အင်္ဂုတ္တရနိကာယ်: တည်းဖြတ်မှု မူကွဲများ

mostly created and a small portion of Mahayana's texts is from enwiki (provided more than one source, at least, to comply with policies)
 
အရေးမကြီးNo edit summary
စာကြောင်း ၃ -
ထေရဝါဒဗုဒ္ဓဘာသာတွင် အင်္ဂုတ္တရနိကာယ်သည် ကျမ်းစာအနေဖြင့် (၁၁) ကျမ်းရှိ၍ ဆဋ္ဌသင်္ဂါယနာမူအရ စာမျက်နှာ ၁,၆၅၀ ရှိသည်။ နိကာယ်လေးခုတွင် အကြီးဆုံး၊ အကျယ်ဝန်းဆုံးဟု သတ်မှတ်ကြကာ လန်ဒန် ပါဠိစာပေအသင်းက Gradual Sayings အမည်ဖြင့် ပြန်ဆိုသည်။<ref name="mml">{{cite book |author=ဓမ္မာစရိယ ဦးမောင်မောင်လေး |title=ပိဋကတ်အနှစ်ချုပ်၊ အင်္ဂုတ္တရနိကာယ် (ဧကကနိပါတ်မှ ပဉ္စကနိပါတ်အထိ) |date=ဩဂုတ် ၁၉၈၉ |publisher=နှလုံးလှစာပေ |location=ရန်ကုန်}}</ref>
ရှေးယခင် [[သက္ကတ]]ဘာသာသုံး ဗုဒ္ဓဘာသာဂိုဏ်များ၏ သုတ္တန်ပိဋကတ်များတွင် Ekottara Āgama ဟူ၍ သုံးနီုန်းထားသည်ကို တွေ့ရှိရသည်။ ထို၌ပါသော Āgama သည် ပါဠိဘာသာအားဖြင့် နိကာယ နှင့်အတူတူပင်ဖြစ်၏ ။ တရုတ်ဘာသာဖြင့် ဘာသာပြန်မူများတွင် လည်း အင်္ဂုတ္တိရကျမ်းအပြည့်အစုံတည်ရှိ ကြွင်းကျန်ရစ်သည်ဟုဆိုသည်။ အမည်အားဖြင့် 增一阿含經 (Zēngyī Ahánjīng) ဖြစ်၍ တွေးမြင်ယူဆနိုင်ဖွယ်မှာ မဟာသံဃိကဂိုဏ်မဟာသံဃိကဂိုဏ်း (သို့) သာဝတ္ထိဝေဒဂိုဏ်းတို့၏ ပြင်ဆင်ပြုပြင်ထားမှုများမှ ဖြစ်နိုင်ပေသည်။ ကီအွန် (Keown) အဆိုအရ ပါဠိတော်ကျမ်းစာနှင့် သာဝတ္ထိဝေဒကျမ်းတို့ကြား အလွန်ကြီးမားသည့် ကွာဟချက်၊ ကွဲလွဲချက်များရှိသည်၊ မဟာယာနနွယ် သုတ်များအနက် သုံးပုံ နှစ်ပုံကျော်ကို အခြားနေရာ (ကျမ်း) များ၌မတွေ့ရသောကြောင့် ထိုသုတ္တန်ပိဋကတ်များမှ အများစုသည် နှောင်းပိုင်းမှသာဖြစ်ပေါ်လာခဲ့သည်ဟု ညွှန်းဆိုသည်။<ref>A Dictionary of Buddhism, by Damien Keown, Oxford University Press: 2004</ref>
 
==ဝေါဟာရအဓိပ္ပာယ်==