ဝိနည်းပိဋကတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရှုပ်ချ +ရှုတ်ချ)
removed detailed items, transferd some of these items to the specific article →‎ရဟန်းကျင့်ဖွယ်၂၂၇-သွယ် အကျဉ်း
စာကြောင်း ၂၅ -
 
(ဃ) မေထုန်၊ ခိုးမှု၊ လူသတ်၊ သံဃဂိုဏ်းခွဲ။ (သေလေးပါး)
 
==ရဟန်းကျင့်ဖွယ်၂၂၇-သွယ် အကျဉ်း==
 
===ပါရာဇိက ၄-ပါး ===
 
၁ ။ မေထုန်မကျင့်ရ။ (လိင်မဆက်ဆံရ)
 
၂ ။ သူတပါးဥစ္စာမခိုးရ။
 
၃ ။ လူမသတ်ရ၊ မသတ်ခိုင်းရ။
 
၄ ။ ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟုမပြောရ။
 
===သံဃဒိသိသ် ၁၃-ပါး===
 
၅ ။ သုတ်မလွှတ်ရ။
 
၆ ။ အမျိုးသမီးဟူသမျှ မကိုင်ရ။
 
၇ ။ အမျိုးသမီးနှင့်ညစ်ညမ်းရုန့်ရင်း စကားမပြောရ။
 
၈ ။ မေထုန် အလှူမခံရ။
 
၉ ။ အောင်မသွယ်ရ။
 
၁၀ ။ သံဃာကို မပန်ကြားဘဲ ပမာဏလွန်သောကျောင်း မဆောက်ရ။
 
၁၁ ။ သံဃာကိုမပန်ကြားဘဲ ကျောင်းကြီးမဆောက်ရ။
 
၁၂ ။ မြင်ခြင်း ကြားခြင်း မရှိပါဘဲ ပါရာဇိကနှင့် မစွပ်စွဲရ။
 
၁၃ ။ ပြစ်မှားလိုသောစိတ်ဖြင့် နာမည်တူပြု၍ ပါရာဇိကနှင့် မစွပ်စွဲရ။
 
၁၄ ။ သံဃာကို သင်းမခွဲရ။
 
၁၅ ။ သင်းခွဲသော သံဃာနောက်ကို မလိုက်ရ။
 
၁၆ ။ ဝိနည်းကံ နှင့်အညီ ဆုံးမသည်ကို လိုက်နာရမည်။
 
၁၇ ။ ဝိနည်းကံနှင့် မညီသော သစ်သီးပေးခြင်း၊ ပန်းပေးခြင်းစသည်တို့ကို မပြုရ။ ဆုံးမသည်ကို လိုက်နာရမည်။
 
===အနိယတ ၂-ပါး (ပါသံစိတ် သံစိတ်)===
 
၁၈ ။ မျက်ကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်းမနေရ။
 
၁၉ ။ နားကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်း မနေရ။
 
=== နိဿဂ္ဂိပါစိတ် ၃၀-ပါး===
 
၂၀ ။ သင်္ကန်းကို အဓိဌာန် ဝိကပ္ပနာမပြုဘဲ (၁၀)ရက်မလွန်စေရ။ (ဝိကပ္ပနာ....... )
 
၂၁ ။ တိစိဝရိတ်သင်္ကန်းနှင့် ညဉ့်ကင်း၍ မနေရ။ (တိစိဝရိတ်သင်္ကန်း......)
 
၂၂ ။ ကထိန်ခေတ်မှ လွန်၍ရသော သင်္ကန်းကို တစ်လအတွင်းအဓိဌာန်တင်ရမည်။
 
၂၃ ။ ဆွေမျိုးမတော်သော ရဟန်းမကို သင်္ကန်းမဖွတ်စေရ။ (အလျှော်မခိုင်းရ)
 
၂၄ ။ ဆွေမျိုးမတော်သော ရဟန်းမ၏သင်္ကန်းကို အလှူမခံရ။
 
၂၅ ။ ဆွေမျိုးမတော်သောသူကို သင်္ကန်းတောင်းခွင့်မရှိဘဲ မတောင်းရ။
 
၂၆ ။ သင်္ကန်းတောင်းခွင့်ရှိသော်လည်း နှစ်ထည်ထက် ပိုမတောင်းရ။
 
၂၇ ။ ဒါယကာတို့ ခန့်မှန်းသည်ထက် သင်္ကန်းဖိုး မစီရင်ရ။
 
၂၈ ။ ဒါယကာနှစ်ဦး၏ သင်္ကန်းကို ရည်မှတ်သည်ထက် မစီရင်စေရ။
 
၂၉ ။ သင်္ကန်းဖိုးကို သုံးကြိမ်တောင်း၍ ခြောက်ကြိမ်ထက် ပိုမရပ်ရ။
 
၃၀ ။ ပိုးနှင့်ချည်ရောလျှင် အခင်းမပြုရ။
 
၃၁ ။ အမည်း၊ အနက် သိုးမွေးကို အခင်းမပြုရ။
 
၃၂ ။ သိုးမွေးအမည်းကို လေးဖို့နှစ်ဖို့ထက် မပိုစေရ။ (လေးဖို့ နှစ်ဖို့)
 
၃၃ ။ သိုးမွေးအခင်းကို သမုတိမရဘဲ (၆)နှစ်အတွင်း မပြုရ။ (သမုတိ.....)
 
၃၄ ။ အဆာနှင့် နိသိဒိုင်ကို အခင်းဟောင်းမှ တစ်ထွာမသွင်းဘဲ မပြုရ။ (အဆာနှင့် နိသိဒိုင်......)
 
၃၅ ။ သိုးမွေးကို ကပ္ပိယမရှိဘဲ သုံးယူဇနာထက် ကျော်လွန်၍မယူရ။
 
၃၆ ။ ဆွေမျိုးမတော်သည့် ရဟန်းမကို သိုးမွေးမလျှော်ခိုင်းရ။
 
၃၇ ။ ရွှေ၊ ငွေတို့ကို မကိုင်ရ။
 
၃၈ ။ အရောင်းအဝယ် မပြုရ။
 
၃၉ ။ အလဲ အလှယ် မပြုရ။
 
၄၀ ။ အဓိဌာန်မတင်ဘဲ (၁၀)ရက်လွန်သော သပိတ်ကို မသုံးရ။
 
၄၁ ။ သပိတ်အကွဲ (၅)ကွဲမရှိဘဲ သပိတ်ထပ်မတောင်းရ။
 
၄၂ ။ ထောပတ်၊ ဆီ၊ ပျား၊ တင်လဲတို့ကို (၇)ရက်ထက် ပိုမထားရ။
 
၄၃ ။ မိုးရေခံသင်္ကန်းကို (၄)လထက် ပိုမဆောင်ရ။
 
၄၄ ။ ပေးထားသောသင်္ကန်းကို စိတ်ဆိုး၍ ပြန်မတောင်းရ။
 
၄၅ ။ ချည်ကိုတောင်း၍ မရက်ခိုင်းရ။
 
၄၆ ။ အမျိုးတော်ခြင်း ဖိတ်ခြင်းမရှိဘဲ ရည်မှန်းကာမျှ သင်္ကန်းကို ဝင်၍မစီရင်အပ်။
 
၄၇ ။ သင်္ကန်းကာလကို (၅)ရက်ထက် မလွန်ရ။ (သင်္ကန်းကာလ.....)
 
၄၈ ။ သမ္မုတိမရဘဲ တိစီဝရိတ်သင်္ကန်းနှင့်(၆) ညဉ့်မကင်းရ။
 
၄၉ ။ သံဃာညီညွတ်ပြီးသား လာဘ်ကို မိမိသို့ မညွတ်စေရ။
 
===သုဒ္ဓပါစိတ် ၉၂-ပါး===
 
၅၀ ။ မုသားမပြောရ။
 
၅၁ ။ မဆဲရ။
 
၅၂ ။ ကုန်းမတိုက်ရ။
 
၅၃ ။ လူ၊ သာမဏေနှင့် ပုဒ်ပြိုင်စာမချရ။
 
၅၄ ။ တစ်ကျောင်းတည်း၌လူ၊ သာမဏေနှင့် (၃)ညဉ့်ထက်ပို မအိပ်ရ။
 
၅၅ ။ မာတုဂါမနှင့် တစ်ကျောင်းတည်းမအိပ်ရ။
 
၅၆ ။ မာတုဂါမနှင့် နှစ်ယောက်ချင်း(၆) ခွန်းထက် မဟောရ။
 
၅၇ ။ မိမိရသော ဈာန်၊ မဂ်၊ ဖိုလ်ကို လူ၊သာမဏေအား မပြောရ။
 
၅၈ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်ကို လူ၊ သာမဏေအား မပြောရ။ (သံဃဒိသိသ်......)
 
၅၉ ။ မြေကိုမတူးရ။
 
၆၀ ။ သစ်ပင်မခုတ်ရ။
 
၆၁ ။ ရဟန်းတစ်ပါးမေးသည်ကို ပြန်၍မပြောဘဲ မနေရ။
 
၆၂ ။ သမ္မုတိရသောရဟန်းကို မရှုတ်ချအပ်။
 
၆၃ ။ သံဃိကညောင်းစောင်းကို အပြင်မှာမထားအပ်။
 
၆၄ ။ သံဃိကအိပ်ရာကို အထဲမှာမထားဘဲ မသွားရ။
 
၆၅ ။ သံဃိကကျောင်း၌ အိပ်နေသော ရဟန်းကို နှိုး၍ မအိပ်ရ။
 
၆၆ ။ သံဃိကကျောင်းမှ အမျက်ထွက်၍ နှင်မထုတ်ရ။
 
၆၇ ။ စို့မရိုက်သော ညောင်စောင်းကို မထိုင်ရ။
 
၆၈ ။ စိမ်းစိုသော ကောက်ပဲမရှိရာ၌ အမိုးသုံးဆင့်ထက်ပို၍ အင်္ဂတေ မတည်ဆောက်ရ။
 
၆၉ ။ ပိုးရှိသော ရေကို မြေပေါ်၊ မြက်ပေါ်သို့ မသွန်ရ။
 
၇၀ ။ သမ္မုတိမရဘဲနှင့် ရဟန်းမအား မဆုံးမရ။
 
၇၁ ။ သမ္မုတိရသော်လည်း နေဝင်လျှင် မဆုံးမရ။
 
၇၂ ။ မနာဖျားဘဲ ရဟန်းမတို့၏ ကျောင်းသို့ သွား၍ မဆုံးမအပ်။
 
၇၃ ။ ရဟန်းမများအား ဆုံးမသော မထေရ်ကြီးများကို မကဲ့ရဲ့အပ်။
 
၇၄ ။ ရဟန်းမကို သင်္ကန်းမပေးအပ်။
 
၇၅ ။ ရဟန်းမကို သင်္ကန်းချုပ်မပေးရ။
 
၇၆ ။ ရဟန်းမနှင့်တိုင်ပင်၍ ခရီးမသွားရ။
 
၇၇ ။ ရဟန်းမနှင့်တိုင်ပင်၍ လှေမစီးရ။
 
၇၈ ။ ရဟန်းမ စီစဉ်သောဆွမ်း မစားရ။
 
၇၉ ။ အမျိုးသမီးနှင့်နှစ်ယောက်ချင်း မနေရ။
 
၈၀ ။ ဧည့်သည်အတွက်ဆွမ်းကို တစ်ကြိမ်ထက်ပို၍မစားရ။
 
၈၁ ။ ရဟန်း(၄)ပါး ထိုင်နေသည့်အခါ၌ ထမင်းစားဖိတ်လျှင် မစားရ။
 
၈၂ ။ ရှေးဦးဒါယကာ၏ ဆွမ်းကို မစားဘဲ နောက်ဆွမ်းကို မစားရ။
 
၈၃ ။ လက်ဆောင်မုန့်များကို သုံးသပိတ်ထက် ပိုအလှူမခံရ။
 
၈၄ ။ စားနေတုန်း ဆွမ်း၊ ခဲဖွယ်ဘောဇဉ်တို့ကို ပယ်လျှင် နောက်ထပ်မစားရ။
 
၈၅ ။ ပဝါရိတ်သင့်သော ရဟန်းအား စွပ်စွဲလို၍ ဆွမ်းစားမဖိတ်ရ။(ပဝါရိတ်သင့်....)
 
၈၆ ။ နေလွဲသောအခါ ညစာမစားရ။
 
၈၇ ။ သိုမှီးထား၍ ဘောဇဉ်ကို မစားရ။
 
၈၈ ။ မနာမဖျားဘဲ မွန်မြတ်သောဘောဇဉ်ကို တောင်းမစားရ။
 
၈၉ ။ အကပ္မခံဘဲ ဘာကိုမျှမစားရ။ (အကပ္မ.......)
 
၉၀ ။ ပရိဗိုရ်ကို ဘောဇဉ်မပေးရ။
 
၉၁ ။ ဆွမ်းခံရာ၌ မာတုဂါမနှင့် စကားပြောလို၍ အဖော်ရဟန်းကို ပြန်မလွှတ်ရ။
 
၉၂ ။ အကြင်လင်မယား အခန်း၌ မနေရ။
 
၉၃ ။ မျက်စိကွယ်ရာ၌ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
 
၉၄ ။ နားကွယ်ရာမှ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
 
၉၅ ။ ဆွမ်းစားပင့်ဖိတ်သော အိမ်မှတပါး အခြားအိမ်သို့ မလှည့်ရ။
 
၉၆ ။ ဆေးပစ္စည်းကို ဖိတ်ကြားထားသည်ထက် လွန်၍ မတောင်းရ။
 
၉၇ ။ စစ်အဂါၤ(၄)ပါးရှိသော စစ်ရေးပြပွဲသို့ သွား၍ မကြည့်ရ။
 
၉၈ ။ အကြောင်းရှိ၍ စစ်မြေပြင်သို့ သွားသော် (၇)ရက်ထက် မလွန်ရ။
 
၉၉ ။ စစ်ဆင်ရာအရပ်သို့ မသွားရ။
 
၁၀၀ ။ ယစ်မျိုးငါးပါး မသောက်ရ။
 
၁၀၁ ။ ရဟန်းချင်း ချိုင်းထိုး မကျီစားရ။
 
၁၀၂ ။ ရေထဲမှာ မကစားရ။
 
၁၀၃ ။ သိက္ခာကြီး၊ ဝါတော်ကြီးကို မရိုမသေမနေရ။
 
၁၀၄ ။ ရဟန်းချင်း မခြောက်လန့်ရ။
 
၁၀၅ ။ ရဟန်းသည် မနာမဖျားဘဲ မီးမမွေးရ။
 
၁၀၆ ။ မဇ္ဈိမဒေသ၌နေသော ရဟန်းသည်(၁၅)ရက်တစ်ကြိမ် ရေချိုးရမည်။
 
၁၀၇ ။ ဗိန္ဓုမထိုးဘဲ သင်္ကန်းမဝတ်ရ။
 
၁၀၈ ။ ဝိကပ္ပနာပြုသည့် သင်္ကန်းကို ဝိကပ္ပနာမပြန်ဘဲ မသုံးရ။
 
၁၀၉ ။ ပရိက္ခရာရှစ်ပါးကို မဝှက်ရ၊ မကျီစားရ။
 
၁၁၀ ။ ပိုး၊ တိရစ္ဆာန်တို့ကို မသတ်ရ။
 
၁၁၁ ။ ပိုးရှိသော ရေကို မသောက်ရ။
 
၁၁၂ ။ ငြိမ်းအေးပြီးသော အဓိကရုဏ်းကို မချောက်ချားစေရ။
 
၁၁၃ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်အာပတ်ကို မဖုံးကွယ်ရ။
 
၁၁၄ ။ အသက်(၂၀)မပြည့်သောသူအား ရဟန်းမခံစေရ။
 
၁၁၅ ။ ခိုးသား၊ ဓားပြနှင့် တိုင်ပင်၍ ခရီးမသွားရ။
 
၁၁၆ ။ အမျိုးသမီးများနှင့် တိုင်ပင်၍ ခရီးမသွားရ။
 
၁၁၇ ။ မိစ္ဆာဒိဌိဝါဒများကို မယူရ။
 
၁၁၈ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သောရဟန်းနှင့် ဓမ္မသမ္ဘောဂ၊အာဝါသသမ္ဘောဂမပြုရ။
 
၁၁၉ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သော သာမဏေနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ သမ္ဘောဂ မပြုရ။
 
၁၂၀ ။ ဝိနည်းဓိုရ်များ၏ စကားကို ရိုသေစွာ နားထောင်ရမည်။
 
၁၂၁ ။ သိက္ခာပုဒ်များကို မကဲ့ရဲ့ရ။
 
၁၂၂ ။ ပါတိမောက်ပြရာ၌ ပြောင်လှောင်မှုမပြုရ။
 
၁၂၃ ။ ရဟန်းချင်း မရိုက်နှက်ရ။
 
၁၂၄ ။ ရဟန်းကို လက်ဖြင့်မရွယ်ရ။
 
၁၂၅ ။ လူ၊ သာမဏေတို့ကိုလည်း မရိုက်နှက်ရ။
 
၁၂၆ ။ ရဟန်းကို နှလုံးမသာအောင်မပြောရ။
 
၁၂၇ ။ ရဟန်းချင်း ရန်ဖြစ်နေသည်ကိုချောင်း၍ နားမထောင်ရ။
 
၁၂၈ ။ ဆန္ဒမဲပေးပြီး မကဲ့ရဲ့ရ။
 
၁၂၉ ။ ဝိနည်းကံကို ဆန္ဒမပေးဘဲ မသွားရ။
 
၁၃၀ ။ တိုင်ပင်၍ သင်္ကန်းပေးပြီးမှ မကဲ့ရဲ့ရ။
 
၁၃၁ ။ သံဃာအား ညီညွတ်ပြီးသောလာဘ်ကို ပုဂ္ဂိုလ်သို့ မညွတ်စေရ။
 
၁၃၂ ။ မင်း၊ မိဖုရား အိပ်ခန်းထဲသို့ မဝင်ရ။
 
၁၃၃ ။ကျောင်းအရံအပြင်ဘက် ရတနာကို မကောက်ရ။
 
၁၃၄ ။ ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ နေလွဲ ရွာဝင် မသွားရ။
 
၁၃၅ ။ ဆင်စွယ်ကို အပ်ကျည်မလုပ်ရ။
 
၁၃၆ ။ တစ်တောင့်ထွာထက်ပိုမြင့်သော ညောင်စောင်း၌ မအိပ်ရ။
 
၁၃၇ ။ ညောင်စောင်းထဲမှာ လဲထည့်၍ မလုပ်ရ။
 
၁၃၈ ။ အလျားနှစ်ထွာ၊ အနံတစ်ထွာခွဲ၊ အဆာတစ်ထွာထက်ပို၍ နိသိဒိုင် မပြုလုပ်ရ။
 
၁၃၉ ။ အမာလွှမ်းသင်္ကန်းကို အလျား(၄)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
 
၁၄၀ ။ မိုးရေခံ သင်္ကန်းကို အလျား (၆)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
 
၁၄၁ ။ ဘုရားသင်္ကန်း ပမာဏကို မပြုရ။
 
===ပါဋိဒေသနီ ၄-ပါး===
 
၁၄၂ ။ ရဟန်းမ၏ ဘောဇဉ်ကို မိမိလက်ဖြင့် မယူရ။
 
၁၄၃ ။ ဒါယကာများ ဆွမ်းကျွေးရာ ရဟန်းမများ ဝင်၍စီစဉ်လျှင် မောင်းမဲတားမြစ်ရမည်။
 
၁၄၄ ။ သမ္မုတိရသော သေက္ခအိမ်ကို ဆွမ်းမခံရ။
 
၁၄၅ ။ ဘေးရန်ရှိသည်ကို မပြောကြားဘဲ အရံတွင်း၌ မိမိလက်ဖြင့် ဘောဇဉ်မခံယူအပ်။
 
===သေခိယ ၇၅-ပါး===
 
၁၄၆ ။ သင်္ကန်းကို ညီညီဝတ်ရမည်။
 
၁၄၇ ။ သင်္ကန်းကို ညီညီရုံရမည်။
 
၁၄၈ ။ လည်၊ လက်ကောက်ဝတ်ဖုံးလျက် ရွာထဲသွားရမည်။
 
၁၄၉ ။ လည်၊ လက်ကောက်ဝတ်ဖုံးလျက် ရွာထဲမှာနေရမည်။
 
၁၅၀ ။ မျက်စိဣန္ဒြေစောင့်၍ ရွာထဲမှာ သွားရမည်။
 
၁၅၁ ။ မျက်စိဣန္ဒြေစောင့်၍ ရွာထဲမှာနေရမည်။
 
၁၅၂ ။ မျက်လွှာချ၍ ရွာထဲမှာသွားရမည်။
 
၁၅၃ ။ မျက်လွှာချ၍ ရွာထဲမှာ နေရမည်။
 
၁၅၄ ။ သင်္ကန်းကိုပင့်၍ ရွာထဲမှာ မနေရ။
 
၁၅၅ ။ သင်္ကန်းကို ပင့်၍ ရွာထဲမှာ မသွားရ။
 
၁၅၆ ။ ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မသွားရ။
 
၁၅၇ ။ ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မနေရ။
 
၁၅၈ ။ ရွာထဲမှာ ကျယ်ကျယ် စကားပြော၍ မသွားရ။
 
၁၅၉ ။ ရွာထဲမှာ ကျယ်ကျယ်စကားပြော၍ မနေရ။
 
၁၆၀ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မသွားရ။
 
၁၆၁ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မနေရ။
 
၁၆၂ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍ မသွားရ။
 
၁၆၃ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍ မနေရ။
 
၁၆၄ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မသွားရ။
 
၁၆၅ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မနေရ။
 
၁၆၆ ။ ရွာထဲမှာ ခါးထောက်လျက် မသွားရ။
 
၁၆၇ ။ ရွာထဲမှာ ခါးထောက်လျက် မနေရ။
 
၁၆၈ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍ မသွားရ။
 
၁၆၉ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍ မနေရ။
 
၁၇၀ ။ ရွာထဲမှာ ခြေဖျားထောက်၍ မသွားရ။
 
၁၇၁ ။ ရွာထဲမှာ လက်ဖြင့် ဒူးကိုပိုက်၍၎င်း၊ သင်္ကန်းပတ်၍၎င်း မနေရ။
 
၁၇၂ ။ မရိုမသေ ဆွမ်းမခံရ။
 
၁၇၃ ။ သပိတ်၌ အမှတ်ထား၍ ဆွမ်းခံရမည်။
 
၁၇၄ ။ လေးပုံတစ်ပုံ ထက်ပို၍ ဆွမ်းဟင်းမခံရ။
 
၁၇၅ ။ သပိတ်အနားရေးထက်ပို၍ ဆွမ်းမခံရ။
 
၁၇၆ ။ ဆွမ်းကိုရိုသေစွာ စားရမည်။
 
၁၇၇ ။ သပိတ်ထဲ၌ အမှတ်မထားဘဲ မထားရ။
 
၁၇၈ ။ ဆွမ်းကို အစဉ်လိုက် စားရမည်။
 
၁၇၉ ။ ဆွမ်း၏ လေးပုံတစ်ပုံထက်ပို၍ ဆွမ်းဟင်းကို မစားရ။
 
၁၈၀ ။ ဆွမ်းဦးကို နှိပ်၍ မစားရ။
 
၁၈၁ ။ ဟင်းလျာများကို ဆွမ်းနှင့်ဖုံး၍ မစားရ။
 
၁၈၂ ။ မနာဖျားဘဲ ဟင်းလျာတောင်း၍ မစားရ။
 
၁၈၃ ။ ကဲ့ရဲ့လို၍ သူတစ်ပါးသပိတ်ကို မကြည့်ရ။
 
၁၈၄ ။ ဆွမ်းလုတ်ပမာဏထက် မလွန်ရ။
 
၁၈၅ ။ ဆွမ်းလုတ်ကို အဝန်းညီအောင်ပြု၍ စားရမည်။
 
၁၈၆ ။ ဆွမ်းမရောက်ခင် ခံတွင်းမဖွင့်ရ။
 
၁၈၇ ။ ဆွမ်းစားလျက် ခံတွင်းဖွင့်ထားခြင်း မပြုရ။
 
၁၈၈ ။ ဆွမ်းစားလျက် စကားပြောခြင်း မပြုရ။
 
၁၈၉ ။ ဆွမ်းလုတ်ကို မြောက်၍မစားရ။
 
၁၉၀ ။ ဆွမ်းလုတ်ကို ဖြတ်၍မစားရ။
 
၁၉၁ ။ ပါးစောင်၌ ဆွမ်းလုတ်ငုံ၍ မစားရ။
 
၁၉၂ ။ ဆွမ်းစားရင်း လက်မခါရ။
 
၁၉၃ ။ ဆွမ်းလုံးကို ကြဲ၍ မစားရ။
 
၁၉၄ ။ လျှာထုတ်၍ ဆွမ်းစားခြင်း မပြုရ။
 
၁၉၅ ။ ပျတ်ပျတ်မြည်အောင် ဆွမ်းမစားရ။
 
၁၉၆ ။ ရှုပ်ရှုပ်မြည်အောင် ဆွမ်းမစားရ။
 
၁၉၇ ။ လက်ကိုလျှက်၍ ဆွမ်းမစားရ။
 
၁၉၈ ။ သပိတ်ကိုခြစ်၍ ဆွမ်းမစားရ။
 
၁၉၉ ။ နှုတ်ခမ်းကိုလျက်၍ ဆွမ်းမစားရ။
 
၂၀၀ ။ ဆွမ်းလုံးပေကျံသောလက်နှင့် ရေခွက်ကို မကိုင်ရ။
 
၂၀၁ ။ သပိတ်ဆေးရေကို ရွာထဲမှာ မသွန်ရ။
 
၂၀၂ ။ ထီး လက်၌ရှိသောသူကို တရားမဟောရ။
 
၂၀၃ ။ တုတ်လက်၌ရှိသောသူကို တရားမဟောရ။
 
၂၀၄ ။ ဓား လက်၌ရှိသောသူကို တရားမဟောရ။
 
၂၀၅ ။ လေး လက်၌ရှိသောသူကို တရားမဟောရ။
 
၂၀၆ ။ ခြေနင်းစီးထားသောသူကို တရားမဟောရ။
 
၂၀၇ ။ ဖိနပ်စီးထားသောသူကို တရားမဟောရ။
 
၂၀၈ ။ ယာဉ်စီး၍နေသောသူကို တရားမဟောရ။
 
၂၀၉ ။ အိပ်ရာနေရာ၌ နေသောသူကို တရားမဟောရ။
 
၂၁၀ ။ အာယောဂပတ်ဖွဲ့သူကို တရားမဟောရ။
 
၂၁၁ ။ ဦးရစ်ခေါင်းပေါင်းထားသူကို တရားမဟောရ။
 
၂၁၂ ။ အိပ်ရာနေရာထက်၌ နေသောသူကို တရားမဟောရ။
 
၂၁၃ ။ ခေါင်းမြီးခြုံထားသူကို တရားမဟောရ။
 
၂၁၄ ။ နိမ့်ရာကနေ၍ မြင့်ရာ၌ နေသောသူကို တရားမဟောရ။
 
၂၁၅ ။ ရပ်လျက် ထိုင်နေသောသူကို တရားမဟောရ။
 
၂၁၆ ။ ရှေ့ကသွားသောသူကို နောက်ကလိုက်၍ တရားမဟောရ။
 
၂၁၇ ။ လမ်းကိုသွားသောသူကို လမ်းမဟုတ်ရာက တရားမဟောရ။
 
၂၁၈ ။ မတ်တတ်ရပ်လျက် ကျင်ကြီး၊ ကျင်ငယ် မစွန့်ရ။
 
၂၁၉ ။ မြက်၊သစ်ပင်ရှိရာ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေး မစွန့်ရ။
 
၂၂၀။ ရေထဲမှာ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေး မစွန့်ရ။
 
(နာဖျားသော ပုဂ္ဂိုလ်တို့ကိုမူ ဟောပြောတရားပြခြင်း၊ နာဖျားချိန်၌ ကျင်ကြီး၊ ကျင်ငယ်၊ တံတွေး စွန့်ပစ်ခြင်းတို့ကို ခွင့်ပြုပါသည်။)
 
===အဓိကရဏ သမ္မထ ၇-ပါး===
 
၂၂၁ ။ သံဃာဝတ္ထု၏ ဟုတ်မှန်ခြင်း၊ ဓမ္မဝိနည်း ပုဂ္ဂိုလ်တို့၏ မျက်မှောက်ရှိသည်၏ အဖြစ်ဟူသော သမ္မုခါဝိနည်း။
 
၂၂၂ ။ ရဟန္တာပုဂ္ဂိုလ်အား ပေးအပ်သော သတိဝိနည်း။
 
၂၂၃ ။ ရူးသောရဟန်းအား ပေးအပ်သော အမူဠဝိနည်း။
 
၂၂၄ ။ ဝန်ခံသဖြင့် ငြိမ်းစေအပ်သော ပဋိညာတကာရေတဗ္ဗဝိနည်း။
 
၂၂၅ ။ ဓမ္မဝါဒီ ရဟန်းများရာသို့လိုက်၍ ပြုအပ်သော ယေဘုယျဝိနည်း။
 
၂၂၆ ။ ယုတ်မာသောရဟန်းအား ပေးအပ်သော တဿပါပိယသိကဝိနည်း။
 
၂၂၇ ။ မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့သော တိဏဝတ္တာရကဝိနည်း။
 
 
==ကိုးကား ကျမ်းမှီး==