"မော်စီတုန်း" ၏ တည်းဖြတ်မှု မူကွဲများ

၅၄၁၇၆ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၁၁ လ
အရေးမကြီး
no reference, not a good format nor standard writing, maybe copyrighted text from somewhere else,
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် နောက်ပြန်ပြင်ခဲ့ပြီး
အရေးမကြီး (no reference, not a good format nor standard writing, maybe copyrighted text from somewhere else,)
စာတွဲ: လက်ဖြင့် နောက်ပြန်ပြင်ခြင်း
 
၁၉၅၉ ခုနှစ် ဇန်နဝါရီလတွင် မော်စီတုန်းသည် ဗဟိုအစိုးရအဖွဲ့ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ၏ဥက္ကဋ္ဌအဖြစ်သာ ဆက်လက် ဆောင်ရွက်ခဲ့လေသည်။ မော်စီတုန်းသည် တရုတ်ကွန်မြူနစ် ခေါင်းဆောင်တစ်ဦးအဖြစ် ကမ္ဘာတွင် ကျော်ကြားလေသည်။ သူရေးသားပြုစုခဲ့သည့် နိုင်ငံရေးစာပေများတွင် တရုတ်နိုင်ငံနီ (၁၉၃၄)၊ တရုတ်နိုင်ငံနှင့် ဒုတိယ နယ်ချဲ့ကမ္ဘာစစ်(၁၉၃၉)၊ တရုတ်နိုင်ငံ၏ ဒီမိုကရေစီသစ် (၁၉၄၄) နှင့် တရုတ်နိုင်ငံသစ်အတွက် တိုက်ပွဲ (၁၉၄၅) တို့မှာ ထင်ရှားလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
==မော်စီတုန်းကိုလုပ်ကြံသူ==
လင်ပြောင် {|တရုတ်:|林彪}
 
မော်စီတုန်းကို_လုပ်ကြံခြင်း (သို့မဟုတ်) တရုတ်ပြည်တွင် ပထမဆုံးအကြိမ် စစ်အာဏာသိမ်းရန် ကြိုးပမ်းကြခြင်း
 
လင်ပြောင်ဟာ ဘာကြောင့် မော်စီတုန်းကို လုပ်ကြံခဲ့တာလဲ?
 
အဖြေက ရှင်းပါသည်၊ အာဏာကို လိုချင်တပ်မက်လို့ လုပ်ကြံခြင်းဖြစ်သည်။ လင်ပြောင်သည် စစ်ဘက်တွင် မာရှယ် တစ်ယောက်ဖြစ်သလို ကိုယ်ပိုင်စစ်တပ်ကိုလဲ ပိုင်ဆိုင်ထားသေးသည်။ ဒီအကြောင်းတွေ အရင်မပြောခင် တရုတ်သမ္မတရာထူးရဲ့ အရေးပါပုံနှင့် လင်ပြောင်၊ မော်စီတုန်း ပဋိပက္ခများ ဖြစ်ကြပုံကို အရင်လေ့လာကြပါမည်။
 
သမ္မတ
တရုတ်သမ္မတရာထူး၏ အရေးပါပုံ
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသက် ၄၅ နှစ်ပြည့်ပြီးသည့် တရုတ်နိုင်ငံသားတိုင်းကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခွင့်ရှိသည်။
 
သမ္မတကို အမျိူးသားပြည်သူ့ညီလာခံက ရွေးချယ်တင်မြှောက်ပြီး ထိုညီလာခံမှ သမ္မတနှင့် နိုင်ငံဝန်ကြီး၊ အရာရှိများကို ထုတ်ပယ်ခွင့် အာဏာလဲ ရှိသေးသည်။ ရွေးချယ်တင်မြှောက်ခြင်းနှင့် ရာထူးမှ ထုတ်ပယ်ခြင်းကို မဲဆန္ဒဖြင့် အဆုံးအဖြတ် ပေးသည်။ ထို့ကြောင့် အမျိူးသားပြည်သူ့ညီလာခံဟာ သမ္မတကို ကိုယ်တိုင်ရွေးချယ်တင်မြှောက်ပြီး ကျန်ရာထူးနေရာများကိုလဲ ညီလာခံက မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ကြသည်။ မဲပေးစနစ်မှာ လျှိူ့ဝှက်မဲပေးစနစ် ဖြစ်သည်။
 
အကယ်၍ သမ္မတနေရာ လစ်လပ်သွားပါက ဒုတိယသမ္မတက သမ္မတကြီးကိုယ်စား နေရာကို ဆက်ခံရမည် ဖြစ်သည်။ သမ္မတနှင့် ဒုသမ္မတ ၂ နေရာလုံး လစ်လပ်နေပါက အမျိူးသားပြည်သူ့ညီလာခံ အမြဲတမ်းကော်မတီဥက္ကဋ္ဌက ယာယီသမ္မတအဖြစ် ခေတ္တတာဝန်ထမ်းဆောင်ရမည်။ ထို့နောက် အမျိူးသားညီလာခံကို ကျင်းပပြီး သမ္မတနှင့် ဒုသမ္မတကို အသစ်ပြန်လည်ရွေးချယ်ကြရမည် ဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် တရုတ်သမ္မတရာထူးကို ဖျက်သိမ်းပစ်ခဲ့ပြီး ၁၉၈၃ ခုနှစ်ကျမှသာ သမ္မတရာထူးကို တဖန်ပြန်လည် သတ်မှတ်ခဲ့ကြသည်။
 
၁၉၇၅ ခုနှစ်တွင် တရုတ်ပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ပြီး သမ္မတရာထူးကို ဖျက်သိမ်းကာ ပါတီဥက္ကဋ္ဌ တစ်ဦးတည်းက အာဏာအားလုံးကို ရယူခဲ့သည်။ အခြေခံဥပဒေ အပိုဒ် ၅ တွင် ပါတီဥက္ကဋ္ဌသည် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဦးစီးအုပ်ချူပ်ရသူ ဖြစ်လာခဲ့သည်။ တိန့်ရှောင်ဖိန်အာဏာရလာပြီးနောက် ၁၉၈၂ ခုနှစ်တွင် အခြေခံဥပဒေကို ထပ်မံပြင်ဆင်ခဲ့ပြီး ပါတီဥက္ကဋ္ဌအစား ပါတီအထွေထွေအတွင်းရေးမှူး အဖြစ်၎င်း၊ သမ္မတရာထူးအား ပြန်လည်သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ၁၉၈၂ ခုနှစ်၌ ပြင်ဆင်ခဲ့သည့် ဥပဒေအရ သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာကို အပြည့်အဝပေးအပ်ခဲ့သည်။ သမ္မတသည် ဥပဒေများကို ပြဒါန်းနိုင်စွမ်းရှိလာသည်။ နိုင်ငံတော်ကောင်စီဝင် ဝန်ကြီးများ၊ ဝန်ကြီးချူပ်တို့ ရွေးခြယ်ခန့်အပ်ခြင်း သို့မဟုတ် ရာထူးမှဖယ်ရှားခြင်းတို့ကို ပြုလုပ်နိုင်သည်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ နိုင်ငံတော်အရေးပေါ် အခြေအနေကို ကြေညာခြင်း၊ စစ်သားစုဆောင်းရန် အမိန့်ထုတ်ပြန်ခြင်းနှင့် နိုင်ငံတော်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။ ထို့အပြင် သဘောတူစာချူပ်များ ချူပ်ဆိုခြင်း၊ နိုင်ငံခြားသံတမန်များကို ခန့်အပ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းများကိုလဲ ဆောင်ရွက်နိုင်သည်။ သို့သော် တရုတ်ပြည်၏ မူဝါဒအရ အဆိုပါအရာအားလုံးမှာ ပါတီ၏ သဘောတူညီချက်ရမှ သို့မဟုတ် အတည်ပြုပေးမှသာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ၁၉၈၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တိန့်ရှောင်ဖိန် ချမှတ်သွားခဲ့သည့် ထူးခြားချက်မှာ သမ္မတသည် ရာထူးနေရာ ၂ နေရာထပ် ပိုမယူရဟု သတ်မှတ်ခဲ့သည်။ ဥပမာ သမ္မတ + အထွေထွေအတွင်းရေးမှူး ရာထူးများ ယူထားပါက ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရာထူးကို စွန့်လွှတ်ရမည် ဖြစ်သည်။ ၂၀၁၈ ခုနှစ်ကျမှသာ ရှီကျင့်ဖင်းက မော်စီတုန်းခေတ်ကလို ရာထူးနေရာကို အကန့်အသတ်မရှိ ရယူခဲ့သည်။ ယခု တရုတ်သမ္မတ ရှီကျင့်ဖင်းသည် သမ္မတ၊ ပါတီဗဟိုအထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးတို့ကိုပါ ရယူထားသည်။
 
ပဋိပက္ခ
လင်ပြောင်နှင့် မော်စီတုန်းတို့ ပဋိပက္ခဖြစ်ပွားခြင်း
 
၁၉၆၉ ခုနှစ် ဧပြီလမှာ ကျင်းပသည့် ၉ ကြိမ်မြောက် တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးပွဲ၌ လင်ပြောင်သည် တရုတ်ပြည်၏ ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ လင်ပြောင်သည် မော်စီတုန်း၏ နေရာကို ဆက်ခံမည့်လူ အဖြစ် ပါတီအတွင်း ခြွင်းချက်မရှိလက်ခံရမည့် အကြောင်းကလဲ ရှ်ိသည်။ ၉ ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးအတွင်း တက်ရောက်လာသည့် ပေါ်လစ်ဗြူရိုတင်းပြည့်အဖွဲ့ဝင် ၂၁ ယောက်အနက် ၆ ယောက်မှာ လင်ပြောင်ကို အပြည့်အဝ ထောက်ပံ့ပေးနေသည့် လူများဖြစ်ကြသည်။ ဒါ့အပြင် ဗဟိုကော်မတီအဖွဲ့ဝင်၏ ၄၅% နှုန်းသော စစ်ဘက်အရာရှိများသည်လဲ လင်ပြောင်ကို ထောက်ခံအားပေးကြသည့်အတွက် ကျန့်ချင်း၊ ကျိူးအန်းလိုင်တို့ကို ကျော်လွန်ပြီး မော်စီတုန်းပြီးနောက် တရုတ်ပြည်၏ ဒုတိယ အာဏာအရှိဆုံးလူတစ်ယောက် ဖြစ်လာခဲ့သည်။
 
၁၉၇၀ ခုနှစ် သြဂုတ်လမှ စက်တင်ဘာလအထိ လုရှန်းတွင် ကျင်းပခဲ့သော ၉ ကြိမ်မြောက် ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးပွဲမှာတော့ မော်စီတုန်းဟာ လင်ပြောင်ရဲ့ ကြီးထွားလာတဲ့ အာဏာနဲ့ ထောက်ခံမှုတွေကို မြင်တွေ့လိုက်ရသည့်အခါ စိတ်မသက်မသာ ဖြစ်ခဲ့ရတော့သည်။ ထို့ကြောင့် လင်ပြောင်ကို ထိန်းချူပ်ရန် လှုပ်ရှားမှုတစ်ရပ်အနေဖြင့် လင်ပြောင်အား ထောက်ခံနေသူများကို ဝေဖန်တိုက်ခိုက်ခြင်းများ၊ လင်ပြောင် တင်ပြချက်များအပေါ် ပြစ်တင်ရှုံ့ချမှုများ ပြုလုပ်ခဲ့သည်။ ဒုတိယအကြိမ် အစည်းအဝေးတွင်လဲ လင်ပြောင်က လျိူရှောက်ချီအား ဖယ်ရှားခဲ့ပြီး နောက်ပိုင်း လစ်လပ်လျက်ရှိသော သမ္မတနေရာကို အစားထိုးရန် အဆိုတင်သွင်းခဲ့သည်။ လင်ပြောင်ကို ထောက်ခံနေသည့် လူများကလည်း ထိုနေရာကို လင်ပြောင်အား ခန့်အပ်ပေးရန် မော်စီတုန်းထံ တောင်းဆိုခဲ့ကြသည်။ မော်စီတုန်းက နဂိုတည်းကမှ သင်္ကာမကင်းဖြစ်နေသည့်အတွက် အဆိုကို ပယ်ရှားပစ်ခဲ့သည်။ တရုတ်ပြည်၏ သမ္မတနေရာသည် အရေးပါသော နေရာဖြစ်ပြီး လင်ပြောင်ကိုသာ ထိုနေရာပေးအပ်လိုက်ပါက တရုတ်ပြည်တွင် လင်ပြောင်သည် နိုင်ငံရေးနှင့် စစ်ရေးအာဏာကို သူတစ်ဦးတည်း ချူပ်ကိုင်ထားနိုင်တော့မည် ဖြစ်သည်။ (ထို့ကြောင့်လဲ မော်စီတုန်းသည် သမ္မတနေရာကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပေးအပ်တော့ပဲ၊ ၁၉၇၅ ခုနှစ်တွင် ဖျက်သိမ်းပစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌသာလျှင် လက်နက်ကိုင်တပ်အားလုံး၏ ဦးစီးချူပ်ဖြစ်လာသည်။) လင်ပြောင်သည် သူကိုယ်တိုင် အာဏာတစ်ရပ်ကို ထူထောင်နေကြောင်း သိသည်နှင့် မော်စီတုန်းမှာ လင်ပြောင်က်ို ထိန်းချူပ်ရန် နည်းလမ်းရှာရတော့သည်။ လုရှန်းအစည်းအဝေးတွင် လင်ပြောင်နှင့် မော်စီတုန်းတို့ အကြီးအကျယ် သဘောထားကွဲလွဲကြပြီးနောက် ပါတီအတွင်း လင်ပြောင်အား ကိုယ့်ကိုယ်ကို ပြန်လည်ဝေဖန်ရန် ပြောကြားခဲ့သော်လည်း လင်ပြောင်က ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ၁၉၇၀ ခုနှစ်မှ စ၍ စစ်ရေးလှုပ်ရှားများကို ကျိူးအန်းလိုင် (ချူအင်လိုုင်း) အား ဦးဆောင်စေခိုင်းခဲ့သည်။
 
လင်ပြောင်၏ သြဇာအာဏာကြီးထွားလာမှုကို ထိန်းချူပ်ရန်အတွက် မော်စီတုန်းသည် ကျိူးအန်းလိုင်၏ အကြံပေးချက်ကို လက်ခံလိုက်သည်။ ပထမဦးစွာပြောရလျှင် ပါတီအတွင်း စစ်ဘက်ဆိုင်ရာမှ လူများ များပြားနေခြင်းကို လျော့ချပစ်ရန် ဖြစ်သည်။ ယဉ်ကျေးမှုတော်လှန်ရေး စတင်သည့်အခါ အရပ်ဘက်မှလူများသည် စွဲချက်မျိူးစုံဖြင့် စွဲဆိုခြင်း ခံရပြီး ပြစ်ဒဏ်အမျိူးမျိူး ချမှတ်ခြင်း ခံခဲ့ရသည်။ ထိုအခါ လစ်လပ်သွားသည့် နေရာများတွင် စစ်ဘက်ဆိုင်ရာမှ လူများကို ထည့်သွင်းခဲ့ရာမှ ပါတီအတွင်း စစ်ဘက်ဆိုင်ရာလူများ အားကောင်းလာခဲ့သည်။ ထိုသူများ အားကောင်းလာခြင်းနှင့် အတူ လင်ပြောင်မှာ ထောက်ခံသူများပြားလာပြီး သြဇာအာဏာကြီးမားလာခဲ့သည်။ ထို့ကြောင့် ပြန်ဆက်ရလျှင် ကျိူးအန်းလိုင်၏ အကြံမှာ ယဉ်ကျေးမှုတော်လှန်ရေးအတွင်းက ဖယ်ရှားခံခဲ့ရသူများကို ပြန်လွှတ်ပေးပြီး မူလနေရာများတွင် တာဝန်ပြန်လည်ထမ်းဆောင်စေခြင်းပင် ဖြစ်သည်။ ထို့နောက် ကျိူးအန်းလိုင်က တရုတ်-အမေရိကန် ၂ နိုင်ငံဆက်ဆံရေး တိုးတက်လာစေရန် ကြိုးပမ်းခဲ့သည့်အပေါ် မော်စီတုန်းက အပြည့်အဝ ထောက်ခံပေးခဲ့သည်။
 
မော်စီတုန်းနှင့် လင်ပြောင်အကြောင်းကို ဆက်ရလျှင် လင်ပြောင်နှင့် သူ၏မဟာမိတ်များကို အမှားများကျူးလွန်မိကြောင်း မော်စီတုန်းက ဝန်ခံခိုင်းသည်။ လင်ပြောင်က အမှားကျူးလွန်မိကြောင်း ဝန်ခံရန်ငြင်းဆိုသော်လည်း လင်ပြောင်ဇနီး ရဲ့ချွမ်က မော်စီတုန်း၏ သံသယများ လျော့ပါးစေရန် အမှားပြုလုပ်မိကြောင်း ဝန်ခံသည်။ မော်စီတုန်း မယုံမကြည်ဖြစ်လာသောကြောင့် လင်ပြောင်သည် ပေကျင်းနှင့် ဝေးကွာသည့် စံအိမ်တွင်သာ နေထိုင်လေသည်။ နောက်ဆုံးတွင် ကျိူးအန်းလိုင်လဲ မနေသာတော့ မော်စီတုန်းနှင့် လင်ပြောင်ကို ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် အခြေအနေမှာ ပိုမိုတင်းမာလာပြီး လင်ပြောင်မှာ ကျိူးအန်းလိုင်၏ စကားကိုပင် နားဝင်တော့ချေ။ ဂျူလ်ိုင်လတွင် မော်စီတုန်းဘက်မှလဲ လင်ပြောင်နှင့် သူ၏ မဟာမိတ်များကို ဖယ်ရှားပစ်တော့မည်ဟု ဆုံးဖြတ်ချက်ချခဲ့သဖြင့် ကျိူးအန်းလိုင်မှာ ပြည်တွင်းစစ်တကြော့ပြန်ဖြစ်မည်က်ို အထူးစိုးရိမ်လာသည်။ လင်ပြောင်တွင် အစကပြောခဲ့သလိုပင် စစ်တပ်၏ ထောက်ခံမှု ရရှိထားသလို၊ သူ၏ ကိုယ်ပိုင်တပ်ဖွဲ့များ၊ သစ္စာခံတပ်များပင် ရှိထားပြီးဖြစ်သည်။ ကျိူးအန်းလိုုင်က မော်စီတုန်းအား ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် နားချပြောဆိုသော်လည်း မရသဖြင့် သူ၏ စေ့စပ်ညှိနှိုင်းရေးမှာ ပျက်ပြယ်သွားခဲ့ရသည်။
 
၅၇၁
Project 571 (သို့မဟုတ်) မော်စီတုန်းအား လုပ်ကြံမည့် စီမံချက်
 
Project 571 ၏ အဓိပ္ပါယ်မှာ (五七一) 武起义 ဝူချီယိ လက်နက်ကိုင်ပုန်ကန်ထကြွခြင်း ဟု အသံထွက် အဓိပ္ပါယ်ရပြီး မော်စီတုန်းအား ဖြုတ်ချကာ စစ်တပ်ဖြင့် အာဏာသိမ်းရန် ကြံစည်ခြင်း ဖြစ်သည်။ ၁၉၇၁ ခုနှစ် အစောပိုင်းကာလ ဖေဖော်ဝါရီလထဲကပင် လင်ပြောင်နှင့် သူ၏ ဇနီးဖြစ်သူ ရဲ့ချွမ်တို့သည် မော်စီတုန်းကို လုပ်ကြံရန် စတင်ကြံစည်လာခဲ့သည်။ ၁၉၇၁ ခုနှစ် မတ်လတွင် သားဖြစ်သူ လင်လိကော်သည် ရှန်ဟိုင်းအခြေစိုက် လေတပ်စခန်းတွင် လျှိူ့ဝှက်အစည်းအဝေးက်ို ကျင်းပပြီး သူ၏ နီးစပ်သော တပ်တွင်းမိတ်ဆွေများ၊ လက်အောက်အရာရှိများကို ဖိတ်ကြားပြီး ဆွေးနွေးခဲ့ကြသည်။ ထိုအစည်းအဝေးပွဲပြီးနောက် Project 571 ၏ စီမံကိန်းမူကြမ်း စတင်ထွက်ရှိလာခဲ့သည်။ မတ်လနောက်ဆုံးအပတ်ထဲတွင် စီမံချက်ကို အတည်ပြုပေးခဲ့သည် ထိုစီမံချက်ထဲတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အတွင်းမှ ထိပ်တန်းအရာရှိကြီးများပါ ပါဝင်လာခဲ့သည်။ ထိုအထဲတွင် မော်စီတုန်းအား လုပ်ကြံရန် နည်းလမ်း ၈ မျိူးကို အကြမ်းဖျဉ်း ရေးဆွဲထားပြီး စီမံကိန်းလျှိူ့ဝှက်ချက်ကို သေသည်အထိ ထိန်းသိမ်းသွားမည်ဟု ကတိပြုကြသည်။ လုပ်ကြံမည့် နည်းလမ်းများထဲမှ တစ်ချိူ့မှာ ရိုးရှင်းစွာ သေနတ်ကို အသုံးပြု၍ လုပ်ကြံခြင်းမျိူးမှ မီးရထားမတော်တဆမှုပုံစံမျိူးဖြင့် လုပ်ကြံခြင်း၊ Napalm ဗုံးဖြင့် ဖောက်ခွဲပြီး လုပ်ကြံခြင်း စသည်ဖြင့် အမျိူးမျိူး စဉ်းစားခဲ့ကြသည်။
 
တစ်ဖက်မှာလဲ မော်စီတုန်းသည် လင်ပြောင်နှင့် တပ်တွင်းအရာရှိတို့ ကြံစည်နေသမျှကို မရိပ်သေးချေ၊ ဘာမှ မသိရှိသေးသော်လည်း လင်ပြောင်က်ို ဖယ်ရှားတော့မည်ဟု စဉ်းစားနေပြီ ဖြစ်သည်။ မော်စီတုန်းသည် သြဂုတ်လ ၁၅ ရက်နေ့တွင် တောင်ပိုင်းသို့ ခရီးထွက်ခဲ့သည်။ တောင်ပိုင်းရက်ရှည်ခရီးစဉ်အတွင်း ပါတီထိပ်သီးနိုင်ငံရေးသမားများ၊ စစ်ဘက်အရာရှိခေါင်းဆောင်များ ပါဝင်သည်။ စက်တင်ဘာ ၅ ရက်နေ့တွင် လင်ပြောင်သည် မော်စီတုန်းက သူ့အား ဖယ်ရှားတော့မည့် အကြောင်း သတင်းရရှိခဲ့သည်။ စက်တင်ဘာ ၈ ရက်နေ့တွင် မော်စီတုန်းအား လုပ်ကြံရန် ဆုံးဖြတ်ခဲ့ပြီး အစီအစဉ်ကို မော်စီတုန်း ပေကျင်းသို့ မရောက်ခင် မြန်နိုင်သမျှ မြန်အောင် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ မော်စီတုန်းကို လုပ်ကြံမည့် အစီအစဉ်ကို သားဖြစ်သူ လင်လ်ိကော်နှင့် လေတပ်အရာရှိ ကျန်းယွီချီတို့က စီစဉ်ညွှန်ကြားလေသည်။
 
လင်ပြောင်သည် မော်စီတုန်း၏ ရထားကို ဗုံးဖောက်ခွဲရန် ကြံစည်ထားသော်လည်း စက်တင်ဘာ ၁၁ ရက်နေ့တွင် မမျှော်လင့်ပဲ မော်စီတုန်းက သူ၏ ခရီးစဉ်လမ်းကြောင်းကို ပြောင်းခဲ့ခြင်းက ကံကောင်းသွားခဲ့သည်။ လင်ပြောင်သည် မော်စီတုန်း၏ ရထားလမ်းတွင် အနည်းဆုံး ၂ နေရာခန့် ဗုံးဖောက်ခွဲရန် ကြံစည်ထားသော်လည်း တာဝန်ပေးခံရသည့် အရာရှိငယ်တစ်ဦးမှာ ကြောက်စိတ်ဝင်လာသဖြင့် သူ၏ ဇနီးသည်ထံ လုပ်ကြံမည့်အကြောင်းကို ရင်ဖွင့်ပြောကြားခဲ့သည်။ အရာရှိငယ်၏ ဇနီးက ပါတီကော်မတီထံ ဥက္ကဋ္ဌအား လုပ်ကြံမည့်သူရှိကြောင်း သတင်းပို့သည်။ ထိုအခါ သက်တော်စောင့်တပ်ဖွဲ့က မော်စီတုန်းအား ရထားနဲ့ ခရီးမဆက်စေပဲ ကားဖြင့်သာ ပေကျင်းသို့ တိုက်ရိုက်မောင်းပို့လေသည်။ စက်တင်ဘာ ၁၂ ရက်နေ့ ညနေခင်းတွင် ပေကျင်းသို့ ဘေးအန္တရာယ်ကင်းစွာ ရောက်ရှိလာသည်။ ဤသို့ဖြင့် လင်ပြောင်၏ မော်စီတုန်းအားလုပ်ကြံမည့် စီမံချက် ၅၇၁ မှာ ကျရှုံးခဲ့ရတော့သည်။
 
ကျဆုံးခြင်း
လင်ပြောင်သေဆုံးမှုနှင့် နောက်ကွယ်မှ ဖြစ်ရပ်တစ်ချိူ့
 
မော်စီတုန်းပြန်လာသည့်ရက် ည ၁၀ နာရီခန့်တွင် လုပ်ကြံမှုအစီအစဉ် မအောင်မြင်ကြောင်း လင်ပြောင်သိလိုက်ရပြီးနောက် သူ၏ ဇနီးဖြစ်သူ ရဲ့ချွမ်က မိသားစုလိုက် ကွမ်ကျိူးသို့ ထွက်ပြေးရန် စီစဉ်သည်။ ကွမ်ကျိူးတွင် လင်ပြောင်ကို သစ္စာခံသော တပ်ဖွဲ့များ ရှိသည့်အတွက် မော်စီတုန်းဘက်မှ လှုပ်ရှားလာပါက စစ်တပ်ဖြင့် တိုက်ခိုက်ရန် ကြံရွယ်ထားသည်။ လင်ပြောင်၏ ပထမအိမ်ထောင်မှ မွေးဖွားခဲ့သည့် အသက် ၂၇ နှစ်အရွယ် သမီးဖြစ်သူ လင်လိဟန်သည် သူ့ဖခင်နှင့် ရဲ့ချွမ်တို့ ထွက်ပြေးမည့် အစီအစဉ်ကို ကြားသိရသည့်အခါ ဖခင်ဖြစ်သူအတွက် စိတ်ပူသွားပြီး ကျိူးအန်းလိုင်ထံ ဖုန်းဆက်ကာ အကျိူးအကြောင်းကို မေးမြန်းရန် လုပ်သည်။ လင်လိဟန်နှင့် ရဲ့ချွမ်သည် အဆင်ပြေဟန် မရှိလှပေ။ လင်ပြောင်သည် သူ၏ ပထမအိမ်ထောင်မှ မွေးဖွားလာသည့် သမီးလေး လင်လိဟန်ကို အလွန်ချစ်သည့် အတွက် 荳荳 ဟုပင် အမည်ပေးထားသည်။ လင်ပြောင်သည် ပဲ အလွန်ကြိုက်သူဖြစ်သည်။ မူလအကြောင်းကို ဆက်ရလျှင် လင်လိဟန်သည် ကျိူးအန်းလိုင်ထံ ဖုန်းဆက်သော်လဲ ပထမတစ်ကြိမ်တွင် ကျိူးအန်းလိုင်နှင့် တိုက်ရိုက်မတွေ့ခဲ့ပေ။ ဒုတိယတစ်ကြိမ်ခေါ်ဆိုမှသာ ကျိူးအန်းလိုင်ကိုယ်တိုင် ဖုန်းကိုင်သဖြင့် အကြောင်းစုံကို ပြောပြခဲ့သည်။ ကျိူးအန်းလိုင်လဲ လင်လိဟန်ထံမှ သတင်းစကားကို ကြားသိရပြီးနောက် ဗဟိုကော်မတီထံ ဆက်သွယ်ပြီး ရဲ့ချွမ်နှင့် လင်လိကော်တို့ လင်ပြောင်ကို ဖိအားပေးပြီး စန့်ဟိုင်ကွမ်းလေဆိပ်မှ လေယာဉ်ဖြင့် ထွက်ပြေးရန် ကြိုးပမ်းနေကြောင်း၊ လေတပ်ဦးစီးချူပ် ဝူဖာရှန်းထံ ဖုန်းခေါ်ဆိုပြီး လေယာဉ်ထွက်ခွာလိုပါက သူ့ထံမှ ခွင့်ပြုချက်ဖြင့် (သို့မဟုတ်) အခြားအဆင့်မြင့်အရာရှိတစ်ယောက်၏ ခွင့်ပြုချက်ဖြင့်သာ ပျံသန်းခွင့်ပြုရန် အမိန့်ပေးသည်။ (ဤသည်ကား လင်ပြောင်ကို လွတ်မြောက်စေမည့် အကြောင်းအရင်း ဖြစ်လာသည်။) ထိုအကြောင်းကို လေတပ်ဦးစီးချူပ် ဝူဖာရှန်း၊ အထွေထွေဦးစီးချူပ် ဟွမ်ယုံစန်း၊ ရေတပ်ဦးစီးချူပ်နှင့် အထွေထွေဦးစီးချူပ် လီကျော့ဖင်းတို့ထံ အကြောင်းကြားစာများ ပေးပို့ခဲ့သည်။
 
၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ကျိူးအန်းလိုင်သည် ရဲ့ချွမ်ထံ ဖုန်းခေါ် အကျိူးအကြောင်းမေးမြန်းရာ ရဲ့ချွမ်က လင်ပြောင်မှာ တလျန့် (Da Lian) သို့ လေယာဉ်ခရီးစဉ်ဖြင့် သွားရောက်မှာဖြစ်သည့်အတွက် လေယာဉ်ကို စန့်ဟိုင်ကွမ်းမှာ အသင့်ပြင်ခိုင်းထားခြင်းဖြစ်ကြောင်း ပြောသည်။ ကျိူးအန်းလိုင်လဲ ရဲ့ချွမ်အား လင်ပြောင်ခရီးမသွားခင် သူကိုယ်တိုင် လာရောက်တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့အတွက် ပိုင်တိုက်ဟယ်စံအိမ်တော်မှ မထွက်ခွာပဲ စောင့်ဆိုင်းပေးရန် ပြောလေသည်။ ထို့နောက် လင်ပြောင်နှင့် ရင်းနှီးသည့် ဝူဖာရှန်းနှင့် ဟွမ်ယုံစန်းကို သူနှင့်အတူ ခေါ်ဆောင်ပြီး လင်ပြောင်ရှိရာသို့ သွားရောက်တွေ့ဆုံကာ ညှိနှိုင်းရန်အတွက် ကြိုးစားသည်။ လင်ပြောင်တို့ ပထမစီစဉ်ထားသည်မှာ သူတို့၏ တောင်ပိုင်းအခြေစိုက်ဋ္ဌာချူပ်ရှိရာ ကွမ်ကျိူးသို့ သွားရောက်ပြီး အင်အားစုဆောင်းမည်။ ထို့နောက် ဗဟိုပါတီမှ ခွဲထွက်ပြီး ပါတီအသစ် တည်ထောင်မည်။ ထို့နောက် မော်စီတုန်း၏ သစ္စာခံတပ်များကို တိုက်ထုတ်ပြီး ပေကျင်းအစိုးရကို ဖြုတ်ချမည်ဟု စီစဉ်ထားသည်။ သို့သော်လည်း ကျိူးအန်းလိုင်မှ သိရှိသွားပြီး ဖြစ်သည့်အတွက် ထိုအစီအစဉ်ကို စွန့်လွှတ်ပြီး ဆ်ိုဗီယက်ယူနီယံအထိ ထွက်ပြေးတော့မည်ဟု ဆုံးဖြတ်ခဲ့သည်။
 
လင်ပြောင်ထွက်ပြေးသည့် အကြောင်းအရာများထဲမှ တစ်ခုမှာ သူသည် ထိုင်ဝမ်ရှိ ကူမင်တန် (တရုတ်သမ္မတနိုင်ငံတော်) တို့ထံ ခိုလှုံရန် ကြံစည်ခဲ့သည်ဆိုသည့် ကောလဟာလတစ်ခုလဲ ပါလာသည်။ ထိုကောလဟာမှာ လင်ပြောင်သည် မင်ကော် (ထိုင်ဝမ် သို့မဟုတ် တရုတ်သမ္မတနိုင်ငံတော်) ကို ထောက်ခံသူများနှင့် လျှိူ့ဝှက်တွေ့ဆုံခဲ့ဖူးပြီး ချန်ကေရှိတ်နှင့်လဲ လျှိူ့ဝှက်သဘောတူညီမှု တစ်ခုက်ို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။ မော်စီတုန်းကို လုပ်ကြံရန် ကြိုးပမ်းနေသည့်အချိန်မှာပင် ချန်ကေရှိတ်က လင်ပြောင်နှင့် လျိူ့ဝှက်ဆက်သွယ်ပြီး မော်စီတုန်းကို လုပ်ကြံနိုင်ပါက ပြည်မကို ကူမင်တန်တပ်များဖြင့် ပြန်လည်သိမ်းယူမည်၊ ပြီးနောက် လင်ပြောင်အား ရာထူးကြီးတစ်ခုဖြင့် အစိုးရအသစ်တွင် တာဝန်ထမ်းဆောင်ခိုင်းမည်ဟု ဆိုသည်။ လင်ပြောင်၏ ကြံစည်မှု မအောင်မြင်သည့်အခါ ထိုင်ဝမ်ကို ထွက်ပြေးရန် ကြံစည်ခဲ့သော်လည်း ကူမင်တန်အစိုးရက ပြည်မ၏ ခြိမ်းခြောက်မှုများကို စိုးရိမ်သည့်အတွက် လက်မခံသောသောကြောင့် ဆိုဗီယက်တို့ထံ ထွက်ပြေးခဲ့သည်ဟု ဆိုသည်။ အဆိုပါအကြောင်းအရာကို ပြည်မကော ထိုင်ဝမ်ပါ ယခုချိန်ထိ ဝန်မခံကြသေးပေ။
 
မူလဇာတ်လမ်းကို ပြန်ဆက်ရလျှင် ရဲ့ချွမ်တို့သည် ကျိူးအန်းလိုင်သိသွားပြီဟု ယူဆလျက် ကွမ်ကျိူးသို့ ထွက်ပြေးရန် ထုပ်ပိုးစရာရှိသည်များကို လျှင်မြန်စွာ ထုပ်ပိုးကြသည်။ ကျိူးအန်းလိုင်ကလည်း တစ်စုံတစ်ခုဖြစ်မည်ကို စိုးရိမ်သဖြင့် နေရာစုံတွင် တပ်လှန့်ထားသည်။ ရဲ့ချွမ်နှင့် သားဖြစ်သူ လင်လိကော်တို့သည် လင်ပြောင်အား နှိုးပြီး သူ့အား ဇိမ်ခံကားထဲတွင် အသင့်ထိုင်စောင့်နေစေသည်။ ပြီးနောက် ပိုင်တိုက်ဟယ်စံအိမ်မှ ၂၅ မိုင်ကွာဝေးသည့် စန့်ဟိုင်ကွမ်းလေဆိပ်သို့ မောင်းထွက်သွားသည်။ လေယာဉ်ကွင်းတွင် သူတို့အား လေယာဉ်တစ်စီးကို အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေစေသည်။ လင်ပြောင်၏ သက်တော်စောင့်တို့က လင်ပြောင်၏ သမီးဖြစ်သူ လင်လိဟန်နှင့် သူ၏ အခန်းဖော်တို့ကို လာရောက်ခေါ်ဆောင်ရာ လင်လိဟန်က မလိုက်တော့ဘူးဟု ပြောဆိုကာ ငြင်းဆန်လေသည်။
 
လင်ပြောင်၏ ဇိမ်ခံကားသည် ပိုင်တ်ိုက်ဟယ်မှ ထွက်ခွာလာစဉ် လမ်းတွင် အစောင့်စစ်သားတစ်ဦးက သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ပြီး ကားကို တားဆီးလေသည်။ သို့သော် လင်ပြောင်ဘက်တော်သား စစ်သားများက သေနတ်သံကြားရာသို့ ရောက်လာပြီး လေဆိပ်သွားရာလမ်းကို ဖွင့်ပေးသည်။ လေဆိပ်သို့ရောက်သော် လေယာဉ်ဆီသို့ တိုက်ရိုက်မောင်းသွားသည်။ အလျင်လိုနေသဖြင့် လေယာဉ်ပေါ်သို့ တက်ရန် လေယာဉ်ဆိပ်ခံလှေကားတင် ကားကိုပင် မယူဆောင်နိုင်တော့ပဲ လေယာဉ်ပေါ်မှ ကြိုးလှေကားတစ်ခု ချပေးပြီး ကြိုးလှေကားဖြင့် လေယာဉ်ပေါ်သို့ တက်ရောက်ရသည်။ လင်ပြောင်မှာ စိတ်ဖိစီးမှုကြောင့် နေထိုင်မကောင်းဖြစ်ပြီး အားအင်ကုန်ခမ်းနေသည့်အတွက် လေယာဉ်ပေါ်သို့ ထမ်းတင်ပေးရသည်။
 
လေယာဉ်မှာ ပြေးလမ်းသို့တက်ပြီး အရှိန်ယူနေစဉ် တာဝန်ကျစစ်သားများက ရိပ်မိပြီး ဆီတင်ကားကို မောင်းနှင်ကာ လေယာဉ်ပြေးကို လိုက်လံပိတ်ဆို့ကြသည်။ သို့သော်လည်း လေယာဉ်မှ ပျံတက်နိုင်လောက်သည့် အရှိန်ရနေပြီဖြစ်ရာ ပြေးလမ်းတိုဖြင့် အလျင်အမြန် ပျံတက်သွားနိုင်သည်။ လေဆိပ်တာဝါစင်ပေါ်မှ အရာရှိက လေယာဉ်ပျံတက်သွားသည့် ဦးတည်ရာမှာ အရှေ့တောင်ဘက် (ကွမ်ကျိူး) သို့ဖြစ်ကြောင်း သတိပြုမိသည်။ လင်ပြောင်တို့့အဖွဲ့မှာ စိတ်ကူးပြောင်းသွားသည့်ပုံပင်၊ မိနစ် ၂၀ ခန့်ကြာသော် လေယာဉ်မှာ စက်ဝိုင်းပုံအတိုင်း ပြန်ကွေ့လာပြီး လေဆိပ်တွင် ဆင်းသက်ရန် ကြိုးစားသော်လည်း လေဆိပ်မှ အရာရှိများက လေယာဉ်ပြေးလမ်းမီးများကို ပိတ်ပစ်လိုက်ကြသည်။ ထို့ကြောင့် လေယာဉ်မှာ ပြေးလမ်းရှာမတွေ့သည့်အတွက် မြောက်ဘက်သို့ ပျံသန်းထွက်ခွာသွားသည်။ မနက်မိုးလင်းသည့်အခါ ဆိုဗီယက်နှင့် မွန်ဂိုလီးယားနိုင်ငံတို့မှ တောင်အရပ်မှ ပျံသန်းလာသည့် လေယာဉ်တစ်စီး ၂ နိုင်ငံနယ်စပ်အနီးတွင် ပျက်ကျကြောင်း သတင်းပေးပို့ကြသည်။ မွန်ဂိုလီးယားဘက်မှ ပေးပို့သည့် သတင်းတွင် လေယာဉ်သည် နံနက် ၃ နာရီခန့်က ပျက်ခဲ့ကြောင်း၊ လေယာဉ်ပျက်ကျသည့် အချိန်တွင် လေယာဉ်အမြှီးပိုင်းမှာ မီးလောင်လျက်ရှိကြောင်း သတင်းပေးပို့ခဲ့သည်။
 
တစ်ဖက်တွင်လည်း ကျိူးအန်းလိုင်သည် လင်ပြောင်နှင့် တွေ့ဆုံဆွေးနွေးရန် လေယာဉ်ကို အသင့်ပြင်ခိုင်းထားခဲ့သည်။ ထို့နောက် နိုင်ငံတစ်ဝန်းရှိလေယာဉ်များအား ပျံသန်းခြင်းမှ ရပ်ဆိုင်းထားရန်နှင့် သူကိုယ်တိုင်သော်၎င်း၊ မော်စီတုန်းနှင့် သက်ဆိုင်ရာအရာရှိကြီးများ၏ လက်မှတ်ပါမှသာ ပျံသန်းခွင့်ပြုရန် အမိန့်ပေးထားသည်။ ထို့နောက် လုပ်စရာရှိသည်များကို လုပ်ဆောင်ပြီးနောက် မော်စီတုန်းနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး အကျိူးအကြောင်းကို ရှင်းပြလေသည်။ ထိုသို့ ဆွေးနွေးနေစဉ် မော်စီတုန်းထံ သတင်းတစ်ခု ရောက်လာသည်။ လင်ပြောင်သည် လေယာဉ်ဖြင့် ထွက်ပြေးသွားဖြစ်ကြောင်း၊ တရုတ်ဝေဟင်ပိုင်နက်အတွင်းပင် ရှိနေသေးကြောင်း၊ အကယ်၍ ဥက္ကဋ္ဌကြီးအနေဖြင့် အမိန့်ပေးလိုက်ပါက လေယာဉ်ကို ပစ်ချလိုက်မည်ဖြစ်ကြောင်း ဆိုလေသည်။ မော်စီတုန်းက "သူသွားပါစေတော့ကွာ" ဟု ဆိုကာ အကြောင်းပြန်လိုက်သည်။ စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မွန်ဂိုလီးယားနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ တရုတ်သံအမတ်အား ခေါ်ယူတွေ့ဆုံပြီး အမျိူးအမည်မသိ တရုတ်လေကြောင်းပိုင်လေယာဉ်တစ်စီး မိမိတို့ ဝေဟင်ပိုင်နက်အတွင်း ပျက်ကျခဲ့ကြောင်း၊ လေယာဉ်အတွင်း လိုက်ပါလာသူအားလုံး လေယာဉ်ပျက်ကျနေစဉ်အတွင်း သေဆုံးသွားကြောင်း အသိပေးအကြောင်းကြားခဲ့သည်။ ဤသို့ဖြင့် လင်ပြောင်နှင့် သူ၏ မိသားစုသည် ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် မွန်လီးယားဝေဟင်ပိုင်နက်အတွင်း လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ကြသည်။ လေယာဉ်မှ ရရှိခဲ့သည့် အလောင်းများကို စစ်ဆေးရာ လင်ပြောင်နှင့် သူ၏ မိသားစုတို့ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းမှာ ဆီမလုံလောက်သည့်အတွက် ဆီကုန်ပြီး မြေပြင်သို့ ထိုးစိုက်ပျက်ကျခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ လင်ပြောင်တို့ စီးနင်းလိုက်ပါလာသည့် Trident 1E လေယာဉ်သည် 1,400 miles (2,300 kilometres) အထိ ပျံနိုင်သည်ဟု သိရသည်။ (မြေပုံတွင် ကြည့်ပါ။)
 
အပေါ်မှာ ရှုပ်ကုန်မှာစိုးလို့ မရေးခဲ့တဲ့တစ်ချက်က ကျန့်ချင်းသည် လင်ပြောင်နှင့် မဟာမိတ်ဖွဲ့ထားပြီး လင်ဖြစ်သူ မော်စီတုန်းနှင့် လင်ပြောင်တို့အကြား ရန်တိုက်ပေးကာ နိုင်ငံရေးအမြတ်ထုတ်ရန် ကြံစည်ခဲ့ခြင်းပင် ဖြစ်သည်။ လင်ပြောင်သည် မော်စီတုန်းအား လုပ်ကြံမည့် အကြံအစည်ကို ကျန့်ချင်းလဲ ကြိုသိနေခဲ့သည်ဟူ၍ ဖြစ်သည်။ သို့သော်လည်း မော်စီတုန်းအား အသိမပေးခဲ့ချေ၊ မော်စီတုန်းက လင်ပြောင်အား ရာထူးမှ ဖယ်ရှားတော့မည့် အကြောင်းကို လင်ပြောင်အား အသ်ိပေးခဲ့သည်မှာ ကျန့်ချင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့်လဲ လင်ပြောင်က သတင်းလက်ဦးမှု ရယူပြီး မော်စီတုန်းအား လုပ်ကြံရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
 
နောက်တစ်ခုမှာ စံအိမ်တော်တွင် ကျန်ရစ်ခဲ့သည့် လင်လိဟန် အကြောင်းပင်ဖြစ်သည်။ လင်လိဟန်အကြောင်းကို အနည်းငယ်ပြောပြရလျှင် သူမသည် ပထမအိမ်ထောင်မှ မွေးဖွားလာသည့် လင်ပြောင်၏ အချစ်ဆုံးသမီး ဖြစ်သည်။ လင်လိဟန်သည် ဖခင်ဖြစ်သူတစ်စုံတစ်ခု ဖြစ်မှာစိုးရိမ်သဖြင့် ကျိူးအန်းလိုင်အား အကျိူးအကြောင်းပြောပြပြီး အိမ်၌ ကျန်ရစ်ခဲ့သည်။ သူမ ဖခင်၏ သတင်းက်ို ကြားသိရသည့်အခါ စိတ်ဝေဒနာခံစားခဲ့ရပြီး အကြိမ်ကြိမ် ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် ကြိုးပမ်းခဲ့သောကြောင့် အစောင့်အကြပ်များနှင့် ထားရှိခဲ့ရသည်။ မော်စီတုန်းက လင်ပြောင်၏ အမှုကို စစ်ဆေးသည့်အခါ လင်လိဟန်ကို ခေါ်ယူစစ်ဆေးခြင်းမပြုရန် တားမြစ်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် သူမအား နေအိမ်အကျယ်ချူပ်မှ လွှတ်ပေးခဲ့သည်။ ထိုနောက် သိပ်မကြာမှီ လင်လိဟန်သည် သူမ၏ ချစ်သူနှင့် လက်ထပ်သွားခဲ့ပြီး ကျန့်ကျိူးရှိ စက်ရုံတစ်ခုတွင် အလုပ်ဝင်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် လူမှုရေးသိပ္ပံအကယ်ဒမီကျောင်းသို့ တက်ရောက်ခဲ့သည်။
 
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ တရုတ်တပ်နီတော်၏ စာတမ်းဖတ်ပွဲ၌ တပ်နီတော်မျိူးဆက်အဖြစ် လူမြင်ကွင်းရှေ့သို့ ပြန်ရောက်လာခဲ့သည်။ ထိုပွဲတွင် သူမကိုယ်တိုင် မိန့်ခွန်းပြောကြားခဲ့ပြီး မီဒီယာများ၏ စိတ်ဝင်စားမှုက်ိုလဲခံခဲ့ရသည်။
 
林圛朙「天下第一」
 
== ကိုးကား ==
၆၂၄၆

တည်းဖြတ်မှုများ