ကြိယာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
==ကြိယာ==
ကြိယာသည် လုပ်ခြင်း၊ ဖြစ်ခြင်း၊ တည်ရှိခြင်း တစ်ခုခုကို ဖော်ပြသော စကားလုံးဖြစ်၏။ ကြိယာသည် ဝါကျတွင် နာမ်ကဲ့သို့ အရေးကြီး၍ ကြိယာမပါဘဲ ဝါကျ မဖြစ်နိုင်။ ကြိယာသည် ကတ္တား၏လုပ်ခြင်း၊ ဖြစ်ခြင်း၊ တည်ရှိခြင်းတို့ကို ဖော်ပြသည်။
::*ဥပမာ။ ။ 'သူ' 'နေ့စဉ်' 'ထမင်း' ဟူသော စကား သုံးလုံးမှာ အဓိပ္ပာယ် မပြည့်စုံချေ။ <br>
'သူနေ့စဉ် ထမင်းစားသည်' ဟူ၍ 'စားသည်'ဟူသော ကြိယာပုဒ်ကို ထည့်သွင်းမှသာ အဓိပ္ပာယ်ပြည့်စုံလေသည်။
 
 
အချို့ကြိယာသည် လုပ်ခြင်းကိုပြ၍၊ အချို့ကား ဖြစ်ခြင်း၊ အချို့ကား တည်ရှိခြင်းကို ပြသည်။
::*ဥပမာ။ ။ 'ဓါးပြသည် လူကို သတ်သည်' 'မောင်ဘ သေပြီ' 'ခွေး တစ်ကောင်ရှိ၏' ဤဝါကျသုံးခုတွင် ပထမဝါကျ၌ 'သတ်သည်'ဟူသော ကြိယာသည် လုပ်ခြင်းကိုပြ၍ ဒုတိယဝါကျ၌ 'သေပြီ'၊ တတိယ ဝါကျ၌ 'ရှိ၏'ဟူသော ကြိယာတို့သည် ဖြစ်ခြင်းတည်ရှိခြင်းကို ပြသည်။
 
ကြိယာတို့ကို ကံပါကြိယာ၊ ကံမပါကြိယာ ဟူ၍ ခွဲခြားနိုင်သည်။ 'သူသည် မြင်းကိုစီးသည်'ဟူသော ဝါကျ၌ 'စီးသည်'ဟူသော ကြိယာပုဒ်သည် ကြိယာလုပ်ရာ ခံရသည့် 'မြင်းကို'ဟူသော ကံပုဒ်မပါဘဲ အဓိပ္ပာယ် မပြည့်စုံချေ။ 'သူအိပ်သည်'ဟူသော ဝါကျတွင်ကား 'အိပ်သည်'ဟူသော