ဇက်ခရီ တေလာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (robot Modifying: he:זאכרי טיילור
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁၆ -
|-
|'''ကွယ်လွန်ရပ်'''
|[[အိမ်ဖြူတော်]] [[၀ါရှင်တန်ဝါရှင်တန် ဒီစီ]]
|-
|အခြားအမည်
စာကြောင်း ၄၉ -
ကြီးပြင်းအရွယ်ရောက်သော် မိသားစုနှင့်အတူ [[ကင်တက်ကီပြည်နယ်]]သို့ ပြောင်းရွှေ့အခြေချသည်။ ဗွေနာဗစ်စတာစစ်ပွဲတွင် မက္ကဆီကိုဗိုလ်ချုပ်ကြီးအား အနိုင်ယူတိုက်ခိုက် ပြခဲ့သည်မှစကာ နာမည်ကျော်ကြားလာသည်။ ပုံစံက ကသိုက်ကရိုက်၊ ဆံပင်ဖုတ်သိုက်ဖြင့်နေတတ်သည်။
 
တေလာမှာ ဝှစ်ပါတီဝင်ဖြစ်သည်။ ရှေ့တန်းမှရေးပို့သည့်စာများကြောင့် ပါတီတွင်းလူကြိုက်များကာ သမ္မတလောင်းအဖြစ်ဝင်အရွေးခံရန် ရွေးချယ်ခံရသည်။ သူ့ကိုယ်နှိုက်အနေဖြင့် အရွေးခံရန်မဆိုနှင့်၊ မဲရုံသွားကာမဲပေးဖူးခြင်းဟူသည့် အတွေ့အကြံုမျိုးအတွေ့အကြုံမျိုး လုံးဝမရှိဟု ဆိုကြသည်။ အရပ်ဖက်အုပ်ချုပ်ရေးတာဝန်မျိုး မထမ်းဆောင်ဖူးချေ။ သို့သော် အောင်မြင်သော စစ်သားဘဝပုံရိပ်က လူများအကြိုက်ဖြစ်နေသဖြင့် သူသမ္မတဖြစ်လာသည်။ သမ္မတဖြစ်လာသောအခါ နိုင်ငံရေးအတွေ့အကြံုမရှိသဖြင့်နိုင်ငံရေးအတွေ့အကြုံမရှိသဖြင့် အခက်အခဲများစွာကို ရင်ဆိုင်လာရသည်။ ကျေးပိုင်ကျွန်ပိုင်ပြဿနာ၊ တိုးလာမည့်ပြည်နယ်အသစ်များတွင် ကျေးကျွန်စနစ်ခွင့်ပြုရေး-မပြုရေးစသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။ ကိုယ်တိုင်ကလည်း ကျေးပိုင်ကျွန်ပိုင်တစ်ဦးဖြစ်သဖြင့် ဖြေရှင်းရန်လက်တွန့်နေသည်ဟုလည်း ဆိုကြသည်။ မြောက်ပိုင်းပြည်နယ်များတွင် ဝှစ်ပါတီရှံူးပြီး ကျွန်လွတ်မြောက်ရေးဝါဒီများ အနိုင်ရလာသည်။
 
မက္ကဆီကိုနှင့်စစ်ပွဲ မပြီးမီကပင် ပင်ဆီဗေးနီးယားမှ ဒီမိုကရက်လွှတ်တော်အမတ် ဒေးဗစ် ဝီလ်မို က နယ်မြေသစ်များတွင် ကျေးကျွန်စနစ်တားမြစ်ရေးအတွင် ဥပဒေတင်သွင်းရန် လွှတ်တော်တွင်း ကြိုးပမ်းနေခဲ့ပြီဖြစ်သည်။ ၁၈၄၇တွင် အောက်လွှတ်တော်မှ အတည်ပြုပေးလိုက်ပြီး အထက်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးကြသည်။ ထိုအချိန် သမ္မတဖြစ်လာသူ ဇက်ခရီတေလာအနေဖြင့် ထိုဥပဒေကို အတည်ပြုရေး-မပြုရေးမှာ စိန်ခေါ်မှုကြီးဖြစ်လာရသည်။ လူသိရှင်ကြား မည်သို့မှ မဆိုခဲ့ဘဲ ရွေးကောက်ပွဲကာလ မဲဆွယ်စဥ်ကပင်မဲဆွယ်စဉ်ကပင် ထိုဥပဒေကြမ်းအတည်ဖြစ်လာလှျင် ဗိတိုအာဏာသုံးပြီး ပယ်ချမှုမျိုး မလုပ်ဟု ဂတိပေးခဲ့ဖူးခြင်းကြောင့်လည်း ဝှစ်ပါတီတွင်း တောင်ပိုင်းသားများ၏ ငြိုငြင်ခြင်းကို ခံရတော့သည်။ ထို့အတူပင် ထွက်ပြေးကျေးကျွန်များကို နယ်ကျော်ဖမ်းဆီးပြန်ပို့ခြင်းဆိုင်ရာ ဥပဒေကိုအတည်ပြုရန် တောင်ပိုင်းသားများက အလိုရှိကြပြန်သည်။
 
တက္ကဆပ်ပြည်နယ်သည် ပြည်နယ်သစ်အဖြစ်ရောက်လာခဲ့ချိန်မှ စကာ ကျေးကျွန်စနစ်ကို ကျင့်သုံးခဲ့ပြီးဖြစ်သဖြင့် ကျန်နောက်တိုးပြည်နယ်များကလည်း ငွေဝယ်ကျွန်စနစ်ကို ကျင့်သုံးလာကြမည့် ပြဿနာကလည်း ရှိနေပြန်သည်။ သို့ဖြင့် သမ္မတတေလာသည် နောက်တိုးပြည်နယ်များဖြစ်လာမည့် နယူးမက္ကဆီကို၊ ကယ်လီဖိုးနီးယား စသည့် ပြည်နယ်များတွင် ငွေဝယ်ကျွန်စနစ် အသက်မဝင်စေရန် ကြိတ်ဖြေရှင်းသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကျေးကျွန်စနစ်တားမြစ်ရေးဥပဒေကြမ်းကို နောက်ကောက်ချနိုင်မည်ဖြစ်သော်လည်း နယူမက္ကဆီကိုက အထူးဒေသအဆင့်သာ လှျောက်ထားခြင်း၊ ကယ်လီဖိုးနီးယားက ပြည်နယ်အဆင့်လှျောက်ထားသော်လည်း နယ်မြေအချို့ကို ချန်လှပ်လှျောက်ထားသဖြင့် ထိုနယ်မြေများအတွင်းတွင် ငွေဝယ်ကျွန်စနစ်ပြဿနာ ဆက်လက်တည်ရှိနေသဖြင့် တေလာ၏ ကြိုးပမ်းမှုများအရာမထင်ခဲ့ပေ။ ထိုမှျမက သမ္မတနှင့် ပါတီတို့ လက်တွဲမလုပ်သဖြင့် ပါတီဝင်များအနေဖြင် အထက်ဖော်ပြပါ နယ်မြေများ၏ လွှတ်တော်နှင့် အုပ်ချုပ်ရေးရွေးကောက်ပွဲများတွင် ရှံူးနှိမ့်ပြန်သည်။
စာကြောင်း ၅၇ -
သို့ဖြင့် ဝှစ်ပါတီကွဲသည်။ မြောက်ပိုင်းသားတို့အနေဖြင့်လည်း တောင်ပိုင်းသားတို့အား ငွေဝယ်ကျွန်စနစ်ကို စေ့စပ်ညှိနှိုင်းလှျင် နိုင်ငံရေးအရှံူးပေါ်မည်ကို သိနားလည်ကြသည့်တိုင် ပြည်တွင်းစစ်ကြီးသို့ ဦးတည်နေသော ခြေလှမ်းများကို မည်သို့မှျ မတားဆီးနိုင်ကြတော့ပေ။ ထိုသို့သောအခြေအနေတွင် သမ္မတတေလာတစ်ယောက် လွတ်လပ်ရေးနှစ်ပတ်လည် ဧည့်ခံပွဲအခမ်းအနားတွင် အပူအပင်မရှိသည့်ပုံမျိုးဖြင့် စားကောင်းသောက်ဖွယ်သီးနှံတို့ကိုစားသောက်ပြီး ညပိုင်းတွင်ဗိုက်အောင့်လာသဖြင့် ဆရာဝန်ခေါ်ယူသည်။ သို့သော်သက်သာလာခြင်းမရှိဘဲ နောက်ငါးရက်အကြာတွင် ကွယ်လွန်သည်။ အဆိပ်ခပ်ခံရသည်ဟု ထင်ကြေးပေးကြသော်လည်း ၁၉၉၁တွင် သူ၏ရုပ်ကလာဒ်ကို ပြန်လည်တူးဖော်၍ ဓာတုဗေဒနည်းဖြင့်ပြန်လည် စစ်ဆေးခဲ့ရာ အဆိပ်ကြောင့်ကွယ်လွန်သည့်အထောက်အထားမတွေ့ပေ။
 
ဇက်ခရီ တေလာသည်စစ်မြေပြင်တွင် သူရဲကောင်းဗိုလ်ချုပ်အဖြစ်အောင်မြင်သော်လည်း၊ စားပွဲထိုင်သမ္မတရာထူးအတွက်တော့ အရှံုးသာပြောစမှတ်တွင်ခဲ့ရရှာသည်။အရှုံးသာပြောစမှတ်တွင်ခဲ့ရရှာသည်။
 
==ကိုးကား==