"မော်စီတုန်း" ၏ တည်းဖြတ်မှု မူကွဲများ

၁၀၀၃၉၃ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၁၀ လ
Reverted to revision 632875 by Aungookingofcelestials (talk): Unreferenced and copied post from elsewhere (TwinkleGlobal)
(→‎၅၇၁: သေဆုံး)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် နောက်ပြန်ပြင်ခဲ့ပြီး
(Reverted to revision 632875 by Aungookingofcelestials (talk): Unreferenced and copied post from elsewhere (TwinkleGlobal))
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
 
၁၉၅၉ ခုနှစ် ဇန်နဝါရီလတွင် မော်စီတုန်းသည် ဗဟိုအစိုးရအဖွဲ့ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ၏ဥက္ကဋ္ဌအဖြစ်သာ ဆက်လက် ဆောင်ရွက်ခဲ့လေသည်။ မော်စီတုန်းသည် တရုတ်ကွန်မြူနစ် ခေါင်းဆောင်တစ်ဦးအဖြစ် ကမ္ဘာတွင် ကျော်ကြားလေသည်။ သူရေးသားပြုစုခဲ့သည့် နိုင်ငံရေးစာပေများတွင် တရုတ်နိုင်ငံနီ (၁၉၃၄)၊ တရုတ်နိုင်ငံနှင့် ဒုတိယ နယ်ချဲ့ကမ္ဘာစစ်(၁၉၃၉)၊ တရုတ်နိုင်ငံ၏ ဒီမိုကရေစီသစ် (၁၉၄၄) နှင့် တရုတ်နိုင်ငံသစ်အတွက် တိုက်ပွဲ (၁၉၄၅) တို့မှာ ထင်ရှားလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
 
== ပထမဇနီး ==
မော်စီတုန်းကို ၁၈၉၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ ဟူနန်ပြည်နယ်၊ ချန်ဆားမြို့အနီးက ရှောက်စန်းတောင်ကြားက ရွာကလေးတွင် မွေးဖွားခဲ့သည်။ သူ၏ ဘိုးဘေးများသည် ထိုဒေသတွင် နေထိုင်ရင်း လယ်ယာလုပ်ကိုင်စားသောက်နေခဲ့သည်မှာ နှစ်ပေါင်း ၅၀၀ ခန့်ပင် ရှိပြီဟု မျိူးဆက်စာရင်းအရ သိရသည်။ မော်စီတုန်းတို့ အိမ်သည် အတော်အသင့် ချမ်းသာသည့် မိသားစုဖြစ်သည်။ ငယ်ငယ်တည်းက တော်လှန်ပုန်ကန်လိုစိတ်ရှိသူဟု ဆိုကြသည်။ အထူးသဖြင့် သူ၏ ဖခင်နှင့် မတည့်ချေ၊ သူ၏ ဖခင်သည် လယ်သမားဖြစ်သောကြောင့် မော်စီတုန်းကို လယ်ယာတောင်သူအဖြစ်သာ လုပ်ကိုင်စေလိုသည်။ မော်စီတုန်းက ထိုကဲ့သို့မဟုတ်ပဲ လယ်တောမှထွက်၍ မြို့တက်ပြီး ကျောင်းဆက်တက်မည်ဟု ဆိုကာ အိမ်မှာ ထွက်ခွာရန် ပြင်ဆင်လေသည်။ ထိုအခါ မော်စီတုန်းအား ခြေငြိမ်သွားစေရန် အိမ်ထောင်ချပေးဖို့ စီစဉ်ကြပြီး ၁၉၀၈ ခုနှစ်တွင် လော့ယီရှို့ ဆိုသူ မိန်းကလေးနှင့် အတင်းအကြပ် လက်ထပ်စေခဲ့သည်။ မော်စီတုန်းသည် သူ့ဘဝတစ်လျှောက်လုံး လော့ယီရှို့အား ဇနီးမယားဟု မသတ်မှတ်ခဲ့ချေ။ ၁၉၁၀ ခုနှစ်တွင် လော့ယီရှို့သည် အဖျားဝေဒနာဖြင့် သေဆုံးခဲ့ရသည်။ ထိုအခါ မော်စီတုန်းလည်း အိမ်ကထွက်ပြီး ၁၉၁၁ ခုနှစ် သူ၏ အသက် ၁၈ နှစ်၌ ချန်ဆားမြို့ရှိ ကျောင်းဆရာအဖြစ် လုပ်ကိုင်ရန် သင်တန်းတက်ရောက်ခဲ့သည်။
 
ကျောင်းဆရာ
ချန်ဆားမြို့တွင် ကျောင်းဆရာအဖြစ် ၁၉၁၈ ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။ ထိုအတောအတွင်း ၁၉၁၁ ခုနှစ်တွင် မန်ချင်းမင်းဆက် ပြုတ်ကျပြီး တရုတ်သမ္မတနိုင်ငံကို တည်ထောင်ခဲ့ရာ မော်စီတုန်းသည် ထိုအချိန်မှစ၍ နိုင်ငံရေးတွင် စတင်ဝင်ရောက်လာခဲ့သည်ဟု ယူဆရသည်။ ဟူနန်ပြည်နယ် စစ်တပ်တွင် ခဏတာမျှ စစ်မှုထမ်းခဲ့ပြီး စစ်တပ်မှ ထွက်ကာ ကျောင်းဆရာအဖြစ် ပြန်လုပ်ကိုင်ခဲ့ပြန်သည်။ မော်စီတုန်းသည် စာအုပ်ဖတ်ရသည်ကို ဝါသနာထုံသူဖြစ်ပြီး အားလပ်သည့်အချိန်တိုင်း အရှေ့တိုင်း၊ အနောက်တိုင်း စာအုပ်မရွေး အကုန်ဖတ်လေ့ရှိသည်။ ၁၉၁၇ ခုနှစ်တွင် ရုရှားနိုင်ငံ၌ ဗော်ရှီဗစ်တို့ တော်လှန်ရေးသတင်းများကို နားထောင်ရင်း ထိုအချိန်မှစ၍ မာစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒများကို စိတ်ဝင်စားလာခဲ့သည်။ မော်စီတုန်းက ဆိုရှယ်ဝါဒကို လေ့လာခဲ့ပြီး တရုတ်ပြည်တွင် ဆိုရှယ်လစ်အင်အားစုတစ်ရပ် တည်ထောင်ရန် ကြိုးပမ်းခဲ့သည်။
 
== ဒုတိယ ဇနီး ==
၁၉၂၀ ခုနှစ်တွင် ရန်ခိုင်ဟွေ့ နှင့် ဒုတိယအိမ်ထောင် ထူထောင်ခဲ့သည်။ (မော်စီတုန်း၏ မိသားစုအကြောင်းကို နောက်မှ တင်ပေးမည်။) ၁၉၂၁ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ CCP ကို တည်ထောင်ရာတွင် မော်စီတုန်းလဲ Founder စာရင်းတွင် ပါဝင်ခဲ့သည်။ ထို့အပြင် သူကိုယ်တိုင်လဲ ထိုမတိုင်ခင်က ကွန်မြူနစ်လူငယ်အစည်းအရုံးကို တည်ထောင်ခဲ့သေးသည်။ ထိုအချိန် ဒေါက်တာဆွန်ယက်ဆင်၏ ကူမင်တန်ပါတီသည်လဲ စစ်ဘုရင်များကို နှိမ်နင်းရန်အတွက် ပြည်မအကူအညီများကို ရှာဖွေနေစဉ် ဆိုဗီယက်ရုရှားနိုင်ငံနှင့် ဆက်သွယ်မိခဲ့သည်။
 
အစကို ပြန်ကောက်ရလျှင် ၁၉၂၁ ခုနစ် ဇူလိုင်လတွင် နိုင်ငံတကာ ကွန်မြူနစ် ညီလာခံ အကူအညီနှင့် တရုတ်ပြည်တွင် ကွန်မြူနစ်ပါတီကို ဖွဲ့စည်းသည်။ ချန်တူရှို့၊ လီသဟောင်တို့ ဦးဆောင်ပြီး မော်စီတုန်းမှာ စတင်တည်ထောင်သည့် အဖွဲ့၀င်ဖြစ်သည်။ စတင်တည်ထောင်သူများမှာ ဥရောပပြန် ပညာတက်များ ဖြစ်ပြီး အဖွဲ့၀င် ၁၃ ဦးသာ ရှိသဖြင့် အလုပ်သမား၊ လယ်သမား လှုပ်ရှားမှုမှာ မထိရောက်လှပေ။ ထို့ကြောင့် ဆိုဗီယက် ကိုယ်စားလှယ်တို့က ဝူဖေဖူ၊ စွန်းချွမ်ဖန်း စသည့် ပေယန်ဗိုလ်ချူပ်များကို ချဉ်းကပ်ဖူးသည်။ သို့သော် ပေယန်ဗိုလ်ချူပ်များက အနောက်တိုင်း အင်အားကြီးတို့ ထောက်ခံမှု ယူထာသောကြောင့် ချဉ်းကပ်မှုမှာ မထိရောက်ပေ။
 
လက်ဝဲ နှင့် လက်ယာ ပူးပေါင်းခြင်း
 
ထိုအခါ နိုင်ငံခြားအကူအညီ မျှော်လင့်နေသူ ဆွန်ယက်ဆင်နှင့် တရုတ်ပြည်တွင် လူတန်းစားတော်လှန်ရေး ဆင်နွှဲလိုသူ ဆိုဗီယက်ကိုယ်စားလှယ်တို့ တွေ့လေတော့သည်။ ထိုအခါမှ ဆိုဗီယက်နှင့် ပူးပေါင်းကာ ကူမင်တန်ပါတီကို ဆိုဗီယက်စတိုင်ဖွဲ့သည်။ ကူမင်တန်ပါတီထဲတွင် ကွန်မြူနစ်၀င်များကို ၀င်ခွင့်ပြုသည်။ ဟွမ်ဖူစစ်တက္ကသိုလ် တည်ထောင်ပေးပြီး အမျိူးသားတော်လှန်ရေး တပ်မတော်ကို ဆိုဗီယက်တပ်နီတော် စတိုင်ဖွဲ့စည်းသည်။ ကူမင်တန်က မြောက်ပိုင်းစစ်ဆင်ရေးကို ဆင်နွှဲပြီး ပေယန်စစ်ဘုရင်များကို အနိုင်ယူရန်၊ ကွန်မြူနစ်က အလုပ်သမား လယ်သမားလှုပ်ရှားမှုကို ကျယ်ပြန့်စေရန် ဖြစ်သည်။ ထိုနည်းဖြင့် အသွင်မတူသော နှစ်ပါတီသည် ဆွန်ယက်ဆင်လက်အောက်တွင် ပူးပေါင်ပြီး မြောက်အရပ်ရှိ ပေယန်စစ်ဘုရင်များဆီသို့ ချီတက်ရန် တာစူနေတော့သည်။
 
လက်ဝဲ နှင့် လက်ယာ လမ်းခွဲ
 
ပြဿနာအစမှာ ၁၉၂၅ ခုနှစ်တွင် ဒေါက်တာဆွန်ယက်ဆင် ကွယ်လွန်သွားသည့်အချိန်မှ ဇာတ်လမ်းစလာသည်။ ဒေါက်တာဆွန်ယက်ဆင်၏ နေရာက်ို ဆက်ခံသူ ချန်ကေရှိတ်သည် စစ်အာဏာရှင်စနစ် ကျင့်သုံးပြီး ပေယန်စစ်ဘုရင်များကို နှိမ်နင်းသည်။ ၁၉၂၇ ခုနစ်တွင် လက်ယာယိမ်း နန်ကျင်းမြို့ အမျိူးသားအစိုးရအဖွဲ့နှင့် လက်ဝဲယိမ်း ဝူဟန်မြို့ အစိုးရးအဖွဲ့ဟူ၍ ကူမင်တန် ၂ ခြမ်းကွဲနေလေရာ ၂ ဖက်ခေါင်းဆောင်များ ပြန်လည်ပေါင်းစည်းရန် ဆွေးနွေးကြလေသည်။ ဝူဟန့်မှ တောင်းဆိုချက်မှာ နန်ကျင်းမှ ကာချူပ် ဗိုလ်ချူပ် ချန်ကေရှိတ်ကို ရာထူးမှ ဆင်းပေးရန်၊ နန်ကျင်းမှလဲ ဝူဟန့်အစိုးရ ဥက္ကဌ ဝမ့်ယောက်မိန်ကို ရာထူးမှ ဆင်းပေးရန် ညှိနှိုင်းကြလေသည်။ ၁၉၂၇ ခုနစ် ဇူလိုင်လတွင် ဝူဟန့်ခေါင်းဆောင် ဝမ့်ယောက်မိန်လက်တွင်းသို့ ဆိုဗီယက်မှ လျှိူ့ဝှက်ညွန့်ကြားချက်များ ပေါက်ကြားသွားသည်။ ဆိုဗီယက်အကြံပေး ဘိုရိုဒင်နှင့် ကွန်မြူနစ်တို့သည် ကူမင်တန်လက်ဝဲယိမ်းများနှင့် ဝူဟန့်မြို့ အစိုးရအဖွဲ့ကို အသုံးချပြီး အာဏာလုရန် ကြံစည်သည်ကို ရိပ်မိလေသည်။ ထို့ကြောင့် ဇူလိုင် ၁၅ ရက် ဝူဟန့်မြို့တွင် ကွန်မြူနစ်များကို ကူမင်တန်ပါတီအတွင်းမှ နှင်ထုတ်လေသည်။ ထို့ပြင် မတရားအသင်း ကြေငြာလိုက်သည်။ အဓိကရုဏ်းများ စတင်ဖြစ်ပွားကြပြီး ကွန်မြူနစ်ရဲဘော်တစ်ချိူ့ အကြမ်းဖက်နှိမ်နင်းခံရခြင်းကြောင့် အသက်ပေးခဲ့ရသည်။ ကွန်မြူနစ်တို့သည် ကူမင်တန်တို့နှင့် ခွာပြဲကြပြီးနောက် တော်လှန်ရေးကို လုပ်ဆောင်ရန် ပြင်ဆင်သည်။ သြဂုတ် ၁ ရက်တွင် ဝူဟန့်အစိုးရတပ်တွင်းမှ ကွန်မြူနစ်တို့ နန်ချန်းအရပ်တွင် တော်လှန်ရေးကို စတင်ခဲ့သည်။
 
PLA Day
 
ထိုနန်ချန်းပုန်ကန်မှုကို ချူအင်လိုင်းနှင့် ဒုတိယတပ်တော်မှူး ကျူးတဲတို့က ဦးဆောင်ပါ၀င်သည်။ ထိုနေ့ကို ဂုဏ်ပြုသောအားဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နေ့ (PLA) စစ်တပ်အလံတွင် ၈ လ ၁ ရက်၊ ၈.၁ 八•一 ဟုပါရှိသည်။ ထိုပုန်ကန်မှုသည် မအောင်မြင်ပဲ အမျိူးသားတပ်များ၏ နှိမ်နှင်းခြင်းကို ခံရလေသည်။
 
နန်ချန်ဝန်းကျင် စစ်နယ်ပယ်မှ ကွန်မြူနစ်ပါတီဝင်များ ဖြစ်ကြသည့် စစ်တပ်ခေါင်းဆောင် ဟော်လုံနှင့် ကျိူးအန်းလိုင် (ချူအင်းလိုင်) တို့ ဦးဆောင်ပြီး မြို့ကို သိမ်းယူကြသည်။ ထိုအထဲတွင် ကျူးတဲ၊ ယဲထင်းနှင့် လျိူပေါချန်တို့လဲ ပါဝင်ကြသည်။ ကွန်မြူနစ်အင်အား ၂ သောင်းနီးပါးကို အင်းအားစုဆောင်းထားခဲ့ပြီး ဂျူလိုင်လ ၃၀ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်ထားသော်လည်း ကျန်းကော်ထောင်ကြောင့် နောက်တစ်ရက်သို့ ရွေ့လိုက်ရသည်။ ဤသို့ဖြင့် ၁၉၂၇ ခုနှစ် ၈ လပိုင်း ၁ ရက်နေ့ နံနက် ၂ နာရီအတိအချိန်တွင် ကျိူးအန်းလိုင်၊ ဟော်လုံ၊ ကျူတဲ၊ လင်ပြောင်တို့ ဦးဆောင်မှုဖြင့် နန်းချန်မြို့ကို အရပ်မျက်နှာပေါင်းစုံမှ ဝင်ရောက်တိုက်ခိုက်ကြသည်။ တိုက်ပွဲမှာ ၄ နာရီသာကြာမြင့်ပြီး မြို့ကို သိမ်းယူနိုင်ခဲ့သည်။ ထို့အပြင် သေနတ်အလက် ၅၀၀၀၊ ကျည်ဆံ ၁ သန်းနီးပါးကို သိမ်းယူရရှိခဲ့သည်။
 
သို့သော် ကူမင်တန်စစ်တပ်၏ တန်ပြန်ထိုးစစ်ကြောင့် သြဂုတ်လ ၅ ရက်နေ့တွင် နန်ချန်မြို့ကို စွန့်လွှတ်ခဲ့ရပြီး ကျင်းကန်းတောင်မှ အနောက်အရပ်ရှိ ကျန်းရှီးဒေသသို့ ဆုတ်ခွာခဲ့ရသည်။ ၈ လပိုင်း ၁ ရက်နေ့သည် ကူမင်တန်အစိုးရကို ပထမဆုံးအကြိမ် စတင်ထိုးစစ်ဆင်သည့် နေ့ ဖြစ်သည့်အပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ကနဦး တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့သည့် နေ့ ဖြစ်သောကြောင့် ထိုနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
 
သြဂုတ် ၇ တွင် ကွန်မြူနစ် အစည်းအဝေးပွဲတွင် မော်စီတုန်းမှ သူ၏ နာမည်ကျော် စကားတခွန်း ဖြစ်သော
 
枪杆子里面出政权
အာဏာဟူသည်သေနက်ပြောင်း၀မှလာသည်
 
ဟူသည့် လမ်းစဉ်ကို ထုတ်ဖော်သည်။
 
ကွန်မြူနစ်တို့ လယ်သမားရွာများသို့ ဆုတ်ခွာပြီး ဆက်လက်၍ ရှင်သန်ကြလေသည်။
 
ကူမင်တန်ဝူဟန့်အစိုးရဘက်မှ ကွန်မြူနစ်တို့ကို ဖယ်ထုတ်ခဲ့ရာ နန်ကျင်းမှ ချန်ကေရှိတ်က ၈ လ ၁၄ တွင် ရာထူးမှ ဆင်းပေးလေသည်။ ၈ လ ၁၉ တွင် ဝူဟန့်အစိုးရသည် နန်းကျင်းသို့ ပြောင်းလာပြီး ပေါင်းစီးလိုက်လေသည်။
 
မော်စီတုန်းသည် နန်းချန်ပုန်ကန်မှုစတင်သည်နှင့် ကူမင်တန်တပ်များကို နေရာအနှံ့တွင် တော်လှန်ပုန်ကန်မှုများ စတင်လုပ်ဆောင်သည်။ သို့သော်လည်း အစပိုင်းတွင် ကျရှုံးခဲ့ပြီး တပ်နီတော်အင်အား ၃၅၀၀ ခန့်သာ ကျန်ရှိတော့သည်။ ထိုအသက်ရှင်ကျန်ရစ်သည့် ကျန့်ရှီးပြည်နယ်ရှိ လျှိုမြောင်တောတောင်များထဲတွင် အခြေစိုက်ပြီး လူအင်အားသစ်များ ထပ်မံစုဆောင်းကြသည်။ ဤသ်ုိ့ဖြင့် လအနည်းငယ်အကြာတွင် အင်အား ၄၀၀၀၀ ခန့် စုစည်းမိလာခဲ့သည်။
 
「敵進我退,敵駐我擾,敵疲我打,敵退我追」
“ရန်သူလာရင် ကိုယ်ကဆုတ်၊ရန်သူနားရင်း ကိုယ်ကနှောက်ယှက်၊ ရန်သူမောရင် ကိုယ်ကတိုက်၊ ရန်သူပြေးရင် ကိုယ်ကလိုက်”
 
== တတိယ ဇနီး ==
၁၉၂၈ ခုနှစ်တွင် သူ၏ တတိယဇနီးသည် ဟဲကျိချန်နှင့် လပ်ထပ်ခဲ့သည်။ ၁၀ နှစ်တာ အိမ်ထောင်သက်တမ်းအတွင်း ကလေး ၅ ဦး မွေးဖွားပေးခဲ့သည်။
 
၁၉၃၂ ခုနှစ်တွင် မော်စီတုန်းမှာ နေမကောင်းသဖြင့် ဆေးရုံတက်နေခိုက် စစ်အာဏာမှ ဖယ်ရှားခံရပြီး သူ၏ နေရာတွင် မော်စကိုမှ ဗော်ရှီဗစ် ၂၈ ဦးအဖွဲ့ဝင် ပေါကူးနှင့် အစားထိုးခံခဲ့သည်။ ထိုအချိန်က မော်စီတုန်းနှင့် သူ့ကို ထောက်ခံသူ တိန့်ရှောင်ဖိန်တို့မှာ ပါဝင်အတွင်း အပြင်းအထန် ဝေဖန်ခံနေရချိန်လဲ ဖြစ်သည်။ မော်စီတုန်းသည် တရုတ်ပြည်ရှိ လူဦးရေ၏ ၅ ပုံ ၄ ပုံရှိသော လယ်သမားလူတန်းစားကို မှီခိုပြီး ကျေးလက်တောရွာတွင် တော်လှန်ရေးကို အခြေပြုရန် လုပ်ဆောင်သည်။ ဆန့်ကျင်ဘက်အဖွဲ့က မော်စီတုန်း၏ အတွေးအခေါ်ကို ခေတ်နောက်ပြန်ဆွဲသည့် အတွေးအခေါ်ဟု လှောင်ပြောင်လျက် မြို့နေလူတန်းစားကို မှီခိုကာ မြို့ကြီးများကို ဝင်ရောက်သိမ်းပိုက်လေသည်။ ထိုအခါ ချန်ကေရှိတ်လဲ ကွန်မြူနစ်တို့၏ အင်အားကို ထိတ်လန့်ပြီး ၁၉၃၂ ခုနှစ်မှ စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လေသည်။ ၂ နှစ်ကြာ အပြင်းအထန် တိုက်ခိုက်ပြီးနောက် ၁၉၃၄ ခုနှစ်တွင် ကျန့်ရှီးဆိုဗီယက်ဒေသကို စွန့်ခွာရန် ကွန်မြူနစ်ပါတီဗဟိုမှ ဆုံးဖြတ်ချက်ချလိုက်သည်။ ဤသို့ဖြင့် Long March ခရီးရှည်ဆုတ်ခွာမှုကို စတင်ခဲ့သည်။ Long March ပြီးဆုံးချိန်တွင် မော်စီတုန်းသည် ကွန်မြူနစ်ပါတီအတွင်း အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။
 
ခရီးရှည်ထိုးဖောက်ချီတက်သည့် စစ်ဆင်ရေးပြီးဆုံးသည်နှင့် မော်စီတုန်းသည် စစ်ဆင်အားကို ပြန်လည်စုဆောင်းသည်။ သိပ်မကြာခင်မှာပင် တပ်နီတော်အင်အားမှာ ၅၀၀၀၀ ကျော်ခန့် ရှိလာလေသည်။ ထိုအချိန် ဂျပန်တို့ကလည်း တရုတ်ပြည်ကို ကျူးကျော်ရန် တာစူနေချိန် ချန်ကေရှိတ်မှာ ကွန်မြူနစ်ချေမှုန်းရေးကို အားသန်နေသဖြင့် ကူမင်တန်ပါတီအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာသည်။ ဤသို့ဖြင့် ချန်ကေရှိတ်သည် ရှီးအန်းမြို့၌ ကျန်းရွှယ်လျန့် ဦးဆောင်သည့် အဖွဲ့၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည်။ အဆိုပါ ရှီးအန်းဖြစ်ရပ်သည် တရုတ်ပြည်သမိုင်းကို တစ်ဆစ်ချိူး ပြောင်းလဲပေးခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။
 
== စတုတ်ထ ဇနီး ==
 
ရှီးအန်းဖြစ်ရပ်အပြီးတွင် ချန်ကေရှိတ်နှင့် မော်စီတုန်းတို့ ပူးပေါင်းပြီး ဂျပန်ကျူးကျော်စစ်ကို ဟန့်တားရန် ခဏတာ စစ်ပြေငြိမ်းခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တတိယဇနီးသည်နှင့် ကွာရှင်းပြီးနောက် စတုတ္ထဇနီးသည် ရုပ်ရှင်မင်းသမီး ကျန့်ချင်းနှင့် လက်ထပ်ခဲ့ပြန်သည်။ ၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့်အချိန်တွင် ချန်ကေရှိတ်နှင့် သဘောတူထားသည့် ယာယီစစ်ပြေငြိမ်းရေးစာချူပ်မှာ ပျက်ပြယ်သွားခဲ့ပြီး တရုတ်ပြည်တွင်းစစ်ပွဲများ ဒုတိယအကြိမ် ပြန်လည်ဖြစ်ပွားခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ ၂ ဖက်လုံးမှ အသေအကြေ ထိုးစစ်ဆင်နွှဲတိုက်ခိုက်ခဲ့ကြပြီး လူထုထောက်ခံမှုအား ပိုမိုကောင်းမွန်သည့် ကွန်မြူနစ်ပါတီမှာ အနိုင်ရရှိခဲ့သည်။ စစ်ရှုံးသွားသည့် ချန်ကေရှိတ် ကူမင်တန်အစိုးရမှာ ၁၉၄၉ ခုနှစ် စက်တင်ဘာလတွင် တရုတ်ပြည်မမှ ထွက်ပြေးရတော့သည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မော်စီတုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ကြောင်း ကြေညာခဲ့သည်။ နိုင်ငံတည်ထောင်သည့် အခမ်းအနားကို ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ပြီး လူပေါင်း ၃ သိန်းနီးပါး တက်ရောက်အားပေးခဲ့ကြသည်။
 
=== တရုတ်ပြည်သူ့သမ္မတနိုင်ငံ ===
 
မော်စီတုန်းသည် PRC ကို တည်ထောင်ပြီး ၃ လအကြာ၌ မော်စကိုသို့ သွားရောက်လည်ပတ်ခဲ့ပြီး စတာလင်နှင့် တွေ့ဆုံခဲ့သည်။ စတာလင် လက်ထက်တွင် တရုတ်၊ ရုရှား ၂ နိုင်ငံဆက်ဆံရေးမှာ အဆင်ပြေခဲ့သဖြင့် ရုရှားက တရုတ်နိုင်ငံသစ်ကို အထောက်အပံ့များစွာ ပေးအပ်ခဲ့သည်။ က်ိုးရီးယားစစ်ပွဲ ဖြစ်ပွားလာသည့်အခါ စတာလင်က တရုတ်ပြည်သို့ လက်နက်၊ နည်းပညာနှင့် အင်ဂျင်နီယာများပါ ပေးပို့စေလွှတ်ခဲ့ပြီး တရုတ်နိုင်ငံမှတစ်ဆင့် မြောက်ကိုးရီးယားသို့ ထောက်ပံ့ပေးလေသည်။ တရုတ်နိုင်ငံလည်း စစ်ထဲဝင်လာပြီး အနောက်အုပ်စုနိုင်ငံများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပြီး စစ်ပွဲအတွင်း တရုတ်စစ်သား ၁ သန်းနီးပါး ကျဆုံးခဲ့သည်။
 
၁၉၅၁ ခုနှစ်တွင် လာဘ်စားမှုတိုက်ဖျက်ရေးကို လုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံရေးတွင်လည်း ဖောက်ပြန်ရေးဝါဒီများကို ရှာဖွေဖော်ထုတ်နှိမ်နင်းရေးပါ တစ်ပြိုက်နက်တည်း လုပ်ဆောင်ခဲ့သည်။ မီဒီယာများကို တင်းကြပ်သော စည်းကမ်းများ ထုတ်ပြန်ပြီး ထိန်းချူပ်ခဲ့သည်။ ထို့အပြင် ဘာသာရေး၊ ယုံကြည်ကိုးကွယ်မှုအားလုံးကို ပိတ်ပင်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ၅ နှစ်တာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ချမှတ်ခဲ့ပြီး စက်မှုလုပ်ငန်းများ တိုးတက်လာရေးကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။ လာဘ်စားမှုတိုက်ဖျက်ရေးနှင့် ဖောက်ပြန်ရေးဝါဒီ တိုက်ဖျက်ရေးအတွင်း လူအများအပြား ဖမ်းဆီးခံခဲ့ရပြီး သေဒဏ်ပေးခံရခြင်း၊ အလုပ်ကြမ်းစခန်းများသို့ ပို့ဆောင်ခြင်း စသည့်တို့ကို လုပ်ဆောင်ခဲ့သည်။ ပါတီရှင်းလင်းရေးအတွင်း ပါတီဝင်ပေါင်း ၁ သိန်းခန့် ဖြုတ်၊ ထုတ်ခြင်း ခံခဲ့ရသည်။ ၁၉၅၆ ခုနှစ်တွင် ပန်းတစ်ရာစီမံကိန်းကို စတင်ခဲ့ပြီး တစ်နှစ်အကြာတွင် မဟာခုန်ပျံကျော်လွှားစီမံကိန်းနှင့် အစားထိုးခဲ့သည်။
 
၁၉၅၃ ခုနှစ်တွင် စတာလင်ကွယ်လွန်ခဲ့ပြီး ခရူးရှက်တက်လာခဲ့သည့် နောက်ပိုင်း တရုတ်-ရုရှား ဆက်ဆံရေးမှာ အဖုအထစ်များ စတင်ဖြစ်ပေါ်လာသည်။ အထူးသဖြင့် ၁၉၅၆ ခုနှစ်တွင် ခရူးရှက်လုပ်ဆောင်ခဲ့သည့် Stalinism စတာလင်၏ ပုံရိပ်များကို ဖယ်ရှားပစ်ပြီး သမိုင်းလှန်သည့် ဖြစ်ရပ်များသည့် မော်စီတုန်းကို ထိတ်လန့်စေခဲ့ပြီး သူကိုယ်တိုင်လည်း ထိုသို့ဖြစ်လာမည်ကို စိုးရိမ်လာခဲ့သည်။
 
 
အမှားများ
# မဟာခုန်ပျံကျော်လွှားစီမံကိန်း
# စာကလေးသုတ်သင်ရေး စီမံကိန်း
# ယဉ်ကျေးမှုတော်လှန်ရေး
 
ထိုသို့ဖြင့် မဟာခုန်ပျံကျော်လွှားစီမံကိန်း ကျရှုံးသွားပြီးနောက် အာဏာကျဆင်းလာသည့်အခါ မော်စီတုန်းသည် သူ၏ ပုံရိပ်ကို ပြန်လည်မြှင့်တင်နိုင်ရန် ယဉ်ကျေးမှုတော်လှန်ရေးကို စတင်ခဲ့သည်။
 
ယဉ်ကျေးမှုတော်လှန်ရေးအတွင်း မော်စီတုန်း၏ အမှားများကြောင့် နိုင်ငံတိုးတက်နှုန်းကို အဟန့်အတား ဖြစ်စေသည်။ တရုတ်နိုင်ငံ၏ အခြေအနေသည်လဲ မော်စီတုန်းနည်းတူ နာမကျန်းဖြစ်နေသည့်အတွက် အာရှ၏ လူမမာကြီးဟုပင် ခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း စစ်လက်နက်ကဏ္ဍတွင် အောင်မြင်မှုများ ရရှိလာခဲ့သည်။
 
====နည်းပညာ====
၁၉၆၇ ခုနှစ်တွင် ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံး၊ ၁၉၇၀ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တုန်းဖန်းဟုန်ဂြိုလ်တုကို လွန်တင်နိုင်ခဲ့သည်။ ထို့အပြင် ပထမဆုံး နျူကလိယစွမ်းအင်သုံး ရေငုပ်သင်္ဘောကို တရုတ်ပြည်တွင် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။
 
ကစ်ဆင်ဂျာ
 
ရုရှားနှင့် ဆက်ဆံရေးကျဲလာသည့် တရုတ်ပြည်ကို စည်းရုံးသိမ်းသွင်းနိုင်ရန် အမေရိကန်တို့ ခြေလှမ်းပြင်လာခဲ့သည်။ ရန်ဘက်မှ မိတ်ဘက်သို့ လျော့နိုင်ရန်အခွင့်အရေးကို ၁၉၇၂ ခုနှစ်တွင် အမေရိကန် ဒုတိယသမ္မတ ရစ်ချက်နယ်ဆင်ကိုယ်တိုင် ချစ်ကြည်ရေးခရီးလာရောက်ခြင်းဖြင့် ပြေလည်စေခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် မော်စီတုန်းသည် ဟင်နရီကစ်ဆင်ဂျာနှင့် တွေ့ဆုံခဲ့ပြန်သည်။ ကစ်ဆင်ဂျာနှင့် တွေ့ဆုံစဉ် မော်စီတုန်းပြောခဲ့သည့် စကားတစ်ခု ရှိသည်။ ထိုစကားကို အတည်ပြုထားခြင်းတော့ မရှိပေ။
 
ကစ်ဆင်ဂျာနှင့် စကားပြောနေရင်း မော်စီတုန်းသည်
"မင်းလည်း သိတယ်မလား၊ တရုတ်ပြည်က အရမ်းဆင်းရဲတဲ့ နိုင်ငံလေကွာ။ ငါတို့မှာ ဘာမှကို မရှိတော့တာ။ များများစားစားရှိတာဆိုလို့ မိန်းမတွေပဲ ရှိတယ်၊ တကယ်လို့ မင်းတို့ လိုချင်တယ်ဆို ငါ့အနေနဲ့ ဒီအထဲကနေ အယောက် ၁ သောင်းလောက်တော့ ပေးနိုင်ပါတယ်။"
မော်စီတုန်းမှာ စနောက်သည့်ပုံစံမျိူးဖြင့် မျက်နှာထားကို ရုတ်တရတ်ပြောင်းကာ
"မင်းတို့ တရုတ်မိန်းကလေးတွေ လိုချင်လား? ငါတို့အနေနဲ့ ၁၀ သန်းလောက်ကို တင်ပို့ပေးနိုင်တယ်။ ငါတို့မှာ အများဆုံးက မိန်းကလေးတွေပဲ။ သူတို့က ကလေးတွေပဲ မွေးထုတ်ပေးနိုင်တာ၊ ငါတို့မှာလည်း ကလေးတွေက အရမ်းများနေပြီ။"
ဟု ဆိုလေသည်။ ထိုစကားအတိုင်းဆိုလျှင် မော်စီတုန်းသည် သူ၏ အမှားများအတွက် နောင်တရနေလိမ့်မည်ကို ပြောရန်ပင်မလိုချေ။
 
၁၉၇၂ ခုနှစ်မှစ၍ မော်စီတုန်း၏ ကျန်းမာရေးမှာ ဆိုးရွားသည်ထက် ဆိုးရွားလာခဲ့သည်။ ချူအင်းလိုင်လဲ ကွယ်လွန်သွားသည့်အတွက် ၁၉၇၆ ခုနှစ်တွင် ဟွာကော်ဖုန်းကို သူ့နေရာဆက်ဆံသူအဖြစ် ရွေးချယ်ခဲ့သည်။ ၁၉၇၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ အသက် ၈၃ နှစ်အရွယ်တွင် မော်စီတုန်း ကွယ်လွန်သွားခဲ့သည်။ သူ၏ ရုပ်အလောင်းကို မဟာခန်းမဆောင်ကြီးတွင် တစ်ပတ်တိတိထားရှိခဲ့သည်။ ပြီးနောက် စက်တင်ဘာ ၁၈ ရက်နေ့တွင် သူ၏ ရုပ်ကလာပ်ကို မောင်းကျုရှီအမှတ်တရ ခန်းမဆောင်တွင် ဆေးစိမ်ထားသည့် ကျောက်တလားထဲ ထည့်သွင်းခဲ့သည်။
 
==ကိုယ်ရေးကိုယ်တာအကြောင်း==
 
မော်စီတုန်းသည်
# ရေကူးရသည်က်ို နှစ်သက်သော်လည်း တော်ရုံ ရေချိူးလေ့မရှိချေ။
# ရေမချိူးသော်လည်း ရေနွေးဝတ်ဖြင့် နေ့စဉ် ရေပတ်တိုက်လေ့ ရှိသည်။
# ထို့အပြင် သူသည် သွားတိုက်လေ့မရှိပဲ အစာစားပြီးတိုင်း ရေနွေးကြမ်းဖြင့်သာ ပလုပ်ကျင်းလေ့ ရှိသည်။ ထို့ကြောင့် ကာလရှည်ကြာလာသည့်အခါ သွားနှင့်ပတ်သတ်သည့် ဝေဒနာများကို ခံစားခဲ့ရပြီး ၁၉၇၀ ခုနှစ်သို့ ရောက်သော် အပေါ်သွားအားလုံး မရှိတော့ချေ။
# အဆီအဆိမ့်များသော အစားအစာများကို ကြိုက်နှစ်သက်သည့်အပြင်
# ဆေးလိပ်ကိုလည်း လွန်စွာသောက်လေ့ရှိသူ Heavy Cigarette smoker တစ်ယောက်လည်း ဖြစ်သည်။
# သို့သော် အရက်ကိုမူ အနည်းငယ်သာ ဆေးဖြစ်ဝါးဖြစ် သောက်သုံးသည်။ ရံဖန်ရံခါ Depreasion အရမ်းဝင်နေသည့် အချိန်တွင်သာ အမူးအမှောက်သောက်လေ့ရှိသည်။
# ညဆိုလည်း တော်ရုံနှင့် အိပ်စက်လေ့မရှိပဲ စဉ်းစားတွေးတောနေတတ်သည်။
# မော်စီတုန်းတွင် အကျင့်တစ်ခုရှိသေးသည်။ အခြားမဟုတ် သူသည် သူအိပ်စက်နေကျ ကုတင်အိပ်ယာ မဟုတ်ပါက မအိပ်တတ်ချေ။ ထို့ကြောင့် သူ၏ ကုတင်ကို သွားလေရာနေရာသို့ သယ်ဆောင်သွားလေ့ ရှိသည်။ နောက်ဆုံး မော်စီကိုသွားသည့် ခရီးစဉ်၌ပင် ရုရှားသို့ သူ၏ ကုတင်ကို ယူဆောင်သွားခဲ့သည်။
# လူသိနည်းတဲ့ နောက်တစ်ချက်က မော်စီတုန်းဟာ ၁၉၅၀ ခုနှစ်ဝန်းကျင်လောက်မှာ အင်္ဂလိပ်စာကို သင်ယူခဲ့သေးသည်။ ထို့ကြောင့် အင်္ဂလိပ်စကားကိုလည်း ကျွမ်းကျင်အဆင့်မဟုတ်တောင် ပြောနိုင်၊ ဆိုနိုင်သည်။
# မော်စီတုန်းတွင် ဇနီး ၄ ဦးအထိ ရှိခဲ့ပြီး သားသမီး ၁၀ ဦးအထိ ထွန်းကားခဲ့သည်။
 
မိသားစု
 
# ပထမဆုံး ဇနီးသည်ကတော့ လော့ယီရှို့ ဖြစ်ပြီး သားသမီး မထွန်းကားခဲ့ချေ။
# ဒုတိယ ဇနီးသည်မှာ ရန်ခိုင်ဟွေ့ဖြစ်ပြီး ချန်ဆားမြို့တွင် မော်စီတုန်းနှင့် တွေ့ဆုံခဲ့ပြီး ထိုနေရာမှာပဲ လက်ထပ်ခဲ့ကြသည်။ ၁၉၂၁ ခုနှစ်တွင် လက်ထပ်ခဲ့ကြပြီး ၁၉၂၇ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့သည်။ ၁၉၃၀ ခုနှစ်တွင် ကူမင်တန်အစိုးရမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး မော်စီတုန်းသတင်းကို ရိုက်နှက်စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရသော်လည်း မော်စီတုန်းအကြောင်း တစ်ခွန်းမဟခဲ့ပဲ အသေခံသွားခဲ့သူလဲ ဖြစ်သည်။ သူမနှင့်အတူ သား ၃ ယောက် ထွန်းကားခဲ့ပြီး သားများမှာ မောင်းအန်းယင်း၊ မောင်းအန်းချင်း၊ မောင်းအန်းလုံတို့ ဖြစ်ကြသည်။ မောင်းအန်းယင်းမှာ ကိုးရီးယားစစ်ပွဲအတွင်း တိုက်ပွဲ၌ ကျဆုံးခဲ့ရသည်။ ရန်ခိုင်ဟွေ့ကိုတော့ Founding of an Army ဇာတ်ကားထဲတွင် မြင်တွေ့ခဲ့ဖူးကြလိမ့်မည်။
# တတိယ ဇနီးသည်မှာ ဟော်ကျိကျန်ဖြစ်ပြီး ကျန့်ရှီးဆိုဗီယက်မှ ရဲဘော်တစ်ဦးလည်း ဖြစ်သည်။ ကျန်းရှီးဒေသတွင် ၁၉၂၈ ခုနှစ်၌ မော်စီတုန်းနှင့် လက်ထပ်ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ သူမနှင့် သားသမီး ၆ ဦးအထိ ထွန်းကားခဲ့သည်ဟုဆိုသော်လည်း မောင်းအန်းဟုန်နှင့် လီမင်ကိုသာ မြင်တွေ့ဖူးကြသည်။
# စတုတ္ထဇနီးသည့် ကျန့်ချင်းကိုတော့ အထူးမိတ်ဆက်ပေးရန် မလိုပေ။ ၁၉၃၉ ခုနှစ်တွင် လက်ထပ်ခဲ့ကြပြီး သမီးတစ်ဦး ထွန်းကားခဲ့သည်။
 
== လင်ပြောင် ==
 
မော်စီတုန်းကို_လုပ်ကြံခြင်း (သို့မဟုတ်) တရုတ်ပြည်တွင် ပထမဆုံးအကြိမ် စစ်အာဏာသိမ်းရန် ကြိုးပမ်းကြခြင်း
 
林彪
လင်ပြောင်ဟာ ဘာကြောင့် မော်စီတုန်းကို လုပ်ကြံခဲ့တာလဲ?
 
အဖြေက ရှင်းပါသည်၊ အာဏာကို လိုချင်တပ်မက်လို့ လုပ်ကြံခြင်းဖြစ်သည်။ လင်ပြောင်သည် စစ်ဘက်တွင် မာရှယ် တစ်ယောက်ဖြစ်သလို ကိုယ်ပိုင်စစ်တပ်ကိုလဲ ပိုင်ဆိုင်ထားသေးသည်။ ဒီအကြောင်းတွေ အရင်မပြောခင် တရုတ်သမ္မတရာထူးရဲ့ အရေးပါပုံနှင့် လင်ပြောင်၊ မော်စီတုန်း ပဋိပက္ခများ ဖြစ်ကြပုံကို အရင်လေ့လာကြပါမည်။
 
===သမ္မတ===
တရုတ်သမ္မတရာထူး၏ အရေးပါပုံ
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသက် ၄၅ နှစ်ပြည့်ပြီးသည့် တရုတ်နိုင်ငံသားတိုင်းကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခွင့်ရှိသည်။
 
သမ္မတကို အမျိူးသားပြည်သူ့ညီလာခံက ရွေးချယ်တင်မြှောက်ပြီး ထိုညီလာခံမှ သမ္မတနှင့် နိုင်ငံဝန်ကြီး၊ အရာရှိများကို ထုတ်ပယ်ခွင့် အာဏာလဲ ရှိသေးသည်။ ရွေးချယ်တင်မြှောက်ခြင်းနှင့် ရာထူးမှ ထုတ်ပယ်ခြင်းကို မဲဆန္ဒဖြင့် အဆုံးအဖြတ် ပေးသည်။ ထို့ကြောင့် အမျိူးသားပြည်သူ့ညီလာခံဟာ သမ္မတကို ကိုယ်တိုင်ရွေးချယ်တင်မြှောက်ပြီး ကျန်ရာထူးနေရာများကိုလဲ ညီလာခံက မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ကြသည်။ မဲပေးစနစ်မှာ လျှိူ့ဝှက်မဲပေးစနစ် ဖြစ်သည်။
 
အကယ်၍ သမ္မတနေရာ လစ်လပ်သွားပါက ဒုတိယသမ္မတက သမ္မတကြီးကိုယ်စား နေရာကို ဆက်ခံရမည် ဖြစ်သည်။ သမ္မတနှင့် ဒုသမ္မတ ၂ နေရာလုံး လစ်လပ်နေပါက အမျိူးသားပြည်သူ့ညီလာခံ အမြဲတမ်းကော်မတီဥက္ကဋ္ဌက ယာယီသမ္မတအဖြစ် ခေတ္တတာဝန်ထမ်းဆောင်ရမည်။ ထို့နောက် အမျိူးသားညီလာခံကို ကျင်းပပြီး သမ္မတနှင့် ဒုသမ္မတကို အသစ်ပြန်လည်ရွေးချယ်ကြရမည် ဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် တရုတ်သမ္မတရာထူးကို ဖျက်သိမ်းပစ်ခဲ့ပြီး ၁၉၈၃ ခုနှစ်ကျမှသာ သမ္မတရာထူးကို တဖန်ပြန်လည် သတ်မှတ်ခဲ့ကြသည်။
 
၁၉၇၅ ခုနှစ်တွင် တရုတ်ပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ပြီး သမ္မတရာထူးကို ဖျက်သိမ်းကာ ပါတီဥက္ကဋ္ဌ တစ်ဦးတည်းက အာဏာအားလုံးကို ရယူခဲ့သည်။ အခြေခံဥပဒေ အပိုဒ် ၅ တွင် ပါတီဥက္ကဋ္ဌသည် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဦးစီးအုပ်ချူပ်ရသူ ဖြစ်လာခဲ့သည်။ တိန့်ရှောင်ဖိန်အာဏာရလာပြီးနောက် ၁၉၈၂ ခုနှစ်တွင် အခြေခံဥပဒေကို ထပ်မံပြင်ဆင်ခဲ့ပြီး ပါတီဥက္ကဋ္ဌအစား ပါတီအထွေထွေအတွင်းရေးမှူး အဖြစ်၎င်း၊ သမ္မတရာထူးအား ပြန်လည်သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ၁၉၈၂ ခုနှစ်၌ ပြင်ဆင်ခဲ့သည့် ဥပဒေအရ သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာကို အပြည့်အဝပေးအပ်ခဲ့သည်။ သမ္မတသည် ဥပဒေများကို ပြဒါန်းနိုင်စွမ်းရှိလာသည်။ နိုင်ငံတော်ကောင်စီဝင် ဝန်ကြီးများ၊ ဝန်ကြီးချူပ်တို့ ရွေးခြယ်ခန့်အပ်ခြင်း သို့မဟုတ် ရာထူးမှဖယ်ရှားခြင်းတို့ကို ပြုလုပ်နိုင်သည်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ နိုင်ငံတော်အရေးပေါ် အခြေအနေကို ကြေညာခြင်း၊ စစ်သားစုဆောင်းရန် အမိန့်ထုတ်ပြန်ခြင်းနှင့် နိုင်ငံတော်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။ ထို့အပြင် သဘောတူစာချူပ်များ ချူပ်ဆိုခြင်း၊ နိုင်ငံခြားသံတမန်များကို ခန့်အပ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းများကိုလဲ ဆောင်ရွက်နိုင်သည်။ သို့သော် တရုတ်ပြည်၏ မူဝါဒအရ အဆိုပါအရာအားလုံးမှာ ပါတီ၏ သဘောတူညီချက်ရမှ သို့မဟုတ် အတည်ပြုပေးမှသာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ၁၉၈၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တိန့်ရှောင်ဖိန် ချမှတ်သွားခဲ့သည့် ထူးခြားချက်မှာ သမ္မတသည် ရာထူးနေရာ ၂ နေရာထပ် ပိုမယူရဟု သတ်မှတ်ခဲ့သည်။ ဥပမာ သမ္မတ + အထွေထွေအတွင်းရေးမှူး ရာထူးများ ယူထားပါက ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရာထူးကို စွန့်လွှတ်ရမည် ဖြစ်သည်။ ၂၀၁၈ ခုနှစ်ကျမှသာ ရှီကျင့်ဖင်းက မော်စီတုန်းခေတ်ကလို ရာထူးနေရာကို အကန့်အသတ်မရှိ ရယူခဲ့သည်။ ယခု တရုတ်သမ္မတ ရှီကျင့်ဖင်းသည် သမ္မတ၊ ပါတီဗဟိုအထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးတို့ကိုပါ ရယူထားသည်။
 
=== ပဋိပက္ခ ===
 
လင်ပြောင်နှင့် မော်စီတုန်းတို့ ပဋိပက္ခဖြစ်ပွားခြင်း
 
၁၉၆၉ ခုနှစ် ဧပြီလမှာ ကျင်းပသည့် ၉ ကြိမ်မြောက် တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးပွဲ၌ လင်ပြောင်သည် တရုတ်ပြည်၏ ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ လင်ပြောင်သည် မော်စီတုန်း၏ နေရာကို ဆက်ခံမည့်လူ အဖြစ် ပါတီအတွင်း ခြွင်းချက်မရှိလက်ခံရမည့် အကြောင်းကလဲ ရှ်ိသည်။ ၉ ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးအတွင်း တက်ရောက်လာသည့် ပေါ်လစ်ဗြူရိုတင်းပြည့်အဖွဲ့ဝင် ၂၁ ယောက်အနက် ၆ ယောက်မှာ လင်ပြောင်ကို အပြည့်အဝ ထောက်ပံ့ပေးနေသည့် လူများဖြစ်ကြသည်။ ဒါ့အပြင် ဗဟိုကော်မတီအဖွဲ့ဝင်၏ ၄၅% နှုန်းသော စစ်ဘက်အရာရှိများသည်လဲ လင်ပြောင်ကို ထောက်ခံအားပေးကြသည့်အတွက် ကျန့်ချင်း၊ ကျိူးအန်းလိုင်တို့ကို ကျော်လွန်ပြီး မော်စီတုန်းပြီးနောက် တရုတ်ပြည်၏ ဒုတိယ အာဏာအရှိဆုံးလူတစ်ယောက် ဖြစ်လာခဲ့သည်။
 
၁၉၇၀ ခုနှစ် သြဂုတ်လမှ စက်တင်ဘာလအထိ လုရှန်းတွင် ကျင်းပခဲ့သော ၉ ကြိမ်မြောက် ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးပွဲမှာတော့ မော်စီတုန်းဟာ လင်ပြောင်ရဲ့ ကြီးထွားလာတဲ့ အာဏာနဲ့ ထောက်ခံမှုတွေကို မြင်တွေ့လိုက်ရသည့်အခါ စိတ်မသက်မသာ ဖြစ်ခဲ့ရတော့သည်။ ထို့ကြောင့် လင်ပြောင်ကို ထိန်းချူပ်ရန် လှုပ်ရှားမှုတစ်ရပ်အနေဖြင့် လင်ပြောင်အား ထောက်ခံနေသူများကို ဝေဖန်တိုက်ခိုက်ခြင်းများ၊ လင်ပြောင် တင်ပြချက်များအပေါ် ပြစ်တင်ရှုံ့ချမှုများ ပြုလုပ်ခဲ့သည်။ ဒုတိယအကြိမ် အစည်းအဝေးတွင်လဲ လင်ပြောင်က လျိူရှောက်ချီအား ဖယ်ရှားခဲ့ပြီး နောက်ပိုင်း လစ်လပ်လျက်ရှိသော သမ္မတနေရာကို အစားထိုးရန် အဆိုတင်သွင်းခဲ့သည်။ လင်ပြောင်ကို ထောက်ခံနေသည့် လူများကလည်း ထိုနေရာကို လင်ပြောင်အား ခန့်အပ်ပေးရန် မော်စီတုန်းထံ တောင်းဆိုခဲ့ကြသည်။ မော်စီတုန်းက နဂိုတည်းကမှ သင်္ကာမကင်းဖြစ်နေသည့်အတွက် အဆိုကို ပယ်ရှားပစ်ခဲ့သည်။ တရုတ်ပြည်၏ သမ္မတနေရာသည် အရေးပါသော နေရာဖြစ်ပြီး လင်ပြောင်ကိုသာ ထိုနေရာပေးအပ်လိုက်ပါက တရုတ်ပြည်တွင် လင်ပြောင်သည် နိုင်ငံရေးနှင့် စစ်ရေးအာဏာကို သူတစ်ဦးတည်း ချူပ်ကိုင်ထားနိုင်တော့မည် ဖြစ်သည်။ (ထို့ကြောင့်လဲ မော်စီတုန်းသည် သမ္မတနေရာကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပေးအပ်တော့ပဲ၊ ၁၉၇၅ ခုနှစ်တွင် ဖျက်သိမ်းပစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌသာလျှင် လက်နက်ကိုင်တပ်အားလုံး၏ ဦးစီးချူပ်ဖြစ်လာသည်။) လင်ပြောင်သည် သူကိုယ်တိုင် အာဏာတစ်ရပ်ကို ထူထောင်နေကြောင်း သိသည်နှင့် မော်စီတုန်းမှာ လင်ပြောင်က်ို ထိန်းချူပ်ရန် နည်းလမ်းရှာရတော့သည်။ လုရှန်းအစည်းအဝေးတွင် လင်ပြောင်နှင့် မော်စီတုန်းတို့ အကြီးအကျယ် သဘောထားကွဲလွဲကြပြီးနောက် ပါတီအတွင်း လင်ပြောင်အား ကိုယ့်ကိုယ်ကို ပြန်လည်ဝေဖန်ရန် ပြောကြားခဲ့သော်လည်း လင်ပြောင်က ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ၁၉၇၀ ခုနှစ်မှ စ၍ စစ်ရေးလှုပ်ရှားများကို ကျိူးအန်းလိုင် (ချူအင်လိုုင်း) အား ဦးဆောင်စေခိုင်းခဲ့သည်။
 
လင်ပြောင်၏ သြဇာအာဏာကြီးထွားလာမှုကို ထိန်းချူပ်ရန်အတွက် မော်စီတုန်းသည် ကျိူးအန်းလိုင်၏ အကြံပေးချက်ကို လက်ခံလိုက်သည်။ ပထမဦးစွာပြောရလျှင် ပါတီအတွင်း စစ်ဘက်ဆိုင်ရာမှ လူများ များပြားနေခြင်းကို လျော့ချပစ်ရန် ဖြစ်သည်။ ယဉ်ကျေးမှုတော်လှန်ရေး စတင်သည့်အခါ အရပ်ဘက်မှလူများသည် စွဲချက်မျိူးစုံဖြင့် စွဲဆိုခြင်း ခံရပြီး ပြစ်ဒဏ်အမျိူးမျိူး ချမှတ်ခြင်း ခံခဲ့ရသည်။ ထိုအခါ လစ်လပ်သွားသည့် နေရာများတွင် စစ်ဘက်ဆိုင်ရာမှ လူများကို ထည့်သွင်းခဲ့ရာမှ ပါတီအတွင်း စစ်ဘက်ဆိုင်ရာလူများ အားကောင်းလာခဲ့သည်။ ထိုသူများ အားကောင်းလာခြင်းနှင့် အတူ လင်ပြောင်မှာ ထောက်ခံသူများပြားလာပြီး သြဇာအာဏာကြီးမားလာခဲ့သည်။ ထို့ကြောင့် ပြန်ဆက်ရလျှင် ကျိူးအန်းလိုင်၏ အကြံမှာ ယဉ်ကျေးမှုတော်လှန်ရေးအတွင်းက ဖယ်ရှားခံခဲ့ရသူများကို ပြန်လွှတ်ပေးပြီး မူလနေရာများတွင် တာဝန်ပြန်လည်ထမ်းဆောင်စေခြင်းပင် ဖြစ်သည်။ ထို့နောက် ကျိူးအန်းလိုင်က တရုတ်-အမေရိကန် ၂ နိုင်ငံဆက်ဆံရေး တိုးတက်လာစေရန် ကြိုးပမ်းခဲ့သည့်အပေါ် မော်စီတုန်းက အပြည့်အဝ ထောက်ခံပေးခဲ့သည်။
 
မော်စီတုန်းနှင့် လင်ပြောင်အကြောင်းကို ဆက်ရလျှင် လင်ပြောင်နှင့် သူ၏မဟာမိတ်များကို အမှားများကျူးလွန်မိကြောင်း မော်စီတုန်းက ဝန်ခံခိုင်းသည်။ လင်ပြောင်က အမှားကျူးလွန်မိကြောင်း ဝန်ခံရန်ငြင်းဆိုသော်လည်း လင်ပြောင်ဇနီး ရဲ့ချွမ်က မော်စီတုန်း၏ သံသယများ လျော့ပါးစေရန် အမှားပြုလုပ်မိကြောင်း ဝန်ခံသည်။ မော်စီတုန်း မယုံမကြည်ဖြစ်လာသောကြောင့် လင်ပြောင်သည် ပေကျင်းနှင့် ဝေးကွာသည့် စံအိမ်တွင်သာ နေထိုင်လေသည်။ နောက်ဆုံးတွင် ကျိူးအန်းလိုင်လဲ မနေသာတော့ မော်စီတုန်းနှင့် လင်ပြောင်ကို ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် အခြေအနေမှာ ပိုမိုတင်းမာလာပြီး လင်ပြောင်မှာ ကျိူးအန်းလိုင်၏ စကားကိုပင် နားဝင်တော့ချေ။ ဂျူလ်ိုင်လတွင် မော်စီတုန်းဘက်မှလဲ လင်ပြောင်နှင့် သူ၏ မဟာမိတ်များကို ဖယ်ရှားပစ်တော့မည်ဟု ဆုံးဖြတ်ချက်ချခဲ့သဖြင့် ကျိူးအန်းလိုင်မှာ ပြည်တွင်းစစ်တကြော့ပြန်ဖြစ်မည်က်ို အထူးစိုးရိမ်လာသည်။ လင်ပြောင်တွင် အစကပြောခဲ့သလိုပင် စစ်တပ်၏ ထောက်ခံမှု ရရှိထားသလို၊ သူ၏ ကိုယ်ပိုင်တပ်ဖွဲ့များ၊ သစ္စာခံတပ်များပင် ရှိထားပြီးဖြစ်သည်။ ကျိူးအန်းလိုုင်က မော်စီတုန်းအား ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် နားချပြောဆိုသော်လည်း မရသဖြင့် သူ၏ စေ့စပ်ညှိနှိုင်းရေးမှာ ပျက်ပြယ်သွားခဲ့ရသည်။
 
=== ၅၇၁ ===
Project 571 (သို့မဟုတ်) မော်စီတုန်းအား လုပ်ကြံမည့် စီမံချက်
 
Project 571 ၏ အဓိပ္ပါယ်မှာ (五七一) 武起义 ဝူချီယိ လက်နက်ကိုင်ပုန်ကန်ထကြွခြင်း ဟု အသံထွက် အဓိပ္ပါယ်ရပြီး မော်စီတုန်းအား ဖြုတ်ချကာ စစ်တပ်ဖြင့် အာဏာသိမ်းရန် ကြံစည်ခြင်း ဖြစ်သည်။
 
၁၉၇၁ ခုနှစ် အစောပိုင်းကာလ ဖေဖော်ဝါရီလထဲကပင် လင်ပြောင်နှင့် သူ၏ ဇနီးဖြစ်သူ ရဲ့ချွမ်တို့သည် မော်စီတုန်းကို လုပ်ကြံရန် စတင်ကြံစည်လာခဲ့သည်။ ၁၉၇၁ ခုနှစ် မတ်လတွင် သားဖြစ်သူ လင်လိကော်သည် ရှန်ဟိုင်းအခြေစိုက် လေတပ်စခန်းတွင် လျှိူ့ဝှက်အစည်းအဝေးက်ို ကျင်းပပြီး သူ၏ နီးစပ်သော တပ်တွင်းမိတ်ဆွေများ၊ လက်အောက်အရာရှိများကို ဖိတ်ကြားပြီး ဆွေးနွေးခဲ့ကြသည်။ ထိုအစည်းအဝေးပွဲပြီးနောက် Project 571 ၏ စီမံကိန်းမူကြမ်း စတင်ထွက်ရှိလာခဲ့သည်။ မတ်လနောက်ဆုံးအပတ်ထဲတွင် စီမံချက်ကို အတည်ပြုပေးခဲ့သည် ထိုစီမံချက်ထဲတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အတွင်းမှ ထိပ်တန်းအရာရှိကြီးများပါ ပါဝင်လာခဲ့သည်။ ထိုအထဲတွင် မော်စီတုန်းအား လုပ်ကြံရန် နည်းလမ်း ၈ မျိူးကို အကြမ်းဖျဉ်း ရေးဆွဲထားပြီး စီမံကိန်းလျှိူ့ဝှက်ချက်ကို သေသည်အထိ ထိန်းသိမ်းသွားမည်ဟု ကတိပြုကြသည်။ လုပ်ကြံမည့် နည်းလမ်းများထဲမှ တစ်ချိူ့မှာ ရိုးရှင်းစွာ သေနတ်ကို အသုံးပြု၍ လုပ်ကြံခြင်းမျိူးမှ မီးရထားမတော်တဆမှုပုံစံမျိူးဖြင့် လုပ်ကြံခြင်း၊ Napalm ဗုံးဖြင့် ဖောက်ခွဲပြီး လုပ်ကြံခြင်း စသည်ဖြင့် အမျိူးမျိူး စဉ်းစားခဲ့ကြသည်။
 
တစ်ဖက်မှာလဲ မော်စီတုန်းသည် လင်ပြောင်နှင့် တပ်တွင်းအရာရှိတို့ ကြံစည်နေသမျှကို မရိပ်သေးချေ၊ ဘာမှ မသိရှိသေးသော်လည်း လင်ပြောင်က်ို ဖယ်ရှားတော့မည်ဟု စဉ်းစားနေပြီ ဖြစ်သည်။ မော်စီတုန်းသည် သြဂုတ်လ ၁၅ ရက်နေ့တွင် တောင်ပိုင်းသို့ ခရီးထွက်ခဲ့သည်။ တောင်ပိုင်းရက်ရှည်ခရီးစဉ်အတွင်း ပါတီထိပ်သီးနိုင်ငံရေးသမားများ၊ စစ်ဘက်အရာရှိခေါင်းဆောင်များ ပါဝင်သည်။ စက်တင်ဘာ ၅ ရက်နေ့တွင် လင်ပြောင်သည် မော်စီတုန်းက သူ့အား ဖယ်ရှားတော့မည့် အကြောင်း သတင်းရရှိခဲ့သည်။ စက်တင်ဘာ ၈ ရက်နေ့တွင် မော်စီတုန်းအား လုပ်ကြံရန် ဆုံးဖြတ်ခဲ့ပြီး အစီအစဉ်ကို မော်စီတုန်း ပေကျင်းသို့ မရောက်ခင် မြန်နိုင်သမျှ မြန်အောင် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ မော်စီတုန်းကို လုပ်ကြံမည့် အစီအစဉ်ကို သားဖြစ်သူ လင်လ်ိကော်နှင့် လေတပ်အရာရှိ ကျန်းယွီချီတို့က စီစဉ်ညွှန်ကြားလေသည်။
 
လင်ပြောင်သည် မော်စီတုန်း၏ ရထားကို ဗုံးဖောက်ခွဲရန် ကြံစည်ထားသော်လည်း စက်တင်ဘာ ၁၁ ရက်နေ့တွင် မမျှော်လင့်ပဲ မော်စီတုန်းက သူ၏ ခရီးစဉ်လမ်းကြောင်းကို ပြောင်းခဲ့ခြင်းက ကံကောင်းသွားခဲ့သည်။ လင်ပြောင်သည် မော်စီတုန်း၏ ရထားလမ်းတွင် အနည်းဆုံး ၂ နေရာခန့် ဗုံးဖောက်ခွဲရန် ကြံစည်ထားသော်လည်း တာဝန်ပေးခံရသည့် အရာရှိငယ်တစ်ဦးမှာ ကြောက်စိတ်ဝင်လာသဖြင့် သူ၏ ဇနီးသည်ထံ လုပ်ကြံမည့်အကြောင်းကို ရင်ဖွင့်ပြောကြားခဲ့သည်။ အရာရှိငယ်၏ ဇနီးက ပါတီကော်မတီထံ ဥက္ကဋ္ဌအား လုပ်ကြံမည့်သူရှိကြောင်း သတင်းပို့သည်။ ထိုအခါ သက်တော်စောင့်တပ်ဖွဲ့က မော်စီတုန်းအား ရထားနဲ့ ခရီးမဆက်စေပဲ ကားဖြင့်သာ ပေကျင်းသို့ တိုက်ရိုက်မောင်းပို့လေသည်။ စက်တင်ဘာ ၁၂ ရက်နေ့ ညနေခင်းတွင် ပေကျင်းသို့ ဘေးအန္တရာယ်ကင်းစွာ ရောက်ရှိလာသည်။ ဤသို့ဖြင့် လင်ပြောင်၏ မော်စီတုန်းအားလုပ်ကြံမည့် စီမံချက် ၅၇၁ မှာ ကျရှုံးခဲ့ရတော့သည်။
 
=== ကျဆုံး ===
လင်ပြောင်သေဆုံးမှုနှင့် နောက်ကွယ်မှ ဖြစ်ရပ်တစ်ချိူ့
 
မော်စီတုန်းပြန်လာသည့်ရက် ည ၁၀ နာရီခန့်တွင် လုပ်ကြံမှုအစီအစဉ် မအောင်မြင်ကြောင်း လင်ပြောင်သိလိုက်ရပြီးနောက် သူ၏ ဇနီးဖြစ်သူ ရဲ့ချွမ်က မိသားစုလိုက် ကွမ်ကျိူးသို့ ထွက်ပြေးရန် စီစဉ်သည်။ ကွမ်ကျိူးတွင် လင်ပြောင်ကို သစ္စာခံသော တပ်ဖွဲ့များ ရှိသည့်အတွက် မော်စီတုန်းဘက်မှ လှုပ်ရှားလာပါက စစ်တပ်ဖြင့် တိုက်ခိုက်ရန် ကြံရွယ်ထားသည်။ လင်ပြောင်၏ ပထမအိမ်ထောင်မှ မွေးဖွားခဲ့သည့် အသက် ၂၇ နှစ်အရွယ် သမီးဖြစ်သူ လင်လိဟန်သည် သူ့ဖခင်နှင့် ရဲ့ချွမ်တို့ ထွက်ပြေးမည့် အစီအစဉ်ကို ကြားသိရသည့်အခါ ဖခင်ဖြစ်သူအတွက် စိတ်ပူသွားပြီး ကျိူးအန်းလိုင်ထံ ဖုန်းဆက်ကာ အကျိူးအကြောင်းကို မေးမြန်းရန် လုပ်သည်။ လင်လိဟန်နှင့် ရဲ့ချွမ်သည် အဆင်ပြေဟန် မရှိလှပေ။ လင်ပြောင်သည် သူ၏ ပထမအိမ်ထောင်မှ မွေးဖွားလာသည့် သမီးလေး လင်လိဟန်ကို အလွန်ချစ်သည့် အတွက် 荳荳 ဟုပင် အမည်ပေးထားသည်။ လင်ပြောင်သည် ပဲ အလွန်ကြိုက်သူဖြစ်သည်။ မူလအကြောင်းကို ဆက်ရလျှင် လင်လိဟန်သည် ကျိူးအန်းလိုင်ထံ ဖုန်းဆက်သော်လဲ ပထမတစ်ကြိမ်တွင် ကျိူးအန်းလိုင်နှင့် တိုက်ရိုက်မတွေ့ခဲ့ပေ။ ဒုတိယတစ်ကြိမ်ခေါ်ဆိုမှသာ ကျိူးအန်းလိုင်ကိုယ်တိုင် ဖုန်းကိုင်သဖြင့် အကြောင်းစုံကို ပြောပြခဲ့သည်။ ကျိူးအန်းလိုင်လဲ လင်လိဟန်ထံမှ သတင်းစကားကို ကြားသိရပြီးနောက် ဗဟိုကော်မတီထံ ဆက်သွယ်ပြီး ရဲ့ချွမ်နှင့် လင်လိကော်တို့ လင်ပြောင်ကို ဖိအားပေးပြီး စန့်ဟိုင်ကွမ်းလေဆိပ်မှ လေယာဉ်ဖြင့် ထွက်ပြေးရန် ကြိုးပမ်းနေကြောင်း၊ လေတပ်ဦးစီးချူပ် ဝူဖာရှန်းထံ ဖုန်းခေါ်ဆိုပြီး လေယာဉ်ထွက်ခွာလိုပါက သူ့ထံမှ ခွင့်ပြုချက်ဖြင့် (သို့မဟုတ်) အခြားအဆင့်မြင့်အရာရှိတစ်ယောက်၏ ခွင့်ပြုချက်ဖြင့်သာ ပျံသန်းခွင့်ပြုရန် အမိန့်ပေးသည်။ (ဤသည်ကား လင်ပြောင်ကို လွတ်မြောက်စေမည့် အကြောင်းအရင်း ဖြစ်လာသည်။) ထိုအကြောင်းကို လေတပ်ဦးစီးချူပ် ဝူဖာရှန်း၊ အထွေထွေဦးစီးချူပ် ဟွမ်ယုံစန်း၊ ရေတပ်ဦးစီးချူပ်နှင့် အထွေထွေဦးစီးချူပ် လီကျော့ဖင်းတို့ထံ အကြောင်းကြားစာများ ပေးပို့ခဲ့သည်။
 
၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ကျိူးအန်းလိုင်သည် ရဲ့ချွမ်ထံ ဖုန်းခေါ် အကျိူးအကြောင်းမေးမြန်းရာ ရဲ့ချွမ်က လင်ပြောင်မှာ တလျန့် (Da Lian) သို့ လေယာဉ်ခရီးစဉ်ဖြင့် သွားရောက်မှာဖြစ်သည့်အတွက် လေယာဉ်ကို စန့်ဟိုင်ကွမ်းမှာ အသင့်ပြင်ခိုင်းထားခြင်းဖြစ်ကြောင်း ပြောသည်။ ကျိူးအန်းလိုင်လဲ ရဲ့ချွမ်အား လင်ပြောင်ခရီးမသွားခင် သူကိုယ်တိုင် လာရောက်တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့အတွက် ပိုင်တိုက်ဟယ်စံအိမ်တော်မှ မထွက်ခွာပဲ စောင့်ဆိုင်းပေးရန် ပြောလေသည်။ ထို့နောက် လင်ပြောင်နှင့် ရင်းနှီးသည့် ဝူဖာရှန်းနှင့် ဟွမ်ယုံစန်းကို သူနှင့်အတူ ခေါ်ဆောင်ပြီး လင်ပြောင်ရှိရာသို့ သွားရောက်တွေ့ဆုံကာ ညှိနှိုင်းရန်အတွက် ကြိုးစားသည်။
လင်ပြောင်တို့ ပထမစီစဉ်ထားသည်မှာ သူတို့၏ တောင်ပိုင်းအခြေစိုက်ဋ္ဌာချူပ်ရှိရာ ကွမ်ကျိူးသို့ သွားရောက်ပြီး အင်အားစုဆောင်းမည်။ ထို့နောက် ဗဟိုပါတီမှ ခွဲထွက်ပြီး ပါတီအသစ် တည်ထောင်မည်။ ထို့နောက် မော်စီတုန်း၏ သစ္စာခံတပ်များကို တိုက်ထုတ်ပြီး ပေကျင်းအစိုးရကို ဖြုတ်ချမည်ဟု စီစဉ်ထားသည်။ သို့သော်လည်း ကျိူးအန်းလိုင်မှ သိရှိသွားပြီး ဖြစ်သည့်အတွက် ထိုအစီအစဉ်ကို စွန့်လွှတ်ပြီး ဆ်ိုဗီယက်ယူနီယံအထိ ထွက်ပြေးတော့မည်ဟု ဆုံးဖြတ်ခဲ့သည်။
 
လင်ပြောင်ထွက်ပြေးသည့် အကြောင်းအရာများထဲမှ တစ်ခုမှာ သူသည် ထိုင်ဝမ်ရှိ ကူမင်တန် (တရုတ်သမ္မတနိုင်ငံတော်) တို့ထံ ခိုလှုံရန် ကြံစည်ခဲ့သည်ဆိုသည့် ကောလဟာလတစ်ခုလဲ ပါလာသည်။ ထိုကောလဟာမှာ လင်ပြောင်သည် မင်ကော် (ထိုင်ဝမ် သို့မဟုတ် တရုတ်သမ္မတနိုင်ငံတော်) ကို ထောက်ခံသူများနှင့် လျှိူ့ဝှက်တွေ့ဆုံခဲ့ဖူးပြီး ချန်ကေရှိတ်နှင့်လဲ လျှိူ့ဝှက်သဘောတူညီမှု တစ်ခုက်ို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။ မော်စီတုန်းကို လုပ်ကြံရန် ကြိုးပမ်းနေသည့်အချိန်မှာပင် ချန်ကေရှိတ်က လင်ပြောင်နှင့် လျိူ့ဝှက်ဆက်သွယ်ပြီး မော်စီတုန်းကို လုပ်ကြံနိုင်ပါက ပြည်မကို ကူမင်တန်တပ်များဖြင့် ပြန်လည်သိမ်းယူမည်၊ ပြီးနောက် လင်ပြောင်အား ရာထူးကြီးတစ်ခုဖြင့် အစိုးရအသစ်တွင် တာဝန်ထမ်းဆောင်ခိုင်းမည်ဟု ဆိုသည်။ လင်ပြောင်၏ ကြံစည်မှု မအောင်မြင်သည့်အခါ ထိုင်ဝမ်ကို ထွက်ပြေးရန် ကြံစည်ခဲ့သော်လည်း ကူမင်တန်အစိုးရက ပြည်မ၏ ခြိမ်းခြောက်မှုများကို စိုးရိမ်သည့်အတွက် လက်မခံသောသောကြောင့် ဆိုဗီယက်တို့ထံ ထွက်ပြေးခဲ့သည်ဟု ဆိုသည်။ အဆိုပါအကြောင်းအရာကို ပြည်မကော ထိုင်ဝမ်ပါ ယခုချိန်ထိ ဝန်မခံကြသေးပေ။
 
မူလဇာတ်လမ်းကို ပြန်ဆက်ရလျှင် ရဲ့ချွမ်တို့သည် ကျိူးအန်းလိုင်သိသွားပြီဟု ယူဆလျက် ကွမ်ကျိူးသို့ ထွက်ပြေးရန် ထုပ်ပိုးစရာရှိသည်များကို လျှင်မြန်စွာ ထုပ်ပိုးကြသည်။ ကျိူးအန်းလိုင်ကလည်း တစ်စုံတစ်ခုဖြစ်မည်ကို စိုးရိမ်သဖြင့် နေရာစုံတွင် တပ်လှန့်ထားသည်။ ရဲ့ချွမ်နှင့် သားဖြစ်သူ လင်လိကော်တို့သည် လင်ပြောင်အား နှိုးပြီး သူ့အား ဇိမ်ခံကားထဲတွင် အသင့်ထိုင်စောင့်နေစေသည်။ ပြီးနောက် ပိုင်တိုက်ဟယ်စံအိမ်မှ ၂၅ မိုင်ကွာဝေးသည့် စန့်ဟိုင်ကွမ်းလေဆိပ်သို့ မောင်းထွက်သွားသည်။ လေယာဉ်ကွင်းတွင် သူတို့အား လေယာဉ်တစ်စီးကို အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေစေသည်။ လင်ပြောင်၏ သက်တော်စောင့်တို့က လင်ပြောင်၏ သမီးဖြစ်သူ လင်လိဟန်နှင့် သူ၏ အခန်းဖော်တို့ကို လာရောက်ခေါ်ဆောင်ရာ လင်လိဟန်က မလိုက်တော့ဘူးဟု ပြောဆိုကာ ငြင်းဆန်လေသည်။
 
လင်ပြောင်၏ ဇိမ်ခံကားသည် ပိုင်တ်ိုက်ဟယ်မှ ထွက်ခွာလာစဉ် လမ်းတွင် အစောင့်စစ်သားတစ်ဦးက သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ပြီး ကားကို တားဆီးလေသည်။ သို့သော် လင်ပြောင်ဘက်တော်သား စစ်သားများက သေနတ်သံကြားရာသို့ ရောက်လာပြီး လေဆိပ်သွားရာလမ်းကို ဖွင့်ပေးသည်။ လေဆိပ်သို့ရောက်သော် လေယာဉ်ဆီသို့ တိုက်ရိုက်မောင်းသွားသည်။ အလျင်လိုနေသဖြင့် လေယာဉ်ပေါ်သို့ တက်ရန် လေယာဉ်ဆိပ်ခံလှေကားတင် ကားကိုပင် မယူဆောင်နိုင်တော့ပဲ လေယာဉ်ပေါ်မှ ကြိုးလှေကားတစ်ခု ချပေးပြီး ကြိုးလှေကားဖြင့် လေယာဉ်ပေါ်သို့ တက်ရောက်ရသည်။ လင်ပြောင်မှာ စိတ်ဖိစီးမှုကြောင့် နေထိုင်မကောင်းဖြစ်ပြီး အားအင်ကုန်ခမ်းနေသည့်အတွက် လေယာဉ်ပေါ်သို့ ထမ်းတင်ပေးရသည်။
 
လေယာဉ်မှာ ပြေးလမ်းသို့တက်ပြီး အရှိန်ယူနေစဉ် တာဝန်ကျစစ်သားများက ရိပ်မိပြီး ဆီတင်ကားကို မောင်းနှင်ကာ လေယာဉ်ပြေးကို လိုက်လံပိတ်ဆို့ကြသည်။ သို့သော်လည်း လေယာဉ်မှ ပျံတက်နိုင်လောက်သည့် အရှိန်ရနေပြီဖြစ်ရာ ပြေးလမ်းတိုဖြင့် အလျင်အမြန် ပျံတက်သွားနိုင်သည်။ လေဆိပ်တာဝါစင်ပေါ်မှ အရာရှိက လေယာဉ်ပျံတက်သွားသည့် ဦးတည်ရာမှာ အရှေ့တောင်ဘက် (ကွမ်ကျိူး) သို့ဖြစ်ကြောင်း သတိပြုမိသည်။ လင်ပြောင်တို့့အဖွဲ့မှာ စိတ်ကူးပြောင်းသွားသည့်ပုံပင်၊ မိနစ် ၂၀ ခန့်ကြာသော် လေယာဉ်မှာ စက်ဝိုင်းပုံအတိုင်း ပြန်ကွေ့လာပြီး လေဆိပ်တွင် ဆင်းသက်ရန် ကြိုးစားသော်လည်း လေဆိပ်မှ အရာရှိများက လေယာဉ်ပြေးလမ်းမီးများကို ပိတ်ပစ်လိုက်ကြသည်။ ထို့ကြောင့် လေယာဉ်မှာ ပြေးလမ်းရှာမတွေ့သည့်အတွက် မြောက်ဘက်သို့ ပျံသန်းထွက်ခွာသွားသည်။ မနက်မိုးလင်းသည့်အခါ ဆိုဗီယက်နှင့် မွန်ဂိုလီးယားနိုင်ငံတို့မှ တောင်အရပ်မှ ပျံသန်းလာသည့် လေယာဉ်တစ်စီး ၂ နိုင်ငံနယ်စပ်အနီးတွင် ပျက်ကျကြောင်း သတင်းပေးပို့ကြသည်။ မွန်ဂိုလီးယားဘက်မှ ပေးပို့သည့် သတင်းတွင် လေယာဉ်သည် နံနက် ၃ နာရီခန့်က ပျက်ခဲ့ကြောင်း၊ လေယာဉ်ပျက်ကျသည့် အချိန်တွင် လေယာဉ်အမြှီးပိုင်းမှာ မီးလောင်လျက်ရှိကြောင်း သတင်းပေးပို့ခဲ့သည်။
 
တစ်ဖက်တွင်လည်း ကျိူးအန်းလိုင်သည် လင်ပြောင်နှင့် တွေ့ဆုံဆွေးနွေးရန် လေယာဉ်ကို အသင့်ပြင်ခိုင်းထားခဲ့သည်။ ထို့နောက် နိုင်ငံတစ်ဝန်းရှိလေယာဉ်များအား ပျံသန်းခြင်းမှ ရပ်ဆိုင်းထားရန်နှင့် သူကိုယ်တိုင်သော်၎င်း၊ မော်စီတုန်းနှင့် သက်ဆိုင်ရာအရာရှိကြီးများ၏ လက်မှတ်ပါမှသာ ပျံသန်းခွင့်ပြုရန် အမိန့်ပေးထားသည်။ ထို့နောက် လုပ်စရာရှိသည်များကို လုပ်ဆောင်ပြီးနောက် မော်စီတုန်းနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး အကျိူးအကြောင်းကို ရှင်းပြလေသည်။ ထိုသို့ ဆွေးနွေးနေစဉ် မော်စီတုန်းထံ သတင်းတစ်ခု ရောက်လာသည်။ လင်ပြောင်သည် လေယာဉ်ဖြင့် ထွက်ပြေးသွားဖြစ်ကြောင်း၊ တရုတ်ဝေဟင်ပိုင်နက်အတွင်းပင် ရှိနေသေးကြောင်း၊ အကယ်၍ ဥက္ကဋ္ဌကြီးအနေဖြင့် အမိန့်ပေးလိုက်ပါက လေယာဉ်ကို ပစ်ချလိုက်မည်ဖြစ်ကြောင်း ဆိုလေသည်။ မော်စီတုန်းက "သူသွားပါစေတော့ကွာ" ဟု ဆိုကာ အကြောင်းပြန်လိုက်သည်။ စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မွန်ဂိုလီးယားနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ တရုတ်သံအမတ်အား ခေါ်ယူတွေ့ဆုံပြီး အမျိူးအမည်မသိ တရုတ်လေကြောင်းပိုင်လေယာဉ်တစ်စီး မိမိတို့ ဝေဟင်ပိုင်နက်အတွင်း ပျက်ကျခဲ့ကြောင်း၊ လေယာဉ်အတွင်း လိုက်ပါလာသူအားလုံး လေယာဉ်ပျက်ကျနေစဉ်အတွင်း သေဆုံးသွားကြောင်း အသိပေးအကြောင်းကြားခဲ့သည်။
ဤသို့ဖြင့် လင်ပြောင်နှင့် သူ၏ မိသားစုသည် ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် မွန်လီးယားဝေဟင်ပိုင်နက်အတွင်း လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ကြသည်။ လေယာဉ်မှ ရရှိခဲ့သည့် အလောင်းများကို စစ်ဆေးရာ လင်ပြောင်နှင့် သူ၏ မိသားစုတို့ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းမှာ ဆီမလုံလောက်သည့်အတွက် ဆီကုန်ပြီး မြေပြင်သို့ ထိုးစိုက်ပျက်ကျခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ လင်ပြောင်တို့ စီးနင်းလိုက်ပါလာသည့် Trident 1E လေယာဉ်သည် 1,400 miles (2,300 kilometres) အထိ ပျံနိုင်သည်ဟု သိရသည်။ (မြေပုံတွင် ကြည့်ပါ။)
 
အပေါ်မှာ ရှုပ်ကုန်မှာစိုးလို့ မရေးခဲ့တဲ့တစ်ချက်က ကျန့်ချင်းသည် လင်ပြောင်နှင့် မဟာမိတ်ဖွဲ့ထားပြီး လင်ဖြစ်သူ မော်စီတုန်းနှင့် လင်ပြောင်တို့အကြား ရန်တိုက်ပေးကာ နိုင်ငံရေးအမြတ်ထုတ်ရန် ကြံစည်ခဲ့ခြင်းပင် ဖြစ်သည်။ လင်ပြောင်သည် မော်စီတုန်းအား လုပ်ကြံမည့် အကြံအစည်ကို ကျန့်ချင်းလဲ ကြိုသိနေခဲ့သည်ဟူ၍ ဖြစ်သည်။ သို့သော်လည်း မော်စီတုန်းအား အသိမပေးခဲ့ချေ၊ မော်စီတုန်းက လင်ပြောင်အား ရာထူးမှ ဖယ်ရှားတော့မည့် အကြောင်းကို လင်ပြောင်အား အသ်ိပေးခဲ့သည်မှာ ကျန့်ချင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့်လဲ လင်ပြောင်က သတင်းလက်ဦးမှု ရယူပြီး မော်စီတုန်းအား လုပ်ကြံရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
 
နောက်တစ်ခုမှာ စံအိမ်တော်တွင် ကျန်ရစ်ခဲ့သည့် လင်လိဟန် အကြောင်းပင်ဖြစ်သည်။ လင်လိဟန်အကြောင်းကို အနည်းငယ်ပြောပြရလျှင် သူမသည် ပထမအိမ်ထောင်မှ မွေးဖွားလာသည့် လင်ပြောင်၏ အချစ်ဆုံးသမီး ဖြစ်သည်။ လင်လိဟန်သည် ဖခင်ဖြစ်သူတစ်စုံတစ်ခု ဖြစ်မှာစိုးရိမ်သဖြင့် ကျိူးအန်းလိုင်အား အကျိူးအကြောင်းပြောပြပြီး အိမ်၌ ကျန်ရစ်ခဲ့သည်။ သူမ ဖခင်၏ သတင်းက်ို ကြားသိရသည့်အခါ စိတ်ဝေဒနာခံစားခဲ့ရပြီး အကြိမ်ကြိမ် ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် ကြိုးပမ်းခဲ့သောကြောင့် အစောင့်အကြပ်များနှင့် ထားရှိခဲ့ရသည်။ မော်စီတုန်းက လင်ပြောင်၏ အမှုကို စစ်ဆေးသည့်အခါ လင်လိဟန်ကို ခေါ်ယူစစ်ဆေးခြင်းမပြုရန် တားမြစ်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် သူမအား နေအိမ်အကျယ်ချူပ်မှ လွှတ်ပေးခဲ့သည်။ ထိုနောက် သိပ်မကြာမှီ လင်လိဟန်သည် သူမ၏ ချစ်သူနှင့် လက်ထပ်သွားခဲ့ပြီး ကျန့်ကျိူးရှိ စက်ရုံတစ်ခုတွင် အလုပ်ဝင်လုပ်ခဲ့သည်။ နောက်ပိုင်းတွင် လူမှုရေးသိပ္ပံအကယ်ဒမီကျောင်းသို့ တက်ရောက်ခဲ့သည်။
 
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ တရုတ်တပ်နီတော်၏ စာတမ်းဖတ်ပွဲ၌ တပ်နီတော်မျိူးဆက်အဖြစ် လူမြင်ကွင်းရှေ့သို့ ပြန်ရောက်လာခဲ့သည်။ ထိုပွဲတွင် သူမကိုယ်တိုင် မိန့်ခွန်းပြောကြားခဲ့ပြီး မီဒီယာများ၏ စိတ်ဝင်စားမှုက်ိုလဲခံခဲ့ရသည်။
 
林圛朙(天下第一)
 
== ကိုးကား ==