မြင်းစီးခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သည် ။ +သည်။)
စာကြောင်း ၂ -
မြင်းစီးခြင်းသည် ရှေးအခါက မင်းညီမင်းသားတို့ တတ်အပ်သော အတတ်ပညာတို့တွင် တစ်ခုအပါအဝင် ဖြစ်သည်။ စက်မှုလက်မှုလုပ်ငန်းများ မထွန်းကားသေးသည့်ခေတ်အခါက လူတို့၏ ခရီးသွားလာရေး ကိစ္စများတွင် မြင်းသည် အရေးပါအရာရောက်ဆုံးဖြစ်ခဲ့သည်။ သို့ရာတွင် စက်မှုလက်မှု လုပ်ငန်းများ ထွန်းကား၍ မီးရထား၊ မော်တော်ကား အစရှိသော သယ်ယူပို့ဆောင်ရေး ယာဉ်များ ပေါ်ပေါက်လာသည့်အခါ၌ကား မြင်းဖြင့် ခရီးသွားလာခြင်းမှာ တစတစ နည်းပါးလာလေသည်။ ယခုအခါ မြင်းစီးခြင်းကို များသောအားဖြင့် လူတို့၏ ဝါသနာထုံရာ ကစားပျော်ပါးမှုတစ်ရပ် အဖြစ်ဖြင့် ယူဆကြသည်။ ယခုခေတ်တွင် ခရီးသွားလာရေးကိစ္စများအတွက် မြင်းကို အသုံးနည်းသွားသော်လည်း မြင်းပြိုင်ပွဲများ ပြုလုပ်ရာတွင်လည်းကောင်း၊ တောထဲ၌ အမဲလိက်ရာတွင်လည်းကောင်း၊ အပျော်သက်သက် ခရီးထွက်ရာတွင်လည်းကောင်း မြင်းကို
အသုံးပြုလျက်ပင်ရှိကြသေးသည်ဖြစ်ရာ မြင်းစီးအတတ်ကို အတော်အသင့် သိရှိနားလည်ထားသင့်ကြပေသည်။ မြင်းစီးရာတွင် အသုံးပြုလေ့ရှိကြသော မြင်းကုန်းနှီးများမှာ
မြန်မာကုန်းနှင့် အင်္ဂလိပ်ကုန်းမှာ မြန်မာကုန်းထက် စီးရာတွင် ပိုမိုညင်သာသည်။ ယခုအခါ မြနမာကုန်းနှီးများကို ရှေးကလောက် အသုံးမပြုကြတော့ဘဲ၊ အင်္ဂလိပ်ကုန်းနှီးကိုသာ အသုံးများလျက်ရှိကြသည်။ မြင်းစီးသည့်အခါ မြင်းစီးဘောင်းဘီနှင့် နောက်ပိတ်ဖိနပ်များကို ဝတ်ဆင်၍ စီးနိုင်လျှင် ပို၍ သင့်လျော်လေသည် ။သင့်လျော်လေသည်။ မြင်းစီးစသင်သူသည်
ကပ်၍ မြင်းဖက်သို့ မျက်နှာမူကာ ရပ်နေပြီးလျှင် မြင်းဇက်ကြိုးနှင့်လည်ဆံမွှေးကို လက်ဝဲလက်တွင် ဆုပ်ကိုင်ထားရ၏။ ထိုနောက် လက်ဝဲဖက် ခြေနင်းကွင်းကို မိမိ၏ လကျာ်လက်ဖြင့် ကိုင်၍ မိမိ၏ လက်ဝဲဖက်ခြေဖဝါးကို ခြေနင်းကွင်းတွင်းသို့ သွင်းပေးလိုက်ရ၏။ ထိုနောက် မြင်းကုန်းထိပ်ကို ညာလက်ဖြင့် ဆုပ်ကိုင်ပြီးလျှင် ကုန်းပေါ်သို့ ညင်သာစွာလွှားတက်လိုက်ရလေသည်။ ကိုယ်ခန္ဓာ အလေးချိန်သည် မြင်းကျော်ပေါ်တွင် အညီအမျှ ကျရောက်နေစေရန် သတိပြု၍ ထိုင်ရ၏။ စီးသောအခါ စိတ်ကိုရဲတင်းစွာထား၍ ဖြည်းဖြည်းမှန်မှန် စီးရသည်။ အနှေးစီးကျင့်သည့် အခါ၌ ခြေနင်းမပါဘဲ ဒူးနှစ်ဖက်နှင့် ညှပ်ပြီး စီးနိုင်လျှင် သာ၍ကောင်းလေသည်။ ဤသို့ရက်အနည်းငယ် စီးသားရ၍ အတော်အသင့် ကျင့်သားရလာသည့်အခါ အသားကျ (လေးဖက်ကျ) စီးခြင်း၊ ခွာစုံ စီးခြင်းနှင့် ဒုန်းစီးခြင်း စသော အမြန်စီးနည်းတို့ကို တစ်ဆင့်မှ တစ်ဆင့်သို့ တက်၍ လေ့ကျင့် စီးသွားနိုင်လေသည်။