မြစေတီကျောက်စာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဥ ဉ
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7
စာကြောင်း ၁ -
[[File:Myazedi-Inscription-Pyu.JPG|thumb | မြစေတီ ကျောက်စာတိုင်]]
အေဒီ ၁⁠၁၁၃ ခုနှစ် က ကျောက်တုံးပေါ်တွင် ရေးထိုးခဲ့သော '''မြစေတီကျောက်စာ''' သည် မြစေတီ ခြေရင်းနားတွင် တွေ့ရှိရသည်။<ref>[{{Cite web |title=Myazedi and Rosetta Stone Inscriptions (Dr. Khin Maung Nyunt) |url=http://www.myanmar.gov.mm/Perspective/persp2000/12-2000/ros.htm Myazedi|accessdate=16 andOctober Rosetta2010 Stone|archivedate=8 InscriptionsFebruary (Dr2005 |archiveurl=https://web.archive.org/web/20050208085632/http://www.myanmar.gov.mm/Perspective/persp2000/12-2000/ros.htm Khin Maung Nyunt)]}}</ref> [[ရာဇကုမာရ်]] ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ်ကျောက်စာဟုလည်းခေါ်သည်။ အလားတူ ကျောက်စာတစ်ခုကိုလည်း မြစေတီအနီးရှိ အဆောက်အဦးတွင်လည်း တွေ့ရသည်။ ၎င်းကျောက်စာ နှစ်ခုစလုံးတွင် မျက်နှာလေးဖက်ပါပြီး ပါဠိ၊ [[မွန်]]၊ [[မြန်မာ ဘာသာ|မြန်မာ]] နှင့် [[ပျူ]] ဘာသာများတို့ဖြင့် ရေးသားထားသည်။ မြစေတီ ကျောက်စာတိုင်သည် အမြင့် ၅၅ လက်မ ရှိ၍ လေးဖက်လုံးတွင် အကျယ် ၁၄ လက်မရှိသည်။
 
မြစေတီကျောက်စာအရ ရာဇကုမာရ်မင်းသားသည် [[ကျန်စစ်သား]]မင်းနှင့် ကြင်ရာတော် သမ္ဘူလ၏သားဖြစ်သည်ဟု သိရသည်။ ကျန်စစ်သား မင်းဖြစ်သောအခါ သမ္ဘူလနှင့်သား (ရာဇကုမာရ်) မြို့တော်သို့ ရောက်လာသည်။ သို့သော် သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ပဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့် မွန်ဘုရင် [[မနုဟာမင်း|မနူဟာ]]၏မြေးတော်သူတို့မှ ဖွားမြင်သည့် မြေးတော်[[အလောင်းစည်သူ]] အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓညဝတီတောင်စဉ် ၇ ခရိုင်အားပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ ရာဇကုမာရ်ကလည်း ကျေးဇူးသိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင်ရွှေ၊ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ ထိုသို့သော ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။