နရဲစွမ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၅၄ -
===အယုဒ္ဓယရာဇဝင်သမိုင်းများ===
 
၁၅၉၂ခုနှစ် နိုဝင်ဘာလတွင် နန္ဒဘုရင်သည် ၎င်း၏သားတော်ကို အယုဒ္ဓယအား သိမ်းပိုက်ရန် အမိန့်စေတော်မူသည်။ မင်ကြီးးစွာ၊မင်းကြီးစွာ၊ တေယင်ငူဘုရင်၏သားတေယ်တောင်ငူဘုရင်၏သားတော် နတ်သျှင်နောင်၊ ပြည်ဘုရင်၏ တပ်တို့စုပေါင်းကာ တပ်မ၃ခုဖွဲ့လေသည်။
 
မင်းကြီးစွာ၏တပ်သည် ဘုရားသုံးဆူ ကို ဖြတ်သန်းချီတက်လာခဲ့ပြီး အခြားတပ်နှစ်ခုမှာလည်း မော်လမြိုင်မှတဆင့် ချီတက်လာခဲ့သည်။ ဇင်းမယ်အကြီးအကဲတစ်ဦးက လှေတပ်တစ်တပ် စေလွှတ်သည်။ နရဲစွမ်သည် ယခင်က ကမ္ဘောဒီးယားအား တိုက်ခိုက်ရန် စီစဉ်ထားသော်လည်း မြန်မာတို့ ချီလာသည်ကြား၍ အစီအစဉ်ပြောင်းလိုက်သည်။ နရဲစွမ်၏တပ်သည် ဆူပန်ဘူရီဆီသို့ ချီတက်လာကာ ထာခွိုင်မြစ်အနီးရှိ နောင်စရိုင်တွင် တပ်စခန်းချလေသည်။ နရဲစွမ်သည် စစ်ရေးအစီအစဉ်ဆွဲရာ၌ ၎င်းတို့တပ်အား ဆုတ်လာစေမည်၊ မြန်မာတပ်များအားနောက်မှ လိုက်လာစေရန် စစ်မြူပြီး လိုက်လာသော မြန်မာတပ်များ ဖရိုဖရဲဖြစ်စဉ်အချိန်၌ ၎င်း၏တပ် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သည်။
 
၁၅၉၃ ခုနှစ် ဇန်နဝါရီလ ထိုစစ်ပွဲအတွင်း နရဲစွမ်က ချောင်ဖရား ချိုင်ယာနဖတ်ဆင် နှင့် ဧကထို့စရိုက ချောင်ဖရား ဖရတ် တရိုင်ချက်အမည်ရှိသော မုန်ယိုနေသည့်ဆင်တို့ကိုစီးကာ ၎င်းတို့နောက်ရန် အသေခံစစ်သူရဲအနည်းငယ်ကို ခေါ်၍ မြန်မာတို့၏ စစ်အလယ်သို့ ဝင်တိုက်လေသည်။ ဒမ်ရောင်၏ ဆက်စပ်၍ ပြန်လည်ဖော်ထုတ်ချက်အရ နရဲစွမ်သည် သစ်တစ်ပင်အောက်ရှိ ဆင်ပေါ်ကမင်းကြီးစွာကို မြင်သည်တွင် "နောင်တော်ဘုရား၊ သစ်ပင်ရိပ်အောက်ရှိ ဆင်ပေါ်တွင်အဘယ်ကြောင့်ရှိနေသနည်း? ကျွန်ုပ်တို့၏ ဂုဏ်သိက္ခာအတွက် ထွက်တော်မူ၍ စီးချင်းထိုးပါ။ နောင်အနာဂတ်ကာလ၌ ကျွန်ုပ်တို့နှစ်ဦးကဲ့သို့ တစ်ဦးချင်း စီးချင်းထိုးသည့် ဘုရင်မျိုး ရှိလိမ့်မည်မဟုတ်ချေ" ဟူ၍ အော်ကာပြောလေသည်။
 
နရဲစွမ်နှင့် မင်ကြီးစွာတို့ကြား ထိပ်တိုက်တွေ့ပွဲသည် "ဆင်စီးချင်းထိုးပွဲ" ((สงครามยุทธหัตถี Songkram Yuddhahatthi) ဟူ၍ အလွန်အမွှမ်းတင်ထားခဲ့သည် သမိုင်းဆိုင်ရာ အဖြစ်အပျက်တစ်ခုဖြစ်သည်။
 
အချိန်ဆွဲထားခဲ့သည့် စီးချင်းထိုးပွဲနောက် မင်းကြီးစွာခုတ်သော ဓားချက်သည် နရဲစွမ်၏ ဦးဆောင်းအား ခုတ်မိ၍ ဦးဆောင်းပျက်လေသည်၊ နရဲစွမ်လည်း သူ၏ငေါင်း ဖြင့် မင်းကြီးစွာအား ခုတ်လေရာ မင်းကြီးစွာ ကျဆုံးလေသည်။ မင်းသား ဆုံဒက် ဖရာ့ ဧကထို့စရိုလည်း မင်းချာရိုအကြီးအကဲအား သတ်နိုင်ခဲ့လေသည်။ ထိုအချိန် ယိုးဒယားတပ်တို့ ရောက်ရှိလာခဲ့ပြီး မြန်မာတပ်တို့လည်း အရပ်ရပ်သို့ ပြန့်ကြဲသွားခဲ့သည်။ ထို့ကြောင့် ပဲခူးဘုရင်လည်း အခြားတပ်နှစ်ခုအား ပြန်လည်ဆုတ်ခွာရန် မိန့်တော်မူသည်။
 
နရဲစွမ်၏ ချောင်ဖရာ့ဖတ် ဟံသာဝတီ သို့မဟုတ် "ပဲခူးနိုင်သည့် ချောင်ဖာရာ့" အမည်ရှိသော ငေါင်း(တဖက်တွင်ဓားသွားရှိ၍ အခြားတဖက်တွင် ဆွဲစရာဓားမောက်ချွန်ပါသော လှံကဲ့သို့ဓား) ၊ နှင့် ချောင်ဖရာ့ ဆန် ဖွန်လက်ဖိုင် သို့မဟုတ် "စစ်သည်တသိန်းအား အနိုင်ယူသည့် ချောင်ဖရာ့" အမည်ရှိသော ဦးဆောင်းသည် ယနေ့တိုင်တည်ရှိဆဲဖြစ်သည်။ ထိုဆင်စီးချင်းထိုးပွဲနေရာတွင် နရဲစွမ်သည် အောင်မြင်မှုအထိမ်းအမှတ်အဖြစ် ဘုရားတစ်ဆူတည်ခဲ့လေသည်။
 
နရဲစွမ်သည် တရားလွှတ်တော်မခေါ်ခင် မြန်မာတပ်၏ အလယ်သို့ဝင်ရောက်တိုက်ခိုက်ချိန် သူနောက်လိုက်ရန် ပျက်ကွပ်သည့် နောက်လိုက်များအား ခေါ်ငင်စေ၏။ ထိုသူတို့အား သေဒဏ်ပေးလေသည်။ သို့သော် ဝတ်ယိုင်ချိုင်မွန့်ခွန်ကျောင်းတော် မှ ရဟန်တော်တပါးဖြစ်သည့် ဆွမ်ဒက် ဖရာ့ ဖန်နရာဇ် သည် နရဲစွမ်အား ပြစ်ဒဏ်အား ပြန်လည်ရုပ်သိမ်းပေးရန် မေတ္တာရပ်ခံလေသည်။ ယင်းပြစ်ဒဏ်အစား အပြစ်ကျူးလွန်သော ထိုတပ်မှူးများကို ထားဝယ်နှင့် တနင်္သာရီအား တိုက်ခိုက်သိမ်းယူရန် ခိုင်းစေလေသည်။
 
==ကိုးကား==