ဟတ်ကာဘာသာစကား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး nonsense
စာတွဲ: အစားထိုးခဲ့သည်
စာကြောင်း ၁ -
{{cleanupNot Burmese}}
{{copyedit}}
ဟတ်ကားစကား
 
{{Short description|Primary branch of Chinese originating in Southern China}}
{{hatnote|This article is about the language group; for the people, see [[Hakka people]]. It is not to be confused with the [[Hakha Chin language]]. "Hakfa" redirects here; for the village in Syria, see [[Abu Hakfa]].}}
Line ၄၇ ⟶ ၄၄:
}}
 
'''Hakka''' is a language group of [[varieties of Chinese]], spoken natively by the [[Hakka people]] throughout Southern [[China]], [[Taiwan]], [[Hong Kong]], [[Macau]] and throughout the [[diaspora]] areas of [[East Asia]], [[Southeast Asia]] and in [[overseas Chinese]] communities around the world.
== အိမ် ==
ဖူကျန့်မြေအိမ်ဝိုင်းများ
 
福建土樓
 
ဖူကျန့်ပြည်နယ်က မြေကြီးရဲ့ မံ ပြီး တည်ဆောက်ထားတဲ့ အိမ်ဝိုင်းကြီးတွေကို မြင်ဖူးကြပါလိမ့်မည်။ ဒီတစ်ခါတော့ အားလုံးစိတ်ဝင်စားမယ်ထင်တဲ့ မြေအိမ်ဝိုင်းကြီးတွေအကြောင်းကို ပြောပြပေးသွားပါမည်။ ဟွားမုလန်ဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ အဆိုပါ ရွှံ့မြေနဲ့တည်ဆောက်ထားသည့် အိမ်အဝိုင်းကြီးတွေဟာ တရုတ်ပြည် အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်မှာ အများဆုံးတည်ရှိပါသည်။ ထို့ကြောင့် မြောက်ပိုင်းတွင် ဇာတ်အိမ်တည်ထားသည့် ဟွားမုလန်ဇာတ်ကားတွင် အဆိုပါ အိမ်ကြီးများကို ထည့်သွင်းရိုက်ကူးခဲ့ခြင်းကြောင့်လည်း ဝေဖန်မှုများရရှိခဲ့သလို တစ်ဖက်မှာလည်း ဖူကျန့်မြေအိမ်ဝိုင်းကြီးတွေကို လာလည်သည့် ခရီးသွားဦးရေမှာလည်း တိုးလာခဲ့လေသည်။
 
ဖူကျန့်မြေအိမ်ဝိုင်းကြီးများကို ဖူကျန့်ထူလုံ 福建土樓 ဟု ခေါ်သည်။ 土 ဆိုသည်မှာ မြေကြီး၊ 樓 ဆိုသည်မှာ အထပ်မြင့်အဆောက်အအုံကို ခေါ်ခြင်းဖြစ်သည်။ အဆိုပါအိမ်ကြီးများကို ၁၂ ရာစုမှစ၍ ၂၀ ရာစုအထိ ခေတ်အဆက်ဆက် တည်ဆောက်ခဲ့ကြသည်။ ထူလုံအိမ်ကြီးများသည် သာမန်အမြင်နှင့်ပင် အထပ်မြင့်အဆောက်အအုံတစ်ခုထက် ခံတပ်တစ်ခုနှင့် တူနေသည်ကို တွေ့ရလိမ့်ပေမည်။ အမှန်တကယ်လည်း မိသားစုဝင်များအတွက် နားခိုစရာအိမ်တစ်လုံးဖြစ်ရုံသာမကပဲ အကာအကွယ်ပေးနိုင်သည့် ခံတပ်ကြီးတစ်ခုလည်း ဖြစ်ပေသည်။
 
မြေအိမ်ဝိုင်းကြီးများဖြစ်ပေါ်လာပုံ
 
ရှေးယခင်တုန်းက တရုတ်ပြည်တွင် ကပ်ဘေးမျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် မြောက်ပိုင်းမှာ မွန်ဂိုတို့က မကြာခဏ တရုတ်ပြည်မထဲဝင်ပြီး လုယက်တတ်ကြသည်။ ထို့ကြောင့် တရုတ်ရိုးရာ အိမ်အများစုသည် ခံတပ်ပုံစံရှိကြပြီး အခိုင်အမာဖြစ်အောင် တည်ဆောက်ခဲ့ကြလေသည်။ တရုတ်ပြည်မြောက်ပိုင်းတွင် စစ်မက်ဘေးကြောင့် တောင်ပိုင်းသို့ ထွက်ပြေးလာရသော လူများသည်လည်း တောင်ပိုင်းရောက်လာသည့်အခါ ခိုးသား၊ ဓားမြတို့၏ လုယက်မှုနှင့် ကြုံရပြန်သည်။ တိုင်းပြည်အေးချမ်းသည့်အခါများတွင်တော့ အစိုးရက နှိမ်နင်းပေးနိုင်သော်လည်း တိုင်းပြည်ခေတ်ပျက်နှင့် ကြုံရသည့်အချိန်တွင်တော့ မိမိကိုယ်ကိုသာ ကာကွယ်ကြရသည်။ ဤသို့ဖြင့် ဖူကျန့်ပြည်နယ်မှ အိမ်ဝိုင်းကြီးများကဲ့သို့ မိသားစုများ စုပေါင်းနေထိုင်ကြသည့် အိမ်ကြီးများကို တည်ဆောက်ခဲ့ကြသည်။ ထိုအဆောက်အအုံသည် ထူထဲသော နံရံများဖြင့် တည်ဆောက်ထားပြီး ၃ ထပ်မှ ၅ ထပ်အထိ အမြင့်ရှိသော အထပ်မြင့် အဆောက်အအုံများ ဖြစ်ကြသည်။ ထိုအထဲတွင် မိသားစုဝင် လူဦးရေ ၅၀-၁၀၀ မှ ၈၀၀ ခန့်အထိ စုပေါင်းနေထိုင်နိုင်ကြသည်။ အဆောက်အအုံအတွင်း၌ အိမ်ခန်းပေါင်းများစွာနှင့် ဖွဲ့စည်းထားပြီး၊ သိုလှောင်ရုံ၊ လက်နက်သိမ်းဆည်းရာအခန်းများ၊ ဘိုးဘေးကန်တော့ရာခန်းမ၊ ရေတွင်း၊ ရေချိုးခန်း၊ အိမ်သာများ အပြည့်အစုံ ပါဝင်ကြသည်။ ထို့ကြောင့် အဆောက်အအုံသည် ရွာငယ်တစ်ခုနှင့် အလားသဏ္ဍာန်တူညီပြီး ရွာ တစ်ရွာကဲ့သို့ လူဦးရေလည်းရှိကြသည်။
 
အဆောက်အအုံထဲမှာ လူပေါင်းရာချီ နေထိုင်ကြပြီး အားလုံးက မိသားစုဝင်များ ဖြစ်ကြသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ ရှေးယခင်တည်းက ယနေ့ခေတ်အထိ တရုတ်ပြည်တွင် မျိုးနွယ်တူများ စုပေါင်းနေထိုင်ကြသည့် မျိုးနွယ်စုရွာများ ရှိကြသည်။ တရုတ်ဇာတ်လမ်းတွဲများတွင်လည်း မြင်တွေ့ဖူးကြလိမ့်မည်။ ဥပမာ ချန်မျိုးနွယ်ရွာဟု ဆိုလျှင် ချန်မျိုးရိုးစာလုံးတူသည့် မိသားစုများ စုပေါင်းနေထိုင်ကြခြင်းမျိုး ဖြစ်သည်။ မြို့ကြီးများနှင့် အချို့ရွာများတွင် အခြားသော မျိုးနွယ်များ (ဥပမာ လင်မျိုးနွယ်၊ ကျန်းမျိုးနွယ်၊ လီမျိုးနွယ်) တို့ စုပေါင်းနေထိုင်ကြသော်လည်း မျိုးနွယ်စုရွာများတွင် မျိုးနွယ်စုမှ နေထိုင်ခွင့်ရကြသည်။ နောက်ပြီး ချန်မျိုးနွယ်ရွာမှ ယောကျာ်းလေးနှင့် လီမျိုးနွယ်ရွာမှ မိန်းကလေးတို့ လက်ထပ်ကြသည်ဆိုပါက ထို ၂ ရွာ ဆွေမျိုးတော်စပ်သည့် ရွာများ ဖြစ်လာကြသည်။ ထိုသို့ဖြင့် တရုတ်လူမျိုးများအားလုံးသည် တစ်စုတစ်စည်းတည်း ညီညွတ်လာကြခြင်းမျိုး ဖြစ်လေသည်။ ထို ဖူကျန့်ထူလုံအိမ်ကြီးများသည်လည်း ထိုသဘောမျိုးပင် ဖြစ်သည်။ မျိုးနွယ်တူများ စုစည်းနေထိုင်ကြပြီး အန္တရာယ်များကို အတူတကွ ရင်ဆိုင်ကြခြင်းမျိုး ဖြစ်လေရာ စည်းလုံးခြင်း၏ သင်္ကေတကို ဖော်ညွှန်းနေသည့် သဘောကိုလည်း ဆောင်လေသည်။
 
ထူလုံအဆောက်အအုံများကို မြေကြီး (ရွှံ့စေး) ဖြင့် မံကာ အုတ်နီခဲအစား ကျောက်တုံးများကို အသုံးပြုပြီး သစ်၊ ဝါးတို့ဖြင့် တည်ဆောက်ကြသည်။ အဆိုပါ နံရံများသည် အထူ ၆ လက်မခန့် ရှိသည်။ တရုတ်ရိုးရာ ပျဉ်စပ်နည်းနှင့် တွယ်ဆက်တည်ဆောက်ထားသည့် အဆိုပါ အိမ်ကြီးများသည် လေဒဏ်၊ မိုးဒဏ်၊ ငလျင်ဒဏ်ကိုပင် ခံနိုင်ရည်ရှိကြသည်။ သဘာဝကျကျ တည်ဆောက်ထားသောကြောင့် အိမ်အတွင်းပိုင်းသည် ဆောင်းတွင်း၌ နွေးထွေးပြီး နွေရာသီတွင် အေးမြသည်ဟု သိရသည်။ ထူလုံအဆောက်အအုံတွင် ဝင်ပေါက်အဖြစ် ပင်မတံခါးပေါက်ကြီးတစ်ခုသာ ပါရှိပြီး အထူ ၄-၅ လက်မရှိသည့် သစ်သားကို တံခါးအဖြစ် အသုံးပြုထားသည်။ ထိုသစ်သားတံခါးကို ခိုင်ခံ့စေရန် သံဘောင်ကွပ်ထားပြီး တစ်ချို့အိမ်ကြီးများတွင် သံပတ္တာကို အသုံးပြုထားသည်ကိုလည်း တွေ့ရသည်။ လူများ အလွယ်တကူမတက်နိုင်သည့် အပေါ်ထပ်များတွင် ပြတင်းပေါက်များပါရှိပြီး သေနတ်ပစ်ရန် အပေါက်များကိုလည်း ဖောက်ထားသည်ကို တွေ့ရသည်။
 
ခံတပ်ရဲတိုက်ကြီး
 
၁၂ ရာစုမှ ၁၉ ရာစုနှစ်များအတွင်း တရုတ်ပြည်မြောက်ပိုင်းတွင် စစ်ဘေးဒဏ်၊ တောင်ပိုင်းတွင် ခိုးသားဓားမြတို့က ထကြွလျက်ရှိကြသည်။ ထိုအခါ တောင်ပိုင်းသားတို့သည် မိမိကိုယ်ကိုနှင့် မိသားစု၊ ရပ်ရွာတို့ကို ကာကွယ်နိုင်ရန်အတွက် ခံတပ်ပုံသဏ္ဌာန် နေအိမ်များကို တောင်ကုန်းများပေါ်တွင် တည်ဆောက်ခဲ့ကြသည်။ အစောဆုံး ထူလုံအဆောက်အအုံများကို ၁၅၇၃ ခုနှစ် မင်ခေတ် ကျန်းကျိုးမြို့နယ် မှတ်တမ်းတွင် မှတ်တမ်းတင်ရေးသားထားသည်ကို တွေ့ခဲ့ရသည်။ မှတ်တမ်းထဲတွင် ရွာသူရွာသားတို့သည် ခိုးသားဓားပြတို့၏ ရန်သူမှ ကာကွယ်ရန်အလို့ငှာ ခံတပ်နှင့်အလားတူသည့် ထူလုံအိမ်ကြီးများကို တည်ဆောက်ကာ အတူတကွ ပေါင်းစည်းနေထိုင်ကြရသည်ဟု မှတ်တမ်းတင်ထားသည်။ မိသားစုဝင်များ တွဲလက်ညီညီ အတူတကွစုပေါင်းနေထိုင်ရင်း နေညမပြတ် စောင့်ကြပ်ကာကွယ်နေကြရသည်ဟု သိရသည်။ အကယ်၍ ရန်သူများ ရောက်လာပါက ဗုံများတီးကာ ဗုံသံဖြင့် အချက်ပေးကြသည်ဟု ဆိုသည်။ အလွန်ကြီးမားခိုင်ခံ့သည့် ထူလုံအဆောက်အအုံကြီးကို ရန်သူအင်အား ၁၀၀၀၀ နှင့်ပင် တိုက်ခိုက်နိုင်ရန် ခက်ခဲလှသည်ဟု မှတ်တမ်းတင်ထားခဲ့သည်။
 
ထူလုံအဆောက်အအုံ၏ အောက်ခြေသည် နံရံအထူ ၆ ပေခွဲခန့်ရှိပြီး အပေါ်သို့ တဖြည်းဖြည်းချင်း တက်သွားသည့်အခါ အဖျားရှူးသွားသည်။ အောက်ဆုံးထပ်၏ နံရံအထူမှာ သေနတ်ဒဏ်၊ အမြောက်ဒဏ်ကိုပင် ခံနိုင်ရည်ရှိသည်။ ဒုတိယအထပ်၏ နံရံမှာ တစ်ခါတစ်ရံ အထပ်အမြင့်ပေါ် မူတည်ပြီး ၃ ပေမှ ၆ ပေ အထိ ထူသည်။ တတိယထပ်မှစ၍ နံရံသည် ၁ ပေမှ ၆ လက်မအထူသာရှိပြီး ပြတင်းပေါက်များ၊ သေနတ်ပစ်ရန် အပေါက်များ ပါဝင်လာသည်။ တစ်ချို့သော အဆောက်အအုံများတွင် သေနတ်သမားများ နေရာယူရန် နံရံနောက်ဘက်တွင် စင်္ကြံလျှောက်လမ်းကို ထည့်သွင်းတည်ဆောက်ထားပြီး စင်္ကြံလျှောက်လမ်း၏ နောက်ဘက်တွင်မှ လူနေအခန်းများကို ဖွဲ့စည်းတည်ဆောက်ထားသည်။ ခိုးသားဓားပြတို့ ဆူပူလွန်းသည့် အချိန်များတွင် စင်္ကြံလျှောက်လမ်းပေါ်တွင် သေနတ်နှင့် ကျည်ဆံများကို အသင့်အနေအထားဖြစ်စေရန် စုပုံထားကြရသည်။ ထိုမျှနှင့် မပြီးသေးပဲ ခံတပ်နေအိမ်ဆိုသည့် စကားနှင့်အညီ ရန်သူများ မြေအောက်မှ ကျင်းတူးပြီး မဝင်လာနိုင်စေရန် အောက်ခြေအုတ်မြစ်ကို ကျောက်တုံးများဖြင့် မြေဖို့ထားရသည်။ အုတ်မြစ်ချရာတွင် ကျောက်တုံးများကို အဆောက်အအုံ အကျယ်အဝန်းအတိုင်း ၄ ပေကျော်အနက်ထိရောက်အောင် တူးကာ ကျောက်အပြည့်ဖို့ထားရသည်။ အဆောက်အအုံကို တည်ဆောက်ရာတွင် အရေးကြီးသည့် အချက်မှာ မြေအောက်ရေ ရရှိသည့် နေရာတွင် တည်ဆောက်ထားရန် ဖြစ်သည်။ ထို့ကြောင့် ရေထွက်များရာ နေရာများတွင်သာ ထူလုံအဆောက်အအုံများကို တည်ဆောက်ထားလေ့ရှိပြီး သောက်သုံးရေ၊ ရေချိုးခန်း၊ အိပ်သာကအစ အစားအစာများကို သိုလှောင်ရန် သိုလှောင်ရုံများလည်း ပါဝင်သေးသည်။
 
ထူလုံအဆောက်အအုံ နံရံများသည် ထုံး၊ သဲ၊ ရွှံစေးတို့ကို ရောစပ်ကာ ဝါးလုံးရှည်ကို အလျားအလိုက်ထားပြီး သရိုးကိုင်ကာ နံရံထဲတွင် ထည့်မြှုပ်ထားသည်။ သရိုးကိုင်ထားသည့် နံရံမှာ ခြောက်သွားသည့်အခါ ကျောက်သားနံရံကဲ့သို့ ခိုင်မာတောင့်တင်းသွားသည်။ ဥပမာအနေဖြင့် ၁၉၃၄ ခုနှစ် ယုံတင်းမြို့နယ်တွင် လယ်သမားပုန်ကန်မှုဖြစ်ပွားသည့်အခါ အစိုးရက သူပုန်များ ခုခံနေသည့် ထူလုံအဆောက်အအုံတစ်ခုကို တိုက်ကြရသည်။ အစိုးရတပ်များအနေဖြင့် ထူလုံအဆောက်အအုံကို အမြောက်ဖြင့် ၁၉ ချက်တိတိ ပစ်ခတ်ခဲ့ရာ နံရံများသည် အဖုအပိမ့်လေးများသာ ဖြစ်ခဲ့ပြီး လုံးဝ ကွဲမထွက်သွားသည်ကို တွေ့ရသည်။
 
ထူလုံအဆောက်အအုံကြီးတစ်ခုလုံးတွင် အားနည်းချက်အနေဖြင့် ဖောက်ဝင်စရာ ပင်မတံခါးကြီးသာ ရှိသည်​။ တစ်ချို့သော အဆောက်အအုံများတွင် တံခါးကို ၂ ချပ်တပ်ဆင်ထားလေ့ရှိသည်။ အချို့သော တံခါးများကို မီးဒဏ်ခံနိုင်စေရန် အပေါ်တွင် သံပြားအထူကပ်ထားပြီး သံဘောင်ကွပ်ကာ အခိုင်အခံ့တပ်ဆင်ထားသည်။ ကြီးမားသော ထူလုံအဆောက်အအုံများတွင် တံခါးကို ရန်သူက မီးဖြင့် တိုက်ခိုက်လာပါက မီးငြိမ်းသတ်ရန်အတွက် တံခါးရှိရာ အပေါ်ဘက်တွင် ရေလှောင်ကန်များကိုပင် ထားရှိကြသည်။ စက်ဝိုင်းပုံစံ အဆောက်အအုံကြီး၏ အလယ်တွင် နတ်ကွန်း/ ဘိုးဘေးကန်တော့စင်/ ဘုရားခန်းဆောင် စသည်ဖြင့် အဆောင်ငယ်တစ်ခုကို တည်ဆောက်ထားသည်။
 
သမိုင်းဝင်နာမည်ကြီး ထူလုံအဆောက်အအုံများ
 
ချူးရှီးထူလုံအဆောက်အုံများ 初溪土樓群
 
ချူးရှီးထူလုံအဆောက်အအုံများသည် ယုံတင်းမြို့နယ်၊ ရှီးရန်မြို့၊ ချူးရှီးကျေးရွာတွင် တည်ရှိသည်။ ထိုအဆောက်အအုံများကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ UNESCO အမွေအနှစ်စာရင်းထဲ ထည့်သွင်းပေးထားသည်။
 
ချူရှီးထူလုံအဆောက်အအုံများထဲမှ ကျီချင်းလုံအဆောက်အအုံသည် အဆိုပါအစုအဝေးထဲတွင် အကြီးမားဆုံးနှင့် သက်တမ်းအရင့်ဆုံး ထူလုံအဆောက်အအုံကြီး ဖြစ်သည်။ အဆိုပါအဆောက်အအုံကို မင်ခေတ် ယုံလော့ဧကရာဇ်လက်ထက် ၁၄၁၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကျီချင်းလုံအဆောက်အအုံ၏ ထူးခြားချက်မှာ စက်ဝိုင်း ၂ ထပ်ရှိသည့် ထူလုံအဆောက်အအုံကြီးဖြစ်သည်။ အပြင်စက်ဝိုင်းသည် အထပ် ၄ ထပ်ပါရှိသည့် အဆောက်အအုံဖြစ်ပြီး တစ်ထပ်ချင်းစီတွင် အခန်းပေါင်း ၅၃ ခန်း ရှိသည်။ အပြင်ဘက် စက်ဝိုင်းအဆောက်အအုံတွင် အတက်အဆင်းပြုလုပ်ရန် လှေကားပေါင်း ၇၂ စင်း ပါရှိသည်။ ဒုတိယစက်ဝိုင်း (သို့မဟုတ်) အတွင်းဘက် စက်ဝိုင်းအဆောက်အအုံမှာ တစ်ထပ်အဆောက်အအုံ ဖြစ်သည်။
 
ကျိန့်ချန်လုံ 振成樓
 
ကျိန့်ချန်လုံအဆောက်အအုံသည် ဟုန်ခန်းထူလုံအဆောက်အအုံများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။ ယုံတင်းမြို့နယ်၊ ဟူခန်းမြို့၊ ဟုန်ခန်းကျေးရွာတွင် တည်ရှိသည်။ ကျိန့်ချန်လုံအဆောက်အအုံသည်လည်း ယူနက်စကိုအဖွဲ့ကြီး၏ အမွေအနှစ်စာရင်းဝင် အဆောက်အအုံတစ်ခု ဖြစ်သည်။ ကျိန့်ချန်လုံအဆောက်အအုံကို ဒေသခံများက ထူလုံမင်းသား ဟု ခေါ်ဝေါ်ကြသည်။ အကြောင်းမှာ ၎င်းအဆောက်အအုံကို ၁၉၁၂ ခုနှစ် မန်ချင်းမင်းဆက်ပျက်သုဉ်းချိန်တွင် ဆေးရွက်ကြီးကုန်သည်တစ်ဦးမှ တည်ဆောက်ခဲ့သည်။ ငွေကြေးချမ်းသာသူဖြစ်သည့်အလျောက် သူ၏ အဆောက်အအုံမှာ တခြားသော ထူလုံအဆောက်အအုံများထက် ခမ်းနားလှသည်။ ယခုအခါ သူ၏ သားမြေးမြစ်မျိုးဆက်များ နေထိုင်လျက်ရှိသည်။ ကျိန့်ချန်လုံသည် ကျီချင်းလုံကဲ့သို့ပင် စက်ဝိုင်း ၂ ထပ် ထူလော်အဆောက်အအုံပုံစံ ဖြစ်သည်။ အပြင်ဘက် စက်ဝိုင်းအဆောက်အအုံတွင် အထပ် ၄ ထပ်ရှိပြီး အခန်းပေါင်း ၁၈၄ ခန်းဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ အတွင်းဘက် စက်ဝိုင်းအဆောက်အအုံသည် အထပ် ၂ ထပ်ရှိပြီး အခန်းပေါင်း ၃၂ ခန်းပါဝင်သည်။ အပြင်ဘက် စက်ဝိုင်းအဆောက်အအုံသည် တရုတ်ဖုန်းရွှေပညာရပ်မှ ပကွားပုံစံ ထောင့် ၈ ထောင့်နေရာကို အစီအရင်ပုံစံ နေရာချထားသည်ကို တွေ့ရသည်။ အတွင်းစက်ဝိုင်း အဆောက်အအုံတွင် ရိုးရာပွဲများကျင်းပရာ ခန်းဆောင်ရှိသည်။ ဘိုးဘေးဘီဘင်ကမ္ပည်းတိုင်များထားရှိရာ ဘိုးဘေးကန်တော့ဆောင်၏ အပြင်ဘက်ကို အနောက်တိုင်း ဂရိဗိသုကာလက်ရာဖြင့် ပြင်ဆင်ထားပြီး ဒုတိယထပ် စင်္ကြံပတ်လမ်း၏ လက်ရန်းများကို သံပန်းများ တပ်ဆင်ထားသည်။
 
ချန်ချီလုံ 承啟楼
 
ချန်ချီလုံအဆောက်အအုံသည် ကောင်းပေထူလုံအဆောက်အအုံများ 高北土楼群 ထဲတွင် ပါဝင်ပြီး ထူလုံအဆောက်အအုံများအနက် အကြီးဆုံးဖြစ်သောကြောင့် ထူလုံဘုရင် ဟု ခေါ်ဝေါ်ကြသည်။ ချန်ချီလုံအဆောက်အအုံသည် ယုံတင်းမြို့နယ်၊ ကောင်းထိုမြို့၊ ကောင်းပေကျေးရွာတွင် တည်ရှိသည်။ ၁၇၀၉ ခုနှစ်တည်းက တည်ဆောက်ထားသည့် ချန်ချီလုံသည်လည်း ၂၀၀၈ ခုနှစ်တွင် ယူနက်စကိုအသိအမှတ်ပြု အမွေအနှစ်တစ်ခု ဖြစ်လာခဲ့သည်။
 
ချန်ချီလုံအဆောက်အအုံသည် အလွန်ကြီးမားပြီး စက်ဝိုင်း ၄ ထက် ထူလုံအဆောက်အအုံကြီး ဖြစ်သည်။ ထုံးစံအတိုင်း အလယ်တွင် ဘိုးဘေးကန်တော့ရာခန်းဆောင်ကြီးရှိပြီး အဆိုပါ ခန်းမဆောင်ကိုမှ တံတိုင်း ၄ ထပ် ဝိုင်းပတ်ထားသလိုပင် ဖြစ်သည်။ အပြင်ဘက်ဆုံး ပထမစက်ဝိုင်းသည် ၆၂.၆ စတုရန်းမီတာ ကျယ်ဝန်းပြီး အထပ် ၄ ထပ်ရှိသည်။ အခန်းပေါင်း ၂၈၈ ခန်းရှိပြီး တစ်ထပ်စီတွင် အခန်းပေါင်း ၇၂ ခန်းဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ဒုတိယထပ်နှင့် စတုတ္ထထပ်တွင် မြေညီထပ်အထိ အတက်အဆင်းပြုလုပ်ရန်အတွက် လှေကား ၄ စင်းကို တပ်ဆင်ထားသည်။ မြေညီထပ်တွင် မိသားစုဝင်များ စားသောက်ရေးအတွက် ချက်ပြုတ်ရာ မီးဖိုချောင်များ ထားရှိသည်။ ဒုတိယထပ်တွင် စားနပ်ရိက္ခာသိုလှောင်ရာအခန်းများ ရှိသည်။ တတိယထပ်နှင့် စတုတ္ထထပ်တွင် ဧည့်ခန်းများ၊ အိပ်ခန်းများ ရှိသည်။
 
အတွင်းဘက် ဒုတိယစက်ဝိုင်းသည် ၂ ထပ် အဆောက်အအုံဖြစ်ပြီး အခန်းပေါင်း ၈၀၊ တစ်ထပ်ချင်းစီတွင် အခန်းပေါင်း ၄၀ ပါဝင်သည်။ တတိယစက်ဝိုင်းတွင် စာကြည့်တိုက်တစ်ခုထားရှိပြီး လူနေခန်းပေါင်း ၃၂ ခန်းလည်း ပါဝင်သည်။ အတွင်းပိုင်း စတုတ္ထစက်ဝိုင်းတွင် ကန်တော့ရာ ခန်းမဆောင်ကြီးတစ်ခုတည်းသာ ရှိသည်။ အကယ်၍ လူတစ်ယောက်သည် ချန်ချီလုံအဆောက်အအုံထဲတွင် တစ်ရက်၊ တစ်ခန်းနှုန်းဖြင့် အိပ်ပါက တစ်နှစ်ကျော်မှသာ မူလအိပ်စက်ခဲ့ရာအခန်းကို ပြန်ရောက်နိုင်ပေလိမ့်မည်။ ချန်ချီလုံအဆောက်အအုံ၏ ထူးခြားချက်မှာ အဝင်အထွက်ပြုလုပ်သည့် ပင်မတံခါးပေါက်ကြီး ၂ ခုပါရှိပြီး ဘေးဘက်တွင် တံခါးမ ၂ ပေါက်ပါရှိသေးသည်။ ချန်ချီလုံတွင် 姜 ကျန်းမျိုးနွယ်ဝင် မိသားစုများ နေထိုင်လာကြသည်မှာ မျိုးဆက်ပေါင်း ၁၅ ဆက်ရှိသွားပြီဟုဆိုသည်။ ယခုလက်ရှိတွင် ၁၅ ဆက်မြောက် မျိုးဆက်များ ဆက်လက်နေထိုင်လျက်ရှိပြီး အိမ်ထောင်စု ၅၇ စု၊ လူဦးရေ ၃၀၀ ကျော် ရှိသည်ဟု သိရသည်။ ကျန်းမျိုးနွယ်များ ခေတ်ကောင်းသည့်အချိန်တွင် အိမ်ထောင်စု ၈၀ အထိ ရှိခဲ့ကြောင်း သိခဲ့ရသည်။
 
ချန်ချီလုံအဆောက်အအုံ၏ ဘေးတွင် စက်ဝိုင်း ၃ ထပ်ရှိသည့် ရှန်းယွမ်လုံအဆောက်အအုံ၊ ပဉ္စဂံပုံစံရှိသည့် ဝူကျောင်းလုံအဆောက်အအုံ၊ ထောင့်မှန်စတုဂံပုံစံရှိသည့် ရှီကျယ့်လုံအဆောက်အအုံတို့ ရှိသေးသည်။
 
(ဒီအဆောက်အအုံတွေကို မျက်လုံးထဲမြင်အောင် ပြောရရင် Attack On Titan ထဲက Paradis ကျွန်းပေါ်က တံတိုင်း ၃ ထပ်နဲ့ မြို့ကြီးလိုပါပဲ။)
 
ထျန်းလော်ခန်း ထူလုံအဆောက်အအုံများ 田螺坑土楼群
 
ထျန်းလော်ခန်း ထူလော်အဆောက်အအုံများကို ဖူကျန့်ပြည်နယ်၊ ကျန်းကျိုးမြို့ကြီး၊ နန်ကျင်းမြို့နယ်၊ ရှုရန်မြို့၊ ထျန်းလော်ခန်းရွာတွင် တွေ့မြင်နိုင်သည်။ ထျန်းလော်ခန်းအဆောက်အအုံအုပ်စုတွင် ထူလုံအဆောက်အအုံကြီး ၅ ခုပါရှိသည်။ ထိုအစုအဖွဲ့တွင် စတုဂံပုံစံရှိသည့် ပုယွင်လုံအဆောက်အအုံသည် အဆောက်အအုံ ၅ ထဲတွင် အလယ်ဗဟို၌ တည်ရှိသည်။
 
စတုဂံပုံစံ ပုယွင်လုံအဆောက်အအုံသည် ထိုအုပ်စုထဲတွင် အစောဆုံးတည်ဆောက်ခဲ့သည့် ထူလုံအဆောက်အအုံဖြစ်သည်။ ၁၇၉၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ပုယွင်လုံသည် အထပ် ၃ ထပ်ပါရှိပြီး တစ်ထပ်ချင်းစီတွင် အခန်းပေါင်း ၂၆ ခန်း ပါဝင်သည်။ တစ်ထပ်ချင်းစီတွင် လှေကား ၄ စင်းစီ ပါဝင်သည်။ ပုယွင်လုံအဆောက်အအုံမှာ မင်ကော်ခေတ် (တရုတ်သမ္မတနိုင်ငံခေတ်) ၁၉၃၆ ခုနှစ်တွင် ဓားမြတို့၏ မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ၁၉၅၃ ခုနှစ်တွင် မူလအတိုင်း ပြန်လည်တည်ဆောက်ခဲ့သည်။
 
ဟယ်ချန်လုံအဆောက်အအုံသည် အထပ် ၃ ထပ်ရှိသည့် ထူလုံအဆောက်အအုံဖြစ်သည်။
 
ကျိန့်ချန်လုံအဆောက်အအုံကို ၁၉၃၀ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ အထပ် ၃ ထပ်ပါရှိပြီး တစ်ထပ်ချင်းစီတိုင်းတွင် အခန်းပေါင်း ၂၆ ခန်း ပါဝင်သည်။
 
ရွတ့်ယွင်လုံအဆောက်အအုံကို ၁၉၃၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ အထပ် ၃ ထပ်ပါရှိပြီး တစ်ထပ်ချင်းစီတိုင်းတွင် အခန်းပေါင်း ၂၆ ခန်း ပါဝင်သည်။
 
ဝိန့်ချန်လုံအဆောက်အအုံကို ၁၉၆၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ဝိန့်ချန်လုံမှာ အခြားသော ထူလုံအဆောက်အအုံများနှင့်မတူပဲ ဘဲဥပုံသဏ္ဌာန်ရှိပြီး အထပ် ၃ ထပ်၊ တစ်ထပ်ချင်းစီတိုင်းတွင် အခန်းပေါင်း ၃၂ ခန်းစီ ပါရှိသည်။
 
ယွီချန်လုံအဆောက်အအုံ 裕昌樓
 
ယွီချန်လုံအဆောက်အအုံသည် အထပ် ၅ ထပ်ရှိသော ထူလုံအဆောက်အအုံကြီးဖြစ်ပြီး နန်ကျင်းမြို့နယ်၊ ရှုရန်မြို့၊ ရှပန်းလောင်ကျေးရွာတွင် တည်ရှိသည်။ ယွီချန်လုံကို ၁၃၀၈ ခုနှစ် ယွမ်မင်းဆက်ခေတ်၌ လျိုမျိုးနွယ် (劉) မိသားစုက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယွီချန်လုံအဆောက်အအုံသည် တရုတ်ပြည်တွင် အထပ်အမြင့်ဆုံးနှင့် သက်တမ်းအရှည်ဆုံး ထူလုံအဆောက်အအုံဖြစ်သည်။ ထိုအဆောက်အအုံ၏ တည်ဆောက်ပုံမှာလည်း အင်္ဂတေထဲတွင် သစ်သားတန်းများကို "zigzag" ပုံစံ (အုတ်စီသကဲ့သို့) အလျားလိုက်ထည့်သွင်းပြီး ဆောက်လုပ်ထားခြင်းဖြစ်သည်။ ထိုသို့ မည်သည့် ဘိလပ်မြေ၊ သံချောင်းများကို အသုံးမပြုထားပဲ သဘာဝကျကျ တည်ဆောက်ထားသည့် အဆောက်အအုံကြီးမှာ နှစ်ပေါင်း ၇၀၀ ကျော်သည်အထိ အကောင်းပကတိအတိုင်း တည်ရှိနေသေးသည်မှာ အံ့ဖွယ်ကောင်းလှသည်။ ယွီချန်လုံ အဆောက်အအုံသည် အထပ် ၅ ထပ်ရှိပြီး တစ်ထပ်ချင်းစီတိုင်းတွင် အခန်းပေါင်း ၅၀ စီပါဝင်သည်။ အဆောက်အအုံကြီး တစ်ခုလုံးတွင် အခန်းပေါင်း ၂၇၀ ရှိသည်ဟု သိရသည်။ မြေညီထပ်တွင် မီးဖိုချောင် ၂၅ ခန်းပါရှိပြီး အနောက်ဘက်ခြမ်းတွင် ရေတွင်းများ ပါရှိသည်။ ဖူကျန့်ပြည်နယ်ရှိ ထူလုံအဆောက်အအုံတိုင်းတွင် ရေတွင်းပါရှိကြသည်။ ၂၀၀၃ ခုနှစ်တွင် ယွီချန်လုံအဆောက်အအုံ၏ အလယ်တွင် ဘိုးဘေးကန်တော့ရာ တစ်ထပ် ခန်းမဆောင်အသစ်တစ်ခုကို တည်ဆောက်ခဲ့သည်။
 
အော့ယီလုံ 二宜樓
 
အော့ယီလုံအဆောက်အအုံသည် ကျန်းကျိုးမြို့၊ ဟွာအန်းမြို့နယ်၊ ရှန်းတုမြို့၊ တတိကျေးရွာ၌ တည်ရှိသည်​။ ၁၇၇၀ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး စက်ဝိုင်း ၂ ထပ် ထူလုံအဆောက်အအုံဖြစ်သည်။ အပြင်စက်ဝိုင်းသည် ၄ ထပ်အဆောက်အအုံဖြစ်ပြီး အတွင်းစက်ဝိုင်းသည် တစ်ထပ်အဆောက်အအုံ ဖြစ်သည်။ အပြင်စက်ဝိုင်း ၄ ထပ်အဆောက်အအုံတွင် တစ်ထပ်ချင်းစီ၌ အခန်းပေါင်း ၄၈ ခန်း ပါဝင်သည်။ အော့ယီလုံအဆောက်အအုံ၏ ထူးခြားချက်မှာ စင်္ကြံပတ်လမ်းသည် အတွင်းပတ်လမ်းဖြစ်ပြီး နံရံနှင့် အခန်းကြားတွင် ပတ်လမ်းရှိသည်။ တခြားအဆောက်အအုံများမှာ အပြင်ပတ်လမ်းဖြစ်ပြီး အခန်းရှေ့တွင် စင်္ကြံပတ်လမ်းကိုထားရှိသည်။ အော့ယီလုံ၏ အခန်းများမှာ အခြားအဆောက်အအုံများကဲ့သို့ တစ်ခန်းချင်းစီကန့်ထားခြင်းမျိုး မဟုတ်ပဲ၊ နေထိုင်သည့် အိမ်ထောင်စုဦးရေအလိုက် ၃ ကန့် ၁ ခန်း၊ ၄ ကန့် ၁ ခန်း စသည်ဖြင့် ပိုင်းခြားထားခြင်းမျိုးဖြစ်သည်။ နောက်ပြီး အခြားမိသားစုဝင်များကဲ့သို့ လှေကားကို မျှဝေသုံးစွဲခြင်းမျိုးမရှိပဲ၊ အိမ်ထောင်စု ၁ စုချင်းစီသည် ကိုယ်ပိုင်လှေကားထားရှိကာ သီးသန့်သုံးစွဲကြသည်။ အတွင်းစက်ဝိုင်းအဆောက်အအုံတွင် ဘိုးဘေးကန်တော့ရာ ခန်းမဆောင်နှင့် စာကြည့်တိုက်ကို ထားရှိသည်။
 
နန်ရှီးထူလုံအဆောက်အအုံများ 南溪土楼群
 
နန်ရှီးထူလုံအဆောက်အအုံများသည် ယုံတင်းမြို့နယ်၊ ဟူခန်းမြို့၊ နန်ရှီးတောင်ကြားတွင် တည်ရှိကြသည်။ နန်ရှီးထူလုံအဆောက်အအုံများသည် တောင်ကြားတစ်လျှောက် တည်ဆောက်ထားခြင်းကြောင့် ထူလုံမဟာတံတိုင်း 土楼长城 ဟု ခေါ်ဆိုကြသည်။
 
ဟော်ကွေးလုံ
 
ဟော်ကွေးလုံအဆောက်အအုံသည် ထောင့်မှန်စတုဂံပုံစံ ထူလုံအဆောက်အအုံများထဲတွင် အကြီးမားဆုံးနှင့် အမြင့်မားဆုံးဖြစ်သည်ဟု သိရသည်။ ဟော်ကွေးလုံအဆောက်အအုံသည် အထပ် ၅ ထပ်ပါရှိသည့် ထူလုံအဆောက်အအုံကြီး ဖြစ်သည်။
 
== ကိုးကား ==
ကဲ ဒီလောက်ဆို ထူခြားတဲ့ စက်ဝိုင်းပုံစံအဆောက်အအုံကြီးတွေအကြောင်းကို သိသွားလောက်ပြီထင်ပါတယ်။ ဟွားမုလန်ဇာတ်ကားအကြောင်းကို နည်းနည်းပြောရရင် ဟွားမုလန်ဟာ မြောက်ပိုင်းမှာ ပေါ်ထွက်ခဲ့တဲ့ အမျိုးသမီးစစ်သူကြီးတစ်ဦးပါ။ ဒါပေမယ့် ဇာတ်ကားထဲမှာတော့ မြောက်ပိုင်းမှာမရှိတဲ့ တောင်ပိုင်းထူလုံအိမ်ကြီးတွေကို ထည့်သွင်းရိုက်ကူးခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပါသေးတယ်တဲ့။
{{Reflist}}