ကွင်းစလန်ပြည်နယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၆၉ -
အင်္ဂလိပ်ပိုင်နယ်မြေအဖြစ် သိမ်းယူခဲ့ပြီးလျှင်၊ နယူးဆောက်
သဝေးဟု အမည်ပေးခဲ့သည်။
 
၁၈၂၆ ခုနှစ်၌ မောတင်ပင်လယ်အော် ကမ်းခြေသို့ ဗြိတိသျှ
အကျဉ်းသမားတို့ လာရောက်နေထိုင်ကြရာမှ ထိုသူတို့ အခြေ
စိုက် နေထိုင်ရန်ဒေသအဖြစ် ၁၈၄၂ ခုနှစ်တွင် ဖွင့်လှစ်ပေးခဲ့
သည်။ ထိုပြည်နယ်သည် ၁၈၅၉ ခုနှစ်တွင်မှ သီးခြားပြည်နယ်
တစ်ခု ဖြစ်လာသည်။ ၁၈၆၈ ခုနှစ်တွင် ထိုပြည်နယ်၌ ရွှေကို
တွေ့ရှိလေရာ၊ လူဦးရေမှာလည်း တိုးတက်ခဲ့၏။ ၁၈၉၉ ခုနှစ်
တွင် သြစတြေးလီးယား ဓနသဟာယနိုင်ငံစုထဲတွင် ပါဝင်သော
ပြည်နယ်တစ်ခု ဖြစ်လာသည်၊ ထိုပြည်နယ်ကို ဗြိတိသျှ ဘုရင်
မင်းမြတ်က ခန့်ထားသော ဘုရင်ခံက အုပ်ချုပ်၏။ သူ့ကို
အမှုဆောင်ဝန်ကြီး ၁ဝ ဦးက ကူညီသည်။ လွှတ်တော်တစ်ရပ် သာ ပါဝင်သော ပြည်နယ်ပါလီမန်သို့ တက်ရောက်ရသော
အမတ်ပေါင်းမှာ ၆၂ ယောက် ဖြစ်သည်။ သြစတြေးလီးယား
ဗဟိုပါလီမန်သို့ ကွင်းစလန်ပြည်နယ်မှ အောက်လွှတ်တော်
အမတ် ၁ဝ ဦးနှင့်အထက်လွှတ်တော် အမတ် ၆ ဦး
စေလွှတ်နိုင်လေသည်။ ကွင်းစလန်ပြည်နယ်တွင် ယောကျာ်း
မိန်းမမရွေး မဲပေးနိုင်၏။
 
ထိုပြည်နယ်၏ အံ့ချီးဖွယ်ရာတစ်ခုမှာ ဂရိတ်ဗဲရီးယားရိခေါ်
သန္တာကျောက်တန်းကြီး ဖြစ်၏။ ထိုကျောက်တန်းကြီးမှာ
ရေထဲမှ တောင်တန်းကြီတစ်ခု ထိုးထွက်နေသကဲ့သို့ တည်ရှိ
သည်။ ကွင်းစလန်ပြည်နယ်မှာ သဘာဝပစ္စည်း ပေါများကြွယ်ဝ
သော်လည်း၊ အလုပ်သမားနည်းပါးသဖြင့် လုပ်ငန်းများ
တိုးတက်သင့်သလောက် မတိုးတက်ခဲ့ချေ။
 
သြစတြေးလီးယားတိုက်သို့ ဦးစွာလာရောက် အခြေစိုက်သူ
များက အပူပိုင်းကျရောက်သောဒေသများသည် သူတို့ကျန်းမာ
ရေးနှင့် သင့်တော်မည်ဟု မထင်ကြချေ။ ထို့ကြောင့် ပထမ၌
ကွင်းစလန်ပြည်နယ်သည် လူနေ နည်းပါးလေသည်။ သို့သော်
နောင်အခါ၌ ကျန်းမာရေးကို မထိခိုက်ကြောင်း သိလာသော
အခါ ပြည်နယ်၏ လူဦးရေမှာ တဖြည်းဖြည်း တိုးတက်လာ
လေသည်။
 
 
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)</ref>
==ကိုးကား==