စူဠာမဏိဘုရား: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၃ -
စူဠာမဏိ ဘုရားဘွဲ့တော်မှာ (စူဠ-သျှောင်ထုံး၊ မုနိ-ဘုရား) ဟူ၍ အဓိပ္ပာယ် ရသည်။ ဘုရားအတွင်းရှိ ခရစ် ၁၅ ရာစုက ရေးထိုးထားသည့် မင်စာတွင် ဘုရားဘွဲ့တော်ကို "ဇောတမဏိ၊ ပတ္တမြား ရောင်လျံ " ဟုဖော်ပြ ထားသည်။
 
စူဠာမဏိ ဘုရားကျောက်စာအရ နရပတိစည်သူမင်းသည် ၂ဝ အောက်တိုဘာ ၁၁၈၃ တွင် ပုဂံအရှေ့ဘက် ခြောက်မိုင် အကွာ တုရင်းတောင်သို့ ထွက်ခွာစဥ်ထွက်ခွာစဉ် တောက်ပသော အရောင်ကို မြင်မိသည်။ နရပတိ စည်သူမင်းက မှူးမတ်တို့အား '''ထို တောက်ပသော အရာသည် မီးလော''' ဟုမေးမြန်းရာ မှူးမတ်တို့က''' မီး''' ဟု လျှောက်တင်ခဲ့သည်။ နရပတိစည်သူမင်းသည် တုရင်းတောင်မှ အပြန်တွင် ထိုတောက်ပသော အရာပေါ် ထွက်နေသည့် နေရာကို မြတ်စွာတကား ဟုဆို၍ ဂူတည်ဆောက်ရန် အရာနင်းခဲ့သည်။ ထို့နောက် ထိုနေရာတွင် လိုဏ်နှစ်ဆင့် ဂူဘုရား တည်ဆောက်ခဲ့သည်။ နရပတိ စည်သူများကြီးသည် စူဠာမဏိ ဘုရား တည်ဆောက်ပြီးစီး သောအခါ ရေစက်သွန်း အမှျဝေခဲ့သည်။ သာသနာတော် အနှစ် ၅၀၀ဝ တည်တံ့ရန် ရည်ရွယ်၍ လယ်ယာမြေများလည်း လှူဒါန်းခဲ့သည်။ စူဠာမဏိ ဘုရားတွင် နံရံဆေး ပန်းချီများ၊ အင်္ဂတေ ပန်းလက်ရာများ၊ စဥ့်ကွင်းများကို လေ့လာနိုင်သည်။
 
စူဠာမဏိ ဘုရားတွင် [[ပုဂံခေတ်]]၊ [[အင်းဝခေတ်]] နှင့် [[ကုန်းဘောင်ခေတ်]] လက်ရာ နံရံပန်းချီများကို တွေ့ရသည်။ ဂူဘုရား မြေညီထပ် အလယ်မဏ္ဍိုင် ပတ်လည် စင်္ကြပေါင်းကူး မျက်နှာကြက်တွင် အဝါရင့် နှင့် အနက်ရောင် ဆေးတို့ဖြင့် ရေးဆွဲထားသည့် ပုဂံခေတ်လက်ရာ ခြူးပန်း ခြူးနွယ် နှင့် ကနုတ်ပန်းများ ရှိသည်။ မြေညီထပ် ဗုဒ္ဓရုပ်ပွား ဆင်းတုကြီး များ၏ ဘေးနှင့် စင်္ကြနံရံတွင် ကုန်းဘောင်ခေတ် လက်ရာနံရံပြည့် ရေးဆွဲထားသည့် ဗုဒ္ဓရုပ်ပွားပုံ၊ မြတ်စွာ ဘုရားဝါဆိုစဥ်များ၊ဘုရားဝါဆိုစဉ်များ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပုံ၊ ဧတဒဂ်ရ ပုဂ္ဂိုလ်များနှင့် ဗုဒ္ဓ၏တပည့် သာဝက (၈၀) တို့၏ ပုံများရှိသည်။ ဂူဘုရား အတွင်း ခေတ်အဆက်ဆက်က ရေးမှတ်ခဲ့သော နံရံကမ္ပည်း စားများရှိပြီး အချို့မှာ သင်္သကရိုက်ဘာသာ၊ အချို့မှာ ရှေးမြန်မာ အက္ခရာ တို့ဖြင့် ရေးထိုးထားသည်။
 
ဂူဘုရား၏ အပြင်ပတ်လည်တွင် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် တိုင်ဖုံးပန်းများ၊ ဘီလူး ပန်းဆွဲများ၊ ကနုတ်ပန်းများ၊ ပုလဲလုံးများ၊ ရာမလက်ညှိုးနှင့် စုလစ်မွန်းချွန် တံကဲပန်းများကို လေ့လာနိုင်သည်။ ဂူဘုရား၏ ပစ္စယာအဆင့်ဆင့် စိန်တန်းများတွင် စဥ့်ဝါနှင့် စဥ့်စိမ်းရောင် စဥ့်ကွက် စဥ့်ပန်းများဖြင့် မွမ်းမံ တန်ဆာဆင် ထားသည်။
 
နှောင်းခေတ်တွေမှာ ပုဂံဘုရားတွေကိုပြုပြင်ကြရင်းနဲ့ မူလလက်ရာတွေ ပျက်စီးကုန်တာလဲ မနည်းပါ။ မပြုပြင်ခင်က မူလလက်ရာ ဘယ်လောက်ကျန်ပြီး ဘယ်လိုပုံစံမျိုးရှိခဲ့မလဲဆိုတာ၊ ဒီနေ့မှာ ဘယ်သူမှ တပ်အပ် မပြောနိုင်ကြတော့ပါ။ ဒီတော့ အနီးစပ်ဆုံး အမှန်ရရှိနိုင်ဖို့ သုတေသန ပြုကြရပါမယ်။ အရင်တုန်းကလဲ ဒီလိုလုပ်ခဲ့ကြတာကြောင့် အခုလဲ ဒီလိုပဲ လုပ်မယ် ဆိုတာမျိုး၊ ကောင်းအောင်ပြင်တာပဲ ဖျက်တာမှ မဟုတ်တာလို့ စိတ်ထဲမှာရှိနေရင်၊ ရှေးဟောင်း အဆောက်အဦးတွေ ပြင်တဲ့ ပုဂ္ဂိုလ်များ ကြပ်ကြပ် စဥ်းစားသင့်ကြပါတယ်။စဉ်းစားသင့်ကြပါတယ်။ နောင်ပြင်ရန်ခက်တဲ့အမျိုးလို့ စာဆိုရှိတဲ့အတိုင်း မပြုပြင်ခင်ကတည်းက လေ့လာကြဖို့၊ တိုင်ပင်ကြဖို့၊ ပညာရှင်တွေရဲ့ အမြင်တွေနဲ့ ညှိနှိုင်းကြဖို့လိုပါလိမ့်မယ်။
 
မကြာသေးခင်ကမှ တပြိုင်နက်တည်းလိုပဲ အသစ် ထပ်ထည့်တာတွေကတော့ ဆိုခဲ့တဲ့ ထိပ်ပိုင်းက စေတီအငယ်တွေပါပဲ။ အရင်တုန်းကတည်းက လုပ်နိုင်ရဲ့သားနဲ့ မလုပ်ခဲ့တာကတော့၊ အစိတ်အပိုင်းတွေကို ပြောင်းလဲပြင်ဆင် (alteration) ၊ ဖြုတ်ပစ် (obliteration)၊ပုံစံမတူတဲ့ အသစ်တွေ ထပ်ဖြည့်ထည့် (addition) စတာတွေ မလုပ်ဘူးဆိုတဲ့၊ တချိန်က ရှေးဟောင်းကျောက်စာဌာန၊ ရှေးဟောင်းသုတေသနဌာနကို ဦးစီးအုပ်ချုပ်သူတွေနဲ့ သမိုင်းသုတေသီ ပညာရှင်တွေရဲ့ အင်မတန်မှ လေးစားစရာ ခံယူချက်နဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ပေမယ်။
စာကြောင်း ၁၆ -
 
ကွန်းတောင်ပေါက် ဂူဘုရားတွေရဲ့ ကွန်းတောင်ထိပ်ပိုင်းမှာ စွန်ကုပ်တွေ ပါလေ့ရှိတယ်။ အဲဒီ စွန်ကုပ်တွေရဲ့ အပေါ်မှာ နည်းနည်းသိမ်သွားတဲ့ အပိုင်းရှိပြီး အထက်မှာ စေတီ၊ ထိပ်ဆုံးမှာ အထွတ် တပ်ပါတယ်။ မြင်းကပါ ဂူပြောက်ကြီး၊ ထီးလိုမင်းလို၊ စူဠာမဏိ၊ တရုတ်ပြေး စတဲ့ ဂူဘုရားကြီးတွေမှာ ကွန်းတောင် အထက်စေတီ ပြိုကျသွားလို့ မနေ့တနေ့ကအထိ ရှေးဟောင်းပုံစံအတိုင်း ရှိနေခဲ့သေးတယ်။
<ref>ဦးမောင်မောင် (ဘီအေ)သမိုင်း၊ ရန်ကုန်တက္ကသိုလ် ၏ မြန်မာ့ယဥ်ကျေးမှုမြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပုဂံစေတီပုထိုးများ</ref>
 
==ကိုးကား==