ယဉ်ကျေးမှု တော်လှန်ရေး: တည်းဖြတ်မှု မူကွဲများ

→‎လေးဦးဂိုဏ်း: တရားစွဲဆိုခြင်း
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
Reverted to revision 632874 by Aungookingofcelestials (talk): Removed copied text from a Facebook post (TwinkleGlobal)
စာတွဲများ: အစားထိုးခဲ့သည် နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၁၀ -
[[Category:တရုတ်ပြည်သူ့သမ္မတနိုင်ငံ]]
[[Category:တရုတ်နိုင်ငံ၏ နိုင်ငံရေး]]
 
 
== စာကလေး ==
ပြည်သူ့ဘုံရန်သူ_တိရိစ္ဆာန်_၄_မျိူး
 
စာကလေး_တိုက်ဖျက်ရေး_အရေးတော်ပုံ
 
မနေ့က မဟာခုန်ပျံကျော်လွှားစီမံကိန်းမှာ စိုက်ပျိူးရေးကဏ္ဍ မဖြစ်ထွန်းရတဲ့ အကြောင်း ရေးသွားတဲ့အခါမှာ လူတွေရဲ့ အမှားကြောင့်လို့ပဲ ရေးသားခဲ့လိုက်ပါတယ်။ ဘယ်လို လူတွေရဲ့ အမှားကြောင့်လဲ? ဆိုတာ အခုဒီမှာ ထပ်ပြောပြပေးပါ့မယ်။ ဒီအကြောင်းကို မဟာခုန်ပျံကျော်လွှားမှာ ထည့်ရေးပေးရင် haha တွေ ပလုံစီပြီး Post ရဲ့ လေးနက်မှုကို ဖျက်ဆီးရာရောက်မှာစိုးလို့ ထည့်မရေးပဲ အခုလို သက်သက် ရေးပေးလိုက်ရတာပါ။
 
ပြည်သူ့ဘုံရန်သူ တိရိစ္ဆာန် ၄ မျိူး တိုက်ဖျက်ရေး သို့မဟုတ် စာကလေးငှက်တိုက်ဖျက်ရေး ကို တရုတ်လို
# 打麻雀運動 Dǎ Máquè Yùndòng သာမာချွီယွင့်တုန့် နှင့်
# 消灭麻雀运动 Xiāomiè Máquè Yùndòng ရှောင်းမျဲ့မာချွီယွင့်တုန့် ဟု ခေါ်ဆိုကြသည်။
 
အဆိုပါ စစ်ဆင်ရေး ၂ ခုသည် မဟာခုန်ပျံကျော်လွှားစီမံကိန်းအတွင်း ထင်ရှားသော တိရိစ္ဆာန်များအပေါ် ပထမဆုံးအကြိမ် အရေးယူခြင်းလဲ ဖြစ်ပေသည်။ ဘုံရန်သူတိရိစ္ဆာန် ၄ မျိူးမှာ ကြွက်၊ ခြင်၊ ယင်နှင့် စာကလေးငှက်တို့ ဖြစ်ကြသည်။ ထိုအထဲမှ စာကလေးငှက်အား မျိူးဖြုတ်သတ်ဖြတ်ခြင်းသည် အပင်နှင့် သတ္တဝါတို့ ဆက်နွယ်သော ဂေဟစနစ်ကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး စာကလေးငှက်များ မရှိတော့သဖြင့် စိုက်ခင်းများတွင် သီးနှံဖျက်ပိုးများ ကျရောက်ကာ စိုက်ခင်းများစွာ ပျက်ဆီးသွားတော့လေသည်။
 
ဖြစ်ပုံမှာ ၁၉၅၈ ခုနှစ်တွင် မော်စီတုန်းက တရုတ်ပြည်၏ နေရာတိုင်းတွင် ကြွက်၊ ခြင်၊ ယင်တို့ကြောင့် ကပ်ရောဂါနှင့် ရောဂါဘယများ မကြာခဏ ကျရောက်နေကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရန် လှုံဆော်မှုများ လုပ်ဆောင်ပြီး အိမ်နားဝန်းကျင်ကို အမှိုက်များ၊ အညစ်အကြေးများ မရှိအောင် သန့်ရှင်းရေး ပြုလုပ်ရမည်ဟု အမိန့်ထုတ်လိုက်သည်။ ဒါ့အပြင် ပတ်ဝန်းကျင် သန့်ရှင်းမှုကို ဆောင်ရွက်သည့် အစီအစဉ်အတွင်း ကြွက်၊ ခြင်၊ ယင် နှိမ်နင်းရေးကိုပါ ထည့်သွင်းခဲ့သည်။ (အဲ့ဒါကြောင့် တရုတ်ဇာတ်ကားတွေထဲမှာ ယင်ကောင်ကို တူနဲ့ဖမ်းစားနဲ့ အခန်းတွေ ထည့်ရိုက်ပြခဲ့တာနဲ့ တူပါတယ်။)
ကြွက်သည် အားလုံးသိကြသည့်အတိုင်း ပလိပ်ရောဂါကပ်ဘေးကို ဖြစ်စေသည်။
ခြင်သည် ငှက်ဖျားရောဂါကို သယ်ဆောင်လာသလို ယင်သည်လဲ ဝမ်းရောဂါနှင့် ပတ်သတ်သော ရောဂါပိုးများကို ဖြန့်ဝေသူဖြစ်သည်။ သို့သော် နားမလည်က စာကလေးငှက်ကိုပါ ဘာကြောင့် ဖမ်းဆီးသတ်ဖြတ် ခိုင်းရသနည်းပေါ့။ စာကလေးဆိုတာ အခုခေတ်မှသာ ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်လို့ ကြောက်ရင် ကြောက်နေရမှာ အဲ့ခေတ်က စာကလေးဆိုတာ ဘာရောဂါမှ မရှိတဲ့အပြင် သူတို့ စားတဲ့ အစားအစာဆိုတာလဲ ပြောင်းဆန်စေ့နဲ့ သစ်သီးတွေလောက်ပါပဲလေ။
 
စာကလေးတွေ ကံဆိုးမှုအစက ဒီလိုဗျ။ တစ်နေ့၌ ကျွန်တော်တို့ ဇာတ်လိုက်ကျော် အဘမော် ခေါ် မော်စီတုန်းသည် စီးကရက်ကို ခဲရင်း ခြံဝန်းအတွင်း၌ ဆန်စေ့များကို ကောက်ချီသွားကြသော စာကလေးများကို မြင်လေသည်။ ထိုအခါ မော်စီတုန်းက စာကလေးများ အစာချီပုံကို သေချာလေ့လာသည်။ သူ့စိတ်ထဲတွင်လဲ စာကလေး တစ်ကောင်ကို ဆန်စေ့ ဘယ်လောက်ချီနိုင်တယ်၊ စာကလေး ၁၀ ကောင်ဆို ဆန်စေ့ ဘယ်လောက်ကုန်မယ်၊ တစ်အုပ်စာဆို ဆန်စေ့က ဘယ်လောက်ကြီးများတောင် ကုန်သွားပြီ ဆိုပြီး တွက်ချက်နေသည်။ ထိုအခါ အတွေးနယ်ချဲ့လိုက်သော အခါ တရုတ်ပြည် တပြည်လုံးမှာရှိတဲ့ စာကလေးအုပ်ကြီးသာ ဒီဆန်စေ့တွေကို ချီသွားရင် လူဘယ်နှယောက်စာ ရိက္ခာတော့ ကုန်ပြီဟလို့ အတွေးပေါက်ရင်း တကယ်လို့ တရုတ်ပြည်မှာ စာကလေးငှက်တွေ မရှိရင် လူတွေရဲ့ ရိက္ခာစားစရာ ပိုရှိလာမယ်။ ဟုတ်ပြီ ဒါ့ကြောင့် စာကလေး သုတ်သင်ရေး စစ်ဆင်ရေးကို လုပ်ရမည်ဟု ဆိုကာ ဆေးလိပ်ခဲနေရင်းနဲ့ အမိန့်စာချရေးလိုက်တော့သည်။
 
စာကလေးသုတ်သင်ရေး စီမံချက်အမိန့်စာမှာ
"စာကလေး ငှက်ဆိုတာ လူတွေစိုက်ထားတဲ့ သီးနှံအညွန့်ကို စားသုံးတဲ့ အရင်းရှင်ဝါဒကျင့်သုံးတဲ့ တိရိစ္ဆာန်ပဲ" ဟု ဆိုလေသည်။ စာကလေးဆိုတာ သိတဲ့အတိုင်း ကြက်တူရွေးလို လူစကားတောင် နားတောင်မလည်တာ သူသိတာက ဆန်စေ့တွေ့ရင် စားမယ်ပဲပေါ့။ စာကလေးကိုတောင် အရင်းရှင်ငှက်ဆိုပြီး မျိူးဖြုတ်စစ်ဆင်ရေး ဒီကနေ့အခေါ် Genocide လုပ်တော့လေသည်။ ထိုအခါ တရုတ်ပြည်ရှိ လူအများကလဲ မော်စီတုန်းအမိန့်ဆိုတော့ မလုပ်ရဲပဲ မနေရဲချေ။ တပြည်လုံးက ပြည်သူတွေ စာကလေးတွေကို ဖမ်းကြဆီးကြပေါ့။ လေးဂွနဲ့ ပစ်ချတဲ့လူက ပစ်၊ ပိုက်ကွန်နဲ့ အုပ်ပြီးဖမ်းတဲ့လူက ဖမ်း၊ စာကလေးတွေ မနားမနေရအောင် ခြောက်လှန့်တဲ့လူက ခြောက်လှန့်နဲ့ တပြည်လုံးက ပြည်သူတွေက အရင်းရှင် ငှက်ဆိုပြီး ဖမ်းဆီးရသမျှ စားသောက်ကြတော့သည်။ ထိုသို့ဖြင့် စာကလေးငှက်များသည် မြေပြင်မှာ မနားရဲပဲ ကောင်းကင်တွင် တချိန်လုံး ပျံသန်းနေရခြင်းကြောင့် အစာရေစာ ပြတ်လပ်ကာ ကောင်းကင်မှပင် ထိုးကျပြီး သေဆုံးရတော့သည်။ ထို့ကြောင့် လူဆိုတာ ကြံရင်းနဲ့သေမယ် ငှက်ဆို ပျံရင်းနဲ့ သေတယ် ဆိုတဲ့ စကားပုံ ပေါ်လာခဲ့သည်လားတော့ မသ်ိချေ။ စာကလေးအသိုက်တွေက်ို ဖျက်ဆီးပြီး စာကလေးဥများကိုလဲ ဖျက်ဆီးပစ်ကြသည်။ ထိုသို့ ပြုလုပ်ခဲ့ခြင်းကြောင့် သိပ်မကြာခင်မှာပင် စာကလေးငှက်ဟာ တရုတ်ပြည်မှာ မျိူးတုန်းတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတော့သည်။
 
တချိန်တည်းမှာပင် တရုတ်ပြည်ရှိ အစိုးရရုံးများ၊ နေအိမ်နှင့် ကျောင်းများတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အကြီးအကျယ် လုပ်ဆောင်ကြသည်။ ပတ်ဝန်းကျင်တွင် အမှိုက်တစတွေ့ပါက သန့်ရှင်းမှုမရှိဟုဆိုကာ ထိုပတ်ဝန်းကျင်ရှိ လူများမှာ အပြစ်ပေးခြင်း ခံရလေသည်။ ထို့နည်းတူစွာ အစိုးရအဖွဲ့ဝင်များနှင့် ကျောင်းသားများ၊ ပြည်သူများထဲမှ ကြွက်အမြီးကို အများဆုံး ဖြတ်နိုင်သူ၊ ခြင်နှင့် ယင်ကို အများဆုံး သတ်နိုင်သူ၊ စာကလေးကို အများဆုံး သတ်နိုင်သူများကို ဆုများ ချီးမြှင့်ပေးခဲ့သည်။
 
နမူနာအနေဖြင့် ပေကျင်းမြို့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲ၌ စာကလေးတစ်ကောင်သည် တစ်နှစ်လျှင် ဆန်စေ့ ၁.၈ ကီလိုဂရမ် စားသုံးနိုင်သည်ဟု ဆိုလေသည်။ ထို့ကြောင့် စာကလေးငှက် သုတ်သင်ရေးကို စစ်တပ်မှ တပ်မတစ်ခုက ဦးဆောင်ကာ ပြည်သူနှင့် ကျောင်းသားများ ပါဝင်ဖမ်းဆီးကြလေသည်။ ပေကျင်းမြို့တစ်မြို့တည်းပင် စာကလေးငှက်ပေါင်း ၃ သန်းနီးပါးကို သုတ်သင်နိုင်ခဲ့ကြောင်း ရေဒီယိုမှ ကြေညာပေးလေသည်။
 
ထိုသို့ မော်စီတုန်းလက်ချက်ကြောင့် ပြေးစရာ မြေမရှိ၊ ကောင်ကင်မရှိ၊ နေရာမရှိတော့သည့် စာကလေး ငှက်များသည် ဒုက္ခသည်အဖြစ် အနီးနားရှိ တိုင်းပြည်များသို့ ထွက်ပြေးရတော့သည်။ တချိူ့မှာလဲ ပြေးရင်းနှင့် တရုတ်ပြည်သူများ အလွယ်တကူ မဝင်ရောက်နိုင်သော သံရုံးအဆောက်အဦးများထဲသို့ ဝင်ပြေးရတော့သည်။ နိုင်ငံတကာ သံရုံးများသည် သံတမန်စည်းမျဉ်းစည်းကမ်းအရ အလွယ်တကူ ဝင်ရောက်၍ မရနိုင်သောကြောင့် စာကလေးများကို ဖမ်းဆီးရန် ခွင့်တောင်းကြသည်။ တချိူ့သံရုံးများကလဲ ဝင်ခွင့်မပေးရဲချေ။ တချိူ့ကလဲ အနည်းအကျဉ်းသာ ဝင်ခွင့်ပြုပြီး ဖမ်းဆီးစေသည်။ ဝင်ခွင့်မပေးသည့် သံရုံးများရှေ့တွင် ပြည်သူများ စုရုံးကာ ဗုံများ၊ လင်ကွင်းများ ထိုင်တီးနေကြကာ စာကလေးငှက်များကို ခြောက်လှန့်ကြသည်။ ၂ ရက်ခန့်ကြာသော ခြောက်လှန့်မှုကြောင့် အနားမနေရသော စာကလေးများသည် အစာရေစာပြတ်လပ်ကာ သေဆုံးရတော့သည်။ ထိုအခါမှ သံရုံးဝန်ထမ်းများသည် စာကလေးငှက် အသေများကို ရှင်းလင်းကာ အပြင်ဘက်သို ထုတ်ပေးလိုက်တော့သည်။
 
၁၉၆၀ ဧပြီလရောက်သောအခါ စိုက်ပျိူးခင်းများ မအောင်မြင်ရသည့် အကြောင်းအရင်းကို တင်ပြသည့်အခါမှ မော်စီတုန်းမှာ မျက်ဖြူစိုက်ရတော့သည်။ မော်စီတုန်း မသိခဲ့သည်မှာ စာကလေးများသည် ဆန်စေ့များအပြင် စိုက်ခင်းများတွင် ကျရောက်တတ်သော သီးနှံဖျက်ပိုးများ၊ စိုက်ခင်းများကို ဖျက်ဆီးတတ်သော ကျိူင်းကောင်များကိုပါ စာသုံးကြသည်။ မော်စီတုန်း၏ အမိန့်ပေးမှုကြောင့် စာကလေးများ မျိူးတုန်းလုနီးပါး သတ်ဖြတ်ခြင်းခံခဲ့ရသောအခါ ထိုအဖျက်ပိုးကောင်နှင့် ကျိူင်းကောင်းများသည် စိုက်ခင်းများအတွင်း ကျရောက်လာပြီး ဖျက်ဆီးပစ်ကြသဖြင့် သီးနှံခင်းများ အကုန်နီးပါး ပျက်ဆီးခဲ့ရပြီး ပြည်သူများလဲ စားစရာ ဆန်မရှိတော့သည် အထိ ဒုက္ခရောက်တော့သည်။ ထိုသို့ စိုက်ခင်းများ ပျက်ဆီးပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် တရုတ်ပြည်၌ အငတ်ဘေးကြီး ဆိုက်ရောက်ကာ ပြည်သူ သန်း ၃၀ မှ သန်း ၅၀ အထိ သေကြေပျက်ဆီးခဲ့ရတော့သည်။
 
မဟာခုန်ပျံကျော်လွှား စီမံကိန်း Post မှ ကျန်ရစ်ခဲ့သော ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ အခုထိကို ပြောမဆုံးနိုင်အောင် ဖြစ်ခဲ့ရပါတယ်။
 
SwamHtet(天下第一)
 
== မဟာခုန်ပျံကျော်လွှားစီမံကိန်း ==
 
မဟာခုန်ပျံကျော်လွှားစီမံကိန်း
 
Great_Leap_Foward
 
အများစုသိကြတဲ့ The Great Leap Forward မဟာခုန်ပျံကျော်လွှားစီမံကိန်း 大躍進 တယွဲ့ကျင့် စီမံကိန်းဟာ တရုတ်ပြည်ရဲ့ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရေးဆွဲခဲ့တဲ့ စီမံကိန်းတစ်ခု ဖြစ်သည်။ တရုတ်ပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင် ဥက္ကဋ္ဌကြီး မော်စီတုန်းက ၁၉၅၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ လုပ်ဆောင်ခဲ့သော အဆိုပါ မဟာခုန်ပျံကျော်လွှား စီမံကိန်းသည် တရုတ်ပြည်သူများကို ဆိုးရွားသည့် ဒဏ်ချက်များသာ ပေးနိုင်ခဲ့ပြီး အဆိုပါ စီမံကိန်းကြီး ၃ နှစ်တာ ကာလအတွင်း တရုတ်ပြည်သူ သန်း ၄၀ ကျော် အစာငတ်မွတ်မှုကြောင့် သေကြေပျက်ဆီးခဲ့ရသည်။ အဆိုပါ ဖြစ်ရပ်သည် သမိုင်းတလျှောက် အစာငတ်မွတ်မှုကြောင့် အကြီးမားဆုံးသော ကပ်ဘေးကြီး၊ လူအသေအပျောက် အများဆုံး ကပ်ဘေးဒုက္ခဟု ပြောဆိုခဲ့ကြသည်။
 
ပန်း ၁၀၀ စီမံကိန်း
 
၁၉၄၉ ခုနှစ် အောက်တိုဘာလတွင် တရုတ်ပြည် ကွန်မြူနစ်ပါတီသည် တရုတ်အမျိူးသားအစိုးရ ကူမင်တန် တပ်များကို ပြည်မတွင် အောင်မြင်ခဲ့ပြီးနောက် ထိုင်ဝမ်ကျွန်းအထိ မောင်းထုတ်နိုင်ခဲ့သည်။ ထို့နောက် ပြည်မတွင် ကွန်မြူနစ်တို့ အာဏာရရှိလာပြီးနောက် ၁၉၅၀ မှ စတင်ကာ တရုတ်ပြည် ငြိမ်းချမ်းရေး ရရှိစေရန် ဆောင်ရွက်ခဲ့သည်။ ထိုအတောအတွင်း တရုတ်ပြည်သည် ကာလကြာရှည် စွဲကပ်ခဲ့သော ဘိန်းစွဲသူများနှင့် ဘိန်းခင်းပြဿနာ၊ စစ်ရေးတွင်လည်း ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ စသည်ဖြင့် အဘက်ဘက်မှ ဒုက္ခများနှင့် ရင်ဆိုင်နေရသည်။ မော်စီတုန်းက ဘိန်းကြောင့် တရုတ်ပြည် ပျက်စီးခဲ့ရသောကြောင့် ဘိန်းခင်းများကို ဖျက်ဆီးကာ ဘိန်းအစား သီးနှံအစားထိုး စိုက်ပျိူးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် တရုတ်ပြည်ကို စီးပွားရေးတိုးတက်လာစေရန် ရေရှည်စီမံကိန်းများ ရေးစွဲသည်။ ဘိန်းခင်းများကို ဖျက်ဆီးပြီး သီနှံအစားထိုး စိုက်ပျိုးသည့် ပန်းတရာစီမံကိန်းကို စတင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ပထမ ၅ နှစ်ကာလ စီမံကိန်း ပြီးဆုံးလေသည်။ တချိန်ထဲမှာပင် ပြည်မ၌ ကွန်မြူနစ်ဝါဒကို ရိုက်သွင်းပြီး ကွန်မြူနစ် အခြေတည်တံ့လာစေရန် ဆောင်ရွက်ရသည်။ ပန်းတရာစီမံက်ိန်း ပထမ ၅ နှစ်တာကာလသည် အောင်မြင်မှု သိပ်မရှိခဲ့ဟု မော်စီတုန်းက ယူဆသည်။ ထို့ကြောင့် ဒုတိယ ၅ နှစ်တာ ကာလအတွက် စီမံကိန်း တစ်ခုကို ရေးဆွဲခဲ့သည်။
 
မဟာခုန်ပျံကျော်လွှားစီမံကိန်း
 
မဟာခုန်ပျံကျော်လွှားစီမံကိန်းသည် တရုတ်ပြည်ကို စိုက်ပျိူးရေးအခြေခံပြီး စားနပ်ရိက္ခာဖူလုံစေရန်၊ စက်မှုလုပ်ငန်းများ တိုးတက်လာပြီး ကုန်ထုတ်လုပ်မှု တိုးမြှင့်နိုင်စေရန်နှင့် ကွန်မြူနစ်စနစ် ပြည်မ၌ ခိုင်မလာစေရန် ရည်ရွယ်ခဲ့သည်။ မဟာခုန်ပျံကျော်လွှား စီမံကိန်းသည် မော်စီတုန်းလက်ထက်တွင် လူသေဆုံးမှုများ ရှိခဲ့သော်လည်း နောက်ပိုင်း တရုတ်ခေါင်းဆောင်များကို သင်ခန်းစာကြီးမားစွာ ရရှိစေခဲ့သည်။ မော်စီတုန်းသည် ထိုစဉ်က ကမ္ဘာ့နံပါတ် ၁ စက်မှုအင်အားကြီး နိုင်ငံဖြစ်သော အင်္ဂလန်ကို ၁၅ နှစ်ထဲဖြင့် အမှီမလိုက်နိုင်ခဲ့သော်လည်း သူပေးခဲ့သည့် သင်ခန်းစာကြောင့် တိန့်ရှောင်ဖိန်က နှစ် ၂၀ ထဲဖြင့် အမှီလိုက်နိုင်ခဲ့ပြီး နောက်ပိုင်း ခေါင်းဆောင်များလက်ထက်တွင် တရုတ်ပြည်၏ စိုက်ပျိူးရေးကဏ္ဍသည်လဲ တိုးတက်လာပြီး ယနေ့ခေတ်တွင် ကမ္ဘာ့ အဆင့် ၂ အင်အားကြီး နိုင်ငံအဖြစ်သို့ ရောက်ရှိလာစေခဲ့သည်။
 
မဟာခုန်ပျံကျော်လွှားစီမံကိန်းကို ဒုတိယ ၅ နှစ်တာ ကာလ စီမံကိန်းအဖြစ် စတင်ခဲ့ပြီး ၁၉၅၈ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ လည်ပတ်သွားရန် စီမံကိန်း ချမှတ်ထားသည်။ သို့သော်လည်း လူဦးရေ သေဆုံးမှုနှုန်း အလွန်မြင့်မားလာသဖြင့် ၁၉၆၁ ခုနှစ်တွင် ရပ်ပစ်ခဲ့ရသည်။ မဟာခုန်ပျံကျော်လွှား စီမံကိန်းကို ၁၉၅၈ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပပြုလုပ်သော နန်ကျင်းမြို့အစည်းအဝေးပွဲတွင် စတင်ခဲ့သည်။
 
The Great Leap Forward ခေါ် မဟာခုန်ပျံကျော်လွှားစီမံကိန်းအတွင်း မော်စီတုန်းက စက်မှုလက်မှု ထုတ်ကုန်နှင့် ပတ်သတ်၍ "မြန်၊ ကောင်း၊ သက်သာ" နည်းလမ်းဖြင့် ထုတ်လုပ်ရမည်ဟု ဆိုသည်။ (ပိုမို မြန်ဆန်၊ ပိုမိုကောင်းမွန်၊ စျေးနှုန်းသက်သာ ရမည်။) နည်းပညာ ဖွံ့ဖြိုးတိုးတက်လာရမည်။ ကုန်ထုတ်လုပ်ငန်းများတွင် ကျေးလက်မြို့ပြမကျန် လူတန်းစားမရွေး ပါဝင်ဆောင်ရွက်ရမည်။ အနောက်နိုင်ငံများကို အမှီလိုက်နိုင်ရန် ဆိုရှယ်လစ်မူဝါဒကို အခြေခံသော စက်မှုစီးပွားရေးလုပ်ငန်းများကို ဖန်တီးရန်၊ ထုတ်ကုန်များကို ထုတ်လုပ်ခြင်းနှင့် တရုတ်လူ့အဖွဲ့အစည်းအတွင်း ကွန်မြူနစ်ဝါဒ ခိုင်မာလာစေရန်လဲ ရည်ရွယ်ခဲ့သည်။
 
ထိုသို့ ပြောင်းလဲရာတွင် ဆိုဗီယက်ယူနီယံ ရုရှား၏ ဆိုရှယ်လစ်ဝါဒနှင့် မတူကွဲပြားခြားနားသော လမ်းကြောင်းမှ သွားမည်ဖြစ်ကြောင်း၊ လယ်သမားများကို စီးပွားရေးတွင် ခေတ်မှီလာစေရေးအတွက် ခေတ်မှီစိုက်ပျိူးရေးနည်းစနစ်များနှင့် အထောက်အကူပြု ပစ္စည်းများပါ ပေးအပ်သွားမည်ဟု နန်ကျင်းအစည်းအဝေးပွဲတွင် ကြေညာခဲ့သည်။
 
ထို့အပြင် စုပေါင်းဘုံလယ်ယာမြေစနစ်ကြောင့် တောင်သူ လယ်သမားများအား စုပေါင်းထွန်ယက်စိုက်ပျိူးစေခြင်းဖြင့် သီးနှံထွက်ကုန်ကို တိုးမြှင့်နိုင်မည်။ ထို့အပြင် သမဝါယမ အသင်းအဖွဲ့များကို ဖွဲ့စည်းစေပြီး အိမ်ထောင်စု ၂၀ မှ ၄၀ အထိ၊ မြို့ပြများတွင် အိမ်ထောင်စု ၁၀၀ မှ ၃၀၀ အထိ အသင်းအဖွဲ့များ ဖွဲ့စည်းပေးခဲ့သည်။ ထိုအတောအတွင်း ရှေ့နှစ်များတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုများကို သိမ်းယူခဲ့ရာ နေအိမ်၊ ခြံမြေနှင့် လယ်ယာမြေမှသည် အိမ်သုံးပစ္စည်းများအထိ ပါဝင်လေသည်။
 
ပြည်သူများကို လူအသိုင်းအဝိုင်းနှင့် ခေါင်းဆောင်မှုအား သိရှိလာစေရန် စစ်တပ်ဖွဲ့စည်းပုံအတိုင်း တပ်ရင်း တပ်ဖွဲ့များ ဖွဲ့စည်းသည်။ ထို့အပြင် လူအများ စည်းလုံးမှု ရရှိလာစေရန်အတွက် စုပေါင်းဘုံအိမ်ယာ နေထိုင်မှုမှသည် နောက်ဆုံး စုပေါင်းဘုံအိမ်သာ အထိ ပြုလုပ်ခဲ့ကြပေသည်။ လွဲမှားသော စီမံမှုများလားတော့ မပြောတတ်တော့ချေ။ ယနေ့ခေတ်၏ အမြင်အရ လွန်စွာမှ စိတ်ပျက်ဝမ်းနည်း မော်အစား ငါ ရှက်ရွံ့မိ။ စုပေါင်းဘုံဆိုသည့် ဆိုရှယ်လစ် နိဗ္ဗာန်ဘုံ အသုံးအနှုန်းသည် ထိုခေတ်က လွန်စွာမှ အသုံးပြုခဲ့သည်။ စုပေါင်း ကလေးထိန်းကျောင်း၊ လူမျိူးရေးအရ နှိပ်ကွပ်ခြင်း (ဥပမာ ရှင်းကျန့်ဝီဂါ၊ မန်ချူး၊ မွန်ဂို) တို့အပြင် ထူးဆန်းသော တားမြစ်ချက်လဲ ရှိခဲ့သည်။ ပုဂ္ဂလိက မီးဖိုချောင် မထားရှိရဟု တားမြစ်ခဲ့သည်။ မော်စီတုန်းက "ကွန်မြူနစ် စုပေါင်းဝါဒအရ အခမဲ့အစားအစာ စားသုံးခြင်း" ဟု ခေါ်ဆိုပြီး စုပေါင်း မီးဖိုချောင်တွင် ဟင်းများကို ချက်ပြုတ်ပြီး စုပေါင်း စာသောက်ခန်းမကြီးထဲတွင် လူအများ ဝိုင်းဖွဲ့ စားသောက်ကြရသည်။ ထိုသို့ စားသောက်ရခြင်းကို အများစုက မနှစ်သက်ကြချေ။ ရေပေးဝေရေးနှင့် အစားအသောက် ခွဲတမ်းရာရှင်စနစ်ကို ကျင့်သုံးပြီး ဝေလံသော ဒေသများတွင် တစ်ခါတစ်ရံ တပတ်ကြာသည်အထိ ရိက္ခာမရောက်ရှိခြင်း၊ လာဘ်စားသော အရာရှိများကြောင့် ခွဲတမ်းရာရှင်များ လျော့နည်းခြင်း၊ ရာရှင်လတ်မှတ်များ ပျောက်ဆုံးပါက ခွဲတမ်းမရရှိခြင်းတို့ကြောင့်လဲ အစာငတ်မှု တိုးမြှင့်လာခဲ့သည်။ ထို့အပြင် ပြည်သူအားလုံး တစ်နေ့လျှင် ၆ နာရီသာ အိပ်စက်ခွင့်ရရှိပြီး တစ်နေကုန် အလုပ်လုပ်ရသည်။ အဆိုးဆုံးမှာ စက်မှုလုပ်ငန်း စက်ရုံများတွင် လုပ်အားပေးအဖြစ် လုပ်ကိုင်ရသူတို့မှာ ရံဖန်ရံခါ အိပ်စက်ခွင့်ပင် မရပဲ လုပ်ငန်းခွင် အတွင်း လုပ်ကိုင်ရသည်။
 
"အိမ်နောက်ဖေး မီးဖိုချောင်တွင် သံရည်ကြိုပါ"
 
သံမဏိထုတ်လုပ်မှုကို ၂ ဆတိုးမြှင့်ရန် မျှော်မှန်းချက်သည် မဟာခုန်ပျံကျော်လွှားစီမံကိန်းရဲ့ ကနဦး ရည်မှန်းချက် ပန်းတိုင်ဖြစ်ခဲ့သည်။ သို့သော်လည်း သစ်တောများ ပြုန်းတီးခြင်း၊ လူနေမှုအဆင့်အတန်း ကျဆင်းသွားခြင်း၊ အိမ်သုံး လယ်ယာသုံး သံထည်ပစ္စည်းများ ရှားပါးသွားခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူနေထိုင်သော ပတ်ဝန်းကျင် ညစ်ညမ်းမှုများ စသည့် ဒဏ်ချက်များဖြင့်သာ ဆိုးရွားစွာ အဆုံးသတ်ခဲ့ရသည်။ မော်စီတုန်းသည် တရုတ်ပြည်၏ စက်မှုလုပ်ငန်းနှင့် သံမဏိထုတ်လုပ်မှုကို အင်္ဂလန်နိုင်ငံထက် သာလွန်စေရန် ရည်မှန်းချက်ထားခဲ့ပြီး ထိုစဉ်က အင်အားကြီးနိုင်ငံ ဖြစ်သော အင်္ဂလန်နိုင်ငံကို ဘက်ပေါင်းစုံမှ ၁၅ နှစ်အတွင်း အမှီလိုက်ပြမည်ဟု ဆိုလေသည်။ ထို့ကြောင့် တစ်နှစ်ထက် တစ်နှစ် ထုတ်ကုန်များကို လျာထားချက် တိုးမြှင့်ကာ လုပ်ကိုင်စေခဲ့သည်။ မဟာခုန်ပျံကျော်လွှားစီမံကိန်း စတင်သည်နှင့် ပြည်သူတိုင်းအား လုပ်ငန်းစဉ်ဇယားများကို ချမှတ်ပေးခဲ့ပြီး လျာထားချက်နှင့် ပြည့်မှီအောင် လုပ်ကိုင်စေခဲ့ပြီး မပြည့်မှီပါက သေဒဏ်ပေးခြင်း ခံရလေသည်။ ထို့ကြောင့် စီမံကိန်း စတင်ခဲ့သည့် ၁၉၅၈ ခုနှစ်အတွင်း၌ပင် လူပေါင်း ၅ သိန်း ၅ သောင်းနီးပါး သေဆုံးခဲ့ရသည်။ အများစုမှာ အစိုးရကို ပုန်ကန်သူများ၊ အာဏာဖီဆန်သူများအဖြစ် စွပ်စွဲကာ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
 
၁၉၅၇ ခုနှစ်စာရင်းများအရ တရုတ်ပြည်၏ သံမဏိ ထုတ်လုပ်မှုသည် ၅.၃၅ သန်းတန်ချိန် ရှ်ိခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် မော်စီတုန်းက ထိုတန်ချိန်ထက် ၂ ဖြစ်သော ၁၀.၇ သန်းကို ထုတ်လုပ်နိုင်ရမည်ဟုဆိုကာ ၁၉၆၀ ခုနှစ်တွင် ဆိုဗီယက်နှင့် အင်္ဂလန်တို့ကို ကျော်တက်နိုင်အောင် လုပ်ဆောင်ရမည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် သံမဏိထုတ်လုပ်ခြင်းကို တိုးမြှင့်နိုင်စေရန် စက်ရုံများမှသည် နောက်ဆုံး နေအိမ်များ၌ပင် အခြေခံကာ ထုတ်လုပ်ရမည် ဆိုလေသည်။ အိမ်နောက်ဖေးရှိ မီးဖိုချောင်များကို အသုံးပြုကာ တပိုင်တနိုင် သံမဏိထုတ်လုပ်ရေးကို လုပ်ဆောင်ရမည်ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများအတွက် လိုအပ်ချက်ကို ဖြည့်ပေးရမည်ဟု ဆိုကာ အိမ်နောက်ဖေး မီးဖိုချောင်တွင် သံရည်ကြိုသည့် ဖိုများကို တည်ဆောက်စေသည်။ ပန်းချီကားတစ်ချပ်ကို ရေးဆွဲစေကာ "အိမ်နောက်ဖေးမီးဖိုချောင်မှ အသွင်ပြောင်း ရှုခင်းအလှ" ဟု နာမည်ပေးလေသည်။
 
ပြည်သူများမှာတော့ သံမဏိထုတ်လုပ်ရေးအတွက် သံနှင့် ထင်းချောင်းတို့က်ို ရှာဖွေရင်း တိုင်ပတ်လျက် ရှိနေတော့သည်။ အိမ်နောက်ဖေးမီးဖိုချောင်တွင် သံရည်ကြိုရန်အတွက် လယ်ယာစိုက်ပျိူးရေး ကိရိယာအဟောင်းများနှင့် သံထည်ပစ္စည်း အစုတ်အပြတ်များကို ကောက်ယူစုဆောင်းပြီး သံရည်ကြိုရလေသည်။ သံမဏိသံထည်ဖြစ်လာရန် မည်သို့မည်ပုံ ပြုလုပ်ရမည်ကို ပညာရှင်မဟုတ်သော၊ စက်ကိရိယာ အထောက်အကူ ပစ္စည်းတစ်ခုမှ မရှိသော ပြည်သူများ အနေဖြင့် အဘယ်သို့ သိနိုင်ပါ့မည်နည်း။ ရသမျှ ပစ္စည်းများကို စုပုံကြိုချက်ကာ သံရိုင်းတုံးများကို သက်ဆိုင်ရာ ဌာနများတွင် သွားရောက်အပ်နှံရသည်။ နောက်ဆုံး သံထည်ပစ္စည်းများ အစုတ်အပြတ်ကအစ ရှားပါးလာသဖြင့် အိမ်၌ ရှိသော မီးဖိုးချောင်သုံး ဒယ်အိုး ဒယ်ခွက် သံပန်းကန်များက အစ သံနှင့် ပြုလုပ်ထားသော ပစ္စည်းများကိုပါ အရည်ကြိုရတော့လေသည်။
 
မီးဖိုချောင်မှ အကျိူးဆက်များ
 
ပြည်သူများသည် သတ္တုအရည်ကြိုချက်ခြင်းနှင့် ပတ်သတ်သော ဗဟုသုတများ မရှိသော်လည်း မော်စီတုန်းက အိမ်နောက်ဖေး မြေကွက်လုပ်တွင် သံရည်ကြိုချက်သည့် မီးဖိုများ ပြုလုပ်ကာ အိမ်နီးနားခြင်း စုပေါင်းသံရည်ကြိုချက်ခြင်း ဟု ဆိုကာ လုပ်ကိုင်စေသည်။ ၁၉၅၈ ခုနှစ် စက်တင်ဘာလတွင် ဟဲဖေ့နှင့် အန်းဟွေ့ပြည်နယ်တို့တွင် နမူနာအဖြစ် အိမ်နောက်ဖေး သံရည်ကြိုချက်ခြင်း လုပ်ငန်းကို လုပ်ကိုင်ပြသခဲ့သည်။ ထွက်လာသော သံအရိုင်းတုံးများကို စံချိန်မှီ အရည်အသွေး မြင့်မားသော သံမဏိအဖြစ် ထပ်မံထုတ်လုပ်ရန် စက်ရုံများသို့ ပို့ဆောင်စေသည်။
 
ကြီးမားသော အကျိူးဆက်အဖြစ် ပြည်သူများသည် သံထည်ပစ္စည်း အစုတ်အပြတ်များကို လိုက်လံရှာဖွေကြရသည်။ သံရည်ကြိုရန် မီးအားပြင်းပြင်းလိုအပ်ရာ ထင်းလောင်စာ များစွာ ကုန်ကျလေသည်။ ထို့ကြောင့် ထင်းသစ်များကို ရရှိစေရန် ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ခုတ်ပစ်လိုက်ကြသည်။ သစ်တောအနီးတွင် ရှိသူများကလဲ သစ်ပင်များကို ခုတ်လှဲကြသဖြင့် တချိူ့နေရာများတွင် သစ်တောပြုန်းတီးသည်အထိ ဆိုးရွားခဲ့ရသည်။ သစ်ရှားပါးသော နေရာများတွင် အိမ်ထောင်ပရိဘော ပစ္စည်းများမှအစ နောက်ဆုံး ထင်းစိုက်စရာ မရှိသဖြင့် အိမ်ဟောင်းများကို ဖြိုဖျက်ပစ်ခြင်း၊ သစ်သား တံခါးဘောင်များကိုပါ ဖြိုဖျက်ကာ ထင်းစိုက်ပစ်ရသည်အထိ အခြေအနေဆိုးခဲ့သည်။ ထိုအချိန်က ပညာတတ်သူ ဦးရေနည်းပါးပြီး ဗဟုသုတလဲ ခေါင်းပါးလှသော ပြည်သူများသည် သံနှင့် အခြားသော သတ္တုများကိုပင် မခွဲခြားတတ်သဖြင့် သံနဲ့တူသော သတ္တုမှန်သမျှကို အရည်ကြိုပစ်ကြသဖြင့် စက်ရုံများသို့ ရောက်သောအခါ စက်ရုံမှ တာဝန်ရှိသူများမှာ တိုင်ပတ်ရတော့သည်။ သံပစ္စည်းများမှာလဲ ရှားပါးလာသောကြောင့် နောက်ဆုံးတွင် ကျောင်းများနှင့် ဆေးရုံများရှိ သံကုတင်၊ စာသင်ခုံများမှ သံနှင့် သစ်သားများကို ယူဆောင်ကြသည်အထိ ဆိုးရွားလှသောကြောင့် တချိူ့သော စာသင်ကျောင်း၊ ဆေးရုံများမှာ ပိတ်ပစ်ခဲ့ရသည်။ ထို့အပြင် စက်ရုံများမှ ထွက်ရှိလာသော သံမဏိသည် သံမဏိအဆင့် မရောက်ပဲ သံကြွပ်သာသာ အဆင့်သာ ရှိသောကြောင့် စျေးကောင်းမရသည့်အပြင် စျေးကွက်ပါ ပျက်ခဲ့ရသည်။ ထိုအကြောင်းကို ဥက္ကဋ္ဌကြီး မော်စီတုန်းသည် ဒေါသထွက်ကာ စက်ရုံတာဝန်ရှိသူများကို အရည်အချင်း မပြည့်မှီဟု ဆိုကာ အပြစ်ပေးခံရသဖြင့် ထောင်ကျသူက ကျ၊ ရာထူးပြုတ်က ပြုတ်နှင့် ဖြစ်ကုန်သည်။
 
ထို့ကြောင့် မော်စီတုန်းသည် မကျေနပ်သေးပဲ ကိုယ်တိုင် ၁၉၅၉ ခုနှစ် ဇန်နဝါရီလတွင် မန်ချူးရီးယားရှိ သံရည်ကြိုစက်ရုံသ်ုိ့ သွားရောက်လေ့လာတော့သည်။ ထိုအခါ အဆင့်မြင့်နည်းပညာ မဆိုထားနှင့် ရှေးယခင်ကတည်းက သံမဏိ ထုတ်လုပ်သည့် နည်းလမ်းဖြင့် ထုတ်လုပ်ရသည့် စက်ရုံမှာပင် လိုအပ်သော မီးပြင်းအားဖြင့် သံမဏိကို ထုတ်ရသည်။ ထိုသို့ မီးအားပြင်းပြင်း ရရှိစေရန်အတွက်လဲ ကျောက်မီးသွေးကိုသာ အသုံးပြုမှ ရရှိနိုင်ကြောင်းကို တွေ့လေသည်။ ထိုအခါမှ မော်စီတုန်းသည် အိမ်နောက်ဖေး မီးဖိုချောင်မှ သံမဏိ ထုတ်လုပ်ခြင်းဟာ မဖြစ်နိုင်ကြောင်း သိရှိသွားပြီး စိတ်ပျက်အားလျော့ကာ ဘာမှ ဆက်မပြောနိုင်တော့ချေ။ အဲ့ဒီနောက်မှာတော့ အဆိုပါ စီမံကိန်းကို တိတ်တဆိတ် စွန့်ပစ်လိုက်ကြပြီး နှစ်အနည်းငယ်ကြာသောအခါ စီမံကိန်းမှာ လုံးဝချူပ်ငြိမ်းသွားတော့သည်။
 
ဆည်မြောင်းရေပေးဝေခြင်း
 
မဟာခုန်ပျံကျော်လွှားစီမံကိန်းတွင် နောက်ထပ် အရေးပါသော စီမံကိန်းမှာ ဆည်မြောင်းများ ဆောက်လုပ်နိုင်ရေး ဖြစ်သည်။ ထိုစီမံကိန်းများမှ သောက်သုံးရေ ပေးဝေခြင်း၊ စိုက်ပျိူးရေ ပေးဝေခြင်းနှင့် ရေအားလျှပ်စစ်စီမံကိန်းများ ပါဝင်လေသည်။ သို့သော် ဆည်မြောင်းများ တည်ဆောက်ရာတွင် ကျယ်ပြန့်လှသော စီမံကိန်းများကြောင့် အင်ဂျင်နီယာ ပညာရှင် မလုံလောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ထုံးစံအတိုင်းပင် အလုပ်ပြီးမြောက်အောင် သာမန် ပြည်သူများကို အသုံးချကာ အင်ဂျင်နီယာများ၏ မည်သည့် တွက်ချက်တိုင်းတာမှုမျှ မပါဝင်ပဲ တည်ဆောက်ခဲ့ကြသည်။ မော်စီတုန်းသည် ပြည်သူအားလုံးကို လုပ်အားပေးအဖြစ် ပါဝင်စေခိုင်းခဲ့သည်။ ဆည်မြောင်းရေပေးဝေမှုနှင့် ပတ်သတ်၍ ဆည်များ၏ ခိုင်မာမှုနှင့် သူ့လူများအပေါ် ဤသို့ မှတ်ချက် ပြုခဲ့သည်။
 
"ဝူကျီးဖူက ရေအားကုဗမီတာ ၃၀ ဘီလီယံ ပေးပို့နိုင်ခဲ့တယ်ဆို လူ ၃ သောင်းလောက်တော့ အနည်းဆုံး သေဆုံးခဲ့လို့ ထင်လိုက်မိတယ်။ ကျန့်ရှီစန်းက ရေအား ကုဗမီတာ ဘီလီယံ ၂၀ ပေးပို့နိုင်ခဲ့တယ်ဆို ကျွန်တော် ထင်တယ် လူ ၂ သောင်းလောက်တော့ အနည်းဆုံး သေဆုံးခဲ့ပြီ။ ဝေချင်းတစ်ယောက်ထဲကပဲ ရေကုဗမီတာ သန်း ၆၀၀ အထိပဲ ပို့ပေးနိုင်တယ်လို့ ဆိုတယ်။ ဒါဆိုရင်တော့ ဖြစ်နိုင်တယ်။ တစ်ယောက်မှ မသေခဲ့ဖူးပေါ့။"
 
မော်စီတုန်း တွေးထားခဲ့သည်မှာ ပြည်သူများ ရေအလုံအလောက် ရရှိရေးနှင့် စိုက်ပျိူးရေ ရရှိစေရန် ရည်ရွယ်ထားသည်။ သို့သော်လည်း သတ်မှတ်ထားသည့်ရက်အတိုင်း မပြီးမြောက်မှာ စိုးရိမ်သည့်အတွက် သူ၏ လက်အောက်ငယ်သားများက လုပ်အားပေးသော ပြည်သူများကို အတင်းအကြပ် ခိုင်းစေခဲ့ကြသဖြင့် ပင်ပန်းမှုဒဏ်နှင့် အစာငတ်ပြတ်မှု ဒဏ်များကြောင့် ရောဂါဘယများ ရရှိကာ သေဆုံးကြသူများမှာ ထုနှင့်ဒေးပင်။ အနည်းဆုံး ပြည်သူ သောင်းနှင့်ချီပြီး သေဆုံးခဲ့မည်ဟု ခန့်မှန်းကြသည်။ အထူးသဖြင့် ချင်းရွှေနှင့် ကန်းစုပြည်နယ်များတွင် အဆိုပါ စီမံကိန်းကြောင့် လူအသေအပျောက်များခဲ့ရာ "လူသတ်ကွင်းများ" ဟုပင် အမည်တွင်ခဲ့လေသည်။
 
လယ်ယာစိုက်ပျိူးရေး
 
မော်စီတုန်း၏ နောက်ထပ်ရည်ရွယ်ချက် တစ်ခုမှာ စားနပ်ရိက္ခာ ဖူလုံရေးဖြစ်ပြီး တရုတ်ပြည်တစ်လုံးအတွက်သာမက ပြည်ပသို့ပါ တင်ဖို့နိုင်ရန် စားသောက်ကုန်ပစ္စည်းများ၏ ထုတ်လုပ်နိုင်မှု စွမ်းရည်ကို တိုးမြှင့်ရန်အတွက် ကြိုးစားခဲ့သည်။ မဟာခုန်ပျံကျော်လွှားစီမံကိန်းကြီး စတင်သည့်အခါ ပြည်သူများကို မိမိတို့၏ နေအိမ်များမှ စွန့်ခွာစေပြီး လယ်ယာမြေများတွင် လုပ်ကိုင်ရန် အတင်းအကြပ် စေခိုင်းခဲ့သည်။ ထို့ကြောင့် ပြည်သူများအားလုံး အစိုးရအတွက် လယ်ယာမြေများတွင် ပင်ပန်းဆင်းရဲကြီးစွာ လုပ်ကိုင်ပေးခဲ့ရသည်။ ထိုသို့ လုပ်ကိုင်ပေးရခြင်းကို သမဝါယမ စိုက်ပျိူးရေး ဘုံလယ်ယာမြေ စီမံကိန်းဟု ခေါ်ဆိုခဲ့သည်။ သမဝါယမ စိုက်ပျိူးရေးအဖွဲ့များကို ဖွဲ့စည်းပေးပြီး လူတိုင်းလိုလို လယ်ယာမြေများတွင် လုပ်ကိုင်ပေးခဲ့ရသည်။ ၁၉၅၈ ခုနှစ်တွင် တရုတ်နိုင်ငံ လူဦးရေ၏ ၉၈% သည် ထိုလယ်ယာမြေ စီမံကိန်းအတွင်း လုပ်အားပေးခဲ့ရသည်။
 
မြေလွတ်မြေရိုင်းမှန်သမျှတွင် ရှိသမျှ သီးနှံမျိူးစေ့များကို စိုက်ပျိူးခဲ့ကြသည်။ ရေမြေအလိုက် စိုက်ပျိူးခြင်းမျိူး မဟုတ်ပဲ ဖြစ်သလို စိုက်ပျိူးခဲ့ခြင်းကြောင့် မည်သည့် သီးနှံမျှ မဖြစ်ထွန်းပဲ အပင်ပေါက်လာသည့် သီးနှံများမှာလဲ အနည်းငယ်မျှသာ ထွက်ရှိလေသည်။ စိုက်ပျိုးသူ အများစုမှာ လယ်ယာမြေနှင့် မကျွမ်းကျင် မရင်းနှီးသည့် ဆရာဝန်၊ ကျောင်းဆရာစသည့် နယ်ပယ်များမှအပြင် အခြားသော နယ်ပယ်မှ လူများ ဖြစ်နေခြင်းကြောင့်လဲ ပါသည်။ တရုတ်ပြည်၏ မြေယာအများစု စိုက်ပျိူးရန် မသင့်တော်ပေ။ သိပံ္ပနည်းကျလဲ သေချာမစမ်းစစ်ပဲ အမိန့်အောက်တွင် ဖြစ်သလို လုပ်ချလိုက်ခြင်းပင် ဖြစ်ပေတော့သည်။ ထို့ကြောင့် အဆိုပါ စီမံကိန်းကို ၁၉၆၁ ခုနှစ်တွင် လုံးဝ ရပ်ဆိုင်းလိုက်ရတော့သည်။
 
နောက်ထပ် ဆိုးရွားလှသည့် ကိစ္စတစ်ခုမှာ လယ်ယာ စိုက်ပျိူးရေးကဏ္ဍတွင် တာဝန်ပေးခံရသည့် ခေါင်းဆောင်များ၏ ညံ့ဖျင်းမှုနှင့် အပြစ်ပေးခံရမည်ကို စိုးရိမ်သဖြင့် လက်တွေ့ဖြစ်ပျက်နေမှုများကို မျက်နှာလွဲကာ အထက်သို့ စာရင်းအမှားများသာ တင်နေကြသည်။ လက်အောက်ရှိ ခေါင်းဆောင်ငယ်များသည် မော်စီတုန်း၏ ထိပ်ပိုင်းအဖွဲ့အစည်းထံသို့ သီနှံပင်များ ကြီးထွားနှုန်းက်ို လိမ်ညာပြီး အမှန်တကယ် လက်တွေ့ရှိနေသည်ထက် ပိုမိုစာရင်းပြကာ လိမ်ညာကြသည်။ ထိပ်ပိုုင်းကလဲ ကိုယ်တိုင်လက်တွေ့ ကွင်းဆင်းလေ့လာခြင်း မရှိပဲ လက်အောက်အရာရှိများ တင်ပြလာသည့်အတိုင်း ထားရှိသည်။ ထို့ကြောင့် ၁၉၅၉ ခုနှစ်တွင် တရုတ်ပြည်တစ်ပြည်လုံး စားနပ်ရိက္ခာပြတ်လပ်ကာ အငတ်ဘေးကပ် ဆိုက်ရောက်လာတော့သည်။ အထက်ပိုင်းရှိ ခေါင်းဆောင်ကြီးများသည် လက်အောက်ငယ်သားတို့ လိမ်ညာပြောသမျှကို အဟုတ်မှတ်ကာ နိုင်ငံအတွင်းရှိ ထွက်သမျှ သီးနှံစားသောက်ကုန်ပစ္စည်းများ အားလုံးကို ပြည်ပသို့ ရောင်းချပစ်လေသည်။ အမှန်တကယ်တွင် လယ်ယာမြေများ၌ မဖြစ်ထွန်းသည့် စိုက်ခင်းက ခပ်များများပင်။ သီးနှံ ထွက်နှုန်းမှာလဲ လုံးဝကျဆင်းလျက် ရှိသည်။ လုပ်အားပေး ပြည်သူများကိုလဲ အဆိုပါ စိုက်ခင်းများမှ ထွက်ခွာခွင့် မပြုချေ။ အစိုးရကိုယ်တိုင်၌လဲ ကျွေးစရာ ဆန်မရှိ။ ထို့ကြောင့် ပြည်သူ ၄ ဦးလျှင် ၁ ဦး သို့မဟုတ် ၃ ဦးလျှင် ၁ ဦးခန့်သည် အစာငတ်မွတ်မှုကပ်ဘေးကြောင့် သေဆုံးခဲ့ကြရသည်။ ရောဂါဝေဒနာ ခံစားနေရသူနှင့် သက်ကြီးရွယ်အို အများအပြား သေဆုံးကုန်ကြသည်။
 
လယ်တောထဲမှ ဘဝများ
 
အစိုးရ၏ လျာထားချက်အတိုင်း မပြည့်မှီမှာ စိုးရိမ်သဖြင့် လယ်တောရှိ ခေါင်းဆောင်များသည် လုပ်သားပြည်သူများကို နေ့ရောညပါ စေခိုင်းကြသည်။ ထိုလယ်တောထဲ၌ပင် အိပ်စက်ကြရပြီး မနားမနေ လုပ်ကိုင်ရသည်။ အစာရေစာလဲ လောက်ငှမှုမရှိပဲ ငတ်ပြတ်လျက် ရှိသည်။ မိုးလင်းကတည်းက လယ်တောထဲတွင် လုပ်ကိုင်ကြရပြီး ညမိုးချူပ်သည်အထိပင် မနားရချေ။ ထိုအလုပ်စခန်းများတွင် နှိပ်စက်ညှင်းပန်းခြင်းများလဲ ရှိသည်။ နေထိုင်မကောင်း ဖြစ်ပါကလဲ ဆေးဝါးဟူ၍ မရှိပဲ အလုပ်ကိုသာ ဆက်လုပ်ရသည်။ ထို့ကြောင့် ရောဂါဖြစ်ပြီဆိုပါက ပြန်ကောင်းရန် အခွင့်အလမ်း နည်းပါးပြီး သေဖို့ရာခိုင်နှုန်းများသည်။ လူတစ်ဦးသေဆုံးခြင်းဆိုတာ သူတို့အတွက်တော့ ဘာမှမဟုတ်တော့ပေ။
 
အစားအစာပြတ်လပ်မှု ကပ်ဘေးကြီးနှင့် ကြုံရသောအခါ သေဆုံးမှုနှုန်းများ များစွာမြင့်တက်ခဲ့သည်။ အရင်ကတည်းက ပင်ပန်းမှုဒဏ်ကြောင့် နာမကျန်းဖြစ်သူများမှာ အစာငတ်မွတ်မှုဒဏ်ကိုပါ ထပ်မံခံစားကြရပြန်သည်။ စိုက်ပျိူးခင်းများမှ ထွက်ကုန်များကို ခိုးယူစားသောက်ကြရသည်။ ဖမ်းမိသွားပါက လူပုံအလယ်တွင် ရိုက်နှက်ပြီးနောက် ထို့ထက်ဆိုးသော အလုပ်ကြမ်းစခန်းများကို ပို့ဆောင်လိုက်ကြသည်။ အခြားသော နှိပ်စက်ညှင်းပန်းမှုများစွာလဲ ရှိသေးသည်။ မဟာခုန်ပျံကျော်လွှားစီမံကိန်းအတွင်း သေဆုံးသူစုစုပေါင်း၏ ၆% မှ ၈% သည် နှိပ်စက်ညှင်းပန်းမှုများကြောင့် သေဆုံးခဲ့ရသည်။
 
လုရှန်းညီလာခံ
 
မဟာခုန်ပျံကျော်လွှားစီမံကိန်း၏ ခန့်ခွဲမှု နည်းလမ်း အမှားများကြောင့် လူများ သေကြေပျက်ဆီးခဲ့ရပြီးနောက် ကွန်မြူနစ် ပါတီအတွင်း၌လဲ မကျေနပ်မှုများ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် မဟာခုန်ပျံကျော်လွှားစီမံကိန်းနှင့် ပတ်သတ်ပြီး ဆွေးနွေးကြရန် လုရှန်းညီလာခံကို ၁၉၅၉ ခုနှစ် ဂျူလိုင်လမှ သြဂုတ်လအထိ ကျင်းပခဲ့သည်။ တခြားသော ခေါင်းဆောင်များမှာ ပေါ်လစီအသစ်များ နှင့် စီမံကိန်းအသစ်များ အကြောင်းကိုသာ ဆွေးနွေးတင်ပြကြသော်လည်း ထိုစဉ် တရုတ်တပ်နီတော်၏ ကာကွယ်ရေးဝန်ကြီးချူပ် ဗိုလ်ချူပ်ကြီး မာရှယ် ဖွန်းတဲ့ဟွိုင်က မော်စီတုန်း၏ လွဲမှားသော စီမံခန့်ခွဲမှုအမှားများကို ဒဲ့တိုးပြောလွှတ်တော့သည်။ ထိုအခါ မော်စီတုန်းက ဖွန်းတဲ့ဟွိုင်၏ ဝေဖန်မှုကို အပြစ်ပေးသည့် အနေဖြင့် ဖောက်ပြန်သူဟု စွပ်စွဲကာ မဟာခုန်ပျံကျော်လွှား စီမံကိန်းအတွင်း အစဖျောက်ပစ်လိုက်တော့သည်။ ဖွန်းတဲ့ဟွိုင်သည် ဆင်းရဲသော လယ်သမားမိသားစုမှ လာသူဖြစ်ပြီး မော်စီတုန်းနှင့် မကြာခဏ ကတောက်ကစ ဖြစ်ခဲ့ဖူးသည်။ အထူးသဖြင့် တရုတ်-ဂျပန် စစ်ပွဲတွင် မော်စီတုန်းက ကွန်မြူနစ်အင်အားကို ချွေတာသည့်အနေဖြင့် "ပထမ ရန်သူကို ဒုတိယ ရန်သူနဲ့ တိုက်ပါစေ" ဟု ဆိုကာ ချန်ကေရှိတ်တပ်နှင့် ဂျပန်တပ်တို့ကို ရင်ဆိုင်တိုက်ခိုက်စေပြီး မော်စီတုန်းက ပျောက်ကြားစနစ်ဖြင့် ဂျပန်ကို တိုက်ခိုက်သည်။ ဖွန်းတဲ့ဟွိုင်က ထိုသို့မဟုတ်ပဲ ဂျပန်ကို ပေါ်တင် ရင်ဆိုင်တိုက်ခိုက်သည်။ တရုတ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော Hundred Regiments Campaign ပိုင်ထွမ်တကျန့်သည် ဖွန်းတဲ့ဟွိုင်၏ နာမည်ကြီးတိုက်ပွဲတစ်ခု ဖြစ်ကာ မော်စီတုန်း၏ ပျောက်ကြားစနစ်ဖြင့် တိုက်ရမည်ဆိုသော စကားကို မနာခံပဲ တပ်ရင်းပေါင်း ၁၀၀ ကျော်ဖြင့် ဂျပန်ကို အနိုင်ချေမှုန်းပစ်ခဲ့သည်။ (သိပ်မကြာခင် ရေးပေးပါ့မယ်။) ထိုကတည်းက မော်စီတုန်းက ဖွန်းတဲ့ဟွိုင်ကို အညှိုးအတေး ထားခဲ့သည်။ ထို့ကြောင့် မဟာခုန်ပျံကျော်လွှား စီမံက်ိန်းအတွင်း ဖွန်းတဲ့ဟွိုင်ကို အရင်းရှင်စနစ်အားပေးသည့် ဘူဇွာကောင်၊ မြောက်ပိုင်းစစ်ဆင်ရေးအတွင်း အတိုက်အခံပြုကာ မိမိအင်အားကို ရန်သူအား သိစေခဲ့သူ၊ လက်ယာယိမ်း အချောင်သမားဝါဒီကောင်ဟု မျိူးစုံစွပ်စွဲကာ ရာထူးမှ ချပစ်ခဲ့သည်။ ထို့နောက် ဖွန်းတဲ့ဟွိုင်နေရာတွင် လင်ပြောင်နှင့် အစားထိုးခဲ့သည်။ ထို့ကြောင့် ဖွန်းတဲ့ဟွိုင်ဘက်တော်သား တစ်ဦးက "သောက်ရှက်မရှိ မျက်နှာချိူသွေးတဲ့ကောင်တွေသာ အစားအသောက် ကောင်းကောင်းစားရတယ်။ မျက်နှာချိူမသွေးရင် အစာငတ်ပြတ်ပြီး သေဖို့ပဲရှိတော့ပါလား။" ဟု ပါတီရုံးရှေ့တွင် စာကပ်ထားခဲ့လေသည်။
 
အစာရေစာပြတ်လပ်မှုကြောင့် အငတ်ဘေးနှင့် ကြုံတွေ့ခဲ့ရခြင်း
 
၁၉၅၈ ခုနှစ်မှ စတင်ခဲ့သော မဟာခုန်ပျံကျော်လွှားကာလ အတွင်း သံမဏိကြိုချက်သည့် လုပ်ငန်းများကို လယ်ယာစိုက်ပျိူးရေး စီမံကိန်းနှင့် တွဲဖက်လုပ်ကိုင်ခဲ့ရသည်။ ဒေသံတွင်းရှိ အရာရှိများသည် ဗဟ်ိုရုံးချူပ်ထံသို့ စာရင်းတင်ရာတွင် အထွက်နှုန်းလျော့ကျနေသည်က်ို မပြောပဲ ထွက်ရှိသည့် နှုန်းထက် ပိုပြီး စာရင်းတင်ကြသည်။ အထက်က ပြောထားသည်မှာ ပြည်တွင်းရိက္ခာဖူလုံမှ ပြည်ပသို့ တင်ပို့မည်ဟု ဆိုထားသည်။ သို့သော် စာရင်းကို ပြန်မစစ်ပဲ တင်ပြလာသည့်အတိုင်း ယုံကြည်ကာ ပြည်ပသို့ ထွက်သမျှ တင်ပို့နေသည်။ ၁၉၅၉ ခုနှစ်တွင် မြစ်ဝါမြစ်ဒေသတဝိုက်တွင် ရေလွှမ်းမိုးခြင်း ခံခဲ့ရသဖြင့် စိုက်ပျိူးခင်းဧရိယာများစွာ ပျက်ဆီးကုန်သည်။ တဖက်တွင်လည်း နိုင်ငံတွင်းရှိ စားနပ်ရိက္ခာမှာ ပြတ်လပ်နေပြီဖြစ်ရာ တိုင်းပြည်မှာ အငတ်ဘေးကပ် ဆိုက်ရောက်တော့သည်။ တိုင်းပြည်အနှံတွင်လည်း သူခိုးဓာမြများ၊ ကွန်မြူနစ်စနစ်ကို ဆန့်ကျင်သူများနှင့် အစိုးရကို လက်နက်ကိုင် ပုန်ကန်မှုများ ပေါ်ပေါက်လာသဖြင့် စစ်တပ်မှ အလျှင်အမြန် နှိမ်နင်းပစ်ခဲ့ရသည်။
 
၁၉၅၈ ခုနှစ် ၁၉၆၀ ခုနှစ်အထိ တရုတ်ပြည်သူ စားသောက်ကုန်နှင့် ဆန်စပါးသီးနှံများကို ပြည်ပသို့ ဆက်လက် တင်ပို့လျက် ရှိနေသေးသည်။ မော်စီတုန်းသည် နိုင်ငံတကာတွင် မျက်နှာမပျက်အောင် သူ၏ စီမံကိန်းများ အောင်မြင်လေသည့်ပုံစံ ဟန်ဆောင်နေသေးသည်။ သို့သော် အခြေအနေမှန်ကို သိရှိသွားသည့် ပြည်ပနိုင်ငံများမှ တရုတ်ပြည်၏ ပို့ကုန်များကို ဝယ်ယူရန် ငြင်းပယ်လိုက်သည်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက တရုတ်နိုင်ငံအား ဂျူံတန်ချိန် ၁ သန်းကို သင်္ဘောဖြင့် ပို့ဆောင်ကာ ထောက်ပံပေးမည်ဟု ဆိုသော်လည်း တရုတ်အစိုးရက ပယ်ချခဲ့ပြန်သည်။ သို့သော် အစားအစာ ပြတ်လပ်မှု ကပ်ဘေးကြီးသည် ပိုမိုဆိုးရွားလာပြီး တရုတ်အစိုးရလဲ ဆက်လက် ဟန်မဆောင်နိုင်တော့ချေ။ ၁၉၆၁ ခုနှစ်တွင်တော့ စီမံကိန်းကြီး ကျရှုံုးသွားပြီးနောက် ဂျူံ၊ စပါး တင်ပို့မှုကို ရပ်ဆိုင်းလိုက်ရသည်။ ထို့နောက် ကနေဒါနှင့် သြစတေးလျနိုင်ငံများထံမှ အကူအညီကို တောင်းခံခဲ့ရပြီး စာနပ်ရိက္ခာက်ို အလျှင်အမြန် ဖြည့်တင်းခဲ့ရသလို နီးစပ်ရာ နိုင်ငံများမှလဲ စားနပ်ရိက္ခာကို တင်သွင်းခြင်းနှင့် အကူအညီတောင်းခံခြင်းများ ပြုလုပ်ခဲ့ရသည်။ ဆိပ်ကမ်းမြို့များတွင်လဲ နေ့စဉ်မပြတ် သင်္ဘောများ ဆိပ်ရောက်လာပြီး အငတ်ဘေးကပ် ဆိုးရွားစွာ ခံစားနေရသော ဒေသများထံသို့ နေ့စဉ်ပို့ဆောင်ပေးခဲ့ရသည်။
 
မဟာခုန်ပျံကျော်လွှားရင်း သေဆုံးခဲ့ရသူများစာရင်း
 
မဟာခုန်ပျံကျော်လွှားစီမံကိန်းအတွင်း သေဆုံးသူစာရင်းကို အတိအကျ ကောက်ခံရန် ခက်ခဲသော်လည်း အနည်းဆုံး တရုတ်ပြည်သူ သန်း ၃၀ မှ ၅၅ သန်းနီးပါး သေဆုံးခဲ့သည်ဟု ခန့်မှန်းကြသည်။ (မြန်မာနိုင်ငံ လူဦးရေသည် သန်းခေါင်စာရင်းများအရ သန်း ၅၀ ကျော်သာ ရှိသည်။) ထိုအငတ်ဘေး ကပ်ဆိုးကြီးသည် တရုတ်သမိုင်းနှင့် ကမ္ဘာ့ သမိုင်းတွင် အဆိုးရွားဆုံး အစာငတ်မွတ်မှုကြောင့် သေဆုံးမှုနှုန်းအများဆုံး သေဆုံးမှုကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ တရုတ်အစိုးရက စာရင်းအတိအကျ ကောက်ခံခဲ့ခြင်း မရှိပဲ တချိူ့မှာ လူမသိသူမသိ သေဆုံးခဲ့ရသည်။ ထိုအချိန်က တရုတ်လူဦးရေ သန်း ၆၀၀ ၏ ၅ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်း နီးပါးသည် လမ်းမများပေါ်တွင်လည်ကောင်း၊ လယ်ကွင်းထဲတွင် လည်ကောင်း နေရာအနှံအပြားတွင် အစာငတ်ပြတ်မှု ကပ်ဘေးကြောင့် သေဆုံးခဲ့ရသည်။
 
မဟာခုန်ပျံကျော်လွှားစီမံကိန်းသည် မူ အားဖြင့် ကောင်းမွန်သော်လည်း လူတို့၏ လုပ်ဆောင်မှု နည်းလမ်းအမှားကြောင့် အဆုံးအရှုံးကြီးမားစွာဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ သ်ို့သော် တရုတ်ပြည်ခေါင်းဆောင်များအတွက်မူ သင်ခန်းစာ ကောင်းစွာရရှိခဲ့သည်။ တိန့်ရှောင်ဖိန်က မော်စီတုန်း၏ လုပ်ရပ်သည် ၇၀% မှန်ကန်ပြီး ၃၀% မှားယွင်းခဲ့သည်ဟု ဆိုကာ မော်စီတုန်းလက်ထက်က အမှားများကို သင်ခန်းစာယူစေသည်။ တရုတ်နိုင်ငံ၏ သံမဏိနှင့် စိုက်ပျိူးရေး ကဏ္ဍ အရေးပါပုံကို မော်စီတုန်းက မီးမောင်းထိုးပြသွားသည်။ ထို့ကြောင့် နောင်တက်လာသော ခေါင်းဆောင်များသည် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးက်ို ဦးစားပေးကာ ခေတ်မှီ စိုက်ပျိူးရေးနည်းစနစ်များဖြင့် သေချာလုပ်ကိုင်ကြသဖြင့် ယခုအချိန်တွင် တရုတ်ပြည်သည် မော်စီတုန်း၏ မျှော်မှန်းခဲ့သည့်အတိုင်း ပြည်ပသို့ပင် စားသောက်ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့လာနိုင်ခဲ့သည်။ သံမဏိ လုပ်ငန်းတွင်လဲ တရုတ်ပြည်သည် ဂျာမဏီနိုင်ငံက်ို အတုယူကာ လုပ်ကိုင်ခဲ့သဖြင့် ယခုအခါတွင် နည်းပညာလွန်စွာမှ တိုးတက်လာပြီး နိုင်ငံအနှံတွင် တရုတ်ပြည်ထုတ် စံချိန်မှီ သံမဏိ သံဘောင်များ အသုံးပြုကာ အခြေခံအဆောက်အဦးများကို တည်ဆောက်လာနိုင်ခဲ့ကြသည်။ မော်စီတုန်းလက်ထက်တွင် နည်းလမ်းမှားယွင်းခဲ့ပြီး လူပေါင်း သန်းနှင့်ချီ၍ သေဆုံးခဲ့ရသည်။ သို့သော် မော်စီတုန်းကို အပြစ်မတင်ပဲ သင်ခန်းစာယူကာ နိုင်ငံတိုးတက်ရေးအတွက် ရှေ့ကိုသာ ဆက်လက် လျှောက်လှမ်းခဲ့ကြသဖြင့် ယနေ့ခေတ် အင်အားကြီးမားသော တရုတ်ပြည်ကြီးကို တည်ဆောက်ခဲ့ကြပေသည်။ မော်စီတုန်းသည် တိုင်းပြည်ကို တိုးတက်စေလိုသည့် စေတနာ စိတ်ဆန္ဒရှိသည်ကို တိန့်ရှောင်ဖိန်က "ဥက္ကဋ္ဌကြီး မော် အနေနဲ့ မှားယွင်းခဲ့တာ မှန်ပေမယ့် စေတနာအမှားတွေပါ" ဟု ဆိုခဲ့ပေသည်။ အနှစ်ချူပ်အားဖြင့် ဆိုရသော် ခေါင်းဆောင်သည် တိုင်းပြည်အပေါ် စေတနာရှိသော်လည်း၊ တိုးတက်စေလိုသည့် စိတ်ဆန္ဒ ရှိသော်လည်း မှားယွင်းသည့် နည်လမ်းများကြောင့် လူပေါင်းများစွာ ဒုက္ခရောက်တတ်သည်ကို မီးမောင်းထိုးပြလျက် ရှိပေသည်။
 
ကျွန်တော်တို့အနေဖြင့် မည်သည့် နိုင်ငံရေးကိစ္စများနှင့်မျှ မပတ်သတ်ပဲ စေတနာသီးသန့်ဖြင့်သာ Page မှ ပရိတ်သတ်များ တောင်းဆိုထားသော The Great Leap မဟာခုန်ပျံကျော်လွှား စီမံကိန်းကို ရေးသားတင်ပြလိုက်ရပါသည်။ နောက်ပိုင်းတွင်လဲ ယဉ်ကျေးမှုတော်လှန်ရေး၊ ဖွန်းတဲ့ဟွိုင်နှင့် ပိုင်ထွမ်တကျန့် တပ်ရင်းကြီး ၁၀၀ ထိုးစစ် အကြောင်းကို အချိန်ရလျှင် ရသလို ရေးသားတင်ဆက်ပေးပါ့မယ်။
 
== လေးဦးဂိုဏ်း ==
 
၄ ဦးဂိုဏ်းအဖွဲ့ဝင်များကို တရားခုံရုံးတင်ခြင်း
 
၄ ဦးဂိုဏ်းအဖွဲ့ Gang of Four ဟာ တစ်ချိန်က တရုတ်ပြည် နိုင်ငံရေးလောကမှာ (သို့မဟုတ်) တရုတ်ကွန်မြူနစ်ပါတီအတွင်းမှာ အားလုံး ကြောက်ရွံ့ရတဲ့ လူ ၄ ယောက်နဲ့ ဖွဲ့စည်းထားခဲ့တာပေါ့။ သူတို့ဟာ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းမှာ တရုတ်ပြည်ကို ဘက်စုံ၊ အရာရာတိုင်းကို အောက်ဆုံးအထိ ဆွဲချပစ်ခဲ့ကြလေသည်။ သူတို့၏ ၁၀ နှစ်တာကာလအတွင်း (၁၉၆၆-၁၉၇၆) အဆိုးရွားဆုံး ကိစ္စများအားလုံးကို ကျုးလွန်ခဲ့ကြသည်။ ဒါဆို ဒီ ၄ ဦးဂိုဏ်းအဖွဲ့ဝင်တွေဟာ ဘယ်သူတွေလဲ ? မော်စီတုန်းနဲ့ကော ဘယ်လိုတွေ ပတ်သတ်မှုရှိသလဲ ? ကောင်းပြီ၊ ခေတ်သစ်တရုတ်ပြည်သမိုင်းဘက်ကို နည်းနည်းလေး ပြန်လှည့်ကြရအောင်
 
နောက်ခံသမိုင်းကြောင်း
 
၁၉၆၆ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌကြီး မော်စီတုန်းသည် မဟာခုန်ပျံကျော်လွှားစီမံကိန်းအတွင်း ကျဆင်းခဲ့ရသည့် သူ၏ အာဏာကို ပြန်လည်ရယူသည့် အနေဖြင့် တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲရန် ပြင်ဆင်ခဲ့သည်။ ဤသည်မှာ ယဉ်ကျေးမှုတော်လှန်ရေး ဖြစ်သည်။ ယဉ်ကျေးမှုတော်လှန်ရေးကို မေလ ၁၆ ရက်နေ့ ၁၉၆၆ ခုနှစ်တွင် အစပျိူးခဲ့သည်ဟု ဆိုရမည်။ ထိုနေ့တွင် မော်စီတုန်းက "အရင်းရှင်လူတန်းစားတွေဟာ ပါတီ၊ အစိုးရအဖွဲ့နဲ့ စစ်တပ်အတွင်းကို ခိုးကြောင်ခိုးဝှက်နဲ့ စိမ့်ဝင်လာခဲ့ကြတယ်။ ဒါ့ကြောင့် ဒါတွေကို တန်ပြန်တော်လှန်ရေးလုပ်ပြီး ပြန်လည်ပြင်ဆင်ကြရမယ်" ဟု ဆိုသည်။ ထို့အပြင် ကျောင်းများ၊ ဘာသာရေးများတွင်လည်း မော်စီတုန်း၏ အတွေအခေါ်ကို မဖြစ်မနေ ဖြည့်စွက်ကာ သင်ကြားရတော့သည်။ ထို့အပြင် ပြည်သူအားလုံးသည် စာအုပ်နီဟု ခေါ်ဆိုသည့် မော်စီတုန်း၏ သြဝါဒမိန့်ခွန်းများကို ရေးသားထားသည့် စာအုပ်ငယ်လေးများကို ကိုယ်နှင့်မကွာ ဆောင်ထားကြရသည်။ ထိုစာအုပ်ကို အုပ်ရေပေါင်း သန်း ၃၀၀ ထက်မနည်း ရိုက်နှိပ်ထုတ်ဝေခဲ့ကြသည်။ ၁၉၆၆ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ယဉ်ကျေးမှုတော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်ကို သိရှိထားကြပြီး ဖြစ်လိမ့်မည်။ အဆိုပါ တော်လှန်ရေးကြီး ဖြစ်ပွားနေသည့်ကာလအတွင်း လက်ဝဲယိမ်းအစွန်းရောက်အဖွဲ့ဖြစ်သည့် ၄ ဦးဂိုဏ်းအဖွဲ့ဝင်များသည် ပါတီအတွင်း အာဏာကြီးထွားလာခဲ့သည်။ အစပိုင်းတွင် မော်စီတုန်းအမည်ခံဖြင့် လုပ်ကိုင်ကြရာမှ နောက်ဆုံးတွင် နိုင်ငံတော်အာဏာကို ချုပ်ကိုင်လာနိုင်သည်အထိ ဩဇာကြီးမားလာခဲ့ပြီး မော်စီတုန်းပင် ထိန်းမနိုင်တော့ချေ။ ဒီလောက်ထိ မော်စီတုန်းကိုတောင် ကျော်ပြီး အာဏာရှိလာတဲ့ အဖွဲ့ဝင်တွေရဲ့ ခေါင်းဆောင်ဟာ တခြားလူမဟုတ်၊ မော်စီတုန်း၏ မဟေသီ သံမဏိနှင်းဆီ ကျန်းချင်း 江青 jiāng qīng ပင် ဖြစ်လေသည်။
 
၄ ဦးဂိုဏ်းအဖွဲ့ခေါင်းဆောင်ဖြစ်သူ ကျန်းချင်းသည် မော်စီတုန်း၏ စတုတ္ထမြောက်အိမ်ထောင်ဇနီးသည် ဖြစ်သည်။ သူမသည် ယခင်က ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပြီး တရုတ်ပြည်တွင်းစစ်ကာလအတွင်း ကွန်မြူနစ်ပါတီအတွင်းသို့ ဝင်ရောက်လာရာမှ မော်စီတုန်းနှင့် အကြောင်းပါခဲ့လေသည်။ ၁၉၆၉ ခုနှစ်တွင် ပေါ်လစ်ဗြူရိုအဖွဲ့ဝင် တစ်ဦးဖြစ်လာခဲ့သည်။ သူမ၏ ပါတနာ ၃ ဦးမှာလည်း ရာထူးမြင့်သူ အရာရှိကြီးများ ဖြစ်ကြသည်။ ထိုသူတို့မှာ
# ကျန်းချွမ်းချောင် 張春橋 (နိုင်ငံတော်ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်)၊
# ဝမ်ဟုန်ဝိန် 王洪文 (တရုတ်ကွန်မြူနစ်ပါတီ ဒုတိယဥက္ကဋ္ဌ)၊
# ယောင်းဝိန်ယွမ် 姚文元 (ရှန်ဟိုင်းမြို့ ကွန်မြူနစ်ပါတီ၏ အတွင်းရေးမှူး) တို့ ဖြစ်ကြသည်။
ထို ၄ ဦးအဖွဲ့ကို Gangsta များနှင့် နှိုင်းယှဉ်ကာ တရုတ်ပြည်သူတို့က ၄ ဦးဂိုဏ်းအဖွဲ့ဝင်များဟု ခေါ်ဆိုကြသည်။ ထို ၄ ဦးသည် တရုတ်နိုင်ငံ၏ ပါတီ၊အစိုးရအဖွဲ့၊ စစ်ဘက်အဖွဲ့အစည်းအားလုံးတွင် နိုင်ငံတော်၏ အမြင့်ဆုံးသော အာဏာများကို ဆွဲကိုင်ထားကြပြီး ထင်ရာစိုင်းခဲ့ကြခြင်းလည်း ဖြစ်ပေသည်။
 
၁၉၇၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဥက္ကဋ္ဌကြီး မော်စီတုန်း ကွယ်လွန်သွားခဲ့သည်။ မော်စီတုန်း ကွယ်လွန်သွားသည့်အခါ ကွန်မြနစ်ပါတီအတွင်း လက်ဝဲယိမ်းနှင့် လက်ယာယိမ်းတို့ အားပြိုင်ပွဲများ ဖြစ်ပွားလာကြသည်။ ၄ ဦးဂိုဏ်းအဖွဲ့ဝင်များကို ယှဉ်ပြိုင်နိုင်ရန် ခေါင်းဆောင်သစ် ဟွာကော်ဖုန်းက တိန့်ရှောင်ဖင်း၊ မာရှယ် ရဲ့ကျန့်ယင်း 葉劍英 အစရှိသူတို့နှင့် ပူးပေါင်းမဟာမိတ်ဖွဲ့ကြသည်။ သို့သော် ဟွာကော်ဖုန်းမှာ မော်စီတုန်း၏ တပည့်၊ ဥက္ကဋ္ဌကြီးမော် ကိုယ်တိုင်တင်မြှောက်ခဲ့သူဖြစ်သောကြောင့် မော်စီတုန်းစကားကို မလွန်ဆန်နိုင်ပေ။ ထို့ကြောင့် လက်ယာယိမ်းနှင့် လက်ဝဲယိမ်းတွင် မည်သည့်ဘက်မှ မယိမ်းပဲ သူ၏ အာဏာ၊ တစ်နည်းအားဖြင့် မော်စီတုန်းကိုပါ စိန်ခေါ်သွားသည့် ၄ ဦးဂိုဏ်းအဖွဲ့ကို ဦးစွာ ဖြုတ်ချရန် တိန့်ရှောင်ဖင်းတို့ လက်ယာယိမ်းအဖွဲ့ထဲ မကြေညာပဲ ပါဝင်လာခဲ့သည်။
 
ဟွာကော်ဖုန်းနှင့် လက်ယာယိမ်းအဖွဲ့ (တိန့်ရှောင်ဖင်း) တို့ ၃ ပတ်ကြာ အပြင်းအထန်ဆွေးနွေးကြပြီးနောက် တိုင်းပြည်ကို လက်ယာလမ်းစဉ်အတိုင်း (တံခါးဖွင့်ဝါဒ) ကျင့်သုံးကြမည်ဟု အဖြေထွက်လာသည်။ ထို့နောက် ဟွာကော်ဖုန်းက မာရှယ် ရဲ့ကျန့်ယင်းအား ၄ ဦးဂိုဏ်းအဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းမည့်အကြောင်း ဆွေးနွေးကြသည်။ ၄ ဦးဂိုဏ်းအဖွဲ့သည် ထောက်ခံသူများပြားပြီး စစ်တပ်ထဲတွင်လည်း သူတို့၏ လူယုံများ ရှိနိုင်သည့်အတွက် မပိုင်ပဲ သွားဖမ်းလျှင် သူတို့ပါ ပြန်ပြီး ဒုက္ခရောက်သွားနိုင်သည်။ ထို့ကြောင့် ကနဦးတွင် ဟွာကော်ဖုန်းနှင့် မာရှယ် ရဲ့ကျန့်ယင်းသည် ၄ ဦးဂိုဏ်းအဖွဲ့များကို ပြန်ပေးဆွဲသည့်သဘောမျိုးဖြင့် ဖမ်းဆီးရန် လျှို့ဝှက်အစီအစဉ်တစ်ရပ်ကို ရေးဆွဲခဲ့ကြသည်။
 
၄ ဦးဂိုဏ်းသားများကို ဖမ်းဆီးခြင်း
 
၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့ ညနေတွင် ဟွာကော်ဖုန်းက ၄ ဦးဂိုဏ်းအဖွဲ့ဝင်များထံ ပေါ်လစ်ဗြူရို အရေးပေါ်အစည်းအဝေး ကျင်းပမည်ဖြစ်သည့်အတွက် တက်ရောက်ပေးကြရန် အကြောင်းကြားလေသည်။ အစည်းအဝေးကို ပေကျင်းမြို့ရှိ ပြည်သူ့ညီလာခံခန်းမကြီး 人民大會堂 တွင် ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါ အစည်းအဝေးတွင် အရေးကြီးသည့် ဆုံးဖြတ်ချက်များကိုပါ ချမှတ်သွားမည်ဖြစ်သည့်အတွက် ပေါ်လစ်ဗြူရိုအဖွဲ့ဝင်တိုင်း မဖြစ်မနေ တက်ရောက်ကြရမည်ဖြစ်ကြောင်း ပါရှိသည်။
 
အစည်းအဝေးပွဲရှိသည်ဟု ကြေညာထားသည့် ၆ ရက်နေ့ ညခင်း ၇ နာရီ ၅၅ မိနစ်မှစ၍ ၈ နာရီ ၃၀ မိနစ်အထိ ၄ ဦးဂိုဏ်းအဖွဲ့ဝင်များ တစ်ဦးချင်းစီ တက်ရောက်လာကြသည်။ အဖွဲ့ဝင်တစ်ဦးဝင်လာသည်နှင့် တံခါးဝတွင် အသင့်စောင့်ဆိုင်းနေကြသော စစ်ဘက်အရာရှိများက ချက်ချင်းဖမ်းဆီးပြီး အခန်းတစ်ခုထဲတွင် ထည့်ထားကြသည်။ ၄ ဦးစလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် သေနတ်တစ်ချက်မဖောက်ရပဲ ဖမ်းဆီးနိုင်ခဲ့သည်။ ၄ ဦးဂိုဏ်း ထိပ်သီး ၄ ယောက်အပြင် သူတို့နှင့် ပတ်သတ်ဆက်စပ်သူအားလုံးကိုပါ ညတွင်းချင်း တစ်ပါတည်း ဖမ်းဆီးကြသည်။ တစ်ဦးနှင့် တစ်ဦး အကူအညီတောင်းခံချိန်ပင် မရလိုက်ပေ။ ၄ ဦးဂိုဏ်းအဖွဲ့နှင့် သူတို့နှင့် ပတ်သတ်သူအဖွဲ့ဝင်အားလုံးကို ချင်းချန်အကျဉ်းထောင် 秦城監獄 သို့ တစ်ခါတည်း ပို့ဆောင်လိုက်ကြတော့သည်။ ချင်းချန်အကျဉ်းထောင်သည် ပေကျင်းမြို့တော် မြောက် ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိပြီး ပြစ်ဒဏ်ကြီးမားသည့် ရာဇဝတ်သားများ၊ အစိုးရအဖွဲ့ဝင် အရာရှိများ၊ လာဘ်စားသည့် အရာရှိများကို အကျဉ်းချသည့် ထောင်လည်း ဖြစ်သည်။ ထိုည၌ ဟွာကော်ဖုန်းက နဂိုစီစဉ်ထားသည့်အတိုင်း ပေါ်လစ်ဗြူရိုအစည်းအဝေးကို ကျင်းပခဲ့ပြီး အဖွဲ့ဝင်များထံ ၄ ဦးဂိုဏ်းသားများကို ဖမ်းဆီးထိန်းသိမ်ထားပြီဖြစ်ကြောင်း အသိပေးခဲ့သည်။ များမကြာမီ ပြည်သူများထံ အသိပေးရာ တိုင်းပြည်တစ်ဝှမ်းရှိ ပြည်သူများက ၄ ဦးဂိုဏ်းသားများ ဖမ်းဆီးခံရခြင်းကို လွန်စွာပျော်ရွှင်ကြသဖြင့် အလွန်အကြူး အောင်ပွဲခံကြသည်။ ၄ ဦးဂိုဏ်းသားများကို ပြစ်တင်ရှုတ်ချကြသည့်ပွဲများပင် ပြုလုပ်ခဲ့ကြသေးသည်။ သို့သော်လည်း ဟွာကော်ဖုန်းနှင့် တိန့်ရှောင်ဖင်းတို့၏ နိုင်ငံရေးပြဿနာများကြောင့် တရားခုံရုံးတင်ခြင်းကို နောက် ၄ နှစ်ကြာမှ စတင်တရားစွဲဆိုနိုင်ခဲ့သည်။
 
အကြောင်းအရင်းတွေက အများကြီးရှိပါသေးတယ်၊ အဲ့ဒီအချိန်မှာ တရားစွဲဆိုခဲ့ရင် ၄ ဦးဂိုဏ်းသားတွေကို ကြောက်ရွံ့လို့ အမှုစစ်ဆေးတဲ့နေရာမှာ အခက်အခဲရှိနိုင်မည့် အတွက်ကြောင့် တစ်ကြောင်း၊ သူတို့ကို ထောက်ခံတဲ့လူတွေ ရှိသေးတဲ့အတွက် နိုင်ငံရေးပြဿနာတစ်ရပ် ဖြစ်ပွားလာမည်ကို စိုးရိမ်တာက တစ်ကြောင်းကြောင့် ၄ နှစ်ကြာမှ တရားစွဲဆိုခဲ့ကြပါတယ်။
 
တရားခုံရုံးတင်ရန် နှောင့်နှေးနေရခြင်းအကြောင်းတရား
 
၄ ဦးဂိုဏ်းအဖွဲ့ကို ၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၄ နှစ်အကြာ ၁၉၈၀ ခုနှစ် နိုဝင်ဘာလမှ စတင် ခုံရုံးတင်ခဲ့ကြသည်။ ၄ ဦးဂိုဏ်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံရေး၌ ပြုပြင်ပြောင်းလဲရေးသမားများ၊ လက်ယာယိမ်းဝါဒများ အားကောင်းလာခဲ့ပြီး ၄ ဦးဂိုဏ်းအဖွဲ့မှာ မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
 
၁၉၇၇ ခုနှစ် ဂျုလိုင်လတွင် လက်ယာယိမ်း ပြုပြင်ပြောင်းလဲရေးသမား တိန့်ရှောင်ဖင်း အာဏာရလာခဲ့သည်။ နှစ်ကုန်၌ ၁၁ ကြိမ်မြောက် အမျိုးသားပါတီအစည်းအဝေး ဗဟိုကော်မတီအဖွဲ့၏ ၃ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးပွဲတွင် ယနေ့ခေတ် တရုတ်ပြည်၏ တိုးတက်မှုများကို ဖြစ်လာစေမည့် အလှည့်အပြောင်း ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။
ထိုအစည်းအဝေးပွဲက ယဉ်ကျေးမှုတော်လှန်ရေးကို ဆုံးခန်းတိုင်ခဲ့စေပြီး တော်လှန်ရေးပြီးဆုံးကြောင်း ကြေညာကာ "၄ မျိုးခေတ်မှီ တိုးတက်ပြောင်းလဲရေး" အတွေးအခေါ်၊ အယူအဆတို့ကို ဖော်ထုတ်ခဲ့သည်။ ထိုနှစ် ဂျုလိုင်လ၌ ၄ ဦးဂိုဏ်းအဖွဲ့ဝင်များအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့သည်။
 
၁၉၇၉ ခုနှစ် စက်တင်ဘာလတွင် ၁၁ ကြိမ်မြောက် အမျိုးသားပါတီအစည်းအဝေး ဗဟိုကော်မတီအဖွဲ့၏ ၄ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးပွဲ၌ မာရှယ် ရဲ့ကျန့်ယင်းက ယဉ်ကျေးမှုတော်လှန်ရေးသည် "ထိတ်လန့်ခြောက်ခြားစက်ဆုပ်ဖွယ်ရာ" ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ တိန့်ရှောင်ဖင်းက ၄ ဦးဂိုဏ်းအဖွဲ့ဝင်များကို တရားခုံရုံးတင်ခြင်း ခေတ္တရပ်ဆိုင်းထားစေပြီး "၄ ဦးဂိုဏ်းအဖွဲ့ဝင်တွေကို တရုတ်ကွန်မြူနစ်ပါတီရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း၊ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အမှားတွေကို သူတို့ကိုယ်တိုင် သိမြင်လာအောင်၊ ပြည်သူတွေကို ပညာယူနိုင်အောင် အချိန်တစ်ခုကြာမှ ခုံရုံးတင်သွားမယ်" ဟု ပြောကြားခဲ့သည်။ ထိုသို့ အခြေအနေ ၂ ရပ်ကို ယှဉ်ပြမှသာလျှင် ထိုအမှားမျိုး နောင်မမှားရဲတော့မည် မဟုတ်သလော၊ တိုးတက်ပြောင်းလဲနေသော တရုတ်ပြည်ကြီးကို မြင်ခွင့်ပေးလိုက်ခြင်းကသာလျှင် ၄ ဦးဂိုဏ်းသားများအပေါ် ပန်းကလဲ့စား ဖြစ်ပေလိမ့်မည်။
 
၁၉၈၀ ခုနှစ် ဖေဖော်ဝါရီလတွင် တိန့်ရှောင်ဖင်းက ၁၁ ကြိမ်မြောက် အမျိုးသားပါတီအစည်းအဝေး ဗဟိုကော်မတီအဖွဲ့၏ ၅ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးပွဲကို ခေါ်ယူကျင်းပသည်။ ထိုကော်မတီထဲသို့ ဟူယောင်ပန်းနှင့် ကျောက်ကျိယန်တို့ကို ပေါ်လစ်ဗြူရိုအမြဲတမ်းအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်။
ထို့အပြင် ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း နာမည်ပျက်စာရင်းထဲ သွင်းခံရသည့် သမ္မတဟောင်း လျိုရှောက်ချီကို အပြစ်ကင်းစင်ကြောင်း ကြေညာခဲ့သည်။ လျိုရှောက်ချီမှာ ၄ ဦးဂိုဏ်းအဖွဲ့ဝင်များ၏ ထောင်တွင်းနှိပ်စက်မှုများကြောင့် သေဆုံးခဲ့ရသည်။
 
၅ ကြိမ်မြောက် အမျိုးသားပြည်သူ့ညီလာခံအစည်းအဝေးကို ၁၉၈၀ ခုနှစ် ဩဂုတ်လမှ စက်တင်ဘာလအတွင်း ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ကျောက်ကျိယန်ကို ဝန်ကြီးချူပ် အဖြစ် ခန့်အပ်ခဲ့သည်။ ထို့အပြင် ၄ ဦးဂိုဏ်းအဖွဲ့ဝင်များနှင့် သူတို့၏ ဆက်စပ်သူများကို ခုံရုံးတင်စစ်ဆေးရန်အတွက် အထူးခုံရုံးအဖွဲ့ ၂ ဖွဲ့၊ အထူးရှေ့နေအဖွဲ့တို့ကို ဖွဲ့စည်းတည်ထောင်သည်။ ခုံရုံးတင်စစ်ဆေးခြင်းများကို ၁၉၈၀ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။
 
တရားခွင်၌ စစ်ဆေးခြင်း
 
တရားခုံရုံးတင်စစ်ဆေးခြင်းကို ၁၉၈၀ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ခဲ့သည်။ ခုံရုံးတင်စစ်ဆေးခြင်းကို ပွင့်လင်းမြင်သာမှုရှိစေရန် တံခါးဖွင့်စစ်ဆေးခဲ့ကြရာ နိုင်ငံတစ်ဝှမ်းမှ လူပေါင်း ၈၈၀ ကျော်အထိ တက်ရောက်နာကြားခဲ့ကြသည်။ ထိုအထဲတွင် ယဉ်ကျေးမှုတော်လှန်ရေးကြီးအတွင်းက ၄ ဦးဂိုဏ်းတို့၏ လက်ချက်ဖြင့် ဖမ်းဆီးထောင်ချခံရသူ၊ သေဆုံးသူတို့၏ မိသားစုဝင်များ အစရှိသဖြင့် တက်ရောက်လာကြသူများ ဖြစ်ကြသည်။ ထို့အပြင် ကမ္ဘာတစ်ဝှမ်းမှ ဂျာနယ်လစ်ပေါင်း ၃၀၀ ကျော်မျှ တက်ရောက်သတင်းယူကြသည်။
 
တရားစွဲဆိုခံရသည့် အဓိကတရားခံ ၁၀ ဦးရှိပြီး ၄ ဦးမှာ ကျန့်ချင်းတို့ ၄ ယောက်နှင့် ပတ်သတ်ဆက်နွယ်သူ ၆ တို့ ဖြစ်ကြသည်။ တရားလို/တရားခံဘက်မှ ရှေ့နေများလည်း တက်ရောက်ကြသည်။ ရက်ပိုင်းအတွင်းက ထိုလူ ၁၀ ဦးကို တရားခုံရုံးတွင် ခုခံကာကွယ်ရန်အတွက် ရှေ့နေငှားရမ်းလိုသလား ဟု ထုံးစံအတိုင်း မေးမြန်းရာ ၅ ယောက်သာ ငှားရမ်းပြီး ကျန် ၅ ယောက်က မငှားရမ်းပဲ နေလေသည်။
 
၄ နာရီ ၂၀ မိနစ်တွင် ကြားနာစစ်ဆေးမှုကို စတင်ခဲ့သည်။ ၄ ဦးဂိုဏ်းအဖွဲ့တို့အပေါ် တရားစွဲဆိုထားသည့် စွဲဆိုချက်များမှာ ဘယ်လောက်များသလဲဆိုလျှင် စာလုံးရေ ၂၀၀၀၀ ကျော်ဖြင့် စာစီထားပြီး စာအုပ်ဖြင့် ထုတ်ဝေထားရသည်။ တရားရုံးချိန်းသည့်နေ့မတိုင်မှီ တရုတ်ပြည်ရှိသတင်းစာများတွင် ၄ ဦးဂိုဏ်းအပေါ် စွဲဆိုထားသည့် စွဲချက်များကို စာမျက်နှာအပြည့် ဖော်ပြပေးခဲ့ကြသည်။ ၄ ဦးဂိုဏ်းအဖွဲ့ဝင်များ၏ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း ထောင်တွင်းနှိပ်စက်မှုများ၊ ရာဇဝတ်မှု၊သစ္စာဖောက်မှု၊ ကိုယ်ပိုင်စစ်တပ်ကို စင်ပြိုင်တည်ထောင်ခြင်း၊ အာဏာသိမ်းရန်ကြံစည်မှု စသည်ဖြင့် အမှုပေါင်းသောင်းခြောင်ထောင်ဖြင့် တရားစွဲဆိုခဲ့ကြသည်။ "တန်ပြန်တော်လှန်ရေး" ဟူသည့် ခေါင်းစဉ်အောက်တွင် ၄ ဦးဂိုဏ်းသားတို့၏ လက်ချက်ဖြင့် လူပေါင်း ၇ သိန်းခွဲ (၇၅၀၀၀၀) ကျော် ထောင်သွင်းအကျဉ်းချခံရပြီး နှိပ်စက်ခံခဲ့ရကာ ၃၄၃၇၅ ယောက် အသက်သေဆုံးခဲ့ရသည်ဟု ဆိုသည်။ ၄ ဦးဂိုဏ်းအဖွဲ့ဝင်များကို တရားစွဲဆိုထားသည့် စွဲချက်စာတမ်းမှာ များပြားလွန်းသဖြင့် အထူးတရားလိုရှေ့နေ ၂ ယောက်ခွဲကာ ဖတ်ကြားပေးခဲ့ရသည်။
 
တရားခွင်ရုံးမှ စွဲချက်အားလုံးကို လက်ခံခဲ့ပြီး ရက်ပေါင်း ၄၀ အကြာတွင် ၄ ဦးဂိုဏ်းခေါင်းဆောင် ၄ ယောက်ကို အမှတ် ၁ အထူးခုံရုံးအဖွဲ့၌ လည်ကောင်း၊ ထိုသူတို့၏ အပေါင်းအပါများကို အမှတ် ၂ အထူးခုံရုံးအဖွဲ့၌ လည်ကောင်း အသီးသီး ကြားနာစစ်ဆေးခဲ့ကြသည်။ သို့သော် တစ်ချို့သော အမှုတွဲများမှာ တူညီနေသည့်အခါမျိုးတွင် အမှတ် ၁ အထူးခုံရုံးအဖွဲ့တွင်သာ ခေါ်ယူစစ်ဆေးခဲ့ကြသည်။
 
အမှုတွဲ (၁) တရုတ်ကွန်မြူနစ်ပါတီအတွင်း အာဏာသိမ်းရန် ကြံစည်ခြင်း
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ တစ်ပါတီစနစ်ကို ကျင့်သုံးသည့်အတွက် ပါတီအာဏာသိမ်းရန် ကြံစည်မှုမှာ နိုင်ငံတော်အာဏာသိမ်းရန်ကြံစည်ခြင်းနှင့် မခြားနားပေ။ နိုဝင်ဘာ ၂၄ ရက်နေ့ မနက်ခင်းအချိန်၌ ၄ ဦးဂိုဏ်းအဖွဲ့အား အာဏာသိမ်းယူရန်ကြံစည်မှုဖြင့် တရားစွဲဆိုကာ စွဲချက်တင်ထားသည်ကို စစ်ဆေးခဲ့သည်။ တရားလိုရှေ့နေက ၄ ဦးဂိုဏ်းအဖွဲ့ဝင်များသည် ၁၉၇၄ ခုနှစ်တွင် အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ကြသည်ဟု ဆိုသည်။ ၁၉၇၂ ခုနှစ် ဝန်ကြီးချုပ် ချုအင်လိုင်း (ကျိုးအန်းလိုင်-周恩來) သည် သူ မမာမကျန်းဖြစ်နေချိန်တွင် ဥက္ကဋ္ဌကြီး မော်စီတုန်း (မောင်းကျုရှီ-毛主席) ထံသို့ နှင်ထုတ်ခံထားရသည့် တိန့်ရှောင်းဖင်းကို ဒုတိယဝန်ကြီးချုပ်-ပထမအဆင့် အဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် ပြန်လည်ခေါ်ယူပေးဖို့ တောင်းဆိုခဲ့သည်။ ထိုအခါ ၄ ဦးဂိုဏ်းအဖွဲ့ဝင်များက မကြိုက်ကြပေ၊ အဘယ်ကြောင့်ဆိုသော် တိန့်ရှောင်ဖင်းကို ရာထူးမှထုတ်ပယ်ပြီး နှင်ထုတ်ခဲ့သည်မှာ သူတို့ပင် ဖြစ်လေရာ လက်စားချေမည်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ၁၉၇၄ ခုနှစ်က တိန့်ရှောင်ဖင်းကို အာဏာပြန်မရအောင် လျှို့ဝှက်ပူးပေါင်းကြံစည်ကာ လုပ်ကြံရန်စီစဉ်ခဲ့သေးသည်။
 
ပထမဦးဆုံး မျက်မြင်သက်သေအနေဖြင့် ဝမ်ဟုန်ဝိန်ကို စတင်စစ်ဆေးခဲ့ရာ ၁၉၇၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် မော်စီတုန်းနှင့် လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း ဝန်ခံခဲ့သည်။ အဆိုပါ တွေ့ဆုံမှုမှာ တခြားမဟုတ် ဝမ်ဟုန်ဝိန်က မော်စီတုန်းအား တိန့်ရှောင်ဖင်းနှင့် ကျိုးအန်းလိုင်တို့သည် ဥက္ကဋ္ဌကြီး၏ ခေါင်းဆောင်မှုကို အတိုက်အခံပြုလုပ်နေကြကြောင်း၊ အထူးသဖြင့် တိန့်ရှောင်ဖင်း၏ အတွင်းစိတ်ထဲ၌ လက်စားချေလိုမှုများ ပြင်းထန်နေကြောင်း၊ သူတို့ ၂ ဦးကို လုပ်ကြံရန်အတွက် ဥက္ကဋ္ဌကြီးထံ အသိပေးအကြောင်းကြားရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ (မော်စီတုန်းက လက်မခံခဲ့ပေ။ မော်စီတုန်း၊ ကျိုးအန်းလိုင်၊ တိန့်ရှောင်ဖင်းတို့၏ ဆက်ဆံရေးသည် သူတို့ထင်ထားသည်ထက် ပိုနက်ရှိုင်းသည်။) ဝမ်ဟုန်ဝိန်က အထက်ပါအကြောင်းအရာအားလုံးကို ကျန်းချင်းနှင့် ကျန်းချွမ်းချောင်တို့က စေခိုင်းညွှန်ကြားခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
 
ထို့နေ့ နေ့လယ်၌ ယောင်းဝိန်ယွမ်ကို အဆိုပါလုပ်ကြံမှုအတွင်းမှ သူပါဝင်ခဲ့သည့် အခန်းကဏ္ဍကို စစ်ဆေးမေးမြန်းခဲ့သည်။ ဝမ်ဟုန်ဝိန်၏ ထွက်ဆိုချက်ကို ယောင်းဝိန်ယွမ်၏ ရှေ့နေက သက်သေပြကာ ယောင်းဝိန်ယွမ်သည်လည်း စေခိုင်းခံရသူဖြစ်ကြောင်း၊ ပြုလုပ်သူမဟုတ်ကြောင်း ခုခံချေပပေးခဲ့သည်။
 
နိုဝင်ဘာ ၂၆ ရက်နေ့၌ ကျန်းချင်းကို ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။ တရားခွင်ရုံး၌ တရားသူကြီးက အဆိုပါ လုပ်ကြံမှုအကြောင်းကို စစ်ဆေးမေးမြန်းရာ ကျန်းချင်းက "ငါ ဘယ်လိုလုပ်မှတ်မိမှာလဲ" ဟု မျက်စောင်းထိုးကာ မဲ့ရွဲ့ပြီး ဖြေကြားလေသည်။ ထို့နောက် အစိုးရရုံးရှေ့နေက ဝမ်ဟုန်ဝိန်နှင့် တခြားလူ ၂ ဦးကို စစ်ဆေးမေးမြန်းသည်။ သက်သေဝန်ခံချက်များကို ကြာနေသည့်တိုင်အောင် ကျန်းချင်းကတော့ "ဘူး" ခံပြီး ငြင်းဆိုမြဲ ငြင်းဆိုနေသည်။ ထို့အပြင် သူမကပင် ဝမ်ဟုန်ဝိန်ကို ပြန်လည်စစ်ဆေးမေးမြန်းခွင့် တောင်းခံကာ မေးခွန်းပင် ပြန်မေးလိုက်သေးသည်။ တရားသူကြီးက သူမအား နှုတ်ဆိတ်နေပေးရန် ပြောကြားရာ ကျန်းချင်းက တရားသူကြီးအား ပြန်လည်ငေါက်ငမ်းလိုက်သေးသည်။ ပြီးနောက် အသံကျယ်ကျယ်ဖြင့် "ဒီခုံရုံးက တရားဥပဒေကို ပြက်လုံးထုတ်နေတာထက် မပိုဘူး" ဟုပင် အော်ဟစ်ခဲ့သည်။ ထို့ကြောင့် တရားသူကြီးက ကျန်းချင်းအား တရားရုံးတော်မှ ဆွဲထုတ်သွားရန် အမိန့်ပေးလိုက်ရတော့သည်။
 
သမ္မတဟောင်း လျိုရှောက်ချီအား ညှင်းပန်းနှိပ်စက်ခဲ့သည့် အမှုတွဲ
 
ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း၌ ၄ ဦးဂိုဏ်းအဖွဲ့ဝင်များသည် သူတို့နှင့် ဝါဒချင်းမတူသည့် ပါတီဝင်များ၊ အစိုးရအရာရှိများစွာကို ဖမ်းဆီးနှိပ်စက်ခဲ့ကြသည်။ ထိုအထဲတွင် သမ္မတရာထူးမှ ထုတ်ပယ်ခြင်းခံလိုက်ရသော လျိုရှောက်ချီလည်း တစ်ဦးအပါအဝင် ဖြစ်သည်။ လျိုရှောက်ချီသည် ၁၉၂၀ ဝန်းကျင်ကာလ တရုတ်ပြည်တွင်းစစ် (သို့မဟုတ်) တော်လှန်ရေးကြီးဖြစ်ပွားနေစဉ် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦး အနေဖြင့် တာဝန်ထမ်းဆောင်ပေးခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက် ၁၉၅၉ ခုနှစ်တွင် နိုင်ငံတော်သမ္မတကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏ ရှေ့တွင် မော်စီတုန်းက နိုင်ငံတော်သမ္မတကြီးအဖြစ် ၁၉၅၄ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ မဟာခုန်ပျံကျော်လွှားကာလအတွင်း မော်စီတုန်းက လျိုရှောက်ချီထံ နိုင်ငံတော်သမ္မတရာထူးကို လွှဲပြောင်းပေးခဲ့သည်။ လျိုရှောက်ချီသည် ၁၉၆၅ ခုနှစ်တွင်လည်း နိုင်ငံတော်သမ္မတအဖြစ် နောက်တစ်ကြိမ် ရွေးချယ်ခံခဲ့ရသည်။ သို့သော်လည်း ယဉ်ကျေးမှုတော်လှန်ရေးဖြစ်ပွားပြီးနောက် လက်ဝဲယိမ်းအစွန်းရောက် အစောင့်တပ်နီများ၏ တိုက်ခိုက်ခြင်းခံကို ခံခဲ့ရသည်။ အစောင့်တပ်နီနှင့် ကျန်းချင်းတို့ ၄ ဦးဂိုဏ်းအဖွဲ့ သွေးထိုးလှုံ့ဆော်ကာ သစ္စာဖောက်အဖြစ် စွပ်စွဲသည့်အတွက် ပါတီဝင်အဖြစ်မှ လည်ကောင်း၊ သမ္မတရာထူးမှ လည်ကောင်း ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ထို့နောက် ထောင်သွင်းအကျဉ်းချထားပြီး နေ့စဉ်ရက်ဆက် နှိပ်စက်ညှဉ်းပန်းခဲ့ရာ ၃ နှစ်အကြာတွင် ထိုဒဏ်များကြောင့် လျိုရှောက်ချီ ကွယ်လွန်ခဲ့ရသည်။ လျိုရှောက်ချီ၏ ဇနီးမှာလည်း ၁၉၆၇ ခုနှစ် ဇန်နဝါရီလတွင် အစောင့်တပ်နီများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ၁၂ နှစ်အကြာ ၁၉၇၉ ခုနှစ်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ယခု တရားခုံရုံးသို့ လျိုရှောက်ချီ၏ ဇနီးသည်လည်း မျက်မြင်သက်သေအနေဖြင့် တက်ရောက်လာခဲ့သည်။
 
၁၉၈၀ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့၌ ကျန်းချွမ်းချောင်ကို ရုံးထုတ်စစ်ဆေးခဲ့သည်။ အဆိုပါ နှိပ်စက်ညှဉ်းပန်းသည့် အမှုတွင် ကျန်းချွမ်းချောင်က ဦးဆောင်သူဖြစ်ပြီး အခြားသော အရာရှိ၊ ခေါင်းဆောင်းများကို နှိပ်စက်သည့် အမှုများတွင်လည်း သူသာလျှင် အဓိကကြိုးကိုင်သူ ဖြစ်လေသည်။ တရားရုံး၌ တရားသူကြီးက ကျန်းချွမ်းချောင်ကို ဝန်ခံထွက်ဆိုခိုင်းကာ ကျန်းချွမ်းချောင်က ရေငုံနှုတ်ပိတ်နေခဲ့သည်။ တရားသူကြီးချုပ်က ကျန်းချွမ်းချောင်အား ရေငုံနှုတ်ပိတ်ပြီး ဖြောင့်ချက်မပေးလည်း ပြစ်ဒဏ်ကတော့ ချခံရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ သို့သော်လည်း မသိချင်ယောင်၊ မကြားချင်ယောင် ဆောင်မြဲပင်။ ကျန်းချွမ်းချောင်ကို စစ်ဆေးခဲ့သည့် ရက်ပေါင်း ၄၀ လုံးတွင် အနည်းငယ်သာ ဝန်ခံထွက်ဆိုခဲ့သောကြောင့် သတင်းထောက်များက သူ့အား ခေါင်းအမာဆုံး ၄ ဦးဂိုဏ်းအဖွဲ့သားဟု နာမည်ပေးခဲ့ကြသည်။ အစိုးရက ရှေ့နေခေါ်ယူပေးမည်ဟု ကမ်းလှမ်းရာတွင် ထိပ်ဆုံးမှ ငြင်းပယ်ခဲ့သူမှ ကျန်းချွမ်းချောင်ပင် ဖြစ်လေသည်။ သူသည် တရားရုံး၌ မည်သည့်စကားမျှ မပြော၊ ထွက်ဆိုချက်၊ ဖြောင့်ချက်၊ ဝန်ခံချက် ဘာတစ်ခုမှ မပေးခဲ့ပေ။
 
ထို့နောက် တရားလိုရှေ့နေက မျက်မြင်သက်သေတစ်ဦးဖြစ်သူ ခွိုက်တဖူ ဆိုသည့် လူတစ်ဦးကို ရုံးတော်သို့ ခေါ်ဆောင်စေသည်။ ခွိုက်တဖူသည် ၁၉၆၆ ခုနှစ်တွင် ချင်းဟွာတက္ကသိုလ်၌ ကျောင်းသားအဖြစ် ပညာသင်ကြားနေစဉ် ယဉ်ကျေးမှုတော်လှန်ရေး ဖြစ်ပွားသည့်အခါ အစောင့်တပ်နီအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ အစောင့်တပ်နီတွင် ထင်ရှားခဲ့သည့် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ တရားခွင်ရုံး၌ ခွိုက်တဖူအား စစ်ဆေးမေးမြန်းရာ ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကျန်းချွမ်းချောင်နှင့် သီးသန့်တွေ့ဆုံခဲ့ပြီး လျိုရှောက်ချီနှင့် တိန့်ရှောင်းဖင်းတို့အား ဖြုတ်ချပစ်ရန်အတွက် အစောင့်တပ်နီအဖွဲ့ဝင်များက သွေးထိုးလှုံဆော်မှုများ ပြုလုပ်ပြီး အုံ့ကြွကာ တောင်းဆိုကြရန် စေခိုင်းခဲ့သည်ဟု ဆိုသည်။ ထိုအချိန် တိန့်ရှောင်ဖင်းမှာ လျိုရှောက်ချီ၏ လက်ထောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်လည်း ဖြစ်သည်။ ထို့နောက် ကျန်းချွမ်းချောင်၏ ညွှန်ကြားချက်အရ ခွိုက်တဖူက ကျောင်းသား ၅၀၀၀ ကျော်ကို စုစည်းပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် လျိုရှောက်ချီနှင့် တိန့်ရှောင်ဖင်းတို့အား ရှုတ်ချပွဲ ဖန်တီးပြုလုပ်ခဲ့ကြသည်။ ထိုအခါ တရုတ်ပြည်သူအများစုမှာ အံ့အားသင့်ကုန်ကြသည်။ ထိုစဉ်က လျိုရှောက်ချီနှင့် တိန့်ရှောင်ဖင်းမှာ ထိပ်သီးခေါင်းဆောင်များ ဖြစ်ရုံမကပဲ မော်စီတုန်း၏ မဟာခုန်ပျံကျော်လွှားစီမံကိန်းမှ အလွဲအမှားများကို ပြန်လည်ဖာထေးနေရချိန်လည်း ဖြစ်သည်။ လျိုရှောက်ချီအပါအဝင် ပါတီခေါင်းဆောင်၊ အရာရှိအများစုကို ဖမ်းဆီးနှိပ်စက်ရာတွင် ကျန်းချင်းနှင့် ကျန်းချွမ်းချောင်တို့က အဓိကကြိုးကိုင်သူများဖြစ်ကြပြီး ကိုယ်တိုင်လည်း တက်ကြွစွာ လုပ်ဆောင်ခဲ့ကြသည်။ အထူးသဖြင့် လျိုရှောက်ချီကို အငြိုးအတေးဖြင့် နှိပ်စက်ညှဉ်းပန်းခဲ့ကြသဖြင့် လက်လွန်ပြီး ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။ အခြားသော အရာရှိများသည်လည်း ကျန်းချင်းနှင့် ကျန်းချွမ်းချောင်တို့၏ လက်လွန်နှိပ်စက်မှုများကြောင့် အများအပြား သေဆုံးခဲ့ရသည်။ တရားလိုရှေ့နေက လျိုရှောက်ချီမှာ ထောင်တွင်းညှင်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးခဲ့ရကြောင်း သက်သေအထောက်အထားများဖြင့် တင်ပြခဲ့သည်။ ထို့နောက် ကျန်းချင်းနှင့် နီးကပ်သောဆက်ဆံရေးရှိသည့် ခန်းရှန်း ဆိုသူကို စစ်ဆေးမေးမြန်းခဲ့ရာ ကျန်းချင်းက လျိုရှောက်ချီအား လုပ်ကြံဇာတ်ခင်းထားသော ဇာတ်လမ်းကို အတင်းအဓမ္မ ဝန်ခံခိုင်းခဲ့ကြောင်း၊ သက်သေအထောက်အထားအတုများကို ပြသပြီး မဝန်ခံမချင်း ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ခန်းရှန်းက လျီုရှောက်ချီမှာ ကျန်းချင်း၏ အပြင်းအထန် ညှင်းပန်းနှိပ်စက်မှုများကြောင့် လက်လွန်ခြေလွန်ဖြစ်ကာ ၁၉၆၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သေဆုံးခဲ့ရသည်ဟု ထွက်ဆိုခဲ့သည်။
 
သက်သေအထောက်အထားများနှင့်တကွ ချပြသော်လည်း ကျန်းချင်းကတော့ လျိုရှောက်ချီကို နှိပ်စက်ညှဉ်းပန်းတဲ့အမှုမှာ သူမ ပါဝင်ပတ်သတ်ခြင်း မရှိဟု အခိုင်အမာ ငြင်းဆိုခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူမက စေခိုင်းခံရသူဖြစ်ကြောင်း၊ မော်စီတုန်း၏ အမိန့်အတိုင်း ဆောင်ရွက်ပေးခဲ့ရခြင်းဖြစ်ကြောင်း ဝန်ခံလေသည်။ သူမက "အဲ့ဒီအချိန်တုန်းက တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တွေလည်း လျိုရှောက်ချီကို ထုတ်ပစ်ဖို့ တောင်းဆိုခဲ့ကြတာပဲလေ။ တကယ်လို့ ငါ့မှာ အပြစ်ရှိတယ်ဆို ဘာလို့ သူတို့ကျ မစွဲလည်း၊ သူတို့လည်း အပြစ်ရှိတာပဲ မဟုတ်လား?" ဟု ပြန်လည်ချေပလေသည်။ တရားကြီးချုပ်လည်း စိတ်မထိန်းနိုင်တော့ပဲ "ပါးစပ်ပိတ်ထားစမ်း" ဟု ကျန်းချင်းအား ပြောဆိုခဲ့သည်။ ထိုအခါ ကျန်းချင်း အသံကျယ်ကျယ်ဖြင့် "တော်လှန်ရေးဆိုတာ မွန်မြတ်တဲ့အလုပ်၊ တော်လှန်ရေးဆိုတာ ရာဇဝတ်မှုမဟုတ်ဖူး" ဟု ဆိုသည့် ယဉ်ကျေးမှုတော်လှန်ရေးအတွင်းမှ ဆောင်ပုဒ်ကို ရွတ်ကာ အော်ဟစ်ပြောဆိုလေသည်။ တရားခွင်စီရင်ရာ ရုံးတော်အတွင်း၌ ကျန်းချင်း၏ အော်ဟစ်သောင်းကျန်းမှုကြောင့် တရားသူကြီးမှ ကျန်းချင်းအား ရုံးတော်အတွင်းမှ ဆွဲထုတ်သွားရန် အမိန့်ပေးလိုက်သည်။ နောက်တစ်ကြိမ် ရုံးထုတ်စစ်ဆေးသည့်အခါတွင်လည်း တရားရုံးအတွင်း အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်လေ့ရှိသည်။ တစ်ကြိမ်တွင် သူမက "ကျွန်မက မောင်းကျုရှီ (ဥက္ကဋ္ဌကြီး မော်) ရဲ့ ခွေးတစ်ကောင်ပါပဲ၊ ကျွန်မကို ဘယ်သူ့ကို ကိုက်ဟေ့လို့ ဆိုလိုက်တာနဲ့ ကိုက်ပေးရမှာပဲ"「我是毛主席的一條狗﹐叫我咬誰就咬誰!」ဟု အော်ဟစ်ပြောဆိုခဲ့သည်။ ထို့အပြင် ကျန်းချင်းက လျိုရှောက်ချီအပါအဝင် အရာရှိများကို ဖမ်းဆီးရန်စေခိုင်းခဲ့သူမှာ မော်စီတုန်းဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။
 
ကျန်းချင်း၏ အနုပညာရှင်များအပေါ် ဖိနှိပ်မှု
 
ကျန်းချင်းသည် ၁၉၃၈ ခုနှစ်၌ မော်စီတုန်းနှင့် လက်ထပ်ခဲ့သည်။ ထိုအချိန် မော်စီတုန်းမှာ တတိယအိမ်ထောင်ဖြစ်သည့် ဇနီးသည် ဟော့ကျီးကျိန့်မှာ ဆိုဗီယက်ရုရှားသို့ သွားရောက်နေချိန် ကျန်းချင်းက စနိုက်ကြော်ခဲ့ခြင်း ဖြစ်သည်။ ၁၉၃၀ ခုနှစ် အစောပိုင်းကာလများတွင် ကျန်းချင်းသည် ရှန်ဟိုင်းတွင် ရုပ်ရှင်မင်းသမီးအဖြစ် ဇာတ်လမ်းများရိုက်ကူးခဲ့သည်။ ထိုအချိန်က ထန်ဏ ဆိုသူနှင့် လက်ထပ်ခဲ့သည်။ သူတို့ ၂ ဦး အကြောင်းကို အနုပညာလောကသား တော်တော်များများ သိထားကြသည်။ မော်စီတုန်းနှင့် လက်ထပ်ပြီးသည့်အခါ ကျန်းချင်းက မော်ကျုရှီက သူမ၏ အချစ်ဦးပါဟု ဆိုကာ အတိတ်ကအကြောင်းကို ဖုံးကွယ်ထားခဲ့သည်။ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း ယခင် အတိတ်က ကိစ္စများကို သိထားကြသည့် အနုပညာရှင်အသိုင်းအဝိုင်းများမှ ဖွင့်ချလိုက်မည် စိုးရိမ်လာခဲ့သည်။ ထို့ကြောင့် အနုပညာရှင်လောကကို ပုဂ္ဂိုလ်ရေးဆန်ဆန် နှိပ်ကွပ်တော့သည်။
 
တရားခွင်ရုံးသို့ မျက်မြင်သက်သေအနေဖြင့် ထိုစဉ်က နှိပ်စက်ခံခဲ့ရသောသူများလည်း လာရောက်ကြားနာကြသည်။ ဥပမာ ကျန်းထိန်ကျောက်ကို စစ်ဆေးရာ သူ၏ ဝန်ခံထွက်ဆိုချက်အရ ၁၉၆၆ ခုနှစ် အောက်တိုဘာလတွင် သူဦးဆောင်သည့် လူပေါင်း ၄၀ ပါဝင်သည့် လူစုဖြင့် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များ၊ စာရေးဆရာများကို သူတို့၏ နေအိမ်သို့ ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ ထို့နောက် ကျန်းချင်းဆီသို့ ခေါ်ဆောင်သွားသည်။ ကျန်းချင်းက ထိုသူတို့ကို ဇာတ်လမ်းတစ်ပုဒ်အား သရုပ်ဆောင်စေသည်။ ထို့နောက် ကျန်းချင်း ရှန်ဟိုင်းတွင် ရှိနေစဉ်က ရိုက်ကူးခဲ့သော 情信 ဓာတ်ပုံများနှင့် အခြားသော ဇာတ်လမ်းတွဲများ၊ ယခင်အတိတ်နှင့် ပတ်သတ်ဆက်နွယ်နေသည့် ပစ္စည်းများအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ ပြီးနောက် ရုပ်ရှင်သရုပ်ဆောင်များနှင့် စာရေးဆရာများကို ထောင်ထဲ၌ ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။
 
နာမည်ကြီးအနုပညာရှင်၏ ဇနီးသည် ဟွမ်ချန်မှ ယခုကဲ့သို့ သက်သေခံထွက်ဆိုခဲ့သည်။ သူမ၏ နေအိမ်သို့ အစောင့်တပ်နီအဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ပြီး နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း ဖျက်ဆီးပစ်ခဲ့သေးသည်ဟု ထွက်ဆိုခဲ့သည်။ ထို့အပြင်က ကျန်းချင်း၏ အမိန့်အရ သူမ၏ ခင်ပွန်းကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကာ အကျဉ်းချပြီး သေသည်အထိ နှိပ်စက်ညှဉ်းပန်းခဲ့သည်ဟု ပြောဆိုခဲ့သည်။ ထိုသက်သေခံချက်အား ထွက်ဆိုနေစဉ် ဟွမ်ချန်မှာ မကြာခဏ ငိုကြွေးရင်း အဆိုပါဇာတ်လမ်းအား ရင်နင့်စွာဖြင့် ပြန်လည်ပြောကြားခဲ့သည်။ ကျန်းချင်းကတော့ မျက်နှာကြောတင်းပြီး မဲ့ရွဲ့ကာ အရွဲ့တိုက်သည့်ဟန်ပန်ဖြင့် "အားဟွမ်၊ ငါတော့ဖြင့် ဒီအကြောင်းတွေတောင် မသိလိုက်ရပါလား" ဟု ခပ်ထေ့ထေ့ ပြန်လည်ပြောဆိုခဲ့သည်။ ဟွမ်ချန်မှာ စိတ်မထိန်းနိုင်တော့ပဲ ဒေါသတကြီးဖြင့် ကျန်းချင်းအား "ပါးစပ်ပိတ်ထား ! နင်က မကောင်းဆိုးရွားအယုတ်တမာမ၊ ဒီနေရာမှာ ငါအပါအဝင် ဘယ်သူနဲ့မှ နင့်မှာ ပြောပိုင်ခွင့်မရှိဖူး" ဟု အော်ဟစ်လိုက်သည်။ ကျန်းချန်းက ရယ်မောပြီး မထေမဲ့မြင်ပုံစံဖြင့် "ပါးစပ်ပိတ်ထား ဟုတ်လား၊ နင်သာ သောက်ပါးစပ်ပေါက်ကို ပိတ်၊ သောက်အဓိပ္ပါယ်မရှိတာတွေ" ဟု ပြန်လည်ပြောဆိုသည့်အတွက် ရုံးတော်အတွင်း အခြေအတင် ဖြစ်ကြပြန်သည်။ ထို့ကြောင့် ကျန်းချင်းအား ရုံးတော်ထဲမှာ ဆွဲခေါ်ထုတ်သွားခဲ့ရသည်။
 
တရားစီရင်စစ်ဆေးခြင်း အနှစ်ချုပ်
 
ကျန်းချင်းတို့ ၄ ဦးဂိုဏ်းအား စွဲဆိုထားသည့် အမှုများမှာ များပြားလွန်းသည့်အတွက် အကျဉ်းချုံး၍သာ ဖော်ပြပါတော့မည်။ နောက်ပိုင်း တရားခွင်ရုံးတော်တွင် ကျန်းချင်း၏ အပြုအမူများမှာ ပိုမိုဆိုးရွားလာပြီး တရားရုံးတော်တွင် ပြောင်ပြောင်တင်းတင်းပင် အာဏာဖီဆန်သည့် ပုံစံများ ပြသခဲ့သည်။ ဒီဇင်ဘာ ၂၄ ရက်နေ့ ရုံးထုတ်စစ်ဆေးနေချိန်တွင် ကျန်းချင်းအပေါ် စွဲဆိုထားသည့် တရားစွဲဆိုချက်များအား အကျဉ်းချုပ်ကို ဖတ်နေစဉ် ကျန်းချင်းက ဒေါသတကြီးဖြင့် မတ်တပ်ရပ်လိုက်ပြီး တရားသူကြီးချုပ်အား အော်ဟစ်ဆူပူဆဲဆိုခဲ့သည်။ ထို့အပြင် ကျန်းချင်းက "အခု တရားခုံရုံးက ရည်ရွယ်ချက်ရှိရှိ ဥက္ကဋ္ဌကြီး မော်ကို အပုပ်ချနေတာပဲ၊ ပြီးတော့ ယဉ်ကျေးမှုတော်လှန်ရေးဆိုတာ ဥက္ကဋ္ဌကြီးပဲ အစပျိုးခဲ့တာလေ" ဟု မော်စီတုန်းနာမည်နှင့် သူမ၏ အပြစ်များအတွက် အကာအကွယ်ယူခဲ့သေးသည်။ တရားသူကြီးက သူမအား မိမိအပြစ်များအတွက် ယုတ္တိဗေဒတန်အောင် ချေပရန် သတိပေးပြောဆိုသည့်အခါ ကျန်းချင်းမှာ များစွာစိတ်ဆိုးဒေါသထွက်ခဲ့သည်။ "ဒီတရားခုံရုံးက ဟန်ပြတရားစီရင်ပြနေတာ သက်သက်ပဲ၊ ငါက ဘာလို့အပင်ပန်းခံပြီး ချေပနေရမှာလဲ ? " ဟုပင် ပြောလိုက်သေးသည်။ ကျန်းချင်းက သူမအား သေဒဏ်ပေးရန်ပင် တောင်းဆိုလိုက်သေးသည်။ "ပိုပြီးဂုဏ်ယူချင်ရင် ငါ့ခေါင်းကို ဖြတ်ပိုင်းပစ်လိုက်စမ်းပါ" ဟု အော်ဟစ်ပြောဆိုခဲ့သည်။
 
၁၉၈၀ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့အထိ မျက်မြင်သက်သေ ၄၉ ဦးအထိ ခေါ်ယူစစ်ပေးခဲ့ပြီး သက်သေခံအထောက်အထားပေါင်း ၈၇၀ ကျော်ကို ပြသနိုင်ခဲ့သည်။ တရားခုံရုံးတင်စစ်ဆေးခြင်းမှာ ပြီးဆုံးချိန်နီးကပ်လာလေပြီ။
 
ရှေ့နေချုပ်ကြီးက ၄ ဦးဂိုဏ်းအဖွဲ့တို့၏ အမှုအစီရင်ခံစာ အကျဉ်းချုပ်ကို ပြောကြားရာတွင် ဥက္ကဋ္ဌကြီးမော်သည် တရုတ်ပြည်ကို များစွာအကျိုးပြုခဲ့သူ မှန်သော်လည်း ဥက္ကဋ္ဌကြီးသည် ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ပြည်သူများ အတိဒုက္ခရောက်ခဲ့ရသည့် အပေါ်တွင်လည်း တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် ၄ ဦးဂိုဏ်းသားတို့အနေဖြင့် မောင်းကျုရှီး (ဥက္ကဋ္ဌကြီး မော်) ကို အကာအကွယ်အဖြစ် အသုံးချနေလည်း ဥပဒေအရ ပေးအပ်မည့် အပြစ်ဒဏ်မှ ရှောင်လွှဲလွတ်မြောက်နိုင်မည် မဟုတ်ကြောင်း၊ ထို့အပြင် ၁၉၇၄-၁၉၇၅ ခုနှစ်အတွင်း ၄ ဦးဂိုဏ်းအဖွဲ့ဝင်တို့၏ လုပ်ရပ်အများစုတွင် ဥက္ကဋ္ဌကြီးမော်မှ သဘောမတူ၊ သဘောဆန္ဒမပါခဲ့သည်ကိုလည်း သက်သေအထောက်အထားများဖြင့် ပြသနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အတွက် ကျန်းချင်းနှင့် အပေါင်းအပါများကို သေဒဏ်အမိန့် စီရင်ကျခံစေသင့်ကြောင်း တောင်းဆိုခဲ့သည်။
 
ထိုအစီရင်ခံစာအဆုံးတွင် ကျန်းချင်းက ရုတ်တရတ် "တော်လှန်ရေးဆိုတာ မွန်မြတ်တဲ့အလုပ်၊ တော်လှန်ရေးဆိုတာ ရာဇဝတ်မှုမဟုတ်ဖူး" ဟု ဆိုသည့် ယဉ်ကျေးမှုတော်လှန်ရေးအတွင်းမှ ဆောင်ပုဒ်ကို ရွတ်ကာ အော်ဟစ်သောင်းကျန်းလေသည်။ ထို့ကြောင့် သူမအား ထုံးစံအတိုင်း တရားခွင်ရုံးတော်မှ ဆွဲထုတ်သွားခဲ့ကြသည်။
 
၁၉၈၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အဆိုပါ အစီရင်ခံစာကို အခြေခံ၍ စီရင်ချက် ချမှတ်ခဲ့သည်။ ကျန်းချင်းနှင့် ကျန်းချွမ်းချောင်ကို ၂ နှစ်ဆိုင်းငံ့ သေဒဏ် ချမှတ်ခဲ့သည်။
ဝမ်ဟုန်ဝိန်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ယောင်းဝိန်ယွမ်ကို ထောင်ဒဏ်နှစ် ၂၀ စီ ချမှတ်ခဲ့သည်။ အဆိုပါစီရင်ချက်အမိန့်အား အသနားခံခွင့်/အယူခံဝင်ခွင့် မရှိပေ။
 
နောက်ဆက်တွဲ
 
၁၉၈၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျန်းချင်းနှင့် ကျန်းချွမ်းချောင်တို့အား သေဒဏ်မှ တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲခဲ့သည်။ ကျန်းချင်းအတွက်တော့ သေခြင်းထက်ဆိုးရွားသည့် အပြစ်ဒဏ်ဖြစ်ခဲ့သည်။ ကျန်းချင်းက ထိုအပြစ်ဒဏ်ကို မကျေနပ်ပဲ "ငါ့ကို သတ်ပစ် ! ဘာလို့ ငါ့ကို မသတ်ကြတာလဲ ! " ဟု အော်ဟစ်နေခဲ့သည်။ တိန့်ရှောင်ဖင်း ပြောခဲ့သည့်အတိုင်းပင် သူတို့၏ လုပ်ရပ်အမှားများနှင့် မှန်ကန်သောလမ်းကြောင်းဖြင့် တိုးတက်လာသော တရုတ်ပြည်ကြီးအား နှိုင်းယှဉ်ပြသလိုက်ခြင်းသည် နောင်တ တရားဖြင့် အခါခါ သတ်နေခြင်းဖြစ်နေမည် မဟုတ်လော။ ကျန်းချင်းသည် ထောင်ထဲ၌ ၉ နှစ်တာမျှ အကျဉ်းထောင်နန်း စံမြန်းပြီးနောက် ကျန်းမာရေးအခြေအနေအရ ဆေးရုံတင်ထားစဉ်၊ ၁၉၉၂ ခုနှစ် မေလ ၁၄ ရက်နေ့၌ ကျန်းမာရေးဝန်ထမ်းများ အလစ်အငိုက်တွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ ကျန်းချွမ်းချောင်သည် ၂၀၀၅ ခုနှစ်တွင် အသက်အရွယ်အရ အကျဉ်းထောင်ထဲ၌ ကွယ်လွန်သွားခဲ့သည်။ ဝမ်ဟုန်ဝိန်မှာလည်း ၁၉၉၂ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြန်သည်။ ယောင်းဝိန်ယွမ်ကတော့ ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် နှစ် ၂၀ ကျခံပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
 
SwamHtet(天下第一)
 
https://www.facebook.com/tianxiadiyi888888/posts/2008064316129316