ကြက်ငှက်တုပ်ကွေးရောဂါ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁၁ -
 
 
ပရိုတင်း haemagglutinin ပါသော ဗိုင်းရပ်စ်ကို HA ဟူ၍၎င်း၊ ပရိုတင်း neura-minidase ပါသော ဗိုင်းရပ်စ်ကို NA ဟူ၍ ၎င်း အတိုကောက် သင်္ကေတများနှင့် သတ်မှတ်ခွဲခြားလိုက်သည်။ သိပ္ပံပညာရှင်များက HAA အမျိုးအစားမှ အမျိုးအစားခွဲပေါင်း (၁၆)မျိုးနှင့် NA မှ အမျိုးအစားခွဲပေါင်း (၉)မျိုး ဖော်ထုတ် တွေ့ရှိရသည်။ ထို့ကြောင့် အေ ဗိုင်းရပ်စ်ပိုးမှ တွဲစပ်၍ရသော အမျိုးအစားပေါင်းမှာ ၁၆ x ၉ = (၁၄၄)မျိုး ဖြစ်နိုင်ပေသည်။ တုပ်ကွေး ရောဂါသည် ကမ္ဘာပေါ်၌ ဆောင်းရာသီသို့ ရောက်ရှိသည့်အခါတိုင်း ပေါ်ပေါက်လာလေ့ရှိသည်။ နှစ်စဥ်နှစ်တိုင်းနှစ်စဉ်နှစ်တိုင်း တုပ်ကွေးရောဂါပိုးသည် တဖြည်းဖြည်းနှင့် သန္ဓေပြောင်းလဲသွားလေ့ရှိသည်။ အချို့သောနှစ်များမှ တုပ်ကွေးရောဂါပိုး အမျိုးအစားများသည် အခြားနှစ်များမှ တုပ်ကွေးရောဂါပိုး အမျိုးအစားများထက် ပို၍ ဒုက္ခပေးလေ့ရှိသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် တုပ်ကွေးရောဂါပိုး ကူးစက်ခံရသည့် အရေအတွက်မှာလည်း လူဦးရေ၏ ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကွဲပြားလေ့ရှိသည်။ တုပ်ကွေးရောဂါကြောင့် အသက်အရွယ်ကြီးရင့်သူများနှင့်နာတာရှည်ရောဂါသည်များ သေဆုံးကြရသည်။ နှစ်စဥ်နှစ်စဉ် ကမ္ဘာတစ်ဝန်းလုံး၌ တုပ်ကွေးရောဂါကြောင့် လူဦးရေ တစ်သန်းခန့် သေဆုံးနေကြရသည်။ ကျန်းမာရေးနှင့် ပြည့်စုံသူများအဖို့မူ ရာသီအလိုက် ဖြစ်ပေါ်လာသော တုပ်ကွေး ရောဂါကြောင့် အသက်အန္တရာယ်ကို စိုးရိမ်ဖွယ်မရှိချေ။ ထိုတုပ်ကွေးသည် ယခင် တွေ့ကြုံဖူးခဲ့သော တုပ်ကွေးများနှင့် အနည်းငယ်မျှသာ ကွဲပြားခြား
နားသည်ဖြစ်၍ ကျွန်ုပ်တို့က ရောဂါကို အတန်ငယ်ခံနိုင်ရည် ရှိနေပြီဖြစ်သည်။
 
သို့ရာတွင် မကြာခဏဆိုသလို အလွန်ဆန်းသစ်သော အေ အမျိုးအစား ဗိုင်းရပ်စ်တစ်မျိုး ပေါ်ထွက်လာတတ်၏။ ဤကဲ့သို့ ဖြစ်ပေါ်မှုကို ပဋိပစ္စည်းပြောင်းလဲသွားမှု (antigenic shift) ဟု ခေါ်ဝေါ်သတ်မှတ်၏။ ထိုကဲ့သို့ ဖြစ်လာပါက အဆိုပါ ဗိုင်းရပ်စ်ပိုး၏ ဒဏ်ကို မည်သူမျှ ခံနိုင်ရည် မရှိကြတော့ချေ။ ထိုကိစ္စကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ကြရတော့မည် ဖြစ်ပါ၏။ ကူးစက်ရောဂါ ဖြစ်ပွားခြင်း (epidemic) ဆိုသည်မှာ လူအများအပြားအား ကူးစက်နိုင်သည့်ရောဂါ ရုတ်တရက် ဖြစ်ပွားလာခြင်းဖြစ်၏။ ကပ်ဆိုက်သည် (pandemic) ဆိုသည်မှာ အဆိုပါ ကူးစက်ရောဂါသည် တစ််ကမ္ဘာလုံးသို့တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခြင်းပင်ဖြစ်တော့၏။
၂ဝ ရာစုနှစ်အတွင်းက တုပ်ကွေးရောဂါ ကပ်ဆိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့၏။ ၁၉၁၈-ခုနှစ်၊ ၁၉၅၇-ခုနှစ်နှင့် ၁၉၆၈- ခုနှစ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ ၁၉၁၈-ခုနှစ်က ဖြစ်ပွားသော တုပ်ကွေးသည်အဆိုးရွားဆုံးဖြစ်၏။ တစ်ကမ္ဘာလုံးတွင် လူပေါင်း သန်း ၅ဝကျော် အသက် ဆုံးရှုံးခဲ့ရ၏။ စာရေးဆရာ ဂျွန်ဘာရီ (John Barry) က ထိုရောဂန္တရကပ်အကြောင်း စာအုပ်တစ်အုပ်ပင် ရေးသားပြုစုခဲ့၏။
 
စာကြောင်း ၃၉ -
==အလွန်ကြောက်မက်ဖွယ် ကောင်းသော ရောဂါပိုး==
ဤဗိုင်းရပ်စ်ပိုး H5N1သည် အခြားအခြားသော တုပ်ကွေးဗိုင်းရပ်စ်များနှင့် လုံးဝမတူချေ။ ကူးစက်ခံရသူ၏ အဆုတ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ထိုးနှက်လေ့ရှိပြီး အထူးသဖြင့် လူကိုသေစေနိုင်လောက်သည့် ဘေး
အန္တရာယ်ဖြစ်စေသည်။ ထိုဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်သော Antiviral ဆေးဝါးဖြစ်သည့် oseltamivir (Tamiflu) သည် စမ်းသပ်စဥ်ကစမ်းသပ်စဉ်က အောင်မြင်မှု အလားအလာများစွာ ကောင်းမွန်ခဲ့ပါ၏။ သို့ရာတွင် ရောဂါ လက္ခ
ဏာများအရ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း သိရှိရပြီး ၄၈ နာရီအတွင်း ထိုကာကွယ်ဆေးကို အသုံးပြုရမည် ဖြစ်သည်။
ထို့ကြောင့် ထိုကာကွယ်ဆေးကို အသုံးပြုမည်ဆိုပါက ရောဂါလက္ခဏာကို လျင်မြန်စွာ သိရှိနိုင်ရန် အထူးလိုအပ်လာလေသည်။
နောက်ဆုံးတွင် ဤတုပ်ကွေး ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အကောင်းဆုံးလုပ်ငန်းစဥ်မှာအကောင်းဆုံးလုပ်ငန်းစဉ်မှာ ရောဂါရှင်များကို ကုသရန်ထက် ကြိုတင်၍ ကာကွယ်ထားရန်ပင်ဖြစ်တော့သည်။
လွန်ခဲ့သော သြဂုတ်လမှဩဂုတ်လမှ စမ်းသပ်ချက်များအရ ကာကွယ်ဆေးကို တစ်လအတွင်း နှစ်ကြိမ်ခွဲ၍ ထိုးပေးခြင်းက အကောင်းဆုံး ဖြစ်သည်ဟု ဆိုလေသည်။
 
==ရောဂန္တရကပ်နှင့် နီးကပ်မှု==
လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝ အတွင်းက ကမ္ဘာအနှံ့ ဖြစ်ပွားခဲ့သော ရောဂါကပ်ဆိုက်မှုပေါင်း ၁ဝ ကြိမ်အထိ ရှိခဲ့သည်။ အနီးစပ်ဆုံး ကပ်ဆိုက်မှုမှာ ၁၉၆၈-ခုနှစ်က ဖြစ်ပွားခဲ့သည့် 'ဟောင်ကောင်တုပ်ကွေး' ဖြစ်သည်။
သို့ရာတွင် သိပ်မပြင်းထန်လှပါ။ ယခု ပူပန်သောကဖြစ်နေကြရသည့် အချက်တစ်ချက်မှာ H5N1သည် မနေမနား လှုပ်ရှားနေပုံရခြင်းပင် ဖြစ်သည်။ ယခုနှစ် နွေဦးရာသီက တရုတ်နိုင်ငံတောင်ပိုင်း၌ ဘဲငန်းရိုင်းများကို ထောင်နှင့်ချီ၍ သေစေခဲ့သည်။
နွေရာသီကမူ ဆိုက်ဗေးရီးယားရှိ ငှက်များအတွင်း ဤဗိုင်းရပ်စ်ပိုး ပေါ်ပေါက်လာခဲ့ပြန်သည်။ လွန်ခဲ့သော မေလက ဂျာဗားကျွန်း အနောက်ပိုင်းတွင် ဝက်အချို့၌ ဤဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း သတင်းရရှိခဲ့ပြန်သည်။ ပို၍ပင် သောကဖြစ်စရာကောင်းသည့် ကိစ္စများ၊ ဂျကာတာမြို့တော်ရှိ ကြက်ငှက်မွေးမြူရေး စခန်းအချို့မှ ကြက်များသည် နေမကောင်းသည့် ပုံသဏ္ဌာန်မျိုး အလျဥ်းမပြဘဲအလျဉ်းမပြဘဲ ၄င်းတို့တွင် H5N1 ဗိုင်းရပ်စ်ပိုးများ ရှိနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဆိုသော အချက်ပင်ဖြစ်သည်။ သေနေသောကြက်များ မရှိတော့ပါက အဆိုပါ ဗိုင်းရပ်စ်ပိုးသည် မည်သည့်နေရာဆီသို့ ရွေ့လျားနေကြောင်း သိရှိနိုင်ရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။
 
==ရောဂန္တရကပ်၏ ပုံပန်းသဏ္ဌာန်==
စာကြောင်း ၅၆ -
ပြီးတော့လဲ နေရာပေါင်း ၅ဝဝဝ လောက်မှာ တစ်ချိန်တည်းမှာလဲ ဖြစ်ပွားနိုင်ပါတယ်'ဟု လေးဗစ်က ဆိုသည်။
 
H5N1 ရောဂါပိုးသည် နှာချေရုံ၊ ချောင်းဆိုးရုံမျှနှင့် ကူးစက်နိုင်တော့မည်ဆိုပါက ကာကွယ်ကြဖို့ ကြိုတင်၍ အချက်ပြနိုင်မည့်အချိန် သိပ်များများစားစား ရနိုင်ဖွယ်မရှိတော့ချေ။ ကမ္ဘာပေါ်တွင် နှစ်စဥ်လူပေါင်းနှစ်စဉ်လူပေါင်း သန်းတစ်ထောင်ကျော် လေကြောင်းဖြင့် ခရီးသွားလာနေကြသည်။ ထို့ကြောင့်ရောဂါ အမှန်တကယ် ဖြစ်ပွား
လာသည်ဆိုပါက ထိုရောဂါသည် တစ်ကမ္ဘာလုံးသို့ နာရီအနည်းငယ်အတွင်း ပျံ့နှံ့ရောက်ရှိသွား တော့မည်သာ ဖြစ်သည်။ အကယ်၍ ကမ္ဘာပေါ်ရှိ လေဆိပ်အားလုံးကို ပိတ်ပစ်လိုက်သည့်တိုင်အောင် ရောဂါပျံ့နှံ့မှုမှာ နှစ်ပတ်၊ သုံးပတ်ခန့် နောက်ကျသွားရုံမျှသာ ရှိလိမ့်မည်ဟု ကွန်ပျူတာများနှင့် ဖန်တီးကြည့်မှုမှ ဖြေပေါ်ထွက်လာသည်။ ဤရောဂါဖြစ်ပွားလာပါက လူဦးရေ ၂ သန်းမှ ရ.၄ သန်းအထိ သေဆုံးကြဖွယ်ရှိသည်။ ကိန်းဂဏန်းအမှန်မှာ ထို့ထက်ပင်ပို၍ များပြားနိုင်ဖွယ် ရှိသည်ဟု W.H.O က ဆိုသည်။
 
== ကာကွယ်ဆေး ထုတ်လုပ်မှု==
တစ်ကမ္ဘာလုံးတွင် ဆယ်နိုင်ငံထက် မပိုသော နိုင်ငံများ၌သာ မိမိနိုင်ငံအတွင်း၌ သုံးစွဲရန်အတွက် ကြက်ငှက် တုပ်ကွေးရောဂါ ကာကွယ်ဆေးများကို ထုတ်လုပ်ရန် ကြိုးပမ်းနေကြသည်။ သာမန် တုပ်ကွေးရောဂါ ကာကွယ်ဆေးများသည်ပင်လှျင် အကျိုးအမြတ် ရရှိရန် မလွယ်ကူလှချေ။ ထိုဆေးများ၏ သက်တမ်းမှာ တိုတောင်းလှသောကြောင့် နှစ်စဥ်နှစ်စဉ် သက်တမ်းကုန်သည့် ဆေးများကို စွန့်ပစ်နေကြရသဖြင့် အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများက ထုတ်လုပ်ရန် လက်ရှောင်ခဲ့ကြလေသည်။ ယခု ဤကြက်ငှက် တုပ်ကွေးရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်တော့မည်ဆိုပါက မိမိတို့ လိုလားသလောက် လျင်မြန်စွာ ထုတ်လုပ်နိုင်ကြမည်မဟုတ်ပါ။ ကာကွယ်ဆေး ဖော်စပ်ရန် အဆင့်ပေါင်း များစွာကို ကျော်ဖြတ်ရန် ရှိနေသောကြောင့်ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ကာကွယ်ဆေး ထုတ်လုပ်ပေးနိုင်မည့် စုစုပေါင်း ပမာဏမှာ တစ်နှစ်လှျင်သန်း ၃ဝဝ မျှသာရှိသည်။ လူ ၂ဝ လျှင် တစ်ယောက်အတွက် လုံလောက်ရုံမျှသာ ရှိသည်။
လက်ရှိ ကာကွယ်ဆေးမှာ ရောဂါဖြစ်နိုင်ချေရှိသည့် တုပ်ကွေးဗိုင်းရပ်စ်ရောဂါပိုး သုံးမျိုးကို ကာကွယ်နိုင်ရန် ပေါင်းစပ်ထား ခြင်းဖြစ်သည်။ ရောဂန္တရကပ် ဆိုက်ရောက်လာပြီဆိုပါက ဤဆေးဝါးလုပ်ငန်းက ရောဂန္တရကပ် နှင့်ဆိုင်သော ကာကွယ်ဆေး တစ်မျိုးတည်းကိုသာ အာရုံပြု၍ ထုတ်လုပ်သွားတော့မည်ဖြစ်သည်။