ထျန်းအန်းမင် အရေးအခင်း (၁၉၈၉): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ခဲ့သည်
ရင်းမြစ် 3 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7
စာကြောင်း ၁၄ -
 
အရေးအခင်းမှာ ဒီမိုကရေစီ လိုလားသူ အဂတိတိုက်ဖျက်ရေး သမား တရုတ်အရာရှိ [[ဟူယောက်ပန်း]] (胡耀邦) ကွယ်လွန်သည်က စတင်ခဲ့သည်။<ref>{{cite web|url=http://news.bbc.co.uk/chinese/simp/hi/newsid_4440000/newsid_4444600/4444660.stm|title=北京将举行胡耀邦纪念会|publisher=BBC中文网|accessdate=2009-5-28}}</ref>
ပေကျင်းမြို့ရှိ တက္ကသိုလ် အသီးသီးမှ ကျောင်းသားများသည် ဟူယောက်ပန်းအတွက် ဝမ်းနည်းလွမ်းဆွတ်မှု အထိမ်းအမှတ်ပွဲများ ကျင်းပရာမှ ရက်ပိုင်းအတွင်း အတိုင်းအတာ ကြီးမားသည့် ဆန္ဒပြလှုပ်ရှားမှုကြီးအသွင် ပြောင်းလဲခဲ့သည်။ ဝမ်းနည်းလွမ်းဆွတ်မှု အထိမ်းအမှတ်ပွဲ ကျင်းပသည့်နေ့တွင် ထျန်းအန်းမင် ရင်ပြင်၌ စုဝေးခဲ့သည့် လူဦးရေမှာ သိန်းနှင့်ချီရှိသည်။ ရည်မှန်းချက် တသမတ်တည်း မရှိ၊ ဦးဆောင်သူမဲ့ ဖြစ်နေသော်လည်း ဆန္ဒပြသူ လူထုကြီးက အစိုးရအတွင်း တည်ရှိနေသည့် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြကာ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် [[ဒီမိုကရေစီ]] ရရှိရေးအတွက် တောင်းဆိုကြသည်။<ref>{{cite web|url=http://www.economicexpert.com/a/Tiananmen:Square:protests:of:1989.htm|title=Tiananmen Square protests of 1989|publisher=EconomicExpert.com|accessdate=2009-5-28|archivedate=14 July 2014|archiveurl=https://web.archive.org/web/20140714151656/http://www.economicexpert.com/a/Tiananmen%3ASquare%3Aprotests%3Aof%3A1989.htm}}</ref><ref name="nathan">{{cite web| first=Andrew J.| last=Nathan| url=http://www.foreignaffairs.org/20010101faessay4257-p0/andrew-j-nathan/the-tiananmen-papers.html| title=The Tiananmen Papers| work=[[外交 (杂志)|Foreign Affairs]]| month=1月/2月| year=2001| accessdate=30 October 2009| archivedate=6 July 2004| archiveurl=https://web.archive.org/web/20040706113745/http://www.foreignaffairs.org/20010101faessay4257-p0/andrew-j-nathan/the-tiananmen-papers.html}}</ref> ပေကျင်း ထျန်းအန်းမင်ရင်ပြင် တွင်သာမက တရုတ်ပြည် အခြားမြို့ကြီးများတွင်လည်း အတိုင်းအတာ ကြီးမားသည့် ဆန္ဒပြ လှုပ်ရှားမှုများ ဆက်လက် ဖြစ်ပွားလာခဲ့သည်။
 
ရက်သတ္တပတ် ၇ ပတ်ကြာခဲ့သည့် ဆန္ဒပြလှုပ်ရှားမှုသည် ဧပြီလ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ဇွန်လ ၄ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။ တရုတ်အစိုးရသည် စစ်တပ်ကို အသုံးပြုကာ ဆန္ဒပြလှုပ်ရှားမှုကို ခြေမှုန်းခဲ့ရာ အသေပျောက်များ ရှိခဲ့သည်။ တရုတ် အာဏာပိုင်များ၏ တရားဝင်ထုတ်ပြန်ချက်အရ စစ်သားများ အပါအဝင် လူပေါင်း ၂၄၁ ဦးသေဆုံး၊ ၇၀၀၀ ကျော် ဒဏ်ရာရသည် ဟုဆိုသည်။<ref name="pbs">{{cite web|url=http://www.pbs.org/wgbh/pages/frontline/tankman/cron/|title=The Memory of Tiananmen 1989|publisher=[[公共电视网|PBS]]|accessdate=2009-5-28}}</ref> သို့သော် တရုတ်ကြက်ခြေနီအသင်းနှင့် ကျောင်းသား အဖွဲ့အစည်းများက လူပေါင်း ၂၀၀၀ မှ ၃၀၀၀ အထိ သေဆုံးခဲ့သည်ဟု ဆိုသည်။<ref name="pbs" />