နယူးယောက်ပြည်နယ်: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: {{Infobox အမေရိကန်ပြည်နယ် |Fullname = နယူးယောက်ပြည်နယ် |Name = နယူး...
 
No edit summary
စာကြောင်း ၄၈ -
|Website = www.ny.gov
}}
 
နယူးယောက်သည် [[အမေရိကန်ပြည်ထောင်စု]] အရှေ့မြောက်ပိုင်းတွင် ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ နိုင်ငံအတွင်း တတိယမြောက် လူဦးရေ အများဆုံး ပြည်နယ် ဖြစ်သည်။ နယူးယောက်ပြည်နယ်သည် တောင်ဖက်တွင် [[နယူးဂျာစီပြည်နယ်]] နှင့် [[ပင်ဆယ်ဗေးနီးယားပြည်နယ်]] ၊ အရှေ့ဖက်တွင် [[ကော်နက်တိကပ်ပြည်နယ်]]၊ [[မက်ဆာချူးဆက်ပြည်နယ်]]၊ [[ဗားမောင့်ပြည်နယ်]] တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည်။ လောင်းအိုင်းလန်း ကျွန်း၏ အရှေ့ဘက် ရို့ဒ်အိုင်းလန်းနှင့် ရေကြောင်းနယ်နိမိတ်ချင်း ထိစပ်လျှက်ရှိပြီး နိုင်ငံတကာ နယ်နိမိတ် အဖြစ် [[ကနေဒါနိုင်ငံ]] အွန်တေရီအို ဒေသ နှင့် ကွီးဘက်ဒေသတို့နှင့် ထိစပ်လျှက် တည်ရှိသည်။ နယူးယောက်ကို [[နယူးယောက်မြို့]]မှ ခွဲခြား သိရှိနိုင်ရန် အတွက် နယူးယောက်ပြည်နယ်ဟု ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြသည်။
 
နယူးယောက်မြို့သည် အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ အများဆုံး မြို့ ဖြစ်ပြီး ငွေကြေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ သယ်ယူပို့ဆောင်ရေး ဆိုင်ရာ နှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ အချက်အချာ နေရာ ဌာနအဖြစ် ကျော်ကြားသည်။ သမိုင်းကြောင်းအရလည်း အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ရာ လူဝင်မှုကြီးကြပ်ရေး တံခါးဝအဖြစ် ထင်ရှားသည်။ အမေရိကန် ကုန်သွယ်ရေးဌာန ၏ အဆိုအရ နယူးယောက်မြို့သည် နိုင်ငံခြား ခရီးသွား အများအပြား သွားရောက်ရန် ဆန္ဒရှိသော နေရာ အဖြစ် သိရသည်။ ပြည်နယ်နှင့် မြို့တော် နှစ်ခုစလုံးမှာ ၁၇ ရာစု ယောက် မြို့စားကြီး ဂျိမ်းစတူးအတ် ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။
 
==ကိုးကား==