ပန်းတဉ်း: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ |
No edit summary |
||
စာကြောင်း ၇ -
မြန်မာတို့သည် ကမ္ဘာပေါ်တွင် မည်အောင်တီးနိုင်သည့် အကြီးဆုံးခေါင်းလောင်းကြီးကို သွန်းလုပ်နိုင်ခဲ့ကြပါသည်။ အင်္ဂလိပ် အုပ်ချုပ်ရေးအရာရှိတို့၏ အဆိုအရ [[မင်းကွန်းခေါင်းလောင်း]]ကြီးသည် ၈၇ တန်လေး၍ ခေါင်းလောင်းနားအချင်းမှာ ၁၆ ပေ ၃ လက်မရှိပြီး အမြင့်မှာ ၁၂ ပေ ၆ လက်မရှိသည်။ ၁၈၃၉ ခုနှစ် ငလျင်ဒဏ်ကြောင့် အောက်သို့ပြုတ်ကျခဲ့ရာ ၁၈၉၆ ခုနှစ်တွင် သံတိုင်သံပေါင်များဖြင့် ပြန်တင်ခဲ့ရကြောင်း သိရပါသည်။ မင်းကွန်းခေါင်းလောင်းထက်ကြီးသော ခေါင်းလောင်းရှိသော်လည်း အုတ်ခုံပေါ်တွင် တည်ထားသည်ဖြစ်ပြီး အသံမည်အောင်တီးခတ်၍ မရပေ။
မြန်မာတို့အတွက် ခေါင်းလောင်းကြီးငယ်
လေပြေလေညှင်းကလေးတိုက်ခတ်၍ ရွာဦးစေတီတော်မှ ဆည်းလည်းများ တချွင်ချွင်မည်သံကို ကြားလိုက်ရသူတိုင်း မိမိမျက်မှောက်ဘဝမှာ မည်မျှပင် ရှုပ်ထွေးပွေလီ ဖြစ်နေစေကာမူ ဘုရားသို့ အာရုံရောက်ပြီး တခဏတာမျှ ငြိမ်းချမ်းသွားကြသည်သာဖြစ်ပါသည်။ ကြေးစည်၊ ခေါင်းလောင်း၊ ဆည်းလည်းသံတို့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်မှသာယာလှပါသည်။ သို့ဖြစ်သောကြောင့် ပန်းတဉ်းပညာရှင်များကို ပန်းနှင့် တင်စားခြင်းမှာ အံ့ဩဖွယ်ရာမဟုတ်တော့ပါ။
ပန်းတဉ်းလုပ်ငန်းမှာ ၂ ပိုင်းရှိပါသည်။ ပထမတစ်မျိုးမှာ ကြေးသွန်းလုပ်ငန်းဖြစ်သည်။ ကြေးနီ၊ သံစသော သတ္တုများနှင့် ရောကြိုပြီး ပုံသွန်းခြင်းဖြင့် ခေါင်းလောင်း၊ ဘုရားရှင် ရုပ်ထုစသည်တို့ကို သွန်းလုပ်ကြရသည်။ ထိုသို့ သွန်းလုပ်ရာမှ ရလာသော အကြမ်းထည်ကို အချောသတ်လုပ်ကိုင်ကြရသည်။ ဒုတိယတစ်မျိုးမှာ ကြေးခတ်ခြင်းဖြစ်သည်။ ဤနည်းတွင် ကြေးနီကို အခတ်ခံနိုင်သော အဆင့်ရောက်အောင် သံ၊ သံဖြူစသော အခြားသတ္တုတို့နှင့် ရောစပ်ရသည်။ ထိုသို့ ရောစပ်ရရှိသော ကြေးကို အပူပေး၍ လိုသလို ပုံစံရအောင် အကြိမ်ကြိမ် ထုကြရသည်။ ထိုသို့ထုသည်ကို ခတ်သည်ဟု ခေါ်သည်။ ကြေးစည်၊ ဇွန်း၊ မောင်း၊
==ကိုးကား==
|