"ကြိယာ" ၏ တည်းဖြတ်မှု မူကွဲများ

၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
ကြိယာသည် လုပ်ခြင်း၊ ဖြစ်ခြင်း၊ တည်ရှိခြင်း တစ်ခုခုကို ဖော်ပြသော စကားလုံးဖြစ်၏။ ကြိယာသည် ဝါကျတွင် နာမ်ကဲ့သို့ အရေးကြီး၍ ကြိယာမပါဘဲ ဝါကျ မဖြစ်နိုင်။ ကြိယာသည် ကတ္တား၏လုပ်ခြင်း၊ ဖြစ်ခြင်း၊ တည်ရှိခြင်းတို့ကို ဖော်ပြသည်။
::*ဥပမာ။ ။ 'သူ' 'နေ့စဉ်' 'ထမင်း' ဟူသော စကား သုံးလုံးမှာ အဓိပ္ပာယ် မပြည့်စုံချေ။ <br>
:::'သူနေ့စဉ် ထမင်းစားသည်' ဟူ၍ 'စားသည်'ဟူသော ကြိယာပုဒ်ကို ထည့်သွင်းမှသာ အဓိပ္ပာယ်ပြည့်စုံလေသည်။
 
 
ကြိယာစကားလုံးများကို တစ်ခါတစ်ရံ နာမဝိသေသနအဖြစ်နှင့်လည်း သုံးနိုင်သည်။
::*ဥပမာ။ ။ ဤမိန်းမပျိုလှသည် (ကြိယာ) <br>
:::'လှသော မိန်းမပျို' (နာမဝိသေသန)။
 
ကြိယာများကိုသုံးရာတွင် အချိန်ကာလအလိုက် ရှေ့နောက်ညီရန် အရေးကြီးသည်။
::*ဥပမာ။ ။ 'လုပ်ခဲ့သည်'ဟူသော ဖြစ်ပြီးကာလကို နက်ဖြန်နှင့်တွဲ၍၊ 'နက်ဖြန်လုပ်ခဲ့သည်'ဟု ဆိုလျှင် မှားသည်။ <br>
:::'နက်ဖြန်လုပ်ခဲ့ပါ'၊ သို့မဟုတ် 'နက်ဖြန်လုပ်ခဲ့မည်'ဟု ဆိုမှသာ မှန်မည်။
 
ထို့အပြင် ကြိယာသည် ကတ္တားနှင့် ကိန်းချင်းတူရန် သတိပြုအပ်သည်။ ကတ္တားက တစ်ခုပြကိန်းဖြစ်လျှင်၊ ကြိယာသည်
လည်း တစ်ခုပြကိန်း ဖြစ်သင့်သည်။ ကတ္တားက အများပြကိန်း ဖြစ်လျှင်၊ ကြိယာသည်လည်း အများပြကိန်းပင် ဖြစ်သင့်သည်။
::*ဥပမာ။ ။ ကျွန်ုပ်လမ်းလျှောက်သွားသည်။ (တစ်ခုပြ) <br>
:::ကျွန်ုပ်တို့ လမ်းလျှောက်သွားကြသည်။ (အများပြ)
<ref>မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)</ref>
==ကိုးကား==
၂၆၄၃၉

တည်းဖြတ်မှုများ