ဂျပန်ဦးနှောက်ရောင်ရောဂါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၄င်း +၎င်း, -၀င် +ဝင်)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၃ -
ကာကွယ်ဆေး၏ အဖြစ်အများဆုံး နောက်ဆက်တွဲ ဆိုးကျိုးများမှာ ဆေးထိုးသည့်နေရာတွင် နီရဲလာခြင်းနှင့် နာကျင်ခြင်းတို့ ဖြစ်သည်။ ရှားရှားပါးပါးအနေဖြင့် ဆေးထိုးပြီး (၅) ရက်အကြာတွင် အင်ပျဉ်များ ပေါ်လာတတ်သည်။ ကြွက်၏ ဦးနှောက်မှ သန့်စင်ပြီး ထုတ်ထားသော ကာကွယ်ဆေးတွင် နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပေါ်ရန် ၁ သန်းတွင် ၁ ယောက် ဖြစ်နိုင်ချေ ရှိသည်။ သို့သော် မွေးမြူထားသောဆဲလ်များမှ ထုတ်လုပ်သော ကာကွယ်ဆေးများတွင်မူ နောက်ဆက်တွဲဆိုးကျိုး အနည်းငယ်သာ ရှိသည်။ အဓိက ဆိုးကျိုးမှာ ခေါင်းကိုက်ခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့ ဖြစ်သည်။
 
ကာကွယ်ဆေးသည် အနည်းဆုံး (၂) နှစ်မှ (၃) နှစ်အထိ ကာကွယ်နိုင်သည်။ သို့သော် ထို့ထက်လည်း ပိုကြာနိုင်သည်။ စုစုပေါင်းကာကွယ်ပေးနိုင်သည့် ကာလမှာမူ မသိသေးပါ။ ထို့ကြောင့် ရောဂါကူစက်နိုင်ခြေရှိသောသူများတွင်ရောဂါကူးစက်နိုင်ခြေရှိသောသူများတွင် booster အနေဖြင့် (၃) နှစ်တစ်ကြိမ် ကာကွယ်ဆေး ထပ်မံထိုးနှံဖို့ တိုက်တွန်းထားပါသည်။
 
==ကုသခြင်း==