟရမ်(၉)ရက်နေ့တွင် ရှိမ်ရ်သည် စစ်သည် (၄၀၀၀)နှင့် ‎အိုဘိုင်ဒွလ္လာအိဗ်နေဇေယားဒ်၏ စာချွန်လွှာနှင့်အတူ ကရ်ဘာလာသို့ ရောက်လာခဲ့သည်။ ‎အိုဘိုင်ဒွလ္လာ၏စာတွင် အိုမရ်အိဗ်နေစာအ်ဒ်အား ဟိုစိုင်န်(အ.စ)နှင့် တိုက်ခိုက်ရန် အမိန့်ပေးထားလေသည်။ ‎အကယ်၍ ထိုအမိန့်အတိုင်း မဆောင်ရွက်နိုင်ပါလျှင် စစ်ဦးစီးချုပ်တာဝန်အား ရှိမ်ရ် ထံသို့ အပ်နှံရန်လည်း ‎ဆိုထားလေသည်။
 
မိုဟရမ်(၁၀)ရက်နေ့တွင် နှစ်ဦးနှစ်ဘက်မှ စစ်ဖြစ်ကြလေသည်။ အဘူမိခ်နဖ်၏ သမိုင်းအဆိုအရ ‎ဟိုစိုင်န်(အ.စ)၏ စစ်သည်များတွင် မြင်းတပ်(၃၂)ယောက်၊ ခြေလျှင်တပ်(၄၀) ဦးတို့ပါဝင်ခဲ့လေသည်။<ref name="autogenerated1">قیام جاوید، گردانیده مقتل الحسین ابی مخنف، ترجمه و تصحیح حجت‌الله جودکی، مؤسسه فرهنگی انتشاراتی تبیان، ۱۳۷۷، ص ۷۸</ref> မိုဟမ္မဒ်ဘာကိရ်၏ သမိုင်းအဆိုအရ မြင်းတပ်(၄၅)ယောက်နှင့် ခြေလျှင်တပ်(၁၀၀)ဦးတို့ ပါဝင်ခဲ့လေသည်။ ရန်သူစစ်သည်များဖြစ်သည့် အိုမရ်အိဗ်နေစာအ်ဒ်၏ စစ်သည်အင်အားမှာ (၃၀၀၀၀)ရှိကြောင်း ‎ဖော်ပြထားလေသည်။ ‎<ref>[http://www.bfnews.ir/vdcev78x.jh8oni9bbj.html{{Cite web |title=آینده روشن - تعداد لشکر یزید در مقابل لشکر امام حسین (ع)] |url=http://www.bfnews.ir/vdcev78x.jh8oni9bbj.html |accessdate=24 December 2017 |archivedate=15 October 2016 |archiveurl=https://web.archive.org/web/20161015145342/http://www.bfnews.ir/vdcev78x.jh8oni9bbj.html }}</ref> စစ်ပွဲတွင် ဟိုစိုင်န်(အ.စ)နှင့် နောက်လိုက်များ ရှဟီးဒ်ဖြစ်ခဲ့ရသည်။ ထိုနောက် အိုမရ်အိဗ်နေစာအ်ဒ်သည် ‎ဟိုစိုင်န်(အ.စ)နှင့် ခြောက်လသားအရွယ် အလီအက်ဇ်ဂရ်နှင့် နောက်လိုက်များ၏ ဦးခေါင်းတော်(၇၂) ခုကို ‎ဒုတ်တိုင်များတွင် တင်၍ ယဇီးဒ်ထံသို့ ပို့ဆောင်ခဲ့သည်။ ခြောက်လသားအရွယ် အလီအက်ဇ်ဂရ်ကို ‎ရေငတ်နေသည့် ကြားမှ သုံးမြှောင့်အသွားပါ မြှားဖြင့်လည်မြိုကို ပစ်ခဲ့ကြလေသည်။ ထို့နောက် ရှဟီးဒ်ဖြစ် ‎ကျဆုံးခဲ့သော ခန္ဓာကိုယ်များအပေါ် မြင်းခွာများဖြင့် ပေါက်၍ ရက်စက်ယုတ်မာခဲ့ကြသည်။<ref name="autogenerated1" />
 
== ကိုးကား ==