ဆေးလိပ်: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ဆေးလိပ်သည် လူ၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်...
 
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁၀ -
 
အင်္ဂလန်သို့ ဆေးရွက်ကြီး ယူဆောင်လာခဲ့သူမှာ ဆာဝေါ်လတာရော်လီ ဖြစ်ပါသည်။ ဆေးလိပ်သောက်သုံးစက ဆာဝေါ်လတာ၏ အဖြစ်အပျက်ကလေးတခုမှာ ထင်ရှားပါသည်။ တနေ့တွင် ဆာဝေါ်လတာသည် အခန်းထဲတွင် တကိုယ်တည်းထိုင်ပြီး ဆေးလိပ်သောက်နေပါသည်။ မီးခိုးများလည်း တလူလူ ထွက်နေပါသည်။ ထိုအချိန်တွင် ဆေးလိပ်သောက်သည်ကို မမြင်ဖူးသော ဆာဝေါ်လတာ၏ အစေခံသည် သူ့သခင်ကို မီးလောင်နေသည်ထင်ပြီး မီး-မီး ကယ်ကြပါ-ဟု ထိတ်လန့်တကြား အော်ဟစ်ရင်း သူ့သခင်ကို ရေနှင့်လောင်းခဲ့ဖူးပါသည်။
၁၆၀၀-ပြည့်နှစ်ရောက်သောအခါ ဆေးရွက်ကြီးသည် ဥရောပတိုက်မှတဆင့် ဂျပန်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံများသို့ ပျံ့နှံ့လာခဲ့ပါသည်။ မြန်မာနိုင်ငံတွင်မူ မြန်မာသက္ကရာဇ် ၉၉၁ (ခရစ်နှစ် ၁၆၂၉) သာလွန်မင်းတရား လက်ထက်တွင် ဆေးလိပ်သောက်ဆေး စတင်ရောက်ရှိလာကြောင်း အထောက်အထားများ အရ သိရှိရပါသည်။ စိန္တကျော်သူ၏ သြဝါဒထူးပျို့တွင်ဩဝါဒထူးပျို့တွင် ဆေးတံညို တတိုလောက်၊ ရော့သောက်တော့ပေး၊ ဆေးတအိုးကျွမ်း၊ ကွမ်းတယာညက်-စသော စကားများ ပါဝင်နေခြင်းက စိန္တကျော်သူ၏ လက်ထက် (မြန်မာနှစ် ၁၀၉၈-၁၁၃၃) (ခရစ်နှစ် ၁၇၃၆-၁၇၇၁) တွင် ဆေးလိပ်သောက်ခြင်းဓလေ့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိနိုင်ပါသည်။
 
မြန်မာသက္ကရာဇ် ၁၁၂၈-ခုနှစ်တွင် ဆင်ဖြူရှင်မင်းတရားသည် ဒွါရာဝတီကို အောင်မြင်ပြီးသောအခါ မြန်မာတပ်မတော်သားများ ယိုးဒယားတို့ ငှက်ပျော်ဖက်သောက်သည်ကို အတုယူပြီး ငှက်ပျောဖက်၊ ကွမ်းသီးဖက်၊ သနပ်ဖက်များဖြင့် ဆေးပေါ့လိပ် စတင်လိပ်ကာ သောက်သုံးခဲ့ကြပါသည်။ ယခုအခါ ကမ္ဘာပေါ်တွင် ဆေးပေါ့လိပ်သောက်သုံးသော တခုတည်းသောနိုင်ငံမှာ မြန်မာနိုင်ငံသာ ရှိပါတော့သည်။
 
ဤသို့ဖြင့် အမေရိကတိုက်မှ ဆေးရွက်ကြီးများသည် ကမ္ဘာတခွင်လုံးသို့ ပြန့်နှံ့လာခဲ့ပါသည်။ ခရစ်နှစ် ၁၆၁၂-တွင် အမေရိကနိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၌ ဆေးရွက်ကြီးကို စတင်စိုက်ပျိုးခဲ့ရာ အထူးအောင်မြင်ပြီး ကမ္ဘာ့ဆေးရွက်ကြီးစျေးကွက်ကိုကမ္ဘာ့ဆေးရွက်ကြီးဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့ပါသည်။
စီးကရက်ကို စတင်သုံးစွဲသူများမှာ စပိန်နို်င်ငံ၊ ဆီဗီးလ်မြို့မှ သူတောင်းစားများဖြစ်ပါသည်။ သူတို့သည် စွန့်ပစ်ထားသော ဆေးလိပ်တိုများမှ ဆေးရွက်ကြီးအမှုန့်များကိုရရာ စက္ကူများဖြင့် ပတ်ပြီး သောက်သုံးခဲ့ပါသည်။ ၄င်းဆေးလိပ်မျိုးကို စပိန်ဘာသာဖြင့် စီဂါရီလို (Cigarello) ဟုခေါ်ဆိုပါသည်။ နောင်တွင်မှ ပြင်သစ်တို့က စီးကရက် (Cigarette) ဟုအမည်ပေးခဲ့ပါသည်။
 
၁၈၈၁-ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ စီးကရက်စက်ရုံ စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ၁၈၈၄-ခုနှစ် ဧပြီလ ၃၀-ရက်နေ့တွင် ဂျိမ်းစ်အေဘွန်ဆက်သည် တရက်လှျင် စီးကရက်တသိန်း နှစ်သောင်းထွက်နိုင်သော စီးကရက်စက်ရုံကို တည်ထောင်ချိန်မှစ၍ စီးကရက်စျေးနှုန်းများစီးကရက်ဈေးနှုန်းများ ကျဆင်းလာပြီး သောက်သုံးမှုလည်း တိုးပွားလာပါသည်။ ၁၈၉၂-ခုနှစ်တွင် အလွယ်တကူ သယ်ဆောင်သွားနိုင်သော မီးခြစ်များ ပေါ်ထွက်လာသော အခါ စီးကရက်သောက်သုံးမှုမှာ အလွန်တွင်ကျယ်လာခဲ့ပါသည်။
 
ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်များတွင် စီးကရက်သည် စစ်သားများအတွက် မရှိမဖြစ်လိုအပ်သော ရာရှင်ပါပစ္စည်းတခု ဖြစ်လာပါသည်။ ၁၉၁၃-ခုတွင် ပေါ်ပေါက်သော Camel စီးကရက်သည် ပထမဆုံး ခေတ်ပေါ်နည်းပညာဖြင့် ထုတ်လုပ်သော စီးကရက်ဖြစ်ပါသည်။ ၁၉၇၂-တွင် Marlbolo (မာပိုလို) စီးကရက်သည် ကမ္ဘာ့ရောင်းအား အကောင်းဆုံး စီးကရက် ဖြစ်လာပါသည်။ စင်စစ် Marlbolo ဆိုသောအမည်မှာ Men always remember Ladies because of romance only ဆိုသော ဝါကျမှ ရှေ့ဆုံးစားလုံးများကို ဆက်ခေါ်ဆိုခြင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်မူ လင်းခေးဦးထွန်းမြင့်သည် အမေရိကန်နိုင်ငံမှ ဗာဂျီးနီးယားဆေးရွက်ကြီးကို ယူဆောင်လာပြီး လင်းခေးမြို့တွင် ဗာဂျီးနီးယားဆေးရွက်ကြီး လုပ်ငန်းကို စတင်ရင်း မြန်မာ့ဆေးလိပ်ခေတ်ကို ဆန်းသစ်စေခဲ့ပါသည်။
စာကြောင်း ၂၅ -
၁၉၆၂-ခုနှစ်တွင် အမေရိကန်အစိုးရသည် သိပ္ပံပညာရှင် ၁၀-ဦးကို ဆေးလိပ်သောက်ခြင်းအကြောင်း သုတေသနပြုစေပါသည်။ ၄င်းတို့သည် ၂-နှစ်ကြာ သုတေသနပြုပြီးနောက် ၁၉၆၄-ခုနှစ် ခွဲစိတ်ကုဆရာဝန်များညီလာခံတွင် ဆေးလိပ်သောက်ခြင်းကြောင့် အဆုပ်ကင်ဆာဖြစ်ပွားနိုင်ကြောင်း အထောက်အထားများဖြင့် တင်ပြနိုင်ပါသည်။ ထိုအချိန်မှစ၍ စီးကရက်ဘူးခွံများတွင် ဆေးလိပ်သောက်ခြင်း သည် အန္တရာယ်ရှိကြောင်း သတိပေးချက်များ ထွက်ပေါ်လာပါသည်။
 
ယခုအခါတွင် အမေရိကန်တနိုင်ငံတည်းမှာပင် စီးကရက်သောက်သုံးမှုကြောင့် နှစ်စဥ်နှစ်စဉ် လူဦးရေ ၄၄၂၀၀၀-သေဆုံးလျက်ရှိပါသည်။ အဆုပ်ကင်ဆာဖြစ်ပွားသူ ၉၀% မှာ ဆေးလိပ်ကြောင့်ပင် ဖြစ်ပါသည်။
<ref>သန်းမင်းထွဋ် ( မင်္ဂလာမောင်မယ် ၂၀၀၉-ခု ဧပြီလ)</ref>
==ကိုးကား==