ဗဟိန်း၊ ကို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၇ -
၁၉၃၈ ခုနှစ်၌ ရေနံမြေ သပိတ် ပေါ်ပေါက်ခဲ့သည်။ ရေနံမြေ သပိတ်သမားများသည် [[ရန်ကုန်မြို့]]သို့ ချီတက် ဆန္ဒပြရန်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရေနံချောင်းမြို့မှ ထွက်ခဲ့ကြသည်။ ဥက္ကဌ ကိုဗဟိန်းနှင့် ကိုဗဆွေတို့သည် [[ရေနံချောင်းမြို့]]တွင် ပေါ်ပေါက်လျက်ရှိသော ကျောင်းသား သပိတ်အရေးနှင့် ရေနံမြေမှ ချီတက်လာသော သပိတ်သမားများ အရေးကို စုံစမ်းရန်ခရီးထွက်ခဲ့ကြသည်။ [[မကွေးမြို့]]၌ ရေနံမြေမှ ချီတက်လာသော သပိတ်သမားများအား တရားဟောနေစဉ်၊ အဖမ်းခံခဲ့ရလေသည်။ သမဂ္ဂ ဥက္ကဌနှင့် အတွင်းရေးမှုးအား ဖမ်းဆီးသဖြင့် ​ကျောင်းသား သပိတ် ပေါ်ပေါက်ခဲ့လေသည်။
 
ကျောင်းသားများသည် အတွင်းဝန်များရုံး သို့ ချီတက် ဆန္ဒပြကြရာ၊ ဂေါ်ရာစာသင်များက မြင်းနှင် တိုက်၊ နံပါတ်တုတ်နှင့် ရိုက်သဖြင့်၊ ဂျပ်ဆင် ကောလိပ်မှ [[ဗိုလ်အောင်ကျော်|ကိုအောင်ကျော်]] ကျဆုံးခဲ့သည်။ ကျောင်းသား အများအပြား ဒဏ်ရာ ရခဲ့ကြသည်။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား သပိတ်ပေါင်းစုံ စုစည်းမိကာ၊ [[၁၃၀၀ ပြည့် အရေးတော်ပုံ]]ဟု သမိုင်းဝင် မှတ်တမ်းတင်ခဲ့ကြရသည်။ ကျောင်းသူ၊ ကျောင်းသားများ မြို့မသပိတ် စခန်းတွင် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။ ဒေါက်တာဘမော် အစိုးရ ပြုတ်ကျ၍ ဦးပု အစိုးရ တက်ပြီး၊ ကျောင်းသား သပိတ်အရေး ပြီးဆုံးခဲ့ရ​လေသည်။
 
ကိုဗဟိန်းသည် ၁၉၃၉ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်၍ [[ဒို့ဗမာ အစည်းအရုံးသို့အစည်းအရုံး]]သို့ ဝင်ရောက်လုပ်ဆောင်ခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး၊ အင်္ဂလိပ်အပြေးတွင် မန္တလေးထောင်မှ [[သခင်နု]]တို့နှင့်အတူ လွတ်မြောက်ခဲ့သည်။ ဂျပန်ခေတ် [[ဒေါက်တာဘမော်]] အစိုးရလက်ထက်တွင်၊ နိုင်ငံခြားရေးဌာန အတွင်းဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဂျပန်​တော်လှန်ရေးတွင် တောင်ငူခရိုင်တွင် တာဝန်ယူခဲ့သည်။
 
ကိုဗဟိန်းသည် [[ဗမာပြည် ကွန်မြူနစ်ပါတီ]]ကို တည်ထောင်သူ တစ်ဦးဖြစ်ပြီး၊ ၁၉၄၆ ခုနှသ် ကွန်မြူနစ်ပါတီ ပြောင်ထူ​​ထောင်သော အခါတွင် ဗဟိုကော်မတီ ဖြစ်ခဲ့သည်။ နောင်တွင် ပေါလစ်ဗျူရို အဖွဲ့ဝင် ဗမာပြည် အလုပ်သမားများ သမဂ္ဂ(A.B.T.U.C)၏ ဥက္ကဌ ဖြစ်ခဲ့လေသည်။ ၁၉၄၆ ခု နိုဝင်ဘာလ ၂၀ ရက်နေ့တွင် မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးမော်ကွန်းဝင် စာရင်းတွင် ပထမအဆင့်ကျေညာပေးခြင်း ခံခဲ့ရသူ ဖြစ်လေသည်။<ref> “ဒုတိယကမ္ဘာစစ်မတိုင်မီ တကသ ဥက္ကဌများ”