စစ်တက္ကသိုလ် (ပြင်ဦးလွင်): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7
စာကြောင်း ၂၅ -
 
== သမိုင်းကြောင်း ==
စစ်တက္ကသိုလ်ကို ၁၉၅၅ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း [[ဗထူးတပ်မြို့]]၌ တပ်မြို့ဖွင့်လှစ်ပွဲနှင့်အတူ ဖွင့်လှစ်ခဲ့၏။ ၁၉၅၇ ဇွန်လ (၁) ရက်နေ့တွင် [[မန္တလေးတိုင်းဒေသကြီး]] ၊ [[ပြင်ဦးလွင်မြို့]]သို့ ပြောင်းရွှေ့ခဲ့သည်။<ref name=mp>{{cite journal |url=http://www.myanmar.gov.mm/Perspective/persp2001/4-2001/val.htm |title=Valiant Sons of Myanmar |author=Kyi Kyi Hla |date=2001-04-01 |publisher=Myanmar Perspectives |deadurl=yes |archiveurl=https://web.archive.org/web/20101124061156/http://www.myanmar.gov.mm/Perspective/persp2001/4-2001/val.htm |archivedate=2010-11-24 |df= }} {{Webarchive|url=https://web.archive.org/web/20101124061156/http://www.myanmar.gov.mm/Perspective/persp2001/4-2001/val.htm |date=24 November 2010 }}</ref> စစ်တက္ကသိုလ်ကို တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ တပ်မတော် ကြည်း၊ ရေ၊ လေ တို့တွင် အနာဂတ်၌ ခေါင်းဆောင်ကြမည့် အရာရှိကောင်းများရရှိနိုင်စေရန် ဖြစ်၏။ ပထမဆုံးကျောင်းအုပ်ကြီးမှာ ဗိုလ်မှူးကြီး ကျော်စိုး ဖြစ်သည်။
 
၁၉၅၃ ခုနှစ် [[ရန်ကုန်တက္ကသိုလ်]] (ပြင်ဆင်ချက်) အက်ဥပဒေအရ စစ်တက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ကောလိပ်ကျောင်းတစ်ခုဖြစ်၏။ စစ်တက္ကသိုလ်သင်တန်း လေးနှစ် ပြီးဆုံးအောင်မြင်သော ဗိုလ်လောင်းသည် တပ်မတော်ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခြင်းခံရပြီးလျှင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ/သိပ္ပံဘွဲ့ကိုလည်း ရမည်ဖြစ်သည်။ ၁၉၆၄ ခုနှစ် တော်လှန်ရေးအစိုးရ၏ တက္ကသိုလ်ပညာရေး ဥပဒေသစ်အရ စစ်တက္ကသိုလ်သည် သီးခြားတက္ကသိုလ်အဖြစ်သို့ ရောက်ရှိခဲ့သည်။ ချီးမြှင့်သောဘွဲ့ကိုလည်း မူလက ဝိဇ္ဇာ/သိပ္ပံဘွဲ့များအစား "စစ်ပညာသိပ္ပံဘွဲ့" ဟု သတ်မှတ်သည်။ သို့ရာတွင် ၁၉၆၅ ခုနှစ်တွင် ဝိဇ္ဇာ/သိပ္ပံဟူ၍ ပြန်လည်ပြင်ဆင်ခဲ့သည်။ စစ်တက္ကသိုလ်ကို ကာကွယ်ရေးဌာနလေ့ကျင့်ရေးနှင့် စီမံရေးညွှန်ကြားရေးမှူးက တိုက်ရိုက်အုပ်ချုပ်ပြီးလျှင် စစ်ဘက်လေ့ကျင့်ရေးကိစ္စအဝဝကိုလည်း ညွှန်ကြားသည်။ စစ်တက္ကသိုလ်၏ စစ်သုံးသိပ္ပံပညာရပ်များ သင်ကြားပို့ချမှုကိုလည်း ညှိနှိုင်းသတ်မှတ်ပေးသည်။