နရဲစွမ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ပဲခူး၌
စာကြောင်း ၂၇ -
 
==ပဲခူး၌==
ဘုရင့်နောင်မင်းတရားကြီးသည် မဟာသမ္မာရာဇမင်းအား သစ္စာပေးပြီး အယုဒ္ဓယကို စားစေပြီးလျှင် ယိုးဒယား-မြန်မာစစ် (၁၅၆၈-၇၀) လည်း ပြီးလေသည်။ ပဲခူးတွင် ၆နှစ်ကြာပြီး ၁၅၇၀ ခုနှစ်တွင် မင်းသားနရာဇ်နှင့် မင်းသားဖြူတို့လည်း အယုဒ္ဓသို့ ပြန်လာခဲ့လေသည်။ မြန်မာပြည်တွင် နေထိုင်စဉ်က "မြန်မာတို့၏အကောင်းဆုံးသော စစ်ပညာများကို လေ့ကျင့်သင်ကြားခွင့်ရခဲ့သည်"၊ ထို့ပြင် မြန်မာ မင်းညီမင်းသား၊ မင်းဆွေမင်းမျိုးများအား သင်ကြားပေးသည့် အဋ္ဌာရဿ ပညာတို့ကိုလည်း သင်ကြားခွင့်ရခဲ့သည်။ မင်းသား နာရာဇ်သည်နရာဇ်သည် စစ်ရေးတွင် ကျွမ်းကျင်သည်သာမက ဉာဏ်ရည်လည်းမြင့်မားလေသည်။ အထွေထွေဗဟုသုနှင့် ပက်သက်၍လည်း အထူး လေ့လာတတ်မြောက်လာခဲ့သည်။
 
မဟာသမာရာဇမင်းသည် နရာဇ် အသက် ၁၅နှစ် အရွယ်တွင် နရဲစွမ်ဘွဲ့‌ပေး၍ ဥပရာဇာပြုကာ ပိဿလောက်မြို့ကိုစားစေသည်။
စာကြောင်း ၃၆ -
ဒမ်ရောင်း ဆက်လက်ဖော်ပြသည်မှာ နရဲစွမ်သည် ကရင် နယ်စပ်မြို့သို့ ရောက်သည်နှင့် မဟာဥပရာဇာ စေသော ဗ​ြရံနှင့် ဗြကိရက် နှစ်တပ်သည် နောက်ဘက်မှ တိုက်၍ မဟာဥပရာဇာ၏တပ်က ရှေ့မှ တိုက်သည်ကို ခံရလေသည်။ ထို့နောက်နရဲစွမ်လည်း လွှတ်တော်ခေါ်၍ ထိုအထဲတွင် ဗြရမ်၊ ဗြကိရက်နှင့် အခြားမွန်တို့လည်းပါဝင်လေသည်။ နရဲစွမ် ရွှေတကောင်းမှ ရေကို မြေသို့လောင်း၍ ဟံသာဝတီနှင့် ဆီယမ်တို့ကြားရှိခဲ့သော ချစ်ကြည်မှုသည် ယနေ့အချိန်မှစ၍ နောက်သို့မရှိပြီ ဆိုကာ နတ်တို့အား တိုင်တည်လေသည်။
 
ထို့နောက် နရံစွမ်သည် ၎င်း၏ စစ်ဆင်ရေးတွင်ပါဝင်ရန် မွန်တို့အား စည်းရုံးစေပြီ ထိုတဝိုက်တွင် ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် ယိုးဒယား လူမျိုးများအား အချုပ်အနှောင်မှ လွှတ်ကာ ပဲခူးသို့ ချီလာခဲ့လေ၏။ ထိုအချိန် နန္ဒဘုရင်သည်လည်း အင်းဝအားစစ်ရှူံး၍ ဟံသာဝတီသို့ ပြန်လာချိန်ဖြစ်သည်။ နရဲစွမ်လည်း ယိုးဒယားမိသားစု ၁သောင်းခန့်အား လွှတ်ပေးပြီနောက် တပ်ဆုတ်ပြန်လေသည်။ မင်းကြီးစွာလည်း စူရကမ္မနှင့်အတူ နောက်မှလိုက်လေသည်။ ထို့နောက် စစ်တောင်းမြစ်တွင် ယိုးဒယားတပ်ကို မီလေသည်။ ထိုနေရာတွင် စူရကမ္မသည် စစ်တောင်းမြစ်အား ဖြတ်နေသည့် ဆွန်ဒက် ဗြနရဲစွမ်သုံးသော သေနတ်တော်​မှန်၍ သေရလေသည်။ ထို့ကြောင်မဟာဥပရာဇာ၏တပ်တော်လည်း ထိတ်လန့်ကာ တပ်ဆုတ်ပြန်ခဲ့ရပြီး မြို့သို့ချက်ချင်းပြန်စေသည်မြို့သို့ချက်ချင်းပြန်လေသည် ဟူ၏။
 
ထို့နောက် နရဲစွမ်သည် တန်ခိုးကြီသည့် ဖွေစိုင်ကန်မှ ရေကိုသောက်ကာ ဆူခိုထိုင်းသားများနှင့် သစ္စာရေသောက်အခမ်းအနား ကျင်းလေသည်။ ယင်း၏တပ်များလည်း စဝမ်ခလောက်ဆိုသည့်နယ်အား သိမ်းယူသည်။ ၁၅၈၄ ခုနှစ်အတွင်း နရဲစွမ်သည် ပဲခူးတပ်အား တိုက်ခိုက်ရန် မြောက်ဘက်ပိုင်းပြည်နယ်များရှိ ယိုးဒယားသားတို့အား မြို့တော် အယုဒ္ဓတွင် စစ်ပြင်ရန်အတွက် စုရုန်းစေသည်။
 
ထိုနှစ်တွင်ပင် နန္ဒဘုရင်သည် သီးခြား တပ်တော်နှစ်ခုကို စေလွှတ်ပြန်လေသည်။ ထိုတပ်တို့မှာ ပုသိမ်ဘုရင်၏တပ်နှင့် ဒုတိယတစ်ခုမှာ ညီတော် ဇင်းမယ်ဘုရင် နော်ရထာစော တို့၏ တပ်တို့ ဖြစ်ကြသည်။ ထိုနှစ်တပ်လုံး လည်း သီးခြားထိတွေ့မှုများဖြင့် အရေးနှိမ့်ကာ တပ်အားပြန်လည်မစုစည်းနိုင်ဘဲ ဆုတ်ပြန်ကြရသည်။ ထို့နောက် ၁၅၈၆ ခုနှစ် နရစွမ် သည် ဇင်းမယ်ဘုရင်အား ဖမွတ်နှင့် ဘန့်ကဲ့အို အနီးတွင် အနိုင်ရ၍ စစ်သည် ၁သောင်း၊ ဆင်၁၂၀၊ မြင်း၁၀၀၊ လှေ ၄၀၀ တို့နှင့်အတူ လက်နက်၊ ခဲယမ်း မီးကြောက် စားနပ်ရိက္ခာအမြောက်အများ သိမ်းဆီးရမိလေသည်။
 
၁၅၈၆ခုနှစ် အောက်တိုဘာလ တွင် နန္ဒဘုရင်ကိုယ်တိုင် ဦးဆောင်၍ အယုဒ္ဓယအား သိမ်းရန်ချီသည်။ ထို့နောက် မြို့အား ၅လခန့် ဝန်းရံထားနိုင်ခဲ့သော်လည်း နရဲစွမ်က ကြံ့ကြံ့ခံသဖြင့် မြို့အားမသိမ်းနိုင်ချေ။ ထိုသို့လျှင် နန္ဒဘုရင်လည်းတပ်ခေါက်ပြန်လေသည်။
 
၁၅၉၀ခုနှစ်တွင် မဟာသမ္မရာဇသီရတ် မင်းကံတော်ကုန်သည်။ ၁၅၉၀ခုနှစ် ဇူလိုင်လ တွင် နရဲစွမ်လည်း စမ်ဖတ်၂ ဘွဲ့ ခံ အယုဒ္ဓယပြည်၏ ထီးဆောင်းမင်း ဖြစ်လာလေသည်။
 
မဟာဥပရာဇာ ဦးဆောင်သော မြန်မာတပ်များသည် အယုဒ္ဓပြည်အား ထပ်မံတိုက်ခံပြန်သော်လည်း နရဲစွမ်က ဘန့်ခွိုင်အနီးတွင် အနိုင်ရရှိခဲ့ပြန်သည်။ မြန်မာတို့လည်း အရေးနိုမ့်ကာ လူသူ လက်နက် ခဲယမ်းမီးကြောက် အမြောက်အမြားဆုံးရှုံးကာ ပဲခူးသို့ ပြန်လည်ဆုတ်ခွာလာခဲ့ကြသည်။
 
==အယုဒ္ဓပြည့်ရှင်မင်းအဖြစ် စိုးစံခြင်း==
 
==ကိုးကား==