"ဗဟိန်း၊ ကို" ၏ တည်းဖြတ်မှု မူကွဲများ

၁၅၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
(စာမျက်နှာအသစ်: ကိုဗဟိန်းကို ၁၉၁၉ ခုနှစ် ဝါဆိုလဆန်း ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့၊ ...)
 
အရေးမကြီး
ကိုဗဟိန်းကို [[၁၉၁၉]] ခုနှစ် ဝါဆိုလဆန်း ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၇ နာရီ အချိန်တွင် [[အင်းဝမြို့]] ကိုင်းတန်းရပ်၌ ဖွားမြင်ခဲ့သည်။ အဖ ဦးမှင်၊ အမိ ဒေါ်ဦးတို့၏ ပဉ္စမမြောက်သား ဖြစ်သည်။
 
မန္ဒလေးမြို့ အေဘီအမ် မိန်းကလေးကျောင်း၊ သကျသီဟ ဘုရားအနီး ဆရာငုံကျောင်း၊ [[မန္တလေးမြို့]] ဗဟိုအမျိုးသား အထက်တန်းကျောင်းများတွင် ပညာဆည်းပူးခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ်၌ စတင်ပညာသင်ကြားခဲ့သည်။ ၁၉၃၅-၃၆ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ် ကျောင်းသားများ သမဂ္ဂအမှုဆောင် ဖြစ်ခဲ့သည်။ ၁၉၃၆ ခု ကျောင်းသား သပိတ်တွင် စစ်ကိုင်း အစိုးရ အထက်တန်းကျောင်းသို့ သပိတ် သွားတားရာ၊ ကျောင်းအုပ်ကြီး မစ္စတာဒေါင်းနှင့် စကောက်များက ဝိုင်းရိုက်သဖြင့် ဒဏ်ရာရှိခဲ့သည်။ ၁၉၃၆ -၃၇ ခုနှစ်တွင် မန္တလေး ဥပစာ ကောလိပ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့၍ အထက်တန်းကို [[ပါဠိဘာသာ]] ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့လေသည်။
 
ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူး၍ ၁၉၃၈-၃၉ ခုတွင် တကသ အမှုဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ တကသ ဥက္ကဌ [[ဗိုလ်ချုပ်အောင်ဆန်း|ကိုအောင်ဆန်း]] နှုတ်ထွက်သွားသောအခါ တကသ ဥက္ကဌအဖြစ်ထက် ဗကသ ဥက္ကဌအဖြစ် လူသိများခဲ့သည်။
 
၁၉၃၈ ခုနှစ်၌ ရေနံမြေ သပိတ် ပေါ်ပေါက်ခဲ့သည်။ ရေနံမြေ သပိတ်သမားများသည် ရန်ကုန်မြို့သို့[[ရန်ကုန်မြို့]]သို့ ချီတက် ဆန္ဒပြရန်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရေနံချောင်းမြို့မှ ထွက်ခဲ့ကြသည်။ ဥက္ကဌ ကိုဗဟိန်းနှင့် ကိုဗဆွေတို့သည် ရေနံချောင်းမြို့တွင်[[ရေနံချောင်းမြို့]]တွင် ပေါ်ပေါက်လျက်ရှိသော ကျောင်းသား သပိတ်အရေးနှင့် ရေနံမြေမှ ချီတက်လာသော သပိတ်သမားများ အရေးကို စုံစမ်းရန်ခရီးထွက်ခဲ့ကြသည်။ မကွေးမြို့၌[[မကွေးမြို့]]၌ ရေနံမြေမှ ချီတက်လာသော သပိတ်သမားများအား တရားဟောနေစဉ်၊ အဖမ်းခံခဲ့ရလေသည်။ သမဂ္ဂ ဥက္ကဌနှင့် အတွင်းရေးမှုးအား ဖမ်းဆီးသဖြင့် ​ကျောင်းသား သပိတ် ပေါ်ပေါက်ခဲ့လေသည်။
 
ကျောင်းသားများသည် အတွင်းဝန်များရုံး သို့ ချီတက် ဆန္ဒပြကြရာ၊ ဂေါ်ရာစာသင်များက မြင်းနှင် တိုက်၊ နံပါတ်တုတ်နှင့် ရိုက်သဖြင့်၊ ဂျပ်ဆင် ကောလိပ်မှ ကိုအောင်ကျော် ကျဆုံးခဲ့သည်။ ကျောင်းသား အများအပြား ဒဏ်ရာ ရခဲ့ကြသည်။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား သပိတ်ပေါင်းစုံ စုစည်းမိကာ၊ [[၁၃၀၀ ပြည့် အရေးတော်ပုံဟုအရေးတော်ပုံ]]ဟု သမိုင်းဝင် မှတ်တမ်းတင်ခဲ့ကြရသည်။ ကျောင်းသူ၊ ကျောင်းသားများ မြို့မသပိတ် စခန်းတွင် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။ ဒေါက်တာဘမော် အစိုးရ ပြုတ်ကျ၍ ဦးပု အစိုးရ တက်ပြီး၊ ကျောင်းသား သပိတ်အရေး ပြီးဆုံးခဲ့ရ​လေသည်။
 
ကိုဗဟိန်းသည် ၁၉၃၉ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်၍ ဒို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်လုပ်ဆောင်ခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး၊ အင်္ဂလိပ်အပြေးတွင် မန္တလေးထောင်မှ သခင်နုတို့နှင့်အတူ[[သခင်နု]]တို့နှင့်အတူ လွတ်မြောက်ခဲ့သည်။ ဂျပန်ခေတ် [[ဒေါက်တာဘမော်]] အစိုးရလက်ထက်တွင်၊ နိုင်ငံခြားရေးဌာန အတွင်းဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဂျပန်​တော်လှန်ရေးတွင် တောင်ငူခရိုင်တွင် တာဝန်ယူခဲ့သည်။
 
ကိုဗဟိန်းသည် [[ဗမာပြည် ကွန်မြူနစ်ပါတီကိုကွန်မြူနစ်ပါတီ]]ကို တည်ထောင်သူ တစ်ဦးဖြစ်ပြီး၊ ၁၉၄၆ ခုနှသ် ကွန်မြူနစ်ပါတီ ပြောင်ထူ​​ထောင်သော အခါတွင် ဗဟိုကော်မတီ ဖြစ်ခဲ့သည်။ နောင်တွင် ပေါလစ်ဗျူရို အဖွဲ့ဝင် ဗမာပြည် အလုပ်သမားများ သမဂ္ဂ(A.B.T.U.C)၏ ဥက္ကဌ ဖြစ်ခဲ့လေသည်။ ၁၉၄၆ ခု နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးမော်ကွန်းဝင် စာရင်းတွင် ပထမအဆင့်ကျေညာပေးခြင်း ခံခဲ့ရသူ ဖြစ်လေသည်။<ref> “ဒုတိယကမ္ဘာစစ်မတိုင်မီ တကသ ဥက္ကဌများ”
</ref>
==ကိုးကား==
<references/>
[[Category:အတ္ထုပ္ပတ္တိ]]
၄၂၇၅

တည်းဖြတ်မှုများ