မီခေး ပရိုခိုရော့ဗ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နှုတ်ထွက် +နုတ်ထွက်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သည် ။ +သည်။)
စာကြောင်း ၃၇ -
၂၀၀၈ခုနှစ် ဧပြီလတွင် ပရိုခိုရော့ဗ်သည် သူ့ပိုင်ဆိုင်မှုများထဲတွင် တန်ဖိုးအရှိဆုံးဖြစ်သော နော်ရယ် နစ်ကယ်ကုမ္ပဏီ၏ ၂၅%အပါအဝင် ရှယ်ယာ၂ခုကို ဘီလျံနာ တစ်ဦးဖြစ်သူ [[အိုလက်ဂ် ဒါရီပါစကာ]]မှထိန်းချုပ်ထားသော အခြားသတ္ထုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် ယူနိုက်တက် ကုမ္ပဏီ RUSAL သို့ ရောင်းချခဲ့သည်။ ထိုပိုင်ဆိုင်မှုများကို ငွေသားဒေါ်လာ ၅ ဘီလျံတန်ဖိုးရှိသော ရူဆယ်လ်စတော့၁၄%နှင့်လက်ငင်း လဲလှယ်ခဲ့ပြီး ဒေါ်လာ ၂ဘီလျံ ထပ်မံပေးချေရန် သဘောတူညီမှုရရှိခဲ့သည်။ ထိုသို့ပြုလုပ်လိုက်ခြင်းက ပရိုဟော့ဗ်ကို ကြီးကျယ်သော အောင်မြင်မှုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ သူရှယ်ယာများကို ရောင်းချပြီးနောက် ၃လခန့်အကြာတွင်ရုရှားကုမ္ပဏီအများစု၏တန်ဖိုးကို ထက်ဝက်ခန့် လျော့ကျစေခဲ့သော စံချိန်တင်စတော့ဈေးကွက်ပြိုလဲမှု ဖြစ်ပေါ်ခဲ့ရာ နော်ရယ်ကုမ္ပဏီလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။
 
ပရိုခိုရော့ဗ် သည် ယင်းအကြပ်အတည်းတွင် အချိန်မီငွေကြေးစိုက်ထုတ် ဖြေရှင်းပေးနိုင်သည့် အလွန့်အလွန်ရှားပါးသည့် လုပ်ငန်းရှင်များထဲတွင် တစ်ယောက်အနေဖြင့် ထွက်ပေါ်ခဲ့သည်။ သို့သော် ၎င်း၏ကျန်ရှိနေသေးသော အခြားသော ကုမ်ပဏီများမှ လုပ်ငန်းများ( ရူဆဲလ်နှင့် အခြားရင်းနှီးမြှပ်နှံမှုများ အပါအဝင် ) ၏တန်ဖိုးမှာထိုးကျ နေသောကြောင့် ၎င်း၏ကြွယ်ဝချမ်းသာမှုများကို ထိခိုက်စေခဲ့သည် ။ထိခိုက်စေခဲ့သည်။ ရူဆဲလ်မှပေးရန် ကျန်နေသော အရစ်ကျငွေကိုလည်း ရွှေ့ဆိုင်းခဲ့ရသည်။
 
၂၀၀၈ခုနှစ် စက်တင်ဘာလတွင် ရုရှားနိုင်ငံ၏ အဓိက ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးဖြစ်သော ရန်းနာ့ဆန့်စ် ထံမှ ၅၀%သော ချေးငွေကို ရရှိခဲ့သည်။ သတင်းများအရထိုဘဏ်သည် ငွေသားလက်ငင်းပေးချေနိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟုလည်း ဆိုကြသည်။ အိုနက်စ်စင်မ်သည် အသေးစားဘဏ်လုပ်ငန်း တစ်ခုကိုလည်း ဝယ်ယူခဲ့ပြီးနောက် ပရိုခိုရော့ဗ် ၉၀ခုနှစ်များက အလုပ်လုပ်ခဲ့သောဘဏ်ကို အမှတ်ရသောအားဖြင့် အိုင်အက်ဖ်စီ (IFC) ဟု နာမည်ပြောင်းခဲ့သည်။ အိုနက်စ်စင်မ်ဂရု(ပ်)၏ဌာနခွဲတစ်ခုသည် နာနိုတက္ကနိုလိုဂျီ အဆင့်မြင့်နည်းပညာစီမံကိန်းဖြစ်သည့် ဝှိုက် အယ်လ်အီးဒီများကို ပစ်မှတ်ထားရင်းနှီးမြှုပ်နှံခဲ့သည်။ ထိုစီမံကိန်းများမှ စွမ်းအင်ထုတ်လုပ်ခြင်း နှင့် ဆေးပညာရပ်သုံးပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် အလွန်သေးငယ်သော ဖွဲ့စည်းတည်ဆောက် ပုံရှိသော အရာများထုတ်လုပ်ခြင်း ကိုအဓိက ဖွံ့ဖြိုးအောင်လုပ်ဆောင်နိုင်ခဲ့သည်။