မြစ်ကြီးနားခရိုင်: တည်းဖြတ်မှု မူကွဲများ

No edit summary
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7
စာကြောင်း ၄၇ -
 
== လူနေမှုနှင့် စီးပွားရေး ==
မြစ်ကြီးနား ခရိုင်၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၅၃၁,၈၇၃ ဖြစ်၏။<ref>{{Citation |date= 26 August 2014|title= Provisional Results Census 26 August 2014 FINAL|publisher= ပြည်သူ့အင်အားဦးစီးဌာန|page= ၂၁|url= http://www.dop.gov.mm/wp-content/uploads/2012/12/Census_Provisional_Results_2014_ENG1.pdf|accessdate= February 26, 2015|archive-date= 12 September 2014|archive-url= https://web.archive.org/web/20140912105647/http://www.dop.gov.mm/wp-content/uploads/2012/12/Census_Provisional_Results_2014_ENG1.pdf|url-status= dead}}</ref> လူဦးရေအများစုမှာ ကချင်လူမျိုးဖြစ်၍၊ ရှမ်း၊ မြန်မာ၊ အဇီ၊ လရှီ၊ လီရှော၊ မရူ၊ မိုင်းသာ၊ ဖွန်း စသော လူမျိုးများလည်း နေထိုင်လျက် ရှိသည်။ ခရိုင်အတွင်း မှီတင်းနေထိုင်ကြသော လူများစုသည် လယ်ယာ ခြံမြေ တည်ထောင်စိုက်ပျိုးခြင်းဖြင့် အသက်မွေးမြူကြသော တောင်သူလယ်သမားများသာ ဖြစ်၏။ စိုက်ပျိုးလုပ်ကိုင်သော မြေဧကပေါင်းမှာ ၁၇၅,၉၅၄ ဧက ဖြစ်သည်။ မြေပြန့်ဒေသများတွင် စပါး၊ မြေပဲ၊ ကြံ စသည်တို့စိုက်ပျိုး၍ တောင်တန်းဒေသများတွင် တောင်ယာခုတ်ကာ တောင်ယာစပါး၊ နှမ်း၊ ပဲ၊ ပြောင်း၊ ပိန်းဥ စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်သည်။ မြေပြန့်ဒေသရှိ လယ်မြေများတွင် မျိုးကောင်းမျိုးသန့်များ ပိုမို တိုးချဲ့စိုက်ပျိုးခြင်း၊ မြေဩဇာ သုံးစွဲခြင်း၊ ပိုမွှားရောဂါ နှိမ်နင်းပေးခြင်းတို့ဖြင့် စပါးပိုမိုထွက်ရှိရေးကို ဆောင်ရွက်လျက် ရှိသည်။ တောင်ယာ ခုတ်လုပ် စိုက်ပျိုးရာတွင်လည်း လှေခါးထစ်စံနစ်ဖြင့် ပိုမိုကောင်းမွန်သော မျိုးကောင်းမျိုးသန့်စပါးများသာမက၊ တောင်တန်းဒေသနှင့် သင့်လျော်သော ကော်ဖီ၊ လက်ဖက်၊ လိမ်မော်၊ သစ်ကြား၊ ပန်းသီး၊ သစ်သော့သီးများအပြင် ဆေး၊ ဂန္ဓမာ၊ စမုံစပါး၊ ပွေးကိုင်းနှင့် အခြားအဖိုးတန် ဘယဆေးပင်များကိုပါ စိုက်ပျိုးနိုင်အောင် ကူညီအားပေးလျက် ရှိသည်။ မြစ်ကြီးနားခရိုင်၌ ၁၉၆၁-၆၂၃ မိုးရာသီတွင် မိုးမြေပဲ ၃၅, ၉၃၇ ဧကစိုက်ပျိုးခဲ့၍၊ ၁၉၆၂ -၆၃ ဆောင်းရာသီ၌ ဧကပေါင်း ၃,၅ဝဝ တိုးချဲ့ စိုက်ပျိုးခဲ့သည်။ မြစ်ကြီးနားခရိုင်တွင် ကြံစိုက်ပျိုးသော ဧကပေါင်းမှာ ၁၁, ၃၆၂ ဖြစ်သည်။ အဓိကအားဖြင့် ကချင်ပြည်နယ်တွင် စိုက်ပျိုးသော ကြံပင်များသည် နမ္မတီး၊ ဆားမှော်စသည့် သကြားစက်များ၌ သကြားထုတ်လုပ်ရန်အတွက်ဖြစ်သည်။ ၁၉၆၁ - ၆၂ ခုနှစ်တွင် နမ္မတီး သကြားစက်မှ သကြားတန်ချိန် ၁, ဝ၄၁, ၉၄ဝ ထွက်ရှိခဲ့၏။
 
မြစ်ကြီးနားခရိုင်အတွင်း ပယင်းကို ဟူးကောင်းမြေပြန့်နှင့် မိုင်းကွမ်းတို့တွင်တွေ့ရသည်။ ကျောက်စိမ်းတွင်းများမှာ မိုးကောင်းမြို့နယ် ဖာကန်၊ လုံခင်၊ ဝှေခါနှင့် တာမခံ စသည်တို့တွင် ရှိသည်။