"နရဲစွမ်" ၏ တည်းဖြတ်မှု မူကွဲများ

၅၂၈၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ လ
အရေးမကြီး
အရေးမကြီး
အရေးမကြီး (→‎ပဲခူး၌)
နရဲစွမ်သည် ၎င်း၏ခမည်းတော်၊ ပဲခူးဘုရင်တို့နှင့် ပူးပေါင်းကာ လင်းဇင်းမြို့တော် ဗီယက်ချင်းအား သိမ်းပိုက်ရန် ကြိုးစားသော်လည်း ကျောက်ရောဂါဖြစ်၍ ပြန်လာခဲ့ရသည်။ ထို့နောက် ၎င်း၏ မိဖများထံ အလည်အပတ်သွားရောက်ချိန် အယုဒ္ဓယ၌ ချန်ကစမ်နန်းတော်အား တည်ဆောက်ခဲ့လေသည်။
 
၁၅၈၁ ခုနှစ်တွင် ဘုရင်နောင်နတ်ရွာစံပြီးနောက် နန္ဒဘုရင် နန်းတတ်လာခဲ့သည်။ ထိုအချိန် ဦးရီတော် အင်းဝမြို့စား သတိုးမင်းစောက ၁၅၈၃ ခုနှစ်တွင် ပုန်ကန်လေသည်။ နန္ဒဘုရင်လည်း ပြည်၊ တောင်ငူ၊ ဇင်းမယ်၊ ဗီယက်ကျင်းနှင့် အယုဒ္ဓယဘုရင်တို့အား အကူအညီပေးရန် ဆင့်ဆိုလေသည်။ဆင့်ဆိုလေသည်။၁၅၈၄ ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့တွင် နန္ဒဘုရင်၏အိန့်တော်အတိုင်းပဲခူးသို့ စစ်ကူလာခဲ့ပြီး ဧပြီလတွင်နယ်စပ်သို့ ရောက်လေသည်။ ဒမ်ရောင်း၏အဆိုအရ ထိုသို့စစ်ချီလာခြင်းသည်ပင် နန္ဒဘုရင်၏စိုးရိမ်စိတ်ကို ဖြစ်ပေါ်လာစေပြီး သားတော် မဟာဥပရာဇာအား မြို့ကို စောင့်ကြပ်နေစေ၍ ဗြနရာဇ်အားသုတ်သင်ရန် အမိန့်တော်ရှိလေသည်။ မြန်မာ့ ရာဇဝင်သမိုင်းတို့တွင်ဖော်ပြသည်ကား နန္ဒဘုရင်သည် အင်းဝသို့မချီမီကပင် မင်းကြီးစွာအား မြို့စောင့်အဖြစ်ထားခဲ့ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
 
ဒမ်ရောင်း ဆက်လက်ဖော်ပြသည်မှာ နရဲစွမ်သည် ကရင် နယ်စပ်မြို့သို့ ရောက်သည်နှင့် မဟာဥပရာဇာ စေသော ဗ​ြရံနှင့် ဗြကိရက် နှစ်တပ်သည် နောက်ဘက်မှ တိုက်၍ မဟာဥပရာဇာ၏တပ်က ရှေ့မှ တိုက်သည်ကို ခံရလေသည်။ ထို့နောက်နရဲစွမ်လည်း လွှတ်တော်ခေါ်၍ ထိုအထဲတွင် ဗြရမ်၊ ဗြကိရက်နှင့် အခြားမွန်တို့လည်းပါဝင်လေသည်။ နရဲစွမ် ရွှေတကောင်းမှ ရေကို မြေသို့လောင်း၍ ဟံသာဝတီနှင့် ဆီယမ်တို့ကြားရှိခဲ့သော ချစ်ကြည်မှုသည် ယနေ့အချိန်မှစ၍ နောက်သို့မရှိပြီ ဆိုကာ နတ်တို့အား တိုင်တည်လေသည်။
 
ထို့နောက် နရံစွမ်သည် ၎င်း၏ စစ်ဆင်ရေးတွင်ပါဝင်ရန် မွန်တို့အား စည်းရုံးစေပြီ ထိုတဝိုက်တွင် ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် ယိုးဒယား လူမျိုးများအား အချုပ်အနှောင်မှ လွှတ်ကာ ပဲခူးသို့ ချီလာခဲ့လေ၏။ ထိုအချိန် နန္ဒဘုရင်သည်လည်း အင်းဝအားစစ်ရှူံး၍ ဟံသာဝတီသို့ ပြန်လာချိန်ဖြစ်သည်။ နရဲစွမ်လည်း ယိုးဒယားမိသားစု ၁သောင်းခန့်အား လွှတ်ပေးပြီနောက် တပ်ဆုတ်ပြန်လေသည်။ မင်းကြီးစွာလည်း စူရကမ္မနှင့်အတူ နောက်မှလိုက်လေသည်။ ထို့နောက် စစ်တောင်းမြစ်တွင် ယိုးဒယားတပ်ကို မီလေသည်။ ထိုနေရာတွင် စူရကမ္မသည် စစ်တောင်းမြစ်အား ဖြတ်နေသည့် ဆွန်ဒက် ဗြနရဲစွမ်သုံးသော သေနတ်တော်​မှန်၍ သေရလေသည်။ ထို့ကြောင်မဟာဥပရာဇာ၏တပ်တော်လည်း ထိတ်လန့်ကာ တပ်ဆုတ်ပြန်ခဲ့ရပြီး မြို့သို့ချက်ချင်းပြန်စေသည် ဟူ၏။
 
ထို့နောက် နရဲစွမ်သည် တန်ခိုးကြီသည့် ဖွေစိုင်ကန်မှ ရေကိုသောက်ကာ ဆူခိုထိုင်းသားများနှင့် သစ္စာရေသောက်အခမ်းအနား ကျင်းလေသည်။ ယင်း၏တပ်များလည်း စဝမ်ခလောက်ဆိုသည့်နယ်အား သိမ်းယူသည်။ ၁၅၈၄ ခုနှစ်အတွင်း နရဲစွမ်သည် ပဲခူးတပ်အား တိုက်ခိုက်ရန် မြောက်ဘက်ပိုင်းပြည်နယ်များရှိ ယိုးဒယားသားတို့အား မြို့တော် အယုဒ္ဓတွင် စစ်ပြင်ရန်အတွက် စုရုန်းစေသည်။
 
==ကိုးကား==
၄၂၇၅

တည်းဖြတ်မှုများ