ဗီဇဗေဒ မိတ်ဆက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''ဗီဇဗေဒ''' (Genetics) သည် [[ဂျီး]] (gene) ခေါ် ဗီဇများ မည်သို့လုပ်ဆောင်ကြပုံကို လေ့လာသော ပညာရပ် တစ်ခုဖြစ်သည်။ သက်ရှိများသည် ၎င်းတို့၏ ပုံပန်းသဏ္ဌာန်နှင့် လက္ခဏာများကို နောက်မျိုးဆက်ထံ ဗီဇများမှတဆင့် လက်ဆင့်ကမ်းပေးလေ့ရှိသည်။ ဥပမာအားဖြင့် သားသမီးများသည် မိဘများထံမှ ဗီဇများကို မျိုးရိုးဆက်ခံခဲ့သောကြောင့် ဆင်တူမှုများရှိသည်။ ဗီဇဗေဒသည် မည်သို့သော လက္ခဏာများကို မျိုးရိုးဆက်ခံ ကြသလဲ၊ မျိုးဆက်တစ်ခုမှ နောက်မျိုးဆက်သို့ မည်သို့ လက်ဆင့်ကမ်းပေးသလဲ ဆိုသည်ကို လေ့လာခြင်းဖြစ်သည်။
 
ဗီဇဗေဒတွင် သက်ရှိများ၏ အသွင်သဏ္ဌာန်ကို လက္ခဏာ (trait) ဟု ခေါ်သည်။ လူတစ်ဦးတစ်ယောက်၏ မျက်လုံး၊ အသားအရေနှင့် ဆံပင်အရောင်၊ အရပ်အမောင်း စသည့် လက္ခဏာများမှာ မြင်သာထင်ရှားသော်လည်း သွေးအမျိုးအစား စသည့် လက္ခဏာများမှာမူ သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ ဗီဇမှတဆင့် အချို့သော လက္ခဏာများကို မိဘများထံမှ ဆက်ခံကြသည်။ အရပ်မြင့်၍ ပိန်သော မိဘများသည် အလားတူ အရပ်မြင့်၍ ပိန်သော သားသမီးများကို မွေးဖွားလေ့ရှိသည်။ အခြား လက္ခာများမှာ ဗီဇနှင့် ပတ်ဝန်းကျင် အပြန်အလှန် တုန့်ပြန်မှု၏ ရလာဒ်ဖြစ်သည်။ ကလေးတစ်ဦးသည် အရပ်မြင့်သည့် ဗီဇကို လက်ခံခဲ့သည် ဆိုဦးတော့ လူပျို /အပျိုပေါက် အချိန်အရွယ်တွင် အဟာရဓာတ် ပြည့်ပြည့်ဝဝ မရရှိလျင်မရရှိလျင်လည်း ၎င်းသည် အရပ်ပုသူ တစ်ဦးဖြစ်နိုင်သည်။ လက္ခဏာတစ်ရပ် ဖြစ်ပေါ်လာစေရန် ဗီဇနှင့် ပတ်ဝန်းကျင် တုန့်ပြန်မှုမှာ ရှုပ်ထွေးပွေလှီလှသည်။ ကင်ဆာ သို့မဟုတ် နှလုံးရောဂါဖြင့် သေဆုံးနိုင်သည့် အလားအလာမှာ လူတစ်ဦးတစ်ယောက်၏ ဗီဇနှင့် နေထိုင်စားသောက်မှုပေါ်တွင် မူတည်သည်။
ဗီဇကို [[DNA|ဒီအင်အေ]] (DNA) ခေါ် ရှည်လျားသည့် [[မော်လီကျူး]]များဖြင့် ဖွဲ့စည်းထားသည်။ ဒီအင်အေတွင် စီစဉ်တကျ စီတန်းတွယ်ဆက်ထားသည့် [[နျူကလီယိုတိုဒ်]] များပါဝင်သည်။ ယင်းအစီအစဉ်များသည် ဗီဇအချက်အလက်များကို သယ်ဆောင်ထားသည်။ ဝါကျတစ်ကြောင်းတွင် ပါဝင်သည့် စာလုံး အစီအစဉ်များ ကဲ့သို့ဖြစ်သည်။ ဒီအင်အေတွင် အချက်အလက်များကို ဗီဇသင်္ကေတ (genetic code) များဖြင့် သိမ်းဆည်းထားပြီး ထိုသင်္ကေတများကို ဖတ်ယူ ဘာသာပြန်နိုင်သည်။ ယင်းအချက်အလက်များတွင် သက်ရှိများ မည်သို့ဖွဲ့စည်းလုပ်ဆောင်ရမည်ဆိုသည့် ညွှန်ကြားချက်များ ပါဝင်သည်။