ဘူးထရို့စ် ဘူးထရို့စ် ဂါလီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နှုတ်ထွက် +နုတ်ထွက်)
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7
 
စာကြောင်း ၄၂ -
၁၉၇၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ အီဂျစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဒုတိယဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ဘူထရို့စ်ဂါလီသည် အာဖရိကတိုက်သားတစ်ဦးဖြစ်သော်လည်း လူမည်းတစ်ဦး မဟုတ်ပေ။ ခရစ်ယာန် ဘာသာဝင်တစ်ဦး ဖြစ်သည်။ ၎င်းအား နိုင်ငံရေးလောကအတွင်းသို့ခေါ်လာသူမှာ အီဂျစ်နိုင်ငံသမ္မတ အန်ဝါဆဒတ်ဖြစ်သည်။၁၉ရ၈ ခုနှစ်တွင်း ကျင်းပခဲ့သော ဒေးဗစ်စခန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဘူထရို့စ်ဂါလီသည် စေ့စပ်ဖျန်ဖြေရေးသမား တစ်ဦးအဖြစ်ဆောင်ရွက်ခဲ့သည်။
 
၁၉၇၉ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အီဂျစ်၊ အစ္စရေးနှင့် အမေရိကန်တို့၏ ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲများသို့လည်း ပါဝင်တက်ရောက်ခဲ့သည်။<ref>{{cite web|url=http://weekly.ahram.org.eg/2006/777/profile.htm|title=Boutros Boutros-Ghali: The world is his oyster|publisher=Weekly Ahram|date=18 January 2006|accessdate=8 June 2012|archivedate=30 June 2012|archiveurl=https://web.archive.org/web/20120630162722/http://weekly.ahram.org.eg/2006/777/profile.htm}}</ref> ထို့အပြင် အာဖရိက နိုင်ငံများ အရေး၊ [[နယ်လ်ဆင် မန်ဒဲလား]] လွတ်မြောက်ရေး၊ အီရတ်-ကူဝိတ်အရေးစသည်တို့တွင်လည်း ဘူထရို့စ်ဂါလီက ကြားဝင်စေ့စပ်ပေးခဲ့ရသည်။
 
၁၉၉၁ ခုနှစ်နိုဝင်ဘာလ ၂၁ ရက်နေ့တွင်ဘူထရို့စ်ဂါလီအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သစ်အဖြစ် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမဲ ၁၁ မဲဖြင့် ရွေးချယ်တင်မြှောက်လိုက်သည်။ ယင်းနှစ် ဒီဇင်ဘာလ ၁၉ရက်နေ့ တွင် ဘူထရို့စ်ဂါလီသည် ကုလသမဂ္ဂဌာနချုပ်တွင် အထွေထွေ အတွင်းရေးမှူးချုပ် အသစ်အဖြစ် တာဝန်ထမ်းဆောင်ရန် အီဂျစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကိုစတင်ထမ်းဆောင်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>